Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္အိမ္တြင္ ႏွိပ္စက္ခံရေသာ အသက္ရွစ္ႏွစ္အရြယ္ မိန္းကေလးအမႈ ဗဟန္းတရား႐ုံး၌ ဒီဇင္ဘာ ၇ ရက္တြင္ စစ္ေဆးမည္

$
0
0
တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္မွဴး ေက်ာ္ႏုေမာ္အိမ္တြင္ ႏွိပ္စက္ခံရေသာ အသက္ရွစ္ႏွစ္အရြယ္ မိန္းကေလးအမႈ ဗဟန္းတရား႐ုံး၌ ဒီဇင္ဘာ ၇ ရက္တြင္ စစ္ေဆးမည္ျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခင္ေမာင္ၾကည္က ေျပာၾကားသည္။
“ဘယ္သူ႔ကုိ စစ္မွာလဲဆုိတာ တရားသူႀကီးရဲ႕ သေဘာပါ။ အဲဒီ ၇ ရက္ကုိေတာ့ တရားသူႀကီးက ခ်ိန္းထားတယ္” ဟု ရဲမွဴး ခင္ေမာင္ၾကည္က ႏုိ၀င္ဘာ ၃၀ ရက္တြင္ ေျပာၾကားသည္။
ဗဟန္းၿမိဳ႕နယ္၊ ဆရာစံရပ္ကြက္၊ တကၠသုိလ္ရိပ္သာလမ္းသစ္ရွိ ျခံအမွတ္ ၂၅ (ဃ-၄) ေနအိမ္တြင္ ႏုိ၀င္ဘာ ၁၈ ရက္က အသက္ ရွစ္ႏွစ္အရြယ္ မ. . . သည္ ထမင္းအိုးအတြင္းသို႔ လက္မေဆးဘဲ ႏိႈက္ခဲ့ေသာေၾကာင့္ အဆူခံရသျဖင့္ အိမ္သာအတြင္းသုိ႔ ၀င္ေနၿပီး တံခါးခ်က္ခ် ပိတ္ထားခဲ့ေၾကာင္း၊ အိမ္အကူျဖစ္သူ မသန္းသန္းေ၀က ျပဴတင္းေပါက္မွ ၀င္ေရာက္ကာ မ. . . အား ေခၚထုတ္ခဲ့ရသျဖင့္ ေဒၚသန္းႏြဲ႕က ႐ုိက္ႏွက္ဆံုးမခဲ့ၿပီး မီးဖိုခန္းအတြင္း လက္အား ထိုင္ခံုႏွင့္ ႀကိဳးခ်ည္ထားခဲ့ေၾကာင္း၊ ႏုိ၀င္ဘာ ၁၉ ရက္တြင္ ေဒၚသန္းႏြဲ႕က အျပစ္ေပးသည့္ အေနျဖင့္ မစုေ၀အား ၎ႏွင့္အတူ ၾကမ္းတိုက္ခိုင္းရာ မလုပ္သျဖင့္ ေနအိမ္ေရွ႕၌ အ၀တ္မပါဘဲ ႀကိဳးတုပ္၍ ထားခဲ့ေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းကဲ့သုိ႔ ၀ါးျခမ္းျပားျဖင့္ ႐ုိက္ႏွက္ျခင္း၊ ႀကိဳးျဖင့္တုပ္ျခင္း၊ ေနပူထဲတြင္ ထားရွိျခင္းမ်ားေၾကာင့္ မ. . . ၏ မ်က္ႏွာ၊ ယာလက္ေကာက္၀တ္ႏွင့္ လက္ခံု၊ ရင္ဘတ္၊ ေက်ာျပင္ႏွင့္ ၀ဲ/ယာေပါင္တုိ႔တြင္ ပြန္းျခစ္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အိမ္အကူ ေဒၚသန္းႏြဲ႕အား အမႈဖြင့္ တရားစြဲဆုိထားၿပီး ေနာက္ထပ္မည္သူ႔အား တရားစြဲဆုိရန္မွာ စစ္ေဆးေပၚေပါက္ခ်က္မ်ားအေပၚ မူတည္ေၾကာင္း၊ မစုေ၀ ႏွိပ္စက္ခံရသည္ကုိ စတင္ျမင္ေတြ႕၍ ဓာတ္ပုံ႐ုိက္ကူးခဲ့ေသာ ကုိစည္သူကုိလည္း စခန္းတြင္ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ထားၿပီျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး၏ ေျပာၾကားခ်က္အရ သိရသည္။
ဗုိလ္မွဴး ေက်ာ္ႏုေမာ္၏ ဇနီးျဖစ္သူက ရဲတပ္ဖြဲ႕၀င္မ်ား လာေရာက္ေမးျမန္းစဥ္က အိမ္အကူ ေဒၚသန္းႏြဲ႕ႏွင့္ မစုေ၀တုိ႔သည္ တူး၀ရီးေတာ္စပ္ေၾကာင္း ေျပာဆုိခဲ့ၿပီး ရန္ကုန္တုိင္းရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္တြင္မူ မ . . . အား ဗုိလ္မွဴး ေက်ာ္ႏုေမာ္တုိ႔ မိသားစုက ေမြးစားထားျခင္းျဖစ္ၿပီး ေဒၚသန္းႏြဲ႕ႏွင့္ မစုေ၀တုိ႔ ေဆြမ်ိဳးေတာ္စပ္ျခင္း မရွိေၾကာင္း သိရသည္။
မ. . . အား ၎၏ မိဘထံမွ ဗုိလ္မွဴး ေက်ာ္ႏုေမာ္တုိ႔ မိသားစုက လြန္ခဲ့ေသာ ႏွစ္လခန္႔က အေမြစား အေမြခံျဖင့္ မဟုတ္ဘဲ ေမြးစားခဲ့ၿပီး လူမႈေရးအရ မစုေ၀၏ မိဘထံ ေငြက်ပ္ ၁၀ သိန္း ေထာက္ပံ့ခဲ့ေၾကာင္း ဗဟန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ သိရသည္။
ႏွိပ္စက္ခံရေသာ မိန္းကေလး၏ ဖခင္မွာ တနသၤာရီတုိင္းေဒသႀကီးရွိ စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ရင္း (၉၁၈) မွ တပ္သားတစ္ဦးျဖစ္ေၾကာင္း ထပ္မံသိရသည္။
အိမ္အကူ ေဒၚသန္းႏြဲ႕အား ဗဟန္းၿမိဳ႕မ ရဲစခန္းမွ ကေလးသူငယ္ ဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ အမႈဖြင့္ တရားစြဲဆုိထားေၾကာင္း သိရသည္။
EMG
............
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှု ဗဟန်းတရားရုံး၌ ဒီဇင်ဘာ ရ ရက်တွင် စစ်ဆေးမည်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်အိမ်တွင် နှိပ်စက်ခံရသော အသက်ရှစ်နှစ်အရွယ် မိန်းကလေးအမှု ဗဟန်းတရားရုံး၌ ဒီဇင်ဘာ ရ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ပြောကြားသည်။
“ဘယ်သူ့ကို စစ်မှာလဲဆိုတာ တရားသူကြီးရဲ့ သဘောပါ။ အဲဒီ ရ ရက်ကိုတော့ တရားသူကြီးက ချိန်းထားတယ်” ဟု ရဲမှူး ခင်မောင်ကြည်က နို၀င်ဘာ ၃၀ ရက်တွင် ပြောကြားသည်။
ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် ၂၅ (ဃ-၄) နေအိမ်တွင် နို၀င်ဘာ ၁၈ ရက်က အသက် ရှစ်နှစ်အရွယ် မ. . . သည် ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ၀င်နေပြီး တံခါးချက်ချ ပိတ်ထားခဲ့ကြောင်း၊ အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြူတင်းပေါက်မှ ၀င်ရောက်ကာ မ. . . အား ခေါ်ထုတ်ခဲ့ရသဖြင့် ဒေါ်သန်းနွဲ့က ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အား ထိုင်ခုံနှင့် ကြိုးချည်ထားခဲ့ကြောင်း၊ နို၀င်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့် အနေဖြင့် မစုဝေအား ၎င်းနှင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်ရှေ့၌ အဝတ်မပါဘဲ ကြိုးတုပ်၍ ထားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ ၀ါးခြမ်းပြားဖြင့် ရိုက်နှက်ခြင်း၊ ကြိုးဖြင့်တုပ်ခြင်း၊ နေပူထဲတွင် ထားရှိခြင်းများကြောင့် မ. . . ၏ မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့် လက်ခုံ၊ ရင်ဘတ်၊ ကျောပြင်နှင့် ၀ဲ/ယာပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အိမ်အကူ ဒေါ်သန်းနွဲ့အား အမှုဖွင့် တရားစွဲဆိုထားပြီး နောက်ထပ်မည်သူ့အား တရားစွဲဆိုရန်မှာ စစ်ဆေးပေါ်ပေါက်ချက်များအပေါ် မူတည်ကြောင်း၊ မစုဝေ နှိပ်စက်ခံရသည်ကို စတင်မြင်တွေ့၍ ဓာတ်ပုံရိုက်ကူးခဲ့သော ကိုစည်သူကိုလည်း စခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။
ဗိုလ်မှူး ကျော်နုမော်၏ ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ဝင်များ လာရောက်မေးမြန်းစဉ်က အိမ်အကူ ဒေါ်သန်းနွဲ့နှင့် မစုဝေတို့သည် တူးဝရီးတော်စပ်ကြောင်း ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်မူ မ . . . အား ဗိုလ်မှူး ကျော်နုမော်တို့ မိသားစုက မွေးစားထားခြင်းဖြစ်ပြီး ဒေါ်သန်းနွဲ့နှင့် မစုဝေတို့ ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း သိရသည်။
မ. . . အား ၎င်း၏ မိဘထံမှ ဗိုလ်မှူး ကျော်နုမော်တို့ မိသားစုက လွန်ခဲ့သော နှစ်လခန့်က အမွေစား အမွေခံဖြင့် မဟုတ်ဘဲ မွေးစားခဲ့ပြီး လူမှုရေးအရ မစုဝေ၏ မိဘထံ ငွေကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
နှိပ်စက်ခံရသော မိန်းကလေး၏ ဖခင်မှာ တနင်္သာရီတိုင်းဒေသကြီးရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၈) မှ တပ်သားတစ်ဦးဖြစ်ကြောင်း ထပ်မံသိရသည်။
အိမ်အကူ ဒေါ်သန်းနွဲ့အား ဗဟန်းမြို့မ ရဲစခန်းမှ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
EMG

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...