Russia arms Su-34s with air-to-air missiles in Syria for 1st time |
မော်စကို ၊ ၁-၁၂-၂၀၁၅
တူရကီလေတပ်က ရုရှား ဗုံးကြဲလေယာဉ် တစ်စင်းကို ဆီးရီးယားနယ်စပ် အနီး နိုဝင်ဘာ ၂၄ ရက်တွင် ပစ်ချခဲ့ပြီးနောက် ဆီးရီးယား နိုင်ငံ၌ လေကြောင်း စစ်ဆင်ရေးများ ပြုလုပ် နေကြသည့် ရုရှား စစ်လေယာဉ်များသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး အတွက် ဝေဟင်ပစ် လက်နက်များ တပ်ဆင် ထားလိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့တွင် သတင်းများ၌ ဖော်ပြခဲ့သည်။
ဆီးရီးယား အခြေစိုက် အစ္စလာမ္မစ်နိုင်ငံ အကြမ်းဖက်အုပ်စု ISIS ကို လေကြောင်း ထိုးစစ်များ ဆင်နွှဲနေသည့် ရုရှားလေတပ် Su-24 တိုက်လေယာဉ် များတွင် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည် လက်နက်များကို ပထမဆုံးအကြိမ် အဖြစ် တပ်ဆင် ပေးလိုက်ပြီ ဖြစ်ကြောင်း ရုရှားလေတပ်က သတင်း ထုတ်ပြန်ခဲ့သည်။
Su-34s တိုက်လေယာဉ် များတွင် တပ်ဆင်ထားသော ဝေဟင်မှ ဝေဟင်ပစ် ဒုံးလက်နက် များသည် ၃၇ မိုင် အကွာအဝေးတွင် တည်ရှိသည့် ဝေဟင်ပစ်မှတ် များကို ဖျက်ဆီးနိုင်ကြောင်း ရုရှားလေတပ် ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။
နိုဝင်ဘာ ၂၄ ရက်က ပစ်ချခံ ခဲ့ရသော ရုရှား လေယာဉ်သည် ထောက်လှမ်းရေး သတင်း အချက်အလက် များအရ တူရကီ လေပိုင်နက်ကို ချိုးဖောက် ခဲ့ကြောင်း မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) ဆိုင်ရာ အမေရိကန် သံအမတ်က ပြောကြား ခဲ့ပြီးနောက် ရုရှားနိုင်ငံက ဆီးရီးယား နိုင်ငံရှိ တိုက်လေယာဉ် များကို ဝေဟင်ပစ် လက်နက်များ တပ်ဆင်ပေး လိုက်ခြင်းဖြစ်သည်။
ရုရှားလေယာဉ်ကို ပစ်ချခဲ့မှုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် တောင်းပန်ရန် မလိုကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ ပိုင်နက်ကို ကာကွယ်ရေး သည် မိမိတို့၏ တာဝန် ဖြစ်ကြောင်း တူရကီဝန်ကြီးချုပ် က ယမန်နေ့တွင် သတင်းထောက် များကို ပြောကြားခဲ့သည် ဟုသိရသည်။
#PyiChitThar
........................................................
ဆီးရီးယားစစ္ပြဲ၏ ရုရွားစစ်လေယာဥ္မ်ား၌ ဝေဟင္ပစ္လက္နက် စနစ္မ်ား ရုရွားတပ္ဆင်
မ္စောကို ၊ ၁-၁၂-၂၀၁၅
တူရကီလေတပ္က ရုရွား ဗုံးကြဲလေယာဉ် တစ္စင်းကို ဆီးရီးယားနယ္စပ် အနီး နိုဝင္ဘာ ၂၄ ရက္တြင် ပစ္ခ်ခဲ့ပြီးနောက် ဆီးရီးယား နိုင်ငံ၌ လေကြာင်း စစ္ဆင်ရေးမ်ာျးပုလုပ် နေကြသည့် ရုရွား စစ်လေယာဥ္မ်ားသည် ကိုယ့္ကိုယ္ကိုယ် ကာကြယ်ရေး အတြက် ဝေဟင္ပစ် လက္နက္မ်ား တပ္ဆင် ထားလိုက်ပျြီဖစ်ကြောင်း ယမန်နေ့တြင် သတင်းမ်ား၌ ဖော်ျပခဲ့သည်။
ဆီးရီးယား အျေခစိုက် အစ္စလာမ္မစ်နိုင်ငံ အကြမ်းဖက်အုပ္စု ISIS ကို လေကြာင်း ထိုးစစ္မ်ား ဆင်နွှဲနေသည့် ရုရွားလေတပ် Su-24 တိုက်လေယာဉ် မ်ားတြင် ဝေဟင္မွ ဝေဟင္ပစ္ဒုံးက်ည် လက္နက္မ်ားကို ပထမဆုံးအကြိမ် အျဖစ် တပ္ဆင် ပေးလိုက်ပျြီဖစ်ကြောင်း ရုရွားလေတပ္က သတင်း ထုတ်ျပန္ခဲ့သည်။
Su-34s တိုက်လေယာဉ် မ်ားတြင် တပ္ဆင္ထားသော ဝေဟင္မွ ဝေဟင္ပစ် ဒုံးလက္နက် မ်ားသည် ၃၇ မိုင် အကြာအေဝးတြင် တည်ရွိသည့် ဝေဟင္ပစ္မွတ် မ်ားကို ဖ်က္ဆီးနိုင်ကြောင်း ရုရွားလေတပ်ျေပာရေးဆိုခြင့် ရွိသူ တစ်ဦးကျေပာကြားသည်။
နိုဝင္ဘာ ၂၄ ရက္က ပစ္ခ်ခံ ခဲ့ရေသာ ရုရွား လေယာဉ်သည် ထောက္လွမ်းရေး သတင်း အခ်က်အလက် မ်ားအရ တူရကီ လေပိုင္နက္ကို ခိုးဖောက် ခဲ့ကြောင်းျေမာက်အတ္တလန္တိတ် စာခ်ုပ်အဖြဲ့ (နေတိုး) ဆိုင်ရာ အေမရိကန် သံအမတ္ကျေပာကြား ခဲ့ပြီးနောက် ရုရွားနိုင်ငံက ဆီးရီးယား နိုင်ငံရွိ တိုက်လေယာဉ် မ်ားကို ဝေဟင္ပစ် လက္နက္မ်ား တပ္ဆင်ပေး လိုက်ျခင်ျးဖစ်သည်။
ရုရွားလေယာဥ္ကို ပစ္ခ်ခဲ့မှုနွင့် ပတ်သက်၍ မိမိတို့အေနျဖင့် တောင်းပန်ရန် မလိုကြောင်း၊ နိုင်ငံတော်၏ အခ်ုပ်အျခာ ပိုင္နက္ကို ကာကြယ်ရေး သည် မိမိတို့၏ တာဝန်ျဖစ်ကြောင်း တူရကီဝန်ကြီးခ်ုပ် က ယမန်နေ့တြင် သတင်းထောက် မ်ားကိုျေပာကြားခဲ့သည် ဟုသိရသည်။
#PyiChitThar