Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေထာက္ၾကန္႔ၿမိဳ႕အဝင္ ျမနႏၵပန္းၿခံကို အမ်ားျပည္သူက်န္းမာေရးေလ့က်င့္ကြင္း လုပ္မေပးႏုိင္ဟု သမၼတ႐ံုး ဒုဝန္ႀကီးေျပာ

$
0
0
သတင္း  ျပည္တြင္း
ဦးလြင္

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁ ။         ။ ေထာက္ၾကန္႔ၿမိဳ႕အဝင္ ျမနႏၵာပန္းျခံေရွ႕မ်က္ႏွာစာေရွ႕ရွိ ေျမကြက္လပ္သည္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီပန္းဥယ်ာဥ္ႏွင့္ အားကစားကြင္းဌာန မွႀကီးၾကပ္ထိန္းသိမ္းသည့္ ေျမေနရာမဟုတ္သည့္ အတြက္ေၾကာင့္ ယင္းပန္းျခံမ်က္ႏွာစာရွိေျမကြက္လပ္ကုိ အမ်ားျပည္သူမ်ားအတြက္ က်န္းမာေရးေလ့က်င့္ကြင္း ျပဳလုပ္ေပး၍ မရေၾကာင္း သမၼတရုံးမွ ဒုတိယ၀န္ႀကီး ဦးေက်ာ္ေက်ာ္က ေျဖၾကားခဲ့သည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ပန္းဥယ်ာဥ္ႏွင့္ အားကစားကြင္းမ်ားဌာနသည္ ပန္းျခံမ်ား အဆင့္ျမႇင့္တင္ျခင္း၊ မြမ္းမံျပင္ဆင္ျခင္း၊ ထိန္းသိမ္းျခင္းမ်ား ေဆာင္ရြက္လ်က္ ရွိေၾကာင္းႏွင့္ ေထာက္ၾကန္႔ၿမိဳ႕ အဝင္ ျမနႏၵာပန္းျခံကုိ လာမည့္ဘ႑ာေရးႏွစ္တြင္ မြမ္းမံျပင္ဆင္ရန္ လ်ာထားသတ္မွတ္ထားၿပီးျဖစ္ေၾကာင္း၊ ယင္းပန္းျခံေရွ႕ မ်က္ႏွာစာရွိ (၆၀၀x ၁၀၀)ေပ အက်ယ္ေျမကြက္လပ္သည္ ပန္းဥယ်ာဥ္ႏွင့္အားကစားကြင္းဌာနမွ ႀကီးၾကပ္ထိန္းသိမ္းသည့္ ေျမေနရာမဟုတ္၍ အမ်ားျပည္သူမ်ားအတြက္ က်န္းမာေရးေလ့က်င့္ ကြင္း ျပဳလုပ္ေပး၍ မရေၾကာင္း ဒီဇင္ဘာလ(၁)ရက္က က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းတြင္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။                                

ေထာက္ႀကံ႕ၿမိဳ႕အ၀င္၌ေလးဧကအက်ယ္အ၀န္းရွိသည့္ ျမနႏၵာပန္းျခံတစ္ခုရွိေၾကာင္းႏွင့္ ယင္းပန္းၿခံ မ်က္ႏွာစာတြင္လည္း ေပ ၆၀၀ × ေပ ၁၀၀ က်ယ္၀န္းသည့္ ေျမကြက္လပ္လည္းရွိေၾကာင္း၊ ၿမိဳ႕ေန အမ်ားျပည္သူမ်ားသည္ က်န္းမာေရးအတြက္ ေလ့က်င္းခန္းေဆာင္ရာတြင္ အမွတ္(၁)လမ္းမႀကီးေဘး၌ ျပဳလုပ္ေနရၿပီး ယာဥ္အႏၱရာကုိစုိးရိမ္ရျခင္းေၾကာင့္ ျမနႏၵာပန္းၿခံကုိ အဆင့္ျမွင့္တင္းေပးပါရန္ အစီအစဥ္ရွိမရွိ သိရွိလုိျခင္းႏွင့္ ပန္းျခံေရွ႕ရွိ ေျမကြက္လပ္ကုိ လည္း ကြန္ကရစ္လမ္းခင္း၍ က်န္းမာေရးေလ့က်င့္ကြင္း ျပဳလုပ္ေပးႏုိင္ျခင္းရွိ မရွိ မဂၤလာဒုံမဲဆႏၵနယ္မွ ျပည္ သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးတင္ေမာင္း၀င္း၏ က ေမးျမန္းခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသည္  ရန္ကုန္ၿမိဳ႕စည္ပင္သာယာေရးနယ္နိမိတ္ အတြင္းရွိ ပန္းၿခံေပါင္း (၆၃)ျခံကုိ ထိန္းသိမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အဆုိပါ ပန္းၿခံမ်ားအနက္ မဂၤလာဒုံၿမိဳ႕ နယ္ ေထာက္ႀကံ႕ၿမိဳ႕အ၀င္ ရန္ကုန္-မႏၱေလးအျမန္လမ္းမႀကီး မုိင္တုိင္အမွတ္  ၁/၀ တြင္ရွိသည့္ ျမနႏၵာပန္းၿခံ လည္းပါ၀င္ေၾကာင္း၊ ယင္းပန္းျခံကုိ လာမည့္ဘ႑ာႏွင့္ မြမ္းမံျပင္ဆင္ရန္ လ်ာထားသတ္မွတ္ၿပီးျဖစ္ေၾကာင္း ရန္ကုန္းတုိင္းေဒသႀကီး အစုိးရအဖြဲ႔ကို သမၼတရုံး ၀န္ႀကီးရုံး(၁)မွ ဒုတိယ၀န္ႀကီးက ေျဖၾကားခဲ့သည္။

- See more at: http://mizzimaburmese.com/article/8003#sthash.YexMVLhn.aypmrOyu.dpuf
.....................
ထောက်ကြန့်မြို့အဝင် မြနန္ဒပန်းခြံကို အများပြည်သူကျန်းမာရေးလေ့ကျင့်ကွင်း လုပ်မပေးနိုင်ဟု သမ္မတရုံး ဒုဝန်ကြီးပြော
သတင်း  ပြည်တွင်း
ဦးလွင်

နေပြည်တော်၊ ဒီဇင်ဘာ ၁ ။         ။ ထောက်ကြန့်မြို့အဝင် မြနန္ဒာပန်းခြံရှေ့မျက်နှာစာရှေ့ရှိ မြေကွက်လပ်သည် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန မှကြီးကြပ်ထိန်းသိမ်းသည့် မြေနေရာမဟုတ်သည့် အတွက်ကြောင့် ယင်းပန်းခြံမျက်နှာစာရှိမြေကွက်လပ်ကို အများပြည်သူများအတွက် ကျန်းမာရေးလေ့ကျင့်ကွင်း ပြုလုပ်ပေး၍ မရကြောင်း သမ္မတရုံးမှ ဒုတိယဝန်ကြီး ဦးကျော်ကျော်က ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနသည် ပန်းခြံများ အဆင့်မြှင့်တင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ထောက်ကြန့်မြို့ အဝင် မြနန္ဒာပန်းခြံကို လာမည့်ဘဏ္ဍာရေးနှစ်တွင် မွမ်းမံပြင်ဆင်ရန် လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ယင်းပန်းခြံရှေ့ မျက်နှာစာရှိ (၆၀၀x ၁၀၀)ပေ အကျယ်မြေကွက်လပ်သည် ပန်းဥယျာဉ်နှင့်အားကစားကွင်းဌာနမှ ကြီးကြပ်ထိန်းသိမ်းသည့် မြေနေရာမဟုတ်၍ အများပြည်သူများအတွက် ကျန်းမာရေးလေ့ကျင့် ကွင်း ပြုလုပ်ပေး၍ မရကြောင်း ဒီဇင်ဘာလ(၁)ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။                                

ထောက်ကြံ့မြို့အဝင်၌လေးဧကအကျယ်အဝန်းရှိသည့် မြနန္ဒာပန်းခြံတစ်ခုရှိကြောင်းနှင့် ယင်းပန်းခြံ မျက်နှာစာတွင်လည်း ပေ ၆၀၀ × ပေ ၁၀၀ ကျယ်ဝန်းသည့် မြေကွက်လပ်လည်းရှိကြောင်း၊ မြို့နေ အများပြည်သူများသည် ကျန်းမာရေးအတွက် လေ့ကျင်းခန်းဆောင်ရာတွင် အမှတ်(၁)လမ်းမကြီးဘေး၌ ပြုလုပ်နေရပြီး ယာဉ်အန္တရာကိုစိုးရိမ်ရခြင်းကြောင့် မြနန္ဒာပန်းခြံကို အဆင့်မြှင့်တင်းပေးပါရန် အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့် ပန်းခြံရှေ့ရှိ မြေကွက်လပ်ကို လည်း ကွန်ကရစ်လမ်းခင်း၍ ကျန်းမာရေးလေ့ကျင့်ကွင်း ပြုလုပ်ပေးနိုင်ခြင်းရှိ မရှိ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်းဝင်း၏ က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည်  ရန်ကုန်မြို့စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ ပန်းခြံပေါင်း (၆၃)ခြံကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ပန်းခြံများအနက် မင်္ဂလာဒုံမြို့ နယ် ထောက်ကြံ့မြို့အဝင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်  ၁/၀ တွင်ရှိသည့် မြနန္ဒာပန်းခြံ လည်းပါ၀င်ကြောင်း၊ ယင်းပန်းခြံကို လာမည့်ဘဏ္ဍာနှင့် မွမ်းမံပြင်ဆင်ရန် လျာထားသတ်မှတ်ပြီးဖြစ်ကြောင်း ရန်ကုန်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို သမ္မတရုံး ၀န်ကြီးရုံး(၁)မှ ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။

- See more at: http://mizzimaburmese.com/article/8003#sthash.YexMVLhn.aypmrOyu.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...