Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သမၼတေလာင္းေလးဦးမွ ဆယ္ဦးအထိ ဒီခ်ဳပ္လ်ာထား

$
0
0

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)သည္ သမၼတေလာင္း ေလးဦးမွ ဆယ္ဦးအထိ လ်ာထားၿပီး သမၼတျဖစ္မည့္သူသည္ ယခင္ႏွင့္ ယခုပါ စစ္ေရးအေတြ႕အႀကံဳမရွိသူ ပါတီဝင္ျဖစ္ရမည္ဟု ပါတီထိပ္ပိုင္းေခါင္းေဆာင္ဦးဉာဏ္ဝင္းက ဂ်ပန္သတင္းဌာနမွ ယိုမိယူရီအား ေျပာၾကားသည္။

‘‘ေလးေယာက္ကေန ဆယ္ ေယာက္ေလာက္ လ်ာထားတယ္။ သမၼတျဖစ္မယ့္လူဟာ ပါတီဝင္ ျဖစ္ၿပီး အရင္ေရာ၊ လက္ရွိေရာ စစ္ေရးအေတြ႕အႀကံဳမရွိသူျဖစ္ရ မယ္’’ဟု NLD စီအီးစီ ဦးဉာဏ္ ဝင္းကေျပာၾကားေၾကာင္း ႏိုဝင္ဘာ ၂၉ ရက္ထုတ္ ယိုမိယူရီ သတင္းစာ၌ ေဖာ္ျပထားသည္။

၎ကိုယ္တုိင္ကမူ မျဖစ္ႏုိင္ ဟုထင္ေၾကာင္း ဂ်ပန္ႏုိင္ငံသို႔တရားဝင္အလည္အပတ္သြား ေရာက္ခဲ့သည့္ ဦးဉာဏ္ဝင္းက ဆုိသည္။

ပါတီနာယက ဦးတင္ဦးအား သမၼတေလာင္းအျဖစ္ ခန္႔မွန္းမႈ မ်ား ထြက္ေပၚေနသည္။ သို႔ေသာ္၎သည္ ျမန္မာ့တပ္မေတာ္၏ စတုတၳေျမာက္ကာ ကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ သည့္ သူရဘြဲ႕ရ အၿငိမ္းစားဗိုလ္ ခ်ဳပ္ႀကီးျဖစ္ေန၍ ယခုသတ္မွတ္ ခ်က္ႏွင့္ မကိုက္ညီေတာ့ေၾကာင္း ေတြ႕ရသည္။

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒအရ သမၼတျဖစ္ခြင့္မရွိ ေသာ အတုိက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ၎အေနျဖင့္ အစိုးရသစ္တြင္ သမၼတ ၏အထက္မွ ရပ္တည္မည္ဟု မၾကာေသးမီက တရားဝင္ေျပာ ၾကားထားသည္။ အႏုိင္ရပါတီ ေခါင္းေဆာင္က ခန္႔အပ္တာဝန္ ေပးမည့္သမၼတသည္ အာဏာရွိ မည္မဟုတ္ဘဲ သမၼတအထက္ တြင္ သူရွိမည္၊ ႏုိင္ငံေရးဆံုးျဖတ္ ခ်က္အားလံုး ၎ကသာ ခ်မွတ္မည္ဟု ေျပာၾကားထားသည္။

‘‘ဖြဲ႕စည္းပံုက ေပးထားတဲ့ သမၼတဟာ ၂၅ ရာခုိင္ႏႈန္းေသာ စစ္တပ္ရဲ႕ လႊမ္းမိုးခ်ဳပ္ကိုင္မႈကို ဘယ္လိုမွ မေက်ာ္လြန္ႏုိင္ပါဘူး။ အဲဒါေၾကာင့္မို႔လို႔ ဖြဲ႕စည္းပံုက ေပးထားတဲ့အတုိင္းပဲ သြားေနတဲ့ သမၼတမ်ိဳးဟာလည္း ျပည္သူလူ ထုရဲ႕ဆႏၵကို ေဖာ္ေဆာင္ေပးႏုိင္ မယ့္ သမၼတမ်ိဳးမျဖစ္မယ့္အတြက္ ေၾကာင့္မို႔လို႔ ဖြဲ႕စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးကို လုိလားတဲ့ သမၼတ၊ ၿပီးေတာ့ အဲဒီသမၼတကို ေရြးခ်ယ္ေပးတဲ့အဖြဲ႕က ဖြဲ႕စည္းပံု ကို လံုးဝျပင္ဆင္ခ်င္ပါတယ္ဆုိတဲ့ အေနအထားမ်ိဳး၊ အဲဒါကို တပ္ မေတာ္နဲ႔ အခ်ိဳးညီညီအခ်ိန္ကိုက္ စဥ္းစားၿပီးေတာ့မွ လုပ္ေဆာင္ႏုိင္ တဲ့ သမၼတမ်ိဳးျဖစ္ဖို႔ လိုအပ္ပါ တယ္။ တပ္မေတာ္ကိုလည္းပဲ မူးတင္းပဲတင္းမဟုတ္ဘဲနဲ႔ တင္း ျပည့္က်ပ္ျပည့္ သူ႔အေနနဲ႔ ေတာင္းဆုိရဲတဲ့သတၱိမ်ိဳး ရွိဖို႔လိုအပ္ပါ တယ္ခင္ဗ်’’ဟု ဩဇာႀကီးေသာ ရွမ္းတုိင္းရင္းသားေခါင္းေဆာင္ တစ္ဦးျဖစ္သည့္ ရွမ္းတုိင္းရင္း သားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD)ပါတီဥကၠ႒ ဦးခြန္ထြန္းဦး က ေျပာၾကားသည္။

NLD အေနျဖင့္ အစိုးရဖြဲ႕ပါ က တုိင္းရင္းသားကိုယ္စားလွယ္ မ်ား၊ ျပဳျပင္ေျပာင္းလဲလိုစိတ္ရွိၾက သည့္ တပ္မေတာ္အရာရွိမ်ား ပါဝင္သည့္ အမ်ိဳးသားရင္ၾကားေစ့ ေရးအစိုးရကို ဖြဲ႕စည္းသင့္ေၾကာင္း ျမန္မာ့ႏုိင္ငံေရးေလ့လာသူမ်ားက တုိက္တြန္းေနသည္။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း အစိုးရအ ဖြဲ႕တြင္ NLD ပါတီဝင္မဟုတ္ေသာ တုိင္းရင္းသားမ်ား ပါဝင္မည္၊ ႏုိင္ငံကို အက်ိဳးျပဳႏုိင္မည့္ အျခားသူမ်ားလည္း ပါဝင္မည္ဟု ေမွ်ာ္ လင့္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္း ကပင္ ေျပာၾကားသည္။

ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲရလဒ္မ်ားအရ ျပည္ေထာင္စု လႊတ္ေတာ္တြင္ NLD က ၃၉၀ ေနရာ၊ ျပည္ေထာင္စုႀကံ႕ခုိင္ေရး ႏွင့္ဖြံ႕ၿဖိဳးေရးပါတီက ၄၂ ေနရာ၊ ရခုိင္အမ်ိဳးသားပါတီက ၂၂ ေန ရာ၊ SNLD က ၁၅ ေနရာ အသီး သီးရရွိထားသည္။ ျပည္ေထာင္စု လႊတ္ေတာ္တြင္ NLD သည္ ေရြး ေကာက္ခံ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားအားလံုး၏ ၇၉ ဒသမ ၄ ရာခုိင္ႏႈန္းရရွိထား၍ အစိုးရတစ္ ရပ္ဖြဲ႕စည္းႏုိင္ခြင့္ ရရွိထားသည္။ အျပတ္အသတ္ အႏုိင္ရထား ေသာ NLD အေနျဖင့္ ဒုသမၼတ ေလာင္းႏွစ္ဦး တင္ေျမႇာက္ခြင့္ရွိ ေနသည့္အနက္ တစ္ဦးမွာ သမၼတျဖစ္မည္ျဖစ္သည္။ လက္ရွိဖြဲ႕ စည္းပံုအေျခခံဥပေဒအရ သမၼတကို သမၼတေရြးခ်ယ္ေရးအဖြဲ႕က ေရြးခ်ယ္တင္ေျမႇာက္ရမည္ျဖစ္ၿပီး ယင္းအဖြဲ႕ကို ျပည္ေထာင္စုလႊတ္ ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႕သံုးဖြဲ႕ျဖင့္ ဖြဲ႕စည္းရမည္ျဖစ္သည္။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စား လွယ္မ်ား အစုအဖြဲ႕၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႕၊ ထိုလႊတ္ေတာ္ႏွစ္ရပ္အတြက္ တပ္ခ်ဳပ္က အမည္စာရင္းတင္သြင္းသည့္ တပ္မေတာ္သားကိုယ္စားလွယ္မ်ားအစုအဖြဲ႕ဆိုသည့္ သံုးဖြဲ႕မွေန၍ ဒုသမၼတတစ္ဦးစီကို ေရြးခ်ယ္တင္ေျမႇာက္ရမည္ျဖစ္သည္။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲမွျဖစ္ေစ၊ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူမ်ားထဲမွ ျဖစ္ေစ ေရြးခ်ယ္တင္ေျမႇာက္ႏုိင္သည္။ ယင္းအနက္ တစ္ဦးကို သမၼတအျဖစ္ လႊတ္ေတာ္တြင္ ဆႏၵမဲေပးေရြး ခ်ယ္ၾကမည္ျဖစ္သည္။ တပ္မေတာ္က တင္ေျမႇာက္မည့္ ဒုသမၼတတစ္ဦးလည္း NLD အစိုးရအဖြဲ႕တြင္ ပါဝင္မည္ျဖစ္သည္။

7day daily
...........
သမ္မတလောင်းလေးဦးမှ ဆယ်ဦးအထိ ဒီချုပ်လျာထား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် သမ္မတလောင်း လေးဦးမှ ဆယ်ဦးအထိ လျာထားပြီး သမ္မတဖြစ်မည့်သူသည် ယခင်နှင့် ယခုပါ စစ်ရေးအတွေ့အကြုံမရှိသူ ပါတီဝင်ဖြစ်ရမည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်ဦးဉာဏ်ဝင်းက ဂျပန်သတင်းဌာနမှ ယိုမိယူရီအား ပြောကြားသည်။

‘‘လေးယောက်ကနေ ဆယ် ယောက်လောက် လျာထားတယ်။ သမ္မတဖြစ်မယ့်လူဟာ ပါတီဝင် ဖြစ်ပြီး အရင်ရော၊ လက်ရှိရော စစ်ရေးအတွေ့အကြံုမရှိသူဖြစ်ရ မယ်’’ဟု NLD စီအီးစီ ဦးဉာဏ် ဝင်းကပြောကြားကြောင်း နိုဝင်ဘာ ၂၉ ရက်ထုတ် ယိုမိယူရီ သတင်းစာ၌ ဖော်ပြထားသည်။

၎င်းကိုယ်တိုင်ကမူ မဖြစ်နိုင် ဟုထင်ကြောင်း ဂျပန်နိုင်ငံသို့တရားဝင်အလည်အပတ်သွား ရောက်ခဲ့သည့် ဦးဉာဏ်ဝင်းက ဆိုသည်။

ပါတီနာယက ဦးတင်ဦးအား သမ္မတလောင်းအဖြစ် ခန့်မှန်းမှု များ ထွက်ပေါ်နေသည်။ သို့သော်၎င်းသည် မြန်မာ့တပ်မတော်၏ စတုတ္ထမြောက်ကာ ကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် သူရဘွဲ့ရ အငြိမ်းစားဗိုလ် ချုပ်ကြီးဖြစ်နေ၍ ယခုသတ်မှတ် ချက်နှင့် မကိုက်ညီတော့ကြောင်း တွေ့ရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့်မရှိ သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအနေဖြင့် အစိုးရသစ်တွင် သမ္မတ ၏အထက်မှ ရပ်တည်မည်ဟု မကြာသေးမီက တရားဝင်ပြော ကြားထားသည်။ အနိုင်ရပါတီ ခေါင်းဆောင်က ခန့်အပ်တာဝန် ပေးမည့်သမ္မတသည် အာဏာရှိ မည်မဟုတ်ဘဲ သမ္မတအထက် တွင် သူရှိမည်၊ နိုင်ငံရေးဆုံးဖြတ် ချက်အားလုံး ၎င်းကသာ ချမှတ်မည်ဟု ပြောကြားထားသည်။

‘‘ဖွဲ့စည်းပုံက ပေးထားတဲ့ သမ္မတဟာ ၂၅ ရာခိုင်နှုန်းသော စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ဘယ်လိုမှ မကျော်လွန်နိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံက ပေးထားတဲ့အတိုင်းပဲ သွားနေတဲ့ သမ္မတမျိုးဟာလည်း ပြည်သူလူ ထုရဲ့ဆန္ဒကို ဖော်ဆောင်ပေးနိုင် မယ့် သမ္မတမျိုးမဖြစ်မယ့်အတွက် ကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လိုလားတဲ့ သမ္မတ၊ ပြီးတော့ အဲဒီသမ္မတကို ရွေးချယ်ပေးတဲ့အဖွဲ့က ဖွဲ့စည်းပုံ ကို လုံးဝပြင်ဆင်ချင်ပါတယ်ဆိုတဲ့ အနေအထားမျိုး၊ အဲဒါကို တပ် မတော်နဲ့ အချိုးညီညီအချိန်ကိုက် စဉ်းစားပြီးတော့မှ လုပ်ဆောင်နိုင် တဲ့ သမ္မတမျိုးဖြစ်ဖို့ လိုအပ်ပါ တယ်။ တပ်မတော်ကိုလည်းပဲ မူးတင်းပဲတင်းမဟုတ်ဘဲနဲ့ တင်း ပြည့်ကျပ်ပြည့် သူ့အနေနဲ့ တောင်းဆိုရဲတဲ့သတ္တိမျိုး ရှိဖို့လိုအပ်ပါ တယ်ခင်ဗျ’’ဟု ဩဇာကြီးသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောကြားသည်။

NLD အနေဖြင့် အစိုးရဖွဲ့ပါ က တိုင်းရင်းသားကိုယ်စားလှယ် များ၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြ သည့် တပ်မတော်အရာရှိများ ပါဝင်သည့် အမျိုးသားရင်ကြားစေ့ ရေးအစိုးရကို ဖွဲ့စည်းသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက တိုက်တွန်းနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရအ ဖွဲ့တွင် NLD ပါတီဝင်မဟုတ်သော တိုင်းရင်းသားများ ပါဝင်မည်၊ နိုင်ငံကို အကျိုးပြုနိုင်မည့် အခြားသူများလည်း ပါဝင်မည်ဟု မျှော် လင့်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်း ကပင် ပြောကြားသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်များအရ ပြည်ထောင်စု လွှတ်တော်တွင် NLD က ၃၉၀ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၂၂ နေ ရာ၊ SNLD က ၁၅ နေရာ အသီး သီးရရှိထားသည်။ ပြည်ထောင်စု လွှတ်တော်တွင် NLD သည် ရွေး ကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များအားလုံး၏ ရ၉ ဒသမ ၄ ရာခိုင်နှုန်းရရှိထား၍ အစိုးရတစ် ရပ်ဖွဲ့စည်းနိုင်ခွင့် ရရှိထားသည်။ အပြတ်အသတ် အနိုင်ရထား သော NLD အနေဖြင့် ဒုသမ္မတ လောင်းနှစ်ဦး တင်မြှောက်ခွင့်ရှိ နေသည့်အနက် တစ်ဦးမှာ သမ္မတဖြစ်မည်ဖြစ်သည်။ လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေအရ သမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး ယင်းအဖွဲ့ကို ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ထိုလွှတ်တော်နှစ်ရပ်အတွက် တပ်ချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့ဆိုသည့် သုံးဖွဲ့မှနေ၍ ဒုသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်နိုင်သည်။ ယင်းအနက် တစ်ဦးကို သမ္မတအဖြစ် လွှတ်တော်တွင် ဆန္ဒမဲပေးရွေး ချယ်ကြမည်ဖြစ်သည်။ တပ်မတော်က တင်မြှောက်မည့် ဒုသမ္မတတစ်ဦးလည်း NLD အစိုးရအဖွဲ့တွင် ပါဝင်မည်ဖြစ်သည်။

7day daily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>