ဗြိတိန်နိုင်ငံသား၊ ဆယ်ကျော်သက်ကျောင်းသူကောင်မလေးတစ်ဦးဟာ WiFi နဲ့ ဓာတ်မတည့်တဲ့ ရှားပါးရောဂါစတင်ခံစားခဲ့ရပြီးနောက် သစ်ပင်မှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ ရှိခဲ့ရပါတယ်။
Jenny Fry ဆိုသူ ကောင်မလေးဟာ electro-hypersensitivity လို့ ခေါ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို အထိမခံနိုင်တဲ့ရောဂါခံစားနေရသူဖြစ်ပြီး ထိုလှိုင်းတွေနဲ့ ထိတွေ့ မိပါက ခေါင်းအကြီးအကျယ်ကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ဆီးအိမ်နဲ့ ပတ်သက်တဲ့ဝေဒနာတွေ ခံစားနေရသူ ဝေဒနာရှင်ဖြစ်ပါတယ်။
Jenny ရဲ့ အလောင်းကို အင်္ဂလန်နိုင်ငံ၊ Oxfordshire ကောင်တီ၊ Chadlington နယ်မြို့ လေးမှာရှိတဲ့ သူမရဲ့ အိမ်အနီးနားက သစ်ပင်မှာ ကြိုးဆွဲချသေဆုံးလျက်ရှိနေတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။
သူမသေဆုံးခဲ့တဲ့နေ့ အစောပိုင်းတုန်းက Jenny ဟာ သူငယ်ချင်းတစ်ယောက်ကို သူမ ဒီနေ့ ကျောင်းမလာဖြစ် ဘူးလို့ စာပို့ ထားတယ်လို့ လည်း သိရှိရပါတယ်။
Jenny ရဲ့ မိဘနှစ်ပါးဖြစ်သူ Debra နဲ့ Charles Newman တို့ က သူတို့ သမီးလေးဟာ WiFi ကြောင့် နာမကျန်း ဖြစ်နေရတယ်လို့ ယုံကြည်ကြောင်း သေမှုသေခင်းစစ်ဆေးရေးအရာရှိကို ပြောပြခဲ့ပါတယ်။
မိဘနှစ်ပါးဟာ သူတို့ အိမ်က တပ်ဆင်ထားတဲ့ WiFi ကို ဖျက်ပစ်လိုက်ပေမယ့်လည်း၊ Jenny တက်နေတဲ့ Chipping Norton School မှာတော့ WiFi သုံးစွဲလျက်ရှိတယ်လို့ ဆိုပါတယ်။
“ သမီးကော ကျွန်မပါ ခဏခဏနာမကျန်းဖြစ်နေလို့ ကျွန်မ စူးစမ်းလေ့လာကြည့်မိတဲ့အခါ အန္တရာယ်ရှိတဲ့ Wi-Fi လှိုင်းတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ တွေ့ ခဲ့ရပြီး အိမ်မှာ Wi-Fi ဖြုတ်ခဲ့ပါတယ်။ နောက်ပိုင်း Jenny ကော ကျွန်မပါ အိမ်မှာ နေမကောင်းမဖြစ်တော့ပေမယ့်၊ Jenny လေးကတော့ ကျောင်းရဲ့တစ်ချို့ နေရာတွေရောက်မှ နာမကျန်းဖြစ်တာမျိုးတွေရှိနေခဲ့ပါတယ်” လို့ Mrs Fry က ပြောပြပါတယ်။
Mrs Fry ဟာ ကျောင်းအုပ်ထံသွားပြီး Jenny မှာ Wi-Fi နဲ့ ဓာတ်မတည့်တဲ့ရောဂါရှိကြောင်း အချက်အလက် တွေ ယူဆောင်ရှင်းပြခဲ့ပေမယ့် ကျောင်းအုပ်က WiFi ဟာ အန္တရာယ်ကင်း၊စိတ်ချရကြောင်း အလားတူ အချက်အလက်၊အကိုးအကားတွေရှိတယ်လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။
“ Jenny ဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ဖို့ ရည်ရွယ်ချက်မျိုးမရှိဘူးလို့ ကျွန်မလုံးဝယုံကြည်ပါတယ်။ ကလေးက ကျောင်းသွားရတာ တော်တော်စိတ်ပျက်နေတာပါ” လို့ သူမက ပြောခဲ့ပါတယ်။
အခုအခါ Jenny ရဲ့ မိဘတွေဟာ ကလေးထိန်းဌာနတွေနဲ့ ကျောင်းတွေမှာ WiFi တပ်ဆင်ထားမှုကို ဖြုတ်ပစ်ဖို့  ဆောင်ရွက်နေပြီး အစိုးရကိုလည်း EHS ခေါ် လျှပ်စစ်သံလိုက်လှိုင်းဓာတ်မတည့်မှုရောဂါအကြောင်း ထဲထဲ ၀င်ဝင်လေ့လာမှုတွေပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။
( Ye Wint )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
........................................
Wifi နဲ့ ဓာတ္မတည့်တဲ့ ရွားပါးရောဂါခံစားရျပီးနောက် ဆယ်ကော််သက်ကော်င်းသူတစ်ဦး ကြိုးဆြဲခ်သေဆုံး
ျဗိတိန်နိုင်ငံသား၊ ဆယ်ကော််သက်ကော်င်းသူကောင္မေလးတစ်ဦးဟာ WiFi နဲ့ ဓာတ္မတည့်တဲ့ ရွားပါးရောဂါစတင္ခံစားခဲ့ရျပီးနောက် သစ္ပင္မွာ ကြိုးဆြဲခ်သေဆုံးနေတာကို တြေ့ ရွိခဲ့ရပါတယ်။
Jenny Fry ဆိုသူ ကောင္မေလးဟာ electro-hypersensitivity လို့ ခေါ်တဲ့ လ်ွပ္စစ်သံလိုက္လွိုင်းတြေကို အထိမခံနိုင္တဲ့ရောဂါခံစားနေရသျူဖစ်ျပီး ထိုလွိုင်းတြေနဲ့ ထိတြေ့ မိပါက ခေါင်းအကြီးအက်ယ္ကိုက်ျခင်း၊ မောပန်းနမြ်းနယ်ျခင်းနဲ့ ဆီးအိမ္နဲ့ ပတ်သက္တဲ့ဝေဒနာတြေ ခံစားနေရသူ ဝေဒနာရွင်ျဖစ္ပါတယ်။
Jenny ရဲ့ အေလာင်းကို အဂင်္လန်နိုင်ငံ၊ Oxfordshire ကောင္တီ၊ Chadlington နယ်ျမို့ လေးမွာရွိတဲ့ သူမရဲ့ အိမ်အနီးနားက သစ္ပင္မွာ ကြိုးဆြဲခ်သေဆုံးလ်က်ရွိနေတာကို တြေ့ ရွိခဲ့ရတျာဖစ္ပါတယ်။
သူမေသဆုံးခဲ့တဲ့နေ့ အေစာပိုင်းတုန်းက Jenny ဟာ သူငယ္ခ်င်းတစ်ယောက္ကို သူမ ဒီနေ့ ကော်င်းမလျာဖစ် ဘူးလို့ စာပို့ ထားတယ္လို့ လည်း သိရွိရပါတယ်။
Jenny ရဲ့ မိဘနွစ္ပါျးဖစ်သူ Debra နဲ့ Charles Newman တို့ က သူတို့ သမီးလေးဟာ WiFi ကြောင့် နာမက်န်ျးဖစ်နေရတယ္လို့ ယုံကြည်ကြောင်း သေမွုသေခင်းစစ်ဆေးရေးအရာရွိကိုျေပျာပခဲ့ပါတယ်။
မိဘနွစ္ပါးဟာ သူတို့ အိမ္က တပ္ဆင္ထားတဲ့ WiFi ကို ဖ်က္ပစ္လိုက်ပေမယ့်လည်း၊ Jenny တက်နေတဲ့ Chipping Norton School မွာတော့ WiFi သုံးစြဲလ်က်ရွိတယ္လို့ ဆိုပါတယ်။
“ သမီးကော ကျန္မြပါ ခဏခဏနာမက်န်ျးဖစ်နေလို့ ကျန္မြ စူးစမ်းလေ့လာကြည့်မိတဲ့အခါ အန္တရာယ်ရွိတဲ့ Wi-Fi လွိုင်းတြေကြာင့်ျဖစ်နိုင္တယ္ဆိုတာ တြေ့ ခဲ့ရျပီး အိမ္မွာ Wi-Fiျဖုတ္ခဲ့ပါတယ်။ နောက္ပိုင်း Jenny ကော ကျန္မြပါ အိမ္မွာ နေမေကာင်းမျဖစ်တော့ပေမယ့်၊ Jenny လေးကေတာ့ ကော်င်းရဲ့တစ္ခို့ နေရာတြေရာက္မွ နာမက်န်ျးဖစ္တာမိုးတြေရွိနေခဲ့ပါတယ်” လို့ Mrs Fry ကျေပျာပပါတယ်။
Mrs Fry ဟာ ကော်င်းအုပ္ထံသြာျးပီး Jenny မွာ Wi-Fi နဲ့ ဓာတ္မတည့်တဲ့ရောဂါရွိကြောင်း အခ်က်အလက် တြေ ယူဆောင်ရွင်ျးပခဲ့ပေမယ့် ကော်င်းအုပ္က WiFi ဟာ အန္တရာယ္ကင်း၊စိတ္ခ်ရေကြာင်း အလားတူ အခ်က်အလက်၊အကိုးအကားတြေရွိတယ္လို့ျပန်ျေပာခဲ့တယ္လို့ ဆိုပါတယ်။
“ Jenny ဟာ ကိုယ့်ကိုကိုယ်သေကြာင်းကြံစည္ဖို့ ရည်ြရယ္ခ်က္မိုးမရွိဘူးလို့ ကျန္မြလုံးဝယုံကြည္ပါတယ်။ ကေလးက ကော်င်းသြားရတာ တော်တ္စောိတ္ပ်က်နေတာပါ” လို့ သူမကျေပာခဲ့ပါတယ်။
အခုအခါ Jenny ရဲ့ မိဘေတြဟာ ကေလးထိန်းဌာနေတြနဲ့ ကော်င်းတြေမွာ WiFi တပ္ဆင္ထားမွုကျိုဖုတ္ပစ္ဖို့  ဆောင်ြရက်နျေပီး အစိုးရကိုလည်း EHS ခေါ် လ်ွပ္စစ်သံလိုက္လွိုင်းဓာတ္မတည့်မွုရောဂါအေကြာင်း ထဲထဲ ၀င်ဝင်လေ့လာမွုတျြေပုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။
( Ye Wint )
#သစ္ထူးလြင်(ဗဟုသုတနွင့်ထူးဆန်းထြေလာ)
#knowledge.thithtoolwin.com
Ref : Mirror