Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

၈၈ မ်ိဳးဆက္ႏွင့္ ပါတီႏိုင္ငံေရး

$
0
0


ထက္ႏိုင္ေဇာ္| December 3, 2015 |
 ၈၈ ႏိုင္ငံေရး မ်ိဳးဆက္, အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္, လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ, ၈၈ ႏိုင္ငံေရး မ်ိဳးဆက္, အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္, လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ,
ရွစ္ေလးလံုး လူထုအေရးေတာ္ပံုႀကီးကေန ေပါက္ဖြားလာတဲ့ ၈၈ မ်ိဳးဆက္ ႏိုင္ငံေရးသမားေတြဟာ ၂၀၁၅ ေရြးေကာက္ပြဲ အၿပီး ျမန္မာ့ႏိုင္ငံေရးမွာ ဘယ္လို ပါဝင္ေဆာင္ရြက္မလဲ ဆိုတာ အမ်ားက ေစာင့္ၾကည့္ေနတဲ့အခ်ိန္ ၈၈ မ်ိဳးဆက္ (ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္း) က ေခါင္းေဆာင္တဦး ျဖစ္တဲ့ ဦးကိုကိုႀကီးက ႏိုင္ငံေရးပါတီတရပ္ ထူေထာင္ႏိုင္ဖို႔ ႀကိဳးစားေနၿပီလို႔ တရားဝင္ ထုတ္ေဖာ္ေျပာဆိုလာပါၿပီ။

၂၀၁၅ ေရြးေကာက္ပြဲမွာလည္း အတိုက္အခံ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကေန တဆင့္ လႊတ္ေတာ္ ႏိုင္ငံေရးကို ဝင္ေရာက္ႏိုင္ဖို႔ ဦးကိုကိုႀကီး အပါအဝင္ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္ေတြ ႀကိဳးစားခဲ့ေပမယ့္ NLD က ကိုယ္စားလွယ္ေလာင္းေတြ အျဖစ္ မေရြးခ်ယ္ခဲ့တာေၾကာင့္ ဒီႏိုင္ငံေရး လမ္းေၾကာင္းေပၚကို ေရာက္မလာခဲ့ပါဘူး။

သူတို႔ေတြကို NLD ပါတီက မေရြးခ်ယ္ခဲ့ေပမယ့္ ေရြးေကာက္ပြဲမွာ NLD ပါတီ ေအာင္ႏိုင္ေရး ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္ေတြဟာ အင္တိုက္အားတိုက္ ကူညီေပးခဲ့တာမ်ိဳးေတြ ရွိပါတယ္။ NLD ပါတီ အႏိုင္ရသြားတဲ့ အခါမွာလည္း လူထုေမွ်ာ္လင့္တဲ့ ေထာက္ခံတဲ့သူေတြ လုပ္ပိုင္ခြင့္ ရရွိသြားျခင္း အတြက္ ဝမ္းေျမာက္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုၾကပါတယ္။

ေရြးေကာက္ပြဲ က်င္းပၿပီး ၂ ပတ္အၾကာ VOA ျမန္မာပိုင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ ဦးကိုကိုႀကီးက “ေရရွည္ႏိုင္ငံေရးပံုစံနဲ႔ ဆိုရင္ေတာ့ ဒီ ၈၈ မ်ိဳးဆက္ေတြ မ်ိဳးဆက္အသီးသီးေပါ့၊ စုစည္းၿပီးေတာ့ ႏိုင္ငံေရးပါတီ တခုအျဖစ္နဲ႔ ရပ္တည္သြားဖို႔ က်ေနာ္တို႔ ေဆြးေႏြးၾကတာေတြ ရွိပါတယ္” လို႔ ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ႏိုင္ငံေရးပါတီတရပ္ တည္ေထာင္တဲ့ အခါမွာ ျပည္တြင္းေရာ ျပည္ပမွာပါ ေရာက္ေနတဲ့ အင္အားစုေတြအျပင္ ၈၈ ေနာက္ပိုင္း ေက်ာင္းသားမ်ိဳးဆက္ေတြ အထိပါ စုစည္းၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ရပ္တည္သြားဖို႔ ရည္ရြယ္ထားေၾကာင္း၊ လူထုရဲ႕ တံု႔ျပန္မႈအေပၚမွာ မူတည္ၿပီး အ႐ိုးသားဆံုးနဲ႔ အေကာင္းဆံုး ျဖည့္ဆည္းေဆာင္ရြက္သြားဖို႔ ႀကိဳးစားေနေၾကာင္း ဦးကိုကိုႀကီးက မီဒီယာတခ်ိဳ႕ကို ေျပာပါတယ္။

အခုလို ဦးကိုကိုႀကီးက ပါတီတရပ္တည္ေထာင္ဖို႔ ႀကိဳးစားေနတာကို ဒီမိုကရက္တစ္ အသိုင္းအဝိုင္းက ႀကိဳဆိုေၾကာင္း ေျပာဆိုၾကသလို တခ်ိဳ႕ကလည္း အခုခ်ိန္မွာ ထုတ္ေဖာ္ေျပာဆိုတာ အရမ္းေစာလြန္း ေသးတယ္လို႔ ဆိုပါတယ္။

၈၈ မ်ိဳးဆက္ေတြ အေနနဲ႔ ဒီလို ပါတီသစ္တရပ္ ထူေထာင္ရင္ ဘယ္လိုပံုစံမ်ိဳးနဲ႔ ရပ္တည္မွာလဲ၊ ၈၈ မ်ိဳးဆက္ အင္အားစုေတြ အားလံုးကို စုစည္းႏိုင္မွာလား၊ အဲဒီလိုရပ္တည္ရင္ ရွစ္ေလးလံုး အေရးေတာ္ပံု ကေပါက္ဖြားလာတဲ့ NLD ပါတီ၊ ဦးေအာင္မိုးေဇာ္တို႔ ဦးေဆာင္တဲ့ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း အဖြဲ႔မ်ိဳးစံုနဲ႔ ဘယ္လို ညႇိႏိႈင္းမႈေတြ ရွိမွာလဲ ဆိုတာနဲ႔ ဒီပါတီကေန ျပည္သူလူထုကို ႏိုင္ငံေရးဦးေဆာင္မႈ ေပးႏိုင္မွာလား စတဲ့ ေမးခြန္းမ်ိဳးေတြ ေမးျမန္းၾကပါတယ္။

၈၈ မ်ိဳးဆက္ေတြ အေနနဲ႔ ပါတီသစ္တရပ္ကို ထူေထာင္မယ္ ဆိုရင္ ျပန္႔က်ဲေနတဲ့ ၈၈ မ်ိဳးဆက္ ႏိုင္ငံေရး အင္အားစုေတြ အားလံုးကို စုစည္းႏိုင္ဖို႔ လိုတယ္ ဆိုတဲ့ အျမင္မ်ိဳးေတြကို အမ်ားစုက တင္ျပၾကပါတယ္။

အဲဒီေနရာမွာ ျပည္တြင္းေရာ ျပည္ပမွာပါ ရွိေနၾကတဲ့ ၈၈ မ်ိဳးဆက္ေတြ၊ အဖြဲ႔အစည္းေတြ၊ လူ ပုဂၢိဳလ္ေတြအားလံုးဟာ အသက္အရြယ္၊ အေတြ႔အႀကံဳ အရ ပညာအရည္အခ်င္းအရ ျပည္စံုမယ္ဆိုရင္ ဒီအင္အားစုေတြကို စုစည္းႏိုင္မယ္ ဆိုရင္ ႏိုင္ငံေရးမွာ ထိထိေရာက္ေရာက္ လုပ္ႏိုင္မယ့္ အင္အားစု တရပ္ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း၊ ညီၫြတ္ ေရးကိုလည္း တည္ေဆာက္ရမွာ ျဖစ္ေပမယ့္ ၁၀ဝ ရာခိုင္ႏႈန္းေတာ့ ေမွ်ာ္လင့္ၿပီး လုပ္လို႔ မရႏိုင္ဘူးလို႔ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးမင္းေဇယ်က ေျပာပါတယ္။

ဦးမင္းေဇယ်က “၈၈ မ်ိဳးဆက္ေတြ အားလံုးကို စုစည္းႏိုင္မလား၊ ဘယ္လို စုစည္းၾကမလဲ၊ ေနာက္ ဘယ္သူေတြက ပါတီကို ဦးေဆာင္မွာလဲ ဆိုတဲ့အခ်က္ေတြက အဓိက စိန္ေခၚမႈေတြပဲ ျဖစ္တယ္။ ႏိုင္ငံေရး အသြင္ကူးေျပာင္းေရးကို က်ေနာ္ ၈၈ ေတြကလည္း အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ၾကတာပဲ။ အခုလို အေျပာင္းအလဲ ျဖစ္လာတဲ့ အခ်ိန္မ်ိဳးမွာ ၈၈ မ်ိဳးဆက္ေတြ အေနနဲ႔ ႏိုင္ငံေရးမွာ ဘယ္လိုအခန္းက႑နဲ႔ ဆက္သြားမလဲ ဆိုတာ ျပတ္ျပတ္သားသား ဆံုးျဖတ္ဖို႔ အခ်ိန္က်ၿပီ” လို႔ ေျပာပါတယ္။

၁၉၇၄ ခုႏွစ္ ေက်ာင္းသားလႈပ္ရွားမႈ ေခါင္းေဆာင္တဦးျဖစ္ခဲ့သူ ဦးလွေရႊကလည္း “ကိုကိုႀကီးတို႔ ပါတီေထာင္မယ္ ဆိုရင္ေတာ့ အန္ကယ္တို႔က ေမွ်ာ္လင့္တယ္။ လုပ္လည္း လုပ္ေစခ်င္တယ္” လို႔ ဧရာဝတီကို ေျပာပါတယ္။

၈၈ မ်ိဳးဆက္လို ႏိုင္ငံေရး အရ က်ယ္ျပန္႔တဲ့ ေခါင္းစဥ္ေအာက္မွာ ပါတီတခု စုစည္းတည္ေထာင္ ဖို႔ဟာ လြယ္ကူတဲ့ အလုပ္တခု မဟုတ္ေပမယ့္ ေခတ္စနစ္ရဲ႕ ေတာင္းဆိုမႈအရ ဦးေဆာင္ပါတီတရပ္ ရွိဖို႔ လိုအပ္ေနခ်ိန္မွာ ဦးေဆာင္မယ္ ဆိုသူေတြ အေနနဲ႔ အေျပာသက္သက္ မဟုတ္ဘဲ လက္ေတြ႔မွာ အလုပ္ပါဖို႔ လိုအပ္တယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းမ်ား အဖြဲ႔ တြဲဖက္အတြင္းေရးမႉး ဦးထြန္းၾကည္က ဆိုပါတယ္။

ဦးထြန္းၾကည္က “ကိုကိုႀကီးတို႔ အေနနဲ႔ ဒီအခ်ိန္မွာ ဒီလို ထုတ္ေျပာတာ အရမ္းေစာလြန္းေနတယ္။ တကယ္က ၈၈ မွာ ပါခဲ့တဲ့ ႏိုင္ငံေရးမ်ိဳးဆက္ေတြ၊ ၉၆၊ ၉၈ မ်ိဳးဆက္ေတြ၊ ၂၀ဝ၇ မ်ိဳးဆက္၊ အခု မ်ိဳးဆက္ေတြနဲ႔ ေနာက္ဆံုး ၆၂ မ်ိဳးဆက္ ေတြရဲ႕ အႀကံဉာဏ္ေတြပါ ယူဖို႔ေကာင္းတယ္။ သူေခၚတိုင္းလည္း တို႔က သြားခ်င္မွ သြားမယ္။ အရင္ အျမင္တူဖို႔၊ အေတြးတူဖို႔ လိုတယ္။ အဲဒါမွ အလုပ္ အတူတူ လုပ္လို႔ရမွာ။ သူ မေျပာခင္မွာ အလုပ္အရင္ စလုပ္ၿပီး ေဆြးေႏြး တိုင္ပင္မႈေတြ ရွိထားဖို႔ ေကာင္းတယ္” လို႔ အႀကံျပဳပါတယ္။

ရွစ္ေလးလံုး လူထုအေရးေတာ္ပံုက ေပါက္ဖြား လာခဲ့တဲ့ NLD ပါတီကေနတဆင့္ ေရြးေကာက္ပြဲ ဝင္တဲ့ သူေတြထဲမွာ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ၁၁၀ ခန္႔အထိ ပါဝင္ခဲ့ၿပီး အားလံုးနီးပါး ေရြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တာေၾကာင့္ ၈၈ မ်ိဳးဆက္ေတြ အေနနဲ႔လည္း လႊတ္ေတာ္ႏိုင္ငံေရးကို ဝင္ေရာက္ဖို႔ ျပင္ဆင္ထားသင့္ၿပီလို႔ အဆိုျပဳသူ တခ်ိဳ႕လည္း ရွိပါတယ္။

၈၈ မ်ိဳးဆက္ ေက်ာင္းသားတဦး ျဖစ္တဲ့ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးေအာင္မိုးေဇာ္က “ရည္ရြယ္ခ်က္ ေကာင္းတယ္။ ႏိုင္ငံေရးပါတီ တခု လုပ္မယ္ ဆိုရင္ အေျခခံ အေတြးအေခၚ၊ ယူဆခ်က္ေတြ ရွိဖို႔လိုတယ္။ အဲဒီအေပၚ မူတည္ၿပီး ဒီအေပၚမွာ စိတ္ဝင္စားတဲ့သူေတြကို စုစည္းမယ္ ဆိုရင္ ပိုေကာင္းမယ္ ထင္တယ္” လို႔ ေျပာပါတယ္။

ရွစ္ေလးလံုး လူထုအေရးေတာ္ပံုကို ျဖတ္သန္းၿပီး ၁၉၉၀ ေရြးေကာက္ပြဲမွာ အင္အားႀကီးပါတီ တခုလည္းျဖစ္ ျပည္ပမွာ လည္း လူ႔ေဘာင္သစ္ အမည္နဲ႔ပဲ ရပ္တည္ခဲ့တဲ့ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီဟာ ၂၀၁၅ ေရြးေကာက္ပြဲမွာ ေနရာတခ်ိဳ႕ ဝင္ၿပိဳင္ခဲ့ေပမယ့္ အႏိုင္မရခဲ့ပါဘူး။ အခုလည္း ၈၈ မ်ိဳးဆက္ေတြ ပါတီတရပ္အေနနဲ႔ ထြက္လာမယ္ဆိုရင္ နည္းလမ္း တမ်ိဳးမ်ိဳးနဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ၿပီး မဟာမိတ္အျဖစ္ ရပ္တည္သြားမယ္လို႔ ဦးေအာင္မိုးေဇာ္က ဧရာဝတီကို ေျပာပါတယ္။

အခု ၂၀၁၅ ေရြးေကာက္ပြဲ ရလဒ္အရ တိုင္းျပည္ ဒီမိုကေရစီ အသြင္ကူးေျပာင္းမယ့္ အခ်ိန္မွာ တိုင္းျပည္ကို ျပန္လာၾကမယ့္ သူေတြ ရွိသလို ႏိုင္ငံေရးအရ ထဲထဲဝင္ဝင္ ဝင္ေရာက္ေဆာင္ရြက္မယ့္ သူေတြလည္း ဒီအခ်ိန္မွာ ေျခလွမ္းျပင္ၾကပါၿပီ။

ျမန္မာ့ႏိုင္ငံေရးမွာ ပါတီေတြ ဘယ္ေလာက္မ်ားမ်ား လူထုက ဆံုးျဖတ္ခ်က္ခ်ရင္ ပိုင္ပိုင္ႏိုင္ႏိုင္ တခုတည္းကိုပဲ ေရြးခ်ယ္ခဲ့တာကို ၂၀၁၅ ေရြးေကာက္ပြဲက သက္ေသျပခဲ့ပါတယ္။ ပါတီေတြ ဘယ္ေလာက္ မ်ားမ်ား ၂၀၁၅ ေရြးေကာက္ပြဲမွာ ျပည္သူေတြဟာ NLD ကိုပဲ ေရြးခဲ့ၾကတယ္။

အဲဒီလိုမ်ိဳး ျပည္သူလူထုရဲ႕ ယံုၾကည္အားကိုးမႈ ကိုခံရတဲ့ ႏိုင္ငံေရးပါတီတရပ္ တည္ေထာင္မယ္ ဆိုရင္ ေတာ္ေတာ္ေလး ႐ုန္းကန္ရမွာ ျဖစ္ၿပီး ႏိုင္ငံေရး အရ၊ စီးပြားေရးအရ ဒဏ္ခံႏိုင္တဲ့ သူျဖစ္ဖို႔ လိုသလို ပါတီကို စၿပီး ဦးေဆာင္မယ့္ သူေတြဟာ အေရးႀကီးဆံုး ျဖစ္တယ္လို႔ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးေအာင္မိုးေဇာ္က ေျပာပါတယ္။

ဦးေအာင္မိုးေဇာ္က “ေဒၚစု အလြန္က်ရင္ ေခါင္းေဆာင္ မရွိေတာ့ဘူး။ အဲဒီေတာ့ ငါလုပ္ရင္ ရႏိုင္တယ္၊ ပါတီေထာင္မယ္ ႏိုင္ငံေရးလုပ္မယ္ ဆိုရင္ေတာ့ ဘယ္သူ႔ကိုမွ မေထာက္ခံပါဘူး။ တကယ္ တိုင္းျပည္ရဲ႕ ဒီမိုကေရစီကို တည္တည္ၿငိမ္ၿငိမ္နဲ႔ သြားခ်င္တယ္ ဆိုရင္ ႏိုင္ငံေရးပါတီေတြ က်န္းမာဖို႔ လိုတယ္။ တကယ္တမ္း ပါတီသစ္ တရပ္တည္ေထာင္မယ္ ဆိုရင္ေတာ့ လူထုက ကိုယ့္ကို အားကိုးခ်င္လာေအာင္၊ ယံုၾကည္လာေအာင္ ေတာ္ေတာ္ လုပ္ရလိမ့္မယ္” လို႔ ေျပာပါတယ္။

အဲဒီလိုမွမဟုတ္ရင္ေတာ့ ေငြေၾကးတတ္ႏိုင္တဲ့ သူ၊ ေငြေၾကးတတ္ႏိုင္တဲ့ ပါတီႀကီးေတြရဲ႕ စည္း႐ံုးသိမ္းသြင္းမႈကို ခံသြားရႏိုင္ၿပီး ႏိုင္ငံေရး ေသသြားမယ့္သေဘာ ျဖစ္တယ္လို႔ ဆိုပါတယ္။

NLD ပါတီလို ႏိုင္ငံေရး အစဥ္အလာရွိတဲ့ ပါတီႀကီးဟာ ေနာက္တႀကိမ္ ေရြးေကာက္ပြဲမွာလည္း ယခုတႀကိမ္လို ေတာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရွိႏိုင္တဲ့ အတြက္ သီးျခား ႏိုင္ငံေရးပါတီတရပ္ ထူေထာင္မယ္ ဆိုရင္ ေတာ္ေတာ္ေလး ႐ုန္းကန္ရမွာ ျဖစ္ပါတယ္။

ရွစ္ေလးလံုး လူထုအေရးေတာ္ပံုႀကီး ျဖစ္ပြားၿပီးတဲ့ေနာက္ ႏိုင္ငံေရး တက္ၾကြလႈပ္ရွားသူေတြ ျဖစ္ၾကတဲ့ ဦးမင္းကိုႏိုင္၊ ဦးကိုကိုႀကီး၊ ဦးျမေအးတို႔ အပါအဝင္ ေက်ာင္းသားေခါင္းေဆာင္ ေတာ္ေတာ္မ်ားမ်ားဟာ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ခံရသလို ဦးမိုးသီးဇြန္၊ ဦးေအာင္မိုးေဇာ္လို လူမ်ိဳးေတြဟာလည္း ျပည္ပကို ေရာက္ရွိသြားၾကသလို ေတာထဲကို ေရာက္သြားၾကသူေတြလည္း အမ်ားႀကီး ရွိခဲ့ပါတယ္။

လက္ရွိ အေျခအေနမွာေတာ့ ရွစ္ေလးလံုးက ေပါက္ဖြားလာတဲ့ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး (ABSDF) ကလည္း အစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထိုးခဲ့ပါတယ္။

တခ်ိဳ႕ကလည္း တရားဝင္ ႏိုင္ငံေရးပါတီ ပံုစံနဲ႔ ရပ္တည္ေနၾကသလို ၈၈ မ်ိဳးဆက္ (ၿငိမ္း/ပြင့္) ဆိုတဲ့ ေခါင္းစဥ္ ေအာက္မွာ ရပ္ေနသူေတြ၊ ျပည္ပ ႏိုင္ငံအသီးသီးကို ေရာက္ေနတဲ့ အင္အားစုေတြလည္း ျပန္႔က်ဲေနတာမ်ိဳး ရွိတဲ့ အတြက္ အားလံုးကို တစုတစည္းတည္း ျဖစ္ႏိုင္ဖို႔ကေတာ့ ေတာ္ေတာ္ေလး ခက္ခဲမွာပါ။

၈၈ ႏိုင္ငံေရး မ်ိဳးဆက္ေတြဟာ အာဏာရွင္ စနစ္ကို တြန္းလွန္ရာမွာ ဒီမိုကေရစီ ရည္မွန္းခ်က္ အတြက္ ရင္ခုန္သံ တူညီခဲ့ၾကေပမယ့္ တိုင္းျပည္ တည္ေဆာက္ေရး အတြက္ ပူးေပါင္းေဆာင္ရြက္ဖို႔ ျပန္လည္စုစည္းဖို႔ ကိစၥမွာေတာ့ ႀကိဳးစား ေနရတုန္း သို႔မဟုတ္ ပ်က္ကြက္ေနၾကဆဲ ပါပဲ။

ျမန္မာ့ႏိုင္ငံေရးမွာ အစဥ္အလာႀကီးခဲ့တဲ့ ၈၈ မ်ိဳးဆက္ ေက်ာင္းသားအင္အားစုေတြဟာ ဒီေန႔အထိ ႏိုင္ငံေရး အခင္းအက်င္းမွာ ကိုယ္တိုင္ ဝင္ေရာက္ ကစားႏိုင္ျခင္းမ်ိဳး မရွိေသးဘဲ အတိုက္အခံ ဒီမိုကရက္တစ္ အင္အားစုေတြ ျဖစ္တဲ့ NLD အပါ အဝင္ ႏိုင္ငံေရး အင္အားစုေတြကို ဝိုင္းဝန္းကူညီေပး တဲ့အဆင့္မွာပဲ ရွိေနၿပီး အမ်ားေမွ်ာ္လင့္ၾကတဲ့ ႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑ကိုေတာ့ အခုခ်ိန္ထိ ေရာက္မလာၾကေသး ပါဘူး။

ႏိုင္ငံေရး အက်ဥ္းသားေဟာင္း တဦးျဖစ္သူ ဦးရဲေအာင္က “၈၈ မ်ိဳးဆက္ေတြဟာ ဝိုင္းဝန္းကူညီ ေနတယ္ ဆိုတာထက္ ႏိုင္ငံေရး ရည္မွန္းခ်က္ေတြကို ကိုယ္တိုင္ အေကာင္အထည္ ေဖာ္တဲ့ သူေတြ ျဖစ္ဖို႔ လိုေနပါၿပီ” လို႔ ေျပာပါတယ္။

ဒီလို ဒီမိုကရက္တစ္ အေျပာင္းအလဲကို ဦးတည္ေနၾကတဲ့ အခ်ိန္မွာ ႏိုင္ငံေရးကို ထဲထဲဝင္ဝင္ လႈပ္ရွားေဆာင္ရြက္ဖို႔ ပါတီတရပ္ ထူေထာင္ဖို႔ လိုအပ္ေပမယ့္ ႏိုင္ငံေရးဦးေဆာင္မႈ က႑တရပ္ဆီ ေရာက္ေအာင္ သြားႏိုင္မလား  ဆိုတာကေတာ့ ဦးေဆာင္မယ့္သူ အေပၚ မူတည္မွာပါ။

လက္ေတြ႔မွာလည္း ပါတီကို ဦးေဆာင္မယ့္သူ ေတြဟာ အယူအဆ၊ ဝါဒအမ်ိဳးမ်ိဳးနဲ႔ ရပ္တည္ေနတဲ့ ၈၈ မ်ိဳးဆက္ အင္အားစုေတြကို ျပန္လည္ စုစည္းႏိုင္ဖို႔ ႀကိဳးပမ္းရမွာ ျဖစ္ၿပီး ဒီအခ်က္ကပဲ ပါတီရဲ႕  ေရရွည္ရပ္တည္မႈကို အဆံုးအျဖတ္ ေပးသြားမွာ ျဖစ္တဲ့ အတြက္ ၈၈ ႏိုင္ငံေရးမ်ိဳးဆက္ ဘယ္လို ခရီးဆက္မလဲ ဆိုတာ ေစာင့္ၾကည့္ၾကရ ေအာင္ပါ။    ။
Irrawaddy
...............
၈၈ မျိုးဆက်နှင့် ပါတီနိုင်ငံရေး
ထက်နိုင်ဇော်| December 3, 2015 |
 ၈၈ နိုင်ငံရေး မျိုးဆက်, အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်, လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ, ၈၈ နိုင်ငံရေး မျိုးဆက်, အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်, လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ,
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးသမားတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီး မြန်မာ့နိုင်ငံရေးမှာ ဘယ်လို ပါဝင်ဆောင်ရွက်မလဲ ဆိုတာ အများက စောင့်ကြည့်နေတဲ့အချိန် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးကိုကိုကြီးက နိုင်ငံရေးပါတီတရပ် ထူထောင်နိုင်ဖို့ ကြိုးစားနေပြီလို့ တရားဝင် ထုတ်ဖော်ပြောဆိုလာပါပြီ။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ တဆင့် လွှတ်တော် နိုင်ငံရေးကို ဝင်ရောက်နိုင်ဖို့ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ကြိုးစားခဲ့ပေမယ့် NLD က ကိုယ်စားလှယ်လောင်းတွေ အဖြစ် မရွေးချယ်ခဲ့တာကြောင့် ဒီနိုင်ငံရေး လမ်းကြောင်းပေါ်ကို ရောက်မလာခဲ့ပါဘူး။

သူတို့တွေကို NLD ပါတီက မရွေးချယ်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေး ၈၈ မျိုးဆက် ခေါင်းဆောင်တွေဟာ အင်တိုက်အားတိုက် ကူညီပေးခဲ့တာမျိုးတွေ ရှိပါတယ်။ NLD ပါတီ အနိုင်ရသွားတဲ့ အခါမှာလည်း လူထုမျှော်လင့်တဲ့ ထောက်ခံတဲ့သူတွေ လုပ်ပိုင်ခွင့် ရရှိသွားခြင်း အတွက် ဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပပြီး ၂ ပတ်အကြာ VOA မြန်မာပိုင်းနဲ့ အင်တာဗျူးမှာတော့ ဦးကိုကိုကြီးက “ရေရှည်နိုင်ငံရေးပုံစံနဲ့ ဆိုရင်တော့ ဒီ ၈၈ မျိုးဆက်တွေ မျိုးဆက်အသီးသီးပေါ့၊ စုစည်းပြီးတော့ နိုင်ငံရေးပါတီ တခုအဖြစ်နဲ့ ရပ်တည်သွားဖို့ ကျနော်တို့ ဆွေးနွေးကြတာတွေ ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

နိုင်ငံရေးပါတီတရပ် တည်ထောင်တဲ့ အခါမှာ ပြည်တွင်းရော ပြည်ပမှာပါ ရောက်နေတဲ့ အင်အားစုတွေအပြင် ၈၈ နောက်ပိုင်း ကျောင်းသားမျိုးဆက်တွေ အထိပါ စုစည်းပြီး ကျယ်ကျယ်ပြန့်ပြန့် ရပ်တည်သွားဖို့ ရည်ရွယ်ထားကြောင်း၊ လူထုရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်ပြီး အရိုးသားဆုံးနဲ့ အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ကြိုးစားနေကြောင်း ဦးကိုကိုကြီးက မီဒီယာတချို့ကို ပြောပါတယ်။

အခုလို ဦးကိုကိုကြီးက ပါတီတရပ်တည်ထောင်ဖို့ ကြိုးစားနေတာကို ဒီမိုကရက်တစ် အသိုင်းအဝိုင်းက ကြိုဆိုကြောင်း ပြောဆိုကြသလို တချို့ကလည်း အခုချိန်မှာ ထုတ်ဖော်ပြောဆိုတာ အရမ်းစောလွန်း သေးတယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက်တွေ အနေနဲ့ ဒီလို ပါတီသစ်တရပ် ထူထောင်ရင် ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မှာလဲ၊ ၈၈ မျိုးဆက် အင်အားစုတွေ အားလုံးကို စုစည်းနိုင်မှာလား၊ အဲဒီလိုရပ်တည်ရင် ရှစ်လေးလုံး အရေးတော်ပုံ ကပေါက်ဖွားလာတဲ့ NLD ပါတီ၊ ဦးအောင်မိုးဇော်တို့ ဦးဆောင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့မျိုးစုံနဲ့ ဘယ်လို ညှိနှိုင်းမှုတွေ ရှိမှာလဲ ဆိုတာနဲ့ ဒီပါတီကနေ ပြည်သူလူထုကို နိုင်ငံရေးဦးဆောင်မှု ပေးနိုင်မှာလား စတဲ့ မေးခွန်းမျိုးတွေ မေးမြန်းကြပါတယ်။

၈၈ မျိုးဆက်တွေ အနေနဲ့ ပါတီသစ်တရပ်ကို ထူထောင်မယ် ဆိုရင် ပြန့်ကျဲနေတဲ့ ၈၈ မျိုးဆက် နိုင်ငံရေး အင်အားစုတွေ အားလုံးကို စုစည်းနိုင်ဖို့ လိုတယ် ဆိုတဲ့ အမြင်မျိုးတွေကို အများစုက တင်ပြကြပါတယ်။

အဲဒီနေရာမှာ ပြည်တွင်းရော ပြည်ပမှာပါ ရှိနေကြတဲ့ ၈၈ မျိုးဆက်တွေ၊ အဖွဲ့အစည်းတွေ၊ လူ ပုဂ္ဂိုလ်တွေအားလုံးဟာ အသက်အရွယ်၊ အတွေ့အကြုံ အရ ပညာအရည်အချင်းအရ ပြည်စုံမယ်ဆိုရင် ဒီအင်အားစုတွေကို စုစည်းနိုင်မယ် ဆိုရင် နိုင်ငံရေးမှာ ထိထိရောက်ရောက် လုပ်နိုင်မယ့် အင်အားစု တရပ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း၊ ညီညွတ် ရေးကိုလည်း တည်ဆောက်ရမှာ ဖြစ်ပေမယ့် ၁၀ဝ ရာခိုင်နှုန်းတော့ မျှော်လင့်ပြီး လုပ်လို့ မရနိုင်ဘူးလို့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။

ဦးမင်းဇေယျက “၈၈ မျိုးဆက်တွေ အားလုံးကို စုစည်းနိုင်မလား၊ ဘယ်လို စုစည်းကြမလဲ၊ နောက် ဘယ်သူတွေက ပါတီကို ဦးဆောင်မှာလဲ ဆိုတဲ့အချက်တွေက အဓိက စိန်ခေါ်မှုတွေပဲ ဖြစ်တယ်။ နိုင်ငံရေး အသွင်ကူးပြောင်းရေးကို ကျနော် ၈၈ တွေကလည်း အများကြီး မျှော်လင့်ခဲ့ကြတာပဲ။ အခုလို အပြောင်းအလဲ ဖြစ်လာတဲ့ အချိန်မျိုးမှာ ၈၈ မျိုးဆက်တွေ အနေနဲ့ နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍနဲ့ ဆက်သွားမလဲ ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ကျပြီ” လို့ ပြောပါတယ်။

၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဦးလှရွှေကလည်း “ကိုကိုကြီးတို့ ပါတီထောင်မယ် ဆိုရင်တော့ အန်ကယ်တို့က မျှော်လင့်တယ်။ လုပ်လည်း လုပ်စေချင်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

၈၈ မျိုးဆက်လို နိုင်ငံရေး အရ ကျယ်ပြန့်တဲ့ ခေါင်းစဉ်အောက်မှာ ပါတီတခု စုစည်းတည်ထောင် ဖို့ဟာ လွယ်ကူတဲ့ အလုပ်တခု မဟုတ်ပေမယ့် ခေတ်စနစ်ရဲ့ တောင်းဆိုမှုအရ ဦးဆောင်ပါတီတရပ် ရှိဖို့ လိုအပ်နေချိန်မှာ ဦးဆောင်မယ် ဆိုသူတွေ အနေနဲ့ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့မှာ အလုပ်ပါဖို့ လိုအပ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးထွန်းကြည်က ဆိုပါတယ်။

ဦးထွန်းကြည်က “ကိုကိုကြီးတို့ အနေနဲ့ ဒီအချိန်မှာ ဒီလို ထုတ်ပြောတာ အရမ်းစောလွန်းနေတယ်။ တကယ်က ၈၈ မှာ ပါခဲ့တဲ့ နိုင်ငံရေးမျိုးဆက်တွေ၊ ၉၆၊ ၉၈ မျိုးဆက်တွေ၊ ၂၀ဝ၇ မျိုးဆက်၊ အခု မျိုးဆက်တွေနဲ့ နောက်ဆုံး ၆၂ မျိုးဆက် တွေရဲ့ အကြံဉာဏ်တွေပါ ယူဖို့ကောင်းတယ်။ သူခေါ်တိုင်းလည်း တို့က သွားချင်မှ သွားမယ်။ အရင် အမြင်တူဖို့၊ အတွေးတူဖို့ လိုတယ်။ အဲဒါမှ အလုပ် အတူတူ လုပ်လို့ရမှာ။ သူ မပြောခင်မှာ အလုပ်အရင် စလုပ်ပြီး ဆွေးနွေး တိုင်ပင်မှုတွေ ရှိထားဖို့ ကောင်းတယ်” လို့ အကြံပြုပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံက ပေါက်ဖွား လာခဲ့တဲ့ NLD ပါတီကနေတဆင့် ရွေးကောက်ပွဲ ဝင်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁၀ ခန့်အထိ ပါဝင်ခဲ့ပြီး အားလုံးနီးပါး ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ၈၈ မျိုးဆက်တွေ အနေနဲ့လည်း လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ဖို့ ပြင်ဆင်ထားသင့်ပြီလို့ အဆိုပြုသူ တချို့လည်း ရှိပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “ရည်ရွယ်ချက် ကောင်းတယ်။ နိုင်ငံရေးပါတီ တခု လုပ်မယ် ဆိုရင် အခြေခံ အတွေးအခေါ်၊ ယူဆချက်တွေ ရှိဖို့လိုတယ်။ အဲဒီအပေါ် မူတည်ပြီး ဒီအပေါ်မှာ စိတ်ဝင်စားတဲ့သူတွေကို စုစည်းမယ် ဆိုရင် ပိုကောင်းမယ် ထင်တယ်” လို့ ပြောပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကို ဖြတ်သန်းပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီ တခုလည်းဖြစ် ပြည်ပမှာ လည်း လူ့ဘောင်သစ် အမည်နဲ့ပဲ ရပ်တည်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာတချို့ ဝင်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ အခုလည်း ၈၈ မျိုးဆက်တွေ ပါတီတရပ်အနေနဲ့ ထွက်လာမယ်ဆိုရင် နည်းလမ်း တမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီး မဟာမိတ်အဖြစ် ရပ်တည်သွားမယ်လို့ ဦးအောင်မိုးဇော်က ဧရာဝတီကို ပြောပါတယ်။

အခု ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ တိုင်းပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းမယ့် အချိန်မှာ တိုင်းပြည်ကို ပြန်လာကြမယ့် သူတွေ ရှိသလို နိုင်ငံရေးအရ ထဲထဲဝင်ဝင် ဝင်ရောက်ဆောင်ရွက်မယ့် သူတွေလည်း ဒီအချိန်မှာ ခြေလှမ်းပြင်ကြပါပြီ။

မြန်မာ့နိုင်ငံရေးမှာ ပါတီတွေ ဘယ်လောက်များများ လူထုက ဆုံးဖြတ်ချက်ချရင် ပိုင်ပိုင်နိုင်နိုင် တခုတည်းကိုပဲ ရွေးချယ်ခဲ့တာကို ၂၀၁၅ ရွေးကောက်ပွဲက သက်သေပြခဲ့ပါတယ်။ ပါတီတွေ ဘယ်လောက် များများ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ NLD ကိုပဲ ရွေးခဲ့ကြတယ်။

အဲဒီလိုမျိုး ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှု ကိုခံရတဲ့ နိုင်ငံရေးပါတီတရပ် တည်ထောင်မယ် ဆိုရင် တော်တော်လေး ရုန်းကန်ရမှာ ဖြစ်ပြီး နိုင်ငံရေး အရ၊ စီးပွားရေးအရ ဒဏ်ခံနိုင်တဲ့ သူဖြစ်ဖို့ လိုသလို ပါတီကို စပြီး ဦးဆောင်မယ့် သူတွေဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဦးအောင်မိုးဇော်က “ဒေါ်စု အလွန်ကျရင် ခေါင်းဆောင် မရှိတော့ဘူး။ အဲဒီတော့ ငါလုပ်ရင် ရနိုင်တယ်၊ ပါတီထောင်မယ် နိုင်ငံရေးလုပ်မယ် ဆိုရင်တော့ ဘယ်သူ့ကိုမှ မထောက်ခံပါဘူး။ တကယ် တိုင်းပြည်ရဲ့ ဒီမိုကရေစီကို တည်တည်ငြိမ်ငြိမ်နဲ့ သွားချင်တယ် ဆိုရင် နိုင်ငံရေးပါတီတွေ ကျန်းမာဖို့ လိုတယ်။ တကယ်တမ်း ပါတီသစ် တရပ်တည်ထောင်မယ် ဆိုရင်တော့ လူထုက ကိုယ့်ကို အားကိုးချင်လာအောင်၊ ယုံကြည်လာအောင် တော်တော် လုပ်ရလိမ့်မယ်” လို့ ပြောပါတယ်။

အဲဒီလိုမှမဟုတ်ရင်တော့ ငွေကြေးတတ်နိုင်တဲ့ သူ၊ ငွေကြေးတတ်နိုင်တဲ့ ပါတီကြီးတွေရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံသွားရနိုင်ပြီး နိုင်ငံရေး သေသွားမယ့်သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

NLD ပါတီလို နိုင်ငံရေး အစဉ်အလာရှိတဲ့ ပါတီကြီးဟာ နောက်တကြိမ် ရွေးကောက်ပွဲမှာလည်း ယခုတကြိမ်လို တောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်တဲ့ အတွက် သီးခြား နိုင်ငံရေးပါတီတရပ် ထူထောင်မယ် ဆိုရင် တော်တော်လေး ရုန်းကန်ရမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးတဲ့နောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့ အပါအဝင် ကျောင်းသားခေါင်းဆောင် တော်တော်များများဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရသလို ဦးမိုးသီးဇွန်၊ ဦးအောင်မိုးဇော်လို လူမျိုးတွေဟာလည်း ပြည်ပကို ရောက်ရှိသွားကြသလို တောထဲကို ရောက်သွားကြသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရှစ်လေးလုံးက ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။

တချို့ကလည်း တရားဝင် နိုင်ငံရေးပါတီ ပုံစံနဲ့ ရပ်တည်နေကြသလို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရပ်နေသူတွေ၊ ပြည်ပ နိုင်ငံအသီးသီးကို ရောက်နေတဲ့ အင်အားစုတွေလည်း ပြန့်ကျဲနေတာမျိုး ရှိတဲ့ အတွက် အားလုံးကို တစုတစည်းတည်း ဖြစ်နိုင်ဖို့ကတော့ တော်တော်လေး ခက်ခဲမှာပါ။

၈၈ နိုင်ငံရေး မျိုးဆက်တွေဟာ အာဏာရှင် စနစ်ကို တွန်းလှန်ရာမှာ ဒီမိုကရေစီ ရည်မှန်းချက် အတွက် ရင်ခုန်သံ တူညီခဲ့ကြပေမယ့် တိုင်းပြည် တည်ဆောက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည်စုစည်းဖို့ ကိစ္စမှာတော့ ကြိုးစား နေရတုန်း သို့မဟုတ် ပျက်ကွက်နေကြဆဲ ပါပဲ။

မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာကြီးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားအင်အားစုတွေဟာ ဒီနေ့အထိ နိုင်ငံရေး အခင်းအကျင်းမှာ ကိုယ်တိုင် ဝင်ရောက် ကစားနိုင်ခြင်းမျိုး မရှိသေးဘဲ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေ ဖြစ်တဲ့ NLD အပါ အဝင် နိုင်ငံရေး အင်အားစုတွေကို ဝိုင်းဝန်းကူညီပေး တဲ့အဆင့်မှာပဲ ရှိနေပြီး အများမျှော်လင့်ကြတဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကိုတော့ အခုချိန်ထိ ရောက်မလာကြသေး ပါဘူး။

နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ဦးရဲအောင်က “၈၈ မျိုးဆက်တွေဟာ ဝိုင်းဝန်းကူညီ နေတယ် ဆိုတာထက် နိုင်ငံရေး ရည်မှန်းချက်တွေကို ကိုယ်တိုင် အကောင်အထည် ဖော်တဲ့ သူတွေ ဖြစ်ဖို့ လိုနေပါပြီ” လို့ ပြောပါတယ်။

ဒီလို ဒီမိုကရက်တစ် အပြောင်းအလဲကို ဦးတည်နေကြတဲ့ အချိန်မှာ နိုင်ငံရေးကို ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်ဖို့ ပါတီတရပ် ထူထောင်ဖို့ လိုအပ်ပေမယ့် နိုင်ငံရေးဦးဆောင်မှု ကဏ္ဍတရပ်ဆီ ရောက်အောင် သွားနိုင်မလား  ဆိုတာကတော့ ဦးဆောင်မယ့်သူ အပေါ် မူတည်မှာပါ။

လက်တွေ့မှာလည်း ပါတီကို ဦးဆောင်မယ့်သူ တွေဟာ အယူအဆ၊ ဝါဒအမျိုးမျိုးနဲ့ ရပ်တည်နေတဲ့ ၈၈ မျိုးဆက် အင်အားစုတွေကို ပြန်လည် စုစည်းနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပြီး ဒီအချက်ကပဲ ပါတီရဲ့  ရေရှည်ရပ်တည်မှုကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်တဲ့ အတွက် ၈၈ နိုင်ငံရေးမျိုးဆက် ဘယ်လို ခရီးဆက်မလဲ ဆိုတာ စောင့်ကြည့်ကြရ အောင်ပါ။    ။
Irrawaddy

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...