ေအာင္ေဇာ္| December 1, 2015 |
မင္းၾတားႀကီး, ႀကံ့ခိုင္ေရးပါတီ, NLD
၁၉၉၄ ခုႏွစ္ စက္တင္ဘာလတြင္ ေဒၚေအာင္ဆန္းစုုၾကည္ႏွင့္ ဗိုုလ္ခ်ဳပ္
မႉးႀကီး သန္းေရႊတို႔ ေတြ႔ဆံုစဥ္ (ဓာတ္ပံု – Reuters)
၂၀၁၁-၂၀၁၂ ကစၿပီး ေျပာင္းလဲခဲ့
တဲ့ ျမန္မာ့အလွည့္အေျပာင္းမွာ ႀကိဳးဆြဲသူႀကီးကေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊပဲလို႔ ျမန္မာ့ႏိုင္ငံေရး
အသိုင္းအ၀ိုင္းမွာ လက္ဖက္ရည္၀ိုင္းထဲ မုန္တိုင္း၀င္တိုက္တိုင္း သူ႔ကိုထည့္ၿပီး ေဆြးေႏြးတာ ေတြ႕ရၾကားရတတ္ပါတယ္။
အခု ေရြးေကာက္ပြဲ ၿပီးေျမာက္ကာလ (Post-election period) မွာလည္း ဦးသန္းေရႊရဲ႕ ေသြးခုန္ႏႈန္း ဘယ္လိုရွိေနလဲ ဆိုတာကို ေဆြးေႏြး ျငင္းခုန္ေနၾကတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ အခိုင္အမာ Solid ျဖစ္တဲ့ အေျခခံတိက်တဲ့ သတင္း အခ်က္အလက္ေတြေပၚမွာ ခ်ၿပီး ေဆြးေႏြးသုံးတာၾကမ်ဳိးေတာ့ မဟုတ္ပါ။
ေဒၚေအာင္ဆန္းစုၾကည္ကုိ ဦးသန္းေရႊရဲ႕ ေျမး ေနေရႊေသြးေအာင္က သြားေရာက္ေတြ႕ဆုံခဲ့တာနဲ႔ ပတ္သက္ၿပီး အက်ယ္ခ်ဲ႕ ေဆြးေႏြးၾကတာ ေတြ႔ရပါတယ္။ ဒါဟာ ဦးသန္းေရႊက လႊတ္လုိက္တာလား၊ ေနေရႊေသြးေအာင္ရဲ႕ ကိုယ္ပိုင္တဦးတည္း ဆုံးျဖတ္ခ်က္လား၊ ဘာသေဘာကို ေဆာင္သလဲ၊ ႏိုင္ငံေရးအတိတ္စိမ္း၊ နိမိတ္စိမ္းေတြကို သုေတသီေတြေရာ၊ သုခမိန္ ဟုတ္သူ၊ မဟုတ္သူေတြေရာ ေဆြးေႏြးၾကပါတယ္။
ေကာလာဟလ တခုကေတာ့ ဦးသန္းေရႊနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ၾကမယ္ဆိုတာပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၁၉၉၄ ခုႏွစ္ စက္တင္ဘာ ကတည္းက ေတြ႕ဆုံခဲ့ၾကဖူးသူေတြ ျဖစ္တယ္။ ေနာက္ထပ္ ၂၀၀ဝ ဝန္းက်င္မွာ တႀကိမ္၊ ၂၀၀၂ မွာ တႀကိမ္ေတြ႔ၾကဖူးပါတယ္။ ဒါေပမယ့္ ဒီေတြ႕ဆုံေဆြးေႏြးပြဲေတြဟာ ႏိုင္ငံေရးအရ ဘာမွေလးနက္တဲ့၊ တိုုင္းျပည္အတြက္ အေျဖရွာတဲ့ ေဆြးေႏြးပြဲေတြ မဟုတ္ဘဲ ျပည္တြင္းျပည္ပ ဖိအားေတြကို ေဖာ့ထုတ္ ေျဖထုတ္တဲ့ ပြဲေတြပဲလို႔ သုံးသပ္ခဲ့ၾကပါတယ္။
ဦးသန္းေရႊက ေဒၚေအာင္ဆန္းစုၾကည္ ဆီကိုု သံလြင္ခက္ ပို႔တယ္ဆိုရင္ေတာ့ တိုုင္းျပည္ရဲ႕ အကူးအေျပာင္းဟာ ေခ်ာ့ေမြ႔ႏိုုင္တယ္လိုု႔ သံုးသပ္ႏိုင္ပါတယ္။
လက္ရွိ အခင္းအက်င္းအရ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ေတာင္ၿပိဳကမ္းၿပိဳႏုိင္ၿပီး ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ (တျဖစ္လဲ ႀကံ့ခိုင္ေရးအသင္း) အႀကီးအက်ယ္ ႐ံႈးၿပီးေနာက္ပိုင္း ႀကံ့ခိုင္ေရးအသင္း နာယက ျဖစ္ခဲ့ဖူးသူ၊ ေနာက္ကြယ္မွာ ၾသဇာအာဏာ ဆက္ရွိေနတယ္လို႔ ယူဆၾကတဲ့ အၿငိမ္းစား မင္းၾတားႀကီးဟာ တုိင္းျပည္ ေနာက္တေကြ႕ ဆက္တက္မယ့္ အလွည့္အေျပာင္းကို ျငင္ျငင္သာသာ သြားေစခ်င္တာလား စတဲ့ ေမးခြန္းေတြေတာ့ တပုံတပင္ပါပဲ။
ေသခ်ာတဲ့အခ်က္ကေတာ့ ဦးသန္းေရႊ ခ်ခဲ့တဲ့ လမ္းျပေျမပုံနဲ႔ ၂၀၁၀ ေနာက္ပိုင္း အခင္းအက်င္းဟာ ပုံပ်က္သြားၿပီ ဆုိတာပဲ ျဖစ္ပါတယ္။
ဦးသိန္းစိန္ကို သမၼတခန္႔တယ္၊ တိုင္းျပည္တံခါး ပြင့္သြားတယ္။ ဒါေပမယ့္ ဦးသိန္းစိန္နဲ႔ သူ႔ရဲ႕ လက္ရုံးတဆူျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္ျမင့္ဦး (ဒု သမၼတ ရာထူးက ႐ုုတ္တရက္ ႏုုတ္ထြက္သြားသူ) အကြဲအၿပဲျဖစ္တယ္။ ဒုတိယအေနနဲ႔ ဦးသိန္းစိန္နဲ႔ ဦးေရႊမန္း အကြဲအၿပဲ၊ သန္းေခါင္ယံ စစ္ဆင္ေရးနဲ႔ ရုပ္ဆိုးအက်ည္းတန္စြာ အဆုံးသတ္ခဲ့တယ္။ အားကိုးရတဲ့ တပည့္ေဟာင္း ဦးေအာင္ေသာင္း ဆုံးပါးသြားခဲ့တယ္။
ေနာက္ဆုံး အခ်က္ကေတာ့ ႀကံ့ခိုင္ေရးပါတီဟာ ခြက္ခြက္လန္ ရႈံးခဲ့တယ္။ ဦးသိန္းစိန္ အစိုးရကို ျမန္မာျပည္သူလူထုက မေထာက္ခံဘူးဆုိတာကို ေရြးေကာက္ပြဲမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ စည္းကမ္းေသ၀ပ္စြာ ျပသခဲ့ပါတယ္။
ဒီေနရာမွာ အရင္က တပ္မေတာ္မွာေရာ၊ စစ္အစိုးရမွာပါ ရာထူးအႀကီးႀကီးတခုကို ထမ္းေဆာင္ခဲ့တဲ့ ျပည္ေထာင္စု လႊတ္ေတာ္ နာယက ဦးေရႊမန္းရဲ႕ အခန္းက႑က ျပန္ေပၚလာပါတယ္။
ဦးေရႊမန္းနဲ႔ ဦးသန္းေရႊရဲ႕ ဆက္ဆံေရးဟာ မေကာင္းခဲ့ဘူးလို႔ ေယဘုယ် သိထားၾကပါတယ္။ တပ္ခ်ဳပ္ရာထူး၊ သမၼတရာထူးေတြကို ခ်ိန္ၿပီး ရည္မွန္းခ်က္ႀကီးခဲ့ဖူးတဲ့ ဦးေရႊမန္းကို ဦးသန္းေရႊ ဘက္ကေတာ့ ျဖဳတ္ခဲ့လို႔ ႏွစ္ဖက္အၾကား ဆက္ဆံေရးေတြ ပ်က္ခဲ့တာလို႔ သုံးသပ္ခဲ့ၾကပါတယ္။
ဒါေၾကာင့္လည္း သန္းေခါင္ယံ အာဏာသိမ္းပြဲမွာ ဦးသန္းေရႊရဲ႕ အခန္းက႑ကို သတင္းစာေတြက ျပည္တြင္း ျပည္ပမွာ ျပန္ၿပီး ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ ဦးသန္းေရႊ၊ ဦးသိန္းစိန္နဲ႔ ျပည္ထဲေရး ေခါင္းေဆာင္ပိုင္းဟာ ဦးေရႊမန္းကို တညီတညြတ္တည္း ၀ိုင္းအုပ္လိုက္ၾကတယ္လို႔ သုံးသပ္ပါတယ္ (ဒါေတြက ေတြးထင္ခ်က္ေတြလည္း ပါသလို၊ အခ်က္အလက္ေတြ အေပၚမွာ အေျခခံတာေတြလည္း ရွိပါတယ္)။
ေရြးေကာက္ပြဲအၿပီးမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဦးေရႊမန္းနဲ႔ ပထမဆုံးအႀကိမ္ ေတြ႕တယ္။ ေနာက္တႀကိမ္ ထပ္ေတြ႕တယ္။ ပါတီတြင္း သန္းေခါင္ယံ အာဏာသိမ္းပြဲအၿပီး ဦးေရႊမန္းဟာ ႏိုင္ငံေရးေသသြားတာ မေတြ႕ရဘဲ ျပန္ထြက္လာတာကို ေတြ႕ရပါတယ္။
ဒါေၾကာင့္ ဦးေရႊမန္းဟာ ဦးသန္းေရႊကို ေရြးေကာက္ပြဲအလြန္ကာလမွာ သြားေတြ႕ခဲ့သလား။ ေတြ႕ခဲ့ရင္လည္း အရင္ပုံစံမ်ဳိး မဟုတ္ဘဲ (သီတင္းကြ်တ္လို ျမန္မာ့ ဘာသာေရး ထုံးစံအတိုင္း၊ တပ္ရဲ႕ အစဥ္အလာအတိုင္း သြားေရာက္ၿပီး) အေသအခ်ာ အရုိအေသေပးၿပီး ေအာက္ကေန ျပန္၀င္ခဲ့သလားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္သြားပါၿပီ။
မင္းၾတားႀကီးဟာ သူ႔ရဲ႕ မိသားစုနဲ႔ အသက္အိုးအိမ္စည္းစိမ္နဲ႔ ေနာက္ဆုံးအခ်ိန္ကို စိုးရိမ္မယ္ဆိုရင္ သဘာ၀က်ပါတယ္။ (ဦးေန၀င္း၊ ဦးခင္ညြန္႔တို႔လို အရွိန္အ၀ါႀကီးမားသူေတြရဲ႕ ႏိုင္ငံေရးအေသထြက္ ထြက္ခဲ့ပုံကို ျပန္ၾကည့္ပါ။)
ဒါေၾကာင့္ န၀တ၊ နအဖ ေခတ္ တေလွ်ာက္လုံး “က်ေနာ္က ႏိုင္ငံေရး တာဝန္ယူမယ္၊ ကိုေအးက စစ္ေရးတာဝန္ယူ” ဆိုၿပီး အလုုပ္လုုပ္ခဲ့တဲ့ မင္းၾကားႀကီးဟာ ဒီတေကြ႕မွာလည္း သူ႔ရဲ႕ထြက္ေပါက္ကို ထပ္ရွာရမွာ ျဖစ္ပါတယ္။ ဒီထြက္ေပါက္ကေတာ့ တုိင္းျပည္အတြက္ေရာ သူ႔အတြက္ပါ ႏိုင္ငံေရးအရ အသက္ရႈေပါက္ေခ်ာင္ေခ်ာင္နဲ႔ လည္ပင္းကို ႀကိဳးကြင္းအစြပ္ မခံရဘဲ သတၱိရွိရွိနဲ႔ လက္ခုပ္သံယူၿပီး ထြက္တဲ့နည္းျဖစ္ဖို႔ လိုတယ္လို႔ပဲ ေျပာခ်င္ပါတယ္။
Irrawaddy
.............
ဘဝရှင်မင်းတြားကြီး အလံဖြူထောင်ပြီလား
အောင်ဇော်| December 1, 2015 |
မင်းတြားကြီး, ကြံ့ခိုင်ရေးပါတီ, NLD
၁၉၉၄ ခုနှစ် စက်တင်ဘာလတွင် ဒေါ်အောင်ဆန်းစုုကြည်နှင့် ဗိုုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ – Reuters)
၂၀၁၁-၂၀၁၂ ကစပြီး ပြောင်းလဲခဲ့တဲ့ မြန်မာ့အလှည့်အပြောင်းမှာ ကြိုးဆွဲသူကြီးကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေပဲလို့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာ လက်ဖက်ရည်ဝိုင်းထဲ မုန်တိုင်းဝင်တိုက်တိုင်း သူ့ကိုထည့်ပြီး ဆွေးနွေးတာ တွေ့ရကြားရတတ်ပါတယ်။
အခု ရွေးကောက်ပွဲ ပြီးမြောက်ကာလ (Post-election period) မှာလည်း ဦးသန်းရွှေရဲ့ သွေးခုန်နှုန်း ဘယ်လိုရှိနေလဲ ဆိုတာကို ဆွေးနွေး ငြင်းခုန်နေကြတာ တွေ့ရပါတယ်။ ဒါပေမယ့် အခိုင်အမာ Solid ဖြစ်တဲ့ အခြေခံတိကျတဲ့ သတင်း အချက်အလက်တွေပေါ်မှာ ချပြီး ဆွေးနွေးသုံးတာကြမျိုးတော့ မဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင်က သွားရောက်တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အကျယ်ချဲ့ ဆွေးနွေးကြတာ တွေ့ရပါတယ်။ ဒါဟာ ဦးသန်းရွှေက လွှတ်လိုက်တာလား၊ နေရွှေသွေးအောင်ရဲ့ ကိုယ်ပိုင်တဦးတည်း ဆုံးဖြတ်ချက်လား၊ ဘာသဘောကို ဆောင်သလဲ၊ နိုင်ငံရေးအတိတ်စိမ်း၊ နိမိတ်စိမ်းတွေကို သုတေသီတွေရော၊ သုခမိန် ဟုတ်သူ၊ မဟုတ်သူတွေရော ဆွေးနွေးကြပါတယ်။
ကောလာဟလ တခုကတော့ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြမယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၁၉၉၄ ခုနှစ် စက်တင်ဘာ ကတည်းက တွေ့ဆုံခဲ့ကြဖူးသူတွေ ဖြစ်တယ်။ နောက်ထပ် ၂၀၀ဝ ဝန်းကျင်မှာ တကြိမ်၊ ၂၀၀၂ မှာ တကြိမ်တွေ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီတွေ့ဆုံဆွေးနွေးပွဲတွေဟာ နိုင်ငံရေးအရ ဘာမှလေးနက်တဲ့၊ တိုုင်းပြည်အတွက် အဖြေရှာတဲ့ ဆွေးနွေးပွဲတွေ မဟုတ်ဘဲ ပြည်တွင်းပြည်ပ ဖိအားတွေကို ဖော့ထုတ် ဖြေထုတ်တဲ့ ပွဲတွေပဲလို့ သုံးသပ်ခဲ့ကြပါတယ်။
ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည် ဆီကိုု သံလွင်ခက် ပို့တယ်ဆိုရင်တော့ တိုုင်းပြည်ရဲ့ အကူးအပြောင်းဟာ ချော့မွေ့နိုုင်တယ်လိုု့ သုံးသပ်နိုင်ပါတယ်။
လက်ရှိ အခင်းအကျင်းအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြိုနိုင်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (တဖြစ်လဲ ကြံ့ခိုင်ရေးအသင်း) အကြီးအကျယ် ရှုံးပြီးနောက်ပိုင်း ကြံ့ခိုင်ရေးအသင်း နာယက ဖြစ်ခဲ့ဖူးသူ၊ နောက်ကွယ်မှာ သြဇာအာဏာ ဆက်ရှိနေတယ်လို့ ယူဆကြတဲ့ အငြိမ်းစား မင်းတြားကြီးဟာ တိုင်းပြည် နောက်တကွေ့ ဆက်တက်မယ့် အလှည့်အပြောင်းကို ငြင်ငြင်သာသာ သွားစေချင်တာလား စတဲ့ မေးခွန်းတွေတော့ တပုံတပင်ပါပဲ။
သေချာတဲ့အချက်ကတော့ ဦးသန်းရွှေ ချခဲ့တဲ့ လမ်းပြမြေပုံနဲ့ ၂၀၁၀ နောက်ပိုင်း အခင်းအကျင်းဟာ ပုံပျက်သွားပြီ ဆိုတာပဲ ဖြစ်ပါတယ်။
ဦးသိန်းစိန်ကို သမ္မတခန့်တယ်၊ တိုင်းပြည်တံခါး ပွင့်သွားတယ်။ ဒါပေမယ့် ဦးသိန်းစိန်နဲ့ သူ့ရဲ့ လက်ရုံးတဆူဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး (ဒု သမ္မတ ရာထူးက ရုုတ်တရက် နုုတ်ထွက်သွားသူ) အကွဲအပြဲဖြစ်တယ်။ ဒုတိယအနေနဲ့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အကွဲအပြဲ၊ သန်းခေါင်ယံ စစ်ဆင်ရေးနဲ့ ရုပ်ဆိုးအကျည်းတန်စွာ အဆုံးသတ်ခဲ့တယ်။ အားကိုးရတဲ့ တပည့်ဟောင်း ဦးအောင်သောင်း ဆုံးပါးသွားခဲ့တယ်။
နောက်ဆုံး အချက်ကတော့ ကြံ့ခိုင်ရေးပါတီဟာ ခွက်ခွက်လန် ရှုံးခဲ့တယ်။ ဦးသိန်းစိန် အစိုးရကို မြန်မာပြည်သူလူထုက မထောက်ခံဘူးဆိုတာကို ရွေးကောက်ပွဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းသေဝပ်စွာ ပြသခဲ့ပါတယ်။
ဒီနေရာမှာ အရင်က တပ်မတော်မှာရော၊ စစ်အစိုးရမှာပါ ရာထူးအကြီးကြီးတခုကို ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းရဲ့ အခန်းကဏ္ဍက ပြန်ပေါ်လာပါတယ်။
ဦးရွှေမန်းနဲ့ ဦးသန်းရွှေရဲ့ ဆက်ဆံရေးဟာ မကောင်းခဲ့ဘူးလို့ ယေဘုယျ သိထားကြပါတယ်။ တပ်ချုပ်ရာထူး၊ သမ္မတရာထူးတွေကို ချိန်ပြီး ရည်မှန်းချက်ကြီးခဲ့ဖူးတဲ့ ဦးရွှေမန်းကို ဦးသန်းရွှေ ဘက်ကတော့ ဖြုတ်ခဲ့လို့ နှစ်ဖက်အကြား ဆက်ဆံရေးတွေ ပျက်ခဲ့တာလို့ သုံးသပ်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း သန်းခေါင်ယံ အာဏာသိမ်းပွဲမှာ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍကို သတင်းစာတွေက ပြည်တွင်း ပြည်ပမှာ ပြန်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဦးသန်းရွှေ၊ ဦးသိန်းစိန်နဲ့ ပြည်ထဲရေး ခေါင်းဆောင်ပိုင်းဟာ ဦးရွှေမန်းကို တညီတညွတ်တည်း ၀ိုင်းအုပ်လိုက်ကြတယ်လို့ သုံးသပ်ပါတယ် (ဒါတွေက တွေးထင်ချက်တွေလည်း ပါသလို၊ အချက်အလက်တွေ အပေါ်မှာ အခြေခံတာတွေလည်း ရှိပါတယ်)။
ရွေးကောက်ပွဲအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးရွှေမန်းနဲ့ ပထမဆုံးအကြိမ် တွေ့တယ်။ နောက်တကြိမ် ထပ်တွေ့တယ်။ ပါတီတွင်း သန်းခေါင်ယံ အာဏာသိမ်းပွဲအပြီး ဦးရွှေမန်းဟာ နိုင်ငံရေးသေသွားတာ မတွေ့ရဘဲ ပြန်ထွက်လာတာကို တွေ့ရပါတယ်။
ဒါကြောင့် ဦးရွှေမန်းဟာ ဦးသန်းရွှေကို ရွေးကောက်ပွဲအလွန်ကာလမှာ သွားတွေ့ခဲ့သလား။ တွေ့ခဲ့ရင်လည်း အရင်ပုံစံမျိုး မဟုတ်ဘဲ (သီတင်းကျွတ်လို မြန်မာ့ ဘာသာရေး ထုံးစံအတိုင်း၊ တပ်ရဲ့ အစဉ်အလာအတိုင်း သွားရောက်ပြီး) အသေအချာ အရိုအသေပေးပြီး အောက်ကနေ ပြန်ဝင်ခဲ့သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်သွားပါပြီ။
မင်းတြားကြီးဟာ သူ့ရဲ့ မိသားစုနဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နောက်ဆုံးအချိန်ကို စိုးရိမ်မယ်ဆိုရင် သဘာဝကျပါတယ်။ (ဦးနေဝင်း၊ ဦးခင်ညွန့်တို့လို အရှိန်အဝါကြီးမားသူတွေရဲ့ နိုင်ငံရေးအသေထွက် ထွက်ခဲ့ပုံကို ပြန်ကြည့်ပါ။)
ဒါကြောင့် နဝတ၊ နအဖ ခေတ် တလျှောက်လုံး “ကျနော်က နိုင်ငံရေး တာဝန်ယူမယ်၊ ကိုအေးက စစ်ရေးတာဝန်ယူ” ဆိုပြီး အလုုပ်လုုပ်ခဲ့တဲ့ မင်းကြားကြီးဟာ ဒီတကွေ့မှာလည်း သူ့ရဲ့ထွက်ပေါက်ကို ထပ်ရှာရမှာ ဖြစ်ပါတယ်။ ဒီထွက်ပေါက်ကတော့ တိုင်းပြည်အတွက်ရော သူ့အတွက်ပါ နိုင်ငံရေးအရ အသက်ရှုပေါက်ချောင်ချောင်နဲ့ လည်ပင်းကို ကြိုးကွင်းအစွပ် မခံရဘဲ သတ္တိရှိရှိနဲ့ လက်ခုပ်သံယူပြီး ထွက်တဲ့နည်းဖြစ်ဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။