Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

႐ုရွားေတြကို တိုက္ဖို႔ IS ေတြ ထိုင္းနိုင္ငံထဲ ဝင္လာ

$
0
0

IS အဖြဲ႕သား ၁၀ ဦး ထိုင္းမွာ ရွိေနသလား ဆိုတာ အတည္ျပဳဖို႔ လိုေသးတယ္လို႔ ထိုင္းရဲက ေျပာ။

ထိုင္း နိုင္ငံကို အလည္ေရာက္ ေနတဲ့ ႐ုရွားေတြကို ပစ္မွတ္ထား တိုက္ခိုက္ဖို႔ ဆီးရီးယားက IS အစၥလာမၼစ္ နိုင္ငံအဖြဲ႕သား ၁၀ ေယာက္ ေအာက္တိုဘာလမွာ ထိုင္းနိုင္ငံထဲ ဝင္ေရာက္ ခဲ့ၾကတယ္လို႔ ႐ုရွားက သတိေပးခဲ့ေၾကာင္း ထိုင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ထိုင္း ရဲတပ္ဖြဲ႕ကေန ေပါက္ၾကားလာတဲ့ ရဲမွတ္တမ္းအရ အဲဒီ ဆီးရီးယား ၁၀ ဦး ဝင္လာတယ္ ဆိုတဲ့ သတင္းကို ႐ုရွား ေထာက္လွမ္းေရး ေအဂ်င္စီကေန ရခဲ့တာလို႔ ဆိုပါတယ္။

သူတို႔ထဲက ၆ ဦးက ႐ုရွား ဧည့္သည္ေတြ အသြားအလာမ်ားတဲ့ ပတၱယားနဲ႔ ဖူးခက္ ကမ္းေျခေတြဆီကို သြားခဲ့ၿပီး၊ ၂ ဦးကေတာ့ ဘန္ေကာက္မွာ ရွိေနကာ၊ က်န္ ၂ ဦးကေတာ့ သြားတဲ့ ေနရာ မသိရဘူးလို႔ အဲဒီ ရဲမွတ္တမ္းက ဆိုပါတယ္။

၂၀၁၃ ခုႏွစ္ ထဲမွာ ထိုင္းနိုင္ငံကို လာေရာက္တဲ့ ႐ုရွား ဧည့္သည္ အေရအတြက္ တစ္သန္းခြဲေက်ာ္ ရွိပါတယ္။

ထိုင္း ရဲတပ္ဖြဲ႕ကေတာ့ အဲဒီ လူ ၁၀ ဦး ေရာက္ေနတယ္ ဆိုတာကို သူတို႔ အတည္ မျပဳနိုင္ခဲ့ေၾကာင္း ေျပာခဲ့ၿပီး မစိုးရိမ္ၾကဖို႔လည္း ထိုင္း အာဏာပိုင္ေတြက ေျပာပါတယ္။

႐ုရွားက ဆီးရီးယားမွာ ရွိတဲ့ IS ေတြ အေပၚ စက္တင္ဘာလ အကုန္ပိုင္းမွာ ေလေၾကာင္း တိုက္ခိုက္မွုေတြ စတင္ ျပဳလုပ္ခဲ့ပါတယ္။

ေအာက္တိုဘာ လထဲမွာ ႐ုရွား ခရီးသည္တင္ ေလယာဥ္တစီး IS အဖြဲ႕ခြဲ တစ္ခုရဲ့ လက္ခ်က္နဲ႔ ဆိုင္းနိုင္းကၽြန္းေပၚမွာ ပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚ ပါသူ လူ ၂၂၄ ေယာက္ ေသဆုံး ခဲ့ရပါတယ္။

http://www.bbc.com/burmese/world/2015/12/151204_is_thai_russia

..............................................................


ရုရှားတွေကို တိုက်ဖို့ IS တွေ ထိုင်းနိုင်ငံထဲ ဝင်လာ


IS အဖွဲ့သား ၁၀ ဦး ထိုင်းမှာ ရှိနေသလား ဆိုတာ အတည်ပြုဖို့ လိုသေးတယ်လို့ ထိုင်းရဲက ပြော။

ထိုင်း နိုင်ငံကို အလည်ရောက် နေတဲ့ ရုရှားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဆီးရီးယားက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့သား ၁၀ ယောက် အောက်တိုဘာလမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက် ခဲ့ကြတယ်လို့ ရုရှားက သတိပေးခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ကနေ ပေါက်ကြားလာတဲ့ ရဲမှတ်တမ်းအရ အဲဒီ ဆီးရီးယား ၁၀ ဦး ဝင်လာတယ် ဆိုတဲ့ သတင်းကို ရုရှား ထောက်လှမ်းရေး အေဂျင်စီကနေ ရခဲ့တာလို့ ဆိုပါတယ်။

သူတို့ထဲက ၆ ဦးက ရုရှား ဧည့်သည်တွေ အသွားအလာများတဲ့ ပတ္တယားနဲ့ ဖူးခက် ကမ်းခြေတွေဆီကို သွားခဲ့ပြီး၊ ၂ ဦးကတော့ ဘန်ကောက်မှာ ရှိနေကာ၊ ကျန် ၂ ဦးကတော့ သွားတဲ့ နေရာ မသိရဘူးလို့ အဲဒီ ရဲမှတ်တမ်းက ဆိုပါတယ်။

၂၀၁၃ ခုနှစ် ထဲမှာ ထိုင်းနိုင်ငံကို လာရောက်တဲ့ ရုရှား ဧည့်သည် အရေအတွက် တစ်သန်းခွဲကျော် ရှိပါတယ်။

ထိုင်း ရဲတပ်ဖွဲ့ကတော့ အဲဒီ လူ ၁၀ ဦး ရောက်နေတယ် ဆိုတာကို သူတို့ အတည် မပြုနိုင်ခဲ့ကြောင်း ပြောခဲ့ပြီး မစိုးရိမ်ကြဖို့လည်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားက ဆီးရီးယားမှာ ရှိတဲ့ IS တွေ အပေါ် စက်တင်ဘာလ အကုန်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ စတင် ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ လထဲမှာ ရုရှား ခရီးသည်တင် လေယာဉ်တစီး IS အဖွဲ့ခွဲ တစ်ခုရဲ့ လက်ချက်နဲ့ ဆိုင်းနိုင်းကျွန်းပေါ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် ပါသူ လူ ၂၂၄ ယောက် သေဆုံး ခဲ့ရပါတယ်။


http://www.bbc.com/burmese/world/2015/12/151204_is_thai_russia




Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...