On Sun, 2015-12-06 06:30Issue No.No. 939 Sunday, December 6 , 2015.
ဒီဇာတ်ကားမှာ နေသူရိန်အ ဖြစ် အောင်ရဲလင်း၊ နွေကန္တာဦးအ ဖြစ် ခိုင်သင်းကြည်၊ ဆောင်းနှင်း ဟေမန်အဖြစ် မေကဗျာတို့ပါဝင် သရုပ်ဆောင်ထားပြီး ကိုလွင်(စနှိုး ၀ှိုက်)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မောင်ဦး (စနှိုး ၀ှိုက်) က ရိုက်ကူးပုံဖော်ထားပါ တယ်။
7Daydaily
....................

- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍ မှာတော့ မိသားစုဇာတ်ကားလေး ကို ညွှန်းပေးလိုက်ပါတယ်။
နေသူရိန်နဲ့ နွေကန္တာဦးတို့ မှာ ဆယ်ကျော်သက်အရွယ်သမီး လေးတစ်ယောက် ရှိပါတယ်။ သမီးလေးရဲ့ နာမည်က ဧပရယ် ပါ။ ဧပရယ်က အရွယ်ရလာတာ နဲ့အမျှ ရုပ်ကလေးကလည်း လှ တာကြောင့် သူ့အမေနွေကန္တာဦး ကတော့ စိတ်ပူနေပါတယ်။ နေ သူရိန်နဲ့ နွေကန္တာဦးက လင်မယား ဆိုပေမယ့် မျက်နှာချင်းဆိုင်တိုင်းတစ်ယောက် တစ်ခွန်း စကား များနေတတ်ပါတယ်။ အဲဒါက လည်း အကြောင်းတော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေကန္တာဦးက အမြဲတမ်းအဆိုးမြင်တတ်နေလို့ပါ။
နောက်တစ်ခုလည်း ရှိပါ သေးတယ်။ အဲ့ဒါကတော့ သူတို့ အိမ်ကို၀င်ထွက်နေတဲ့ ဆောင်း နှင်းဟေမန်ဆိုတဲ့ အမျိုးသမီး ကြောင့်ပါ။ ဆောင်းနှင်းဟေမန်က နွေကန္တာဦးနဲ့တော့ တခြားစီပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်း နှင်းဟေမန်က မိန်းမပီပီသသနဲ့ အိမ်ထောင်မှုနိုင်နင်းတဲ့သူ တစ် ယောက်မို့လို့ပါ။ နောက်ပြီး ဆောင်းနှင်းဟေမန်က ဘုရား၊ တရားလည်းအရမ်းလုပ်ပါတယ်။ အဲဒါကိုပဲ နွေကန္တာဦးက ကြည့်မ ရတာပါ။
ဧပရယ်ကို ကျောင်းမှာစိတ် ၀င်စားနေတဲ့ သူတစ်ယောက်ရှိပါ တယ်။ အဲဒီသူတွေထဲမှာတော့ ကျော်ကျော်ဆိုတဲ့ကောင်လေးက ခြေလှမ်း အသွက်ဆုံးပါ။ ကျော် ကျော်က ဧပရယ်အနားမှာရှိနေတဲ့ သူတွေကို ပေါင်းပြီးဧပရယ်နဲ့ နီး စပ်အောင်ကြိုးစားခဲ့ပါတယ်။ အဲဒီလိုနဲ့ ဧပရယ်နဲ့ တဖြည်းဖြည်း ရင်းနှီးမှုတွေရလာခဲ့ပါတယ်။ အဲဒီ အကြောင်းတွေကို ဧပရယ်ရဲ့မိဘတွေကလည်း မျက်ခြည်မပြတ်ခဲ့ကြပါဘူး။ ကျော်ကျော် ဆိုတဲ့ ကောင်လေးနဲ့ ရင်းနှီးမှုတွေရှိနေ တယ်ဆိုတဲ့အကြောင်းကို ဆောင်း နှင်းဟေမန်ရော၊ နွေကန္တာဦးရော သိခဲ့ကြပါတယ်။
တကယ်တော့ ဆောင်းနှင်း ဟေမန်က ဧပရယ်ဦးကိုခင်တွယ် နေတာကြောင့် အဲဒီအိမ်ကိုလာ နေတာပါ။ ဒါပေမဲ့လည်း ဆောင်းနှင်းဟေမန်နဲ့ နေသူရိန်တို့ရဲ့ အတိတ်တွေကြောင့် နွေကန္တာဦးက အမြင်တွေလွဲနေတာပါ။ ဧပရယ်ကလည်း အမေရင်း နွေကန္တာဦးနဲ့ ဆောင်းနှင်းဟေမန်တို့ နှစ်ယောက်မှာ ဆောင်းနှင်းဟေမန်ကို ပိုပြီး သံယောဇဉ်ကြီးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့နွေကန္တာဦးက ထစ်ခနဲဆိုရင် ဒေါသနဲ့ပဲအရာရာကို ဖြေရှင်းတတ်ပေမယ့် ဆောင်းနှင်းဟေမန်ကတော့ ဧပ ရယ် နားလည်အောင် ပြောပြပြီး ဆုံးမတတ်ပါတယ်။
ဆောင်းနှင်းဟေမန်နဲ့ နေသူ ရိန်တို့ရဲ့ အတိတ်အကြောင်းတွေ က ဘာတွေလဲ။ နေသူရိန်နဲ့ နွေ ကန္တာဦးတို့ လက်ထပ်ဖြစ်ခဲ့တာက ကော ဘာကြောင့်လဲ။ ဆောင်း နှင်းဟေမန်ကကော ဘာကြောင့် သူတို့အိမ်မှာ နေခွင့်ရနေတာလဲ ဆိုတာတွေကိုတော့ ထားဝယ် ထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ နှလုံးသားကို အလှဆင် မယ်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ နေသူရိန်အ ဖြစ် အောင်ရဲလင်း၊ နွေကန္တာဦးအ ဖြစ် ခိုင်သင်းကြည်၊ ဆောင်းနှင်း ဟေမန်အဖြစ် မေကဗျာတို့ပါ၀င် သရုပ်ဆောင်ထားပြီး ကိုလွင်(စနှိုး ၀ိှုက်)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ မောင်မောင်ဦး (စနှိုး ၀ိှုက်) က ရိုက်ကူးပုံဖော်ထားပါ တယ်။