7Daydaily
.....................
သမ္မတဦးသိန်းစိန် သက်တမ်းအတွင်း နိုင်ငံတကာအကူအညီ ကန်ဒေါ်လာ သန်း ၂,၃၀၀ ကျော်ရခဲ့ဟုဆို
Byအိဖြူမွန်On Sun, 2015-12-06 06:30Location ရန်ကုန်Issue No.No. 939 Sunday, December 6 , 2015.
သမ္မတဦးသိန်းစိန် အစိုး ရသက်တမ်းအတွင်း နိုင်ငံတကာ အကူအညီ အထောက်အပံ့နှင့် နည်းပညာအကူအညီ ကန်ဒေါ်လာ သန်း ၂,၃၀၀ ကျော် ရရှိခဲ့ ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကပြောသည်။
နိုင်ငံတော်သမ္မတ အိမ် တော် အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၃ ရက်က ကျင်းပပြုလုပ် သော အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံ ဇော်က ပြောကြားခဲ့သည်ကို သမ္မတရုံးဝက်ဘ်ဆိုက်၌ ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်ကြေညာထားသည်။
ရရှိခဲ့သော အကူအညီများ သည် ငွေကြေးမဟုတ်ဘဲ နည်းပညာနှင့် ပစ္စည်းများသာဖြစ်ကြောင်း၊ နိုင်ငံတကာအထောက် အပံ့ ကူညီမှုများတွင် ပညာရှင် များ၏ လစာစရိတ်များကိုလည်း ထည့်တွက်ထားကြောင်း၊ အစိုးရ အနေဖြင့် ငွေကြေးလက်ခံရယူ ခြင်း မရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကပြောသည်။
၂၀၁၁ မှ ၂၀၁၅(နို၀င်ဘာ)အတွင်း နိုင်ငံတကာအကူအညီ ရရှိမှုသည် အမေရိကန်ဒေါ်လာ သန်း ၂,၃၃၄ ဒသမ ၈၅၇ ရှိခဲ့သည်။ နိုင်ငံအချင်းချင်း ထောက်ပံ့ကူညီမှုသည် အမေရိကန်ဒေါ်လာ တစ်ထောင်ကျော်ရှိပြီး အများဆုံးဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ထောက်ပံ့ကူညီမှု သည် အမေရိကန်ဒေါ်လာ သန်း ခုနစ်ရာကျော်ရှိခဲ့ကာ နိုင်ငံတကာမဟုတ်သော အစိုးရအဖွဲ့အစည်းများ၏ အကူအညီသည် ဒေါ်လာသန်းငါးရာကျော် ရှိခဲ့သည်။
နိုင်ငံပေါင်း ၂၃ နိုင်ငံ၊ အ ပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ပေါင်း ငါးဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အ စည်းပေါင်း ၂၀ နှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း ပေါင်း ၁၁၇ ဖွဲ့နှင့် အခြားဆယ်ခုက ထောက်ပံ့ကူညီခဲ့ခြင်းဖြစ် သည်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများမှ ထောက်ပံ့ကူညီမှုသည် ကန်ဒေါ်လာ ငါးဆယ့် ခြောက်သန်းကျော်ရှိခဲ့ပြီး အခြားအဖွဲ့အစည်းအသီးသီးမှ ထောက်ပံ့ကူညီမှုသည် ဒေါ်လာလေးသန်း ကျော် ရှိခဲ့သည်။
အဖွဲ့အစည်းပေါင်းနှင့် နိုင်ငံ စုစုပေါင်း ၁၇၆ ဖွဲ့က လုပ်ငန်းစီမံချက်ပေါင်း ၅၂၀ ကို လေးနှစ်အတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။
စီမံချက်စုစုပေါင်း ၅၂၀ အတွက် ရရှိထားသော ထောက်ပံ့ ကူညီမှုသည် ကန်ဒေါ်လာသန်း ၁,၃၀၀ ကျော်ရှိသည်။
ယခုအချိန်ထိ ပြီးစီးမှုမရှိ သေးသည့် လုပ်ငန်းစီမံချက်ပေါင်း ၄၂၈ ခု ကျော်ရှိသည်။ ယင်းတို့အတွက် ရရှိထားသော နိုင်ငံတကာ အထောက်အပံ့နှင့် နည်းပညာ အကူအညီမှာ ကန်ဒေါ်လာ သန်း တစ်ထောင်ခန့် ရှိသည်။