နေပြည်တော်၊ ဒီဇင်ဘာ ၆
( ရဲဇာနည် )
https://www.facebook.com/yezarnimedia
......................
နေပြည်တော်၊ ဒီဇင်ဘာ ၆
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူငယ်ကျေးရွာနေ မောင်အေး(၃၆)နှစ်သည် ဝမ်းနာကျေးရွာရှိ မိဘများထံသို့ အလည်သွားရောက်ရန် ၃၇ယ/××××× ဝေ့(ဖ်) ၁၁၀ ဆိုင်ကယ်နောက်တွင် ဇနီး မတင်တင်ယု (၃၅)နှစ်၊ သားဖြစ်သူ မောင် ဆန်းမင်းထိုက်(၉)နှစ်နှင့် သုံးလသားအရွယ် သမီးတို့အား တင်ဆောင် မောင်းနှင်လာစဉ် နေအိမ်နှင့် တစ်ဖာလုံခန့် အကွာအရောက် မတင်တင်ယု ဆောင်းထား သည့်ထီးမှာ လမ်းဘေးရှိ သီဟိုဠ်ပင်ကိုင်းနှင့် ချိတ်မိသဖြင့် မတင်တင်ယုနှင့် ၎င်း၏သမီးတို့ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့သည်။
ထိုသို့ပြုတ်ကျမှုကြောင့် မတင်တင်ယုတွင် ဒဏ်ရာများရရှိခဲ့၍ တကူတိုက်နယ် ဆေးရုံသို့ တင်ပို့ကုသစဉ် ဆေးရုံ၌ သေဆုံးသွားသဖြင့် မောင်အေးအား တနင်္သာရီမြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
( ရဲဇာနည် )