Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေျမာက္ဥကၠလာပၿမိဳ႕နယ္၌္ ျဖစ္ပြားခဲ့ေသာ အုပ္စုဖြဲ႕လူသတ္မႈတြင္ က်ဴးလြန္မႈေၾကာင့္ ေသဒဏ္ခ်မွတ္ခံရသည့္ တရားခံ ၁၀ ဦးက အထူးအယူခံတက္မည္ဟုဆို

$
0
0
Published on Sun, 12/06/2015 - 11:33

၂၀၁၁ ခုႏွစ္အတြင္းက ေျမာက္ဥကၠလာပၿမိဳ႔နယ္အတြင္းရွိ စားေသာက္ဆိုင္တစ္ဆိုင္၌ ျဖစ္ပြားခဲ့သည့္ အုပ္စုဖြဲ႕ လူသတ္မႈတြင္ ပါ၀င္က်ဴးလြန္မႈေၾကာင့္ ေသဒဏ္ခ်မွတ္ခံခဲ့ရသည့္ တရားခံ ၁၀ ဦးက ျပစ္ဒဏ္အေပၚ အထူးအယူခံတက္ေရာက္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့သည့္ မတ္လ ၅ ရက္ေန႔က ေျမာက္ပိုင္းခရိုင္တရား႐ံုးမွ ခ်မွတ္ခဲ့သည့္ ေသဒဏ္စီရင္ခ်က္အေပၚ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ အယူခံတက္ရာတြင္ ေသဒဏ္ ခ်မွတ္ခံရသူ ၁၅ ဦးအနက္ ေငြေပးေစခိုင္းသူ မိသားစု၀င္ ၅ ဦးမွာ ေသဒဏ္ျပစ္ဒဏ္မွ တရားေသ လြတ္ေျမာက္ခဲ့ၿပီး က်န္ ၁၀ ဦးမွာ မလြတ္ေျမာက္သျဖင့္ အထူးအယူခံ ထပ္မံတက္ေရာက္ရန္ ျပင္ဆင္ေနေၾကာင္း တရားခံေရွ႕ေနတစ္ဦးက ေျပာၾကားသည္။

“ကြၽန္မကအမိန္႔ေတြ ကူးထားတယ္။သူတို႔က အထူးအယူခံတက္ဖို႔ အခြင့္အေရးရွိေနေသးေတာ့ တက္မယ္လို႔ေျပာတယ္။ သူတို႔ကို တစ္ေယာက္တစ္ေနရာစီ ေထာင္ေတြခြဲထားေတာ့ လိုက္သြားၿပီး ေထာင္မွာ ေရွ႕ေနပါ၀ါ သြားေတာင္းရဦးမွာေပါ့။ တက္ဖို႔ စီစဥ္ေနပါတယ္” ဟု ေသဒဏ္က်တရားခံ၏ ေရွ႕ေနတစ္ဦးက ဒီဇင္ဘာ ၅ ရက္က ေျပာၾကားသည္။

၂၀၁၁ ခုႏွစ္ ႏုိ၀င္ဘာ ၁၇ ရက္ ည ၈ နာရီခန္႔က ေျမာက္ဥကၠလာပၿမဳိ႕နယ္ ႏြယ္သာကီ ၆ လမ္းအတြင္းရွိ စားေသာက္ဆိုင္အတြင္း၌ ျဖစ္ပြားခဲ့သည့္ အဆိုပါ လူသတ္မႈ ကို သံုးႏွစ္ေက်ာ္ၾကာ စစ္ေဆးခဲ့သည္။ ထိုအမႈတြဲအား၂၀၁၅ ခုႏွစ္ ေဖေဖာ္၀ါရီ ၂၃ ရက္က အၿပီးသတ္ေလ်ာက္လဲခ်က္ေပးခဲ့ၿပီး ၂၀၁၅ ခုႏွစ္ မတ္လ ၅ ရက္က စြဲခ်က္အတင္ ခံထားရသည့္ တရားခံ ၁၅ ဦးလံုးအား ေသဒဏ္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ကာ ယင္းတို႔အနက္ ငါးဦးကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ႏို၀င္ဘာ ၂၀ ရက္က အမိန္႔ခ်မွတ္ခဲ့ရာတြင္ အၿပီးျပတ္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

EMG
.............
မြောက်ဥက္ကလာပမြို့နယ်၌် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့လူသတ်မှုတွင် ကျူးလွန်မှုကြောင့် သေဒဏ်ချမှတ်ခံရသည့် တရားခံ ၁၀ ဦးက အထူးအယူခံတက်မည်ဟုဆို

Published on Sun, 12/06/2015 - 11:33

၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ လူသတ်မှုတွင် ပါ၀င်ကျူးလွန်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် တရားခံ ၁၀ ဦးက ပြစ်ဒဏ်အပေါ် အထူးအယူခံတက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှ ချမှတ်ခဲ့သည့် သေဒဏ်စီရင်ချက်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်ရာတွင် သေဒဏ် ချမှတ်ခံရသူ ၁၅ ဦးအနက် ငွေပေးစေခိုင်းသူ မိသားစုဝင် ၅ ဦးမှာ သေဒဏ်ပြစ်ဒဏ်မှ တရားသေ လွတ်မြောက်ခဲ့ပြီး ကျန် ၁၀ ဦးမှာ မလွတ်မြောက်သဖြင့် အထူးအယူခံ ထပ်မံတက်ရောက်ရန် ပြင်ဆင်နေကြောင်း တရားခံရှေ့နေတစ်ဦးက ပြောကြားသည်။

“ကျွန်မကအမိန့်တွေ ကူးထားတယ်။သူတို့က အထူးအယူခံတက်ဖို့ အခွင့်အရေးရှိနေသေးတော့ တက်မယ်လို့ပြောတယ်။ သူတို့ကို တစ်ယောက်တစ်နေရာစီ ထောင်တွေခွဲထားတော့ လိုက်သွားပြီး ထောင်မှာ ရှေ့နေပါ၀ါ သွားတောင်းရဦးမှာပေါ့။ တက်ဖို့ စီစဉ်နေပါတယ်” ဟု သေဒဏ်ကျတရားခံ၏ ရှေ့နေတစ်ဦးက ဒီဇင်ဘာ ၅ ရက်က ပြောကြားသည်။

၂၀၁၁ ခုနှစ် နို၀င်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လူသတ်မှု ကို သုံးနှစ်ကျော်ကြာ စစ်ဆေးခဲ့သည်။ ထိုအမှုတွဲအား၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က အပြီးသတ်လျောက်လဲချက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်က စွဲချက်အတင် ခံထားရသည့် တရားခံ ၁၅ ဦးလုံးအား သေဒဏ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ ယင်းတို့အနက် ငါးဦးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုဝင်ဘာ ၂၀ ရက်က အမိန့်ချမှတ်ခဲ့ရာတွင် အပြီးပြတ်လွှတ်ပေးခဲ့ကြောင်း သိရသည်။

EMG

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>