ဝါရှင်တန် ၊ ၇-၁၂-၂၀၁၅
ဆယ်စုနှစ်ပေါင်း များစွာကြာမှ တွေ့မြင်ခွင့် ရရှိနိုင်မည့် ပလူတိုဂြိုဟ်အား အနီးကပ် ရိုက်ကူးထားသည့် ကြည်လင် ပြတ်သားမှု အကောင်းဆုံး ဓာတ်ပုံများကို အမေရိကန် အာကာသ အေဂျင်စီ NASA ကထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။
NASA ၏ New Horizons အာကာသယာဉ်သည် ဇူလိုင် ၁၄ ရက်က ပလူတိုဂြိုဟ် အနီးမှ ပထမဆုံးအကြိမ် ဖြတ်သန်းသွား ခဲ့ပြီး သိပ္ပံပညာရှင် များအား မကြုံစဖူး ထူးကဲသော အသိအမြင်များကို ပေးစွမ်း နိုင်ခဲ့သည်။
အဆိုပါ အနီးကပ် ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် မီးတောင်ဝ ကဲ့သို့သော မြေ အနေအထားများ၊ တောင်ကုန်း တောင်တန်း ထူထပ်သော မြေအနေအထား များနှင့် ရေခဲတောင်များ ကဲ့သို့သော မြေ အနေအထား များကို တွေ့ရှိရကြောင်း NASA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''အခု အသစ်ထုတ်ပြန် လိုက်တဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေက ကျွန်တော်တို့ကို အသက်ရှူမှား စေခဲ့ပါတယ် ''ဟု New Horizons အာကာသယာဉ်၏ စူးစမ်း လေ့လာရေး အဖွဲ့ခေါင်းဆောင် အလန်စတန်း က ပြောကြား ထားသည်။
အောက်တိုဘာလ အတွင်းက အဆိုပါ အာကာသယာဉ်မှ ပေးပို့သော ပလူတိုဂြိုဟ် ဓာတ်ပုံများတွင် ယင်းဂြိုဟ်၏ ကောင်းကင်ပြာနှင့် ရေခဲပြင်များ အပြင် အရောင်စုံသော မြေမျက်နှာ သွင်ပြင်များ ပါဝင်ခဲ့သည်။
နျူကလီးယား စွမ်းအင်သုံး New Horizons အာကာသယာဉ်သည် အာကာသ အတွင်းမှ တွေ့ရှိမှု ဓာတ်ပုံများကို မှတ်တမ်းတင်ကာ ရရှိသည့် ဓာတ်ပုံများကို ပြီးခဲ့သည့် လပေါင်းများစွာ မှစ၍ ကမ္ဘာမြေသို့ ပြန်လည် ပေးပို့လျက် ရှိပြီး ၂ဝ၁၆ ခုနှစ်နှောင်းပိုင်း အထိ ပေးပို့မှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar
..........................................................
ပလူတိုဂြိုဟ်အား အနီးကပ်ရိုက္ကူးထားသည့် အေကာင်းဆုံးဓာတ္ပုံမ်ားကို NASA ထုတ်ဖော်ျပသ
ဝါရွင္တန် ၊ ၇-၁၂-၂၀၁၅
ဆယ္စုနွစ်ပေါင်း မ်ားစြာကြာမွ တြျေ့မင္ခြင့် ရရွိနိုင္မည့် ပလူတိုဂြိုဟ်အား အနီးကပ် ရိုက္ကူးထားသည့် ကြည္လင်ျပတ်သားမှု အေကာင်းဆုံး ဓာတ္ပုံမ်ားကို အေမရိကန် အာကာသ အေဂ်င္စီ NASA ကထုတ်ဖော်ျပသခဲ့ကြောင်း သိရသည်။
NASA ၏ New Horizons အာကာသယာဉ်သည် ဇူလိုင် ၁၄ ရက္က ပလူတိုဂြိုဟ် အနီးမွ ပထမဆုံးအကြိမ်ျဖတ်သန်းသြား ခဲ့ပြီး သိပ္ပံပညာရွင် မ်ားအား မကြုံစဖူး ထူးကဲသော အသိအျမင္မ်ားကို ပေးစြမ်း နိုင္ခဲ့သည်။
အဆိုပါ အနီးကပ် ရိုက္ကူးထားသည့် ဓာတ္ပုံမ်ားတြင် မီးတောင်ဝ ကဲ့သို့သောျေမ အေနအထားမ်ား၊ တောင္ကုန်း တောင္တန်း ထူထပ်သောျေမအေနအထား မ်ားနွင့် ရေခဲတောင္မ်ား ကဲ့သို့သောျေမ အေနအထား မ်ားကို တြေ့ရွိရေကြာင်း NASA ၏ထုတ်ျပန္ခ်က္တြင် ဖော်ျပထားသည်။
''အခု အသစ္ထုတ်ျပန် လိုက္တဲ့ အရည်ေအသြျးမင့် ဓာတ္ပုံတြေက ကျြန်တ္တောို့ကို အသက်ရွူမွား စေခဲ့ပါတယ် ''ဟု New Horizons အာကာသယာဉ်၏ စူးစမ်း လေ့လာရေး အဖြဲ့ခေါင်းဆောင် အလန္စတန်း ကျေပာကြား ထားသည်။
အောက္တိုဘာလ အတြင်းက အဆိုပါ အာကာသယာဥ္မွ ပေးပို့သော ပလူတိုဂြိုဟ် ဓာတ္ပုံမ်ားတြင် ယင်းဂြိုဟ်၏ ကောင်းကင်ျပာနွင့် ရေချဲပင္မ်ား အျပင် အေရာင္စုံသောျေမမ်က်နွာ သြင်ျပင္မ်ား ပါဝင္ခဲ့သည်။
န်ူကလီးယား စြမ်းအင်သုံး New Horizons အာကာသယာဉ်သည် အာကာသ အတြင်းမွ တြေ့ရွိမှု ဓာတ္ပုံမ်ားကို မွတ္တမ်းတင္ကာ ရရွိသည့် ဓာတ္ပုံမ်ားကို ပြီးခဲ့သည့် လေပါင်းမ်ားစြာ မွစ၍ ကမ္ဘျာေမသိျု့ပန္လည် ပေးပို့လ်က် ရွိပြီး ၂ဝ၁၆ ခုနွစ်နွောင်းပိုင်း အထိ ပေးပို့မှုမ်ားကို လုပ်ဆောင်ြသားမည်ျဖစ်ကြောင်း သိရသည်။
#PyiChitThar