Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်နေခြင်းကြောင့် လူအစုလိုက် အပြုံလိုက် အခြားမှ ပြောင်းရွှေ့လာမည်ကို ဥရောပနိုင်ငံများက စိုးရိမ်

$
0
0

မြူးနစ် ၊ ၁၄-၇-၂၀၁၅

ကမ္ဘာ့ရာသီဥတု ဖောက်ပြန် နေခြင်းကြောင့် မိမိတို့နိုင်ငံများ တွင်းသို့ အခြား နိုင်ငံသားများ အစုလိုက်၊ အပြုံလိုက် ပြောင်းရွှေ့ လာကြမည်ကို ဥရောပ နိုင်ငံများက စိုးရိမ် နေကြကြောင်း သိရသည်။ ယခုကဲ့သို့ ဖြစ်ရပ်သည် အပြည်ပြည် ဆိုင်ရာ ဥပဒေများနှင့် ကိုင်တွယ်သင့်၊ မသင့် ပြဿနာ တက်နေ ကြသည်။

''နေထိုင်မှုက အစ စားရေး၊ သောက်ရေးထိ အဆင်မပြေ ဖြစ်လာတဲ့ အခါ ရေကြည်ရာ မြက်နုရာ ဒေသေ တွကို အစုလိုက်၊ အပြုံလိုက် ပြောင်းရွှေ့လေ့ ရှိတာဟာ မထူးဆန်း ပါဘူး။ အခုတော့ ကမ္ဘာ့ ရာသီဥတုကြီး ဖောက်ပြန်နေတဲ့ အချိန် ဖြစ်နေတော့ ဒီလို အဖြစ်မျိုးတွေ ကမ္ဘာအနှံ့ ဖြစ်လာ နေပါတယ်''ဟု ကမ္ဘာ့ ရာသီဥတု နှင့်လူအများ ပြောင်းရွှေ့ လုပ်သားများ ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အီလီယိုစိုရာဂွါဒါနို က ရှင်းပြသည်။

ကုလသမဂ္ဂ ကလည်း လူအများအပြား စုပြုံဝင်ရောက် လာမှုကို ကြုံတွေ့ နေရသော နိုင်ငံများ အတွက် မည်သည့် ဥပဒေများနှင့် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်း သွားမည်ကို အီလီယိုစိုရာ ဂွါဒါနို က မေးခွန်းထုတ် လိုက်သည်။

ယနေ့ မိုးခေါင်းခြင်း နှင့် ရေကြီးခြင်း စသည့် သဘာဝ ဘေးအန္တရာယ် ကြီးများ ကြုံတွေ့ နေရသော နိုင်ငံများတွင် အထူးသဖြင့် အာဖရိက နိုင်ငံသားများနှင့် အရှေ့ အလယ်ပိုင်း နိုင်ငံသားများက ရွှေ့ပြောင်း လုပ်သားများ ဥရောပတိုက် သို့ ဝင်ရောက် လာဖွယ် ရှိသည်ကို တွေ့မြင် နေရသည်။

ဥရောပနိုင်ငံ များက ဟာရီကိန်း မုန်တိုင်း Xynthia ဝင်ရောက်ပြီး နောက်ပိုင်း မိမိ နိုင်ငံသား ဦးရေနှင့် အမိမြေ လုံခြုံရေး အပြင် ဥရောပ နိုင်ငံ အချင်းချင်းမှ ဝင်ရောက် လာသော ဒုက္ခသည်များ အတွက်ပါ ဖြေရှင်းပေး ရသည့် ပြဿနာများ ကြုံတွေ့ ခဲ့ကြသည်။

သို့ဖြစ်၍ အနာဂတ်တွင် ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု ကြောင့် သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်မှု များနှင့်အတူ ပြောင်းရွှေ့ ဒုက္ခသည်များ မိမိတို့ နိုင်ငံတွင်း ဝင်ရောက် လာမည်ကို ဥရောပ နိုင်ငံများက စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>