Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ႏွစ္ပဲတစ္ျပားကိစၥအတြက္ တန္ဖုိးရိွသည့္ အခ်ိန္မ်ားကုိ ႏွေျမာမိဟု ဦးလွေဆြေျပာ

$
0
0
အင္တာနက္ေဖ့ဖြတ္စာမ်က္ႏွာ၌ Eleven Media Group ဂုဏ္သိကၡာကုိ ထိခုိက္နစ္နာေစသည့္ အေရးအသားမ်ား ေရးသားသည္ဟု ဆုိကာ Eleven Media Group က တရားစြဲဆုိထားသည့္အမႈ၏ ဒီဇင္ဘာ ၇ စတုတၳေျမာက္ႀကိမ္ေျမာက္ ရုံးခ်ိန္းသို႔ ေရာက္ရိွလာသည့္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေဆြက ႏွစ္ပဲတစ္ျပားကိစၥအတြက္ တန္ဖုိးရိွသည့္အခ်ိန္မ်ားကုိ ႏွေျမာမိေၾကာင္း ေျပာၾကားလုိက္သည္။

“ႏွစ္ပဲတစ္ျပားကိစၥအတြက္ ကၽြန္ေတာ္ရဲ႕ တန္ဖုိးရိွတဲ့အခ်ိန္ေတြ နွေျမာတယ္မိတယ္။ ဒါပါပဲ . . . ကၽြန္ေတာ္ကတရား ရုံးကိစၥေတြ သိပ္နားမလည္ဘူး။ ကၽြန္ေတာ္က သူတုိ႔ေမးတဲ့ဟာေတြကုိ ဒီလုိပဲေရးလုိက္ေတာ့ ၿပီးသြားတာေပါ့”ဟု အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေဆြ က News Watch သုိ႔ ေျပာသည္။

အဆုိပါရုံးခ်ိန္းတြင္ Eleven Media Group မွ သက္ေသ ၁၃ ဦးစာရင္းေပးခဲ့ၿပီး တရားၿပိဳင္ ဦးလွေဆြဘက္မွ သက္ေသ တင္ျပျခင္းမရွိခဲ့ေၾကာင္း Eleven Media Group၏ ေရွ႕ေန ဦးၾကီးျမင့္က ေျပာသည္။

“ဦးလွေဆြက သူ႔ဘက္က သက္ေသျပစရာမရိွဘူးတဲ့။ သူ႕ေဖ့ဘြတ္မွာ သူတင္တာမုိလုိ႔ သက္ေသျပစရာမရိုဘူးလုိ႔ ေျပာပါတယ္။ ဆရာတို႔ဘက္က သက္ေသ ၁၃ ေယာက္ေပးတယ္”ဟု ေရွ႕ေန ဦးၾကီးျမင့္က ေျပာသည္။

လာမည့္ရုံးခ်ိန္းအား ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလ ၁၄ ရက္သုိ႔ ခ်ိန္းဆုိခဲ့ၿပီး ယင္းရုံးခ်ိန္းတြင္ ၾကားျဖတ္အမိန္႔တခုအတြက္ ႏွစ္ဘက္ေလွ်ာက္လႊဲခ်က္ေပးရမည္ျဖစ္ေၾကာင္း ၄င္းက ေျပာသည္။တရားလုိ Eleven Media Group Co.,Ltd ၏ ေကာင္းေသာ ဂုဏ္သတင္းႏွင့္ သိကၡာကုိ ထိခုိက္ေစသျဖင့္ တရားမႀကီး အမႈ အမွတ္ ၁၀၈/၁၅ နစ္နာေၾကး သိန္း ၆ ေထာင္ရလုိမႈ ျဖင့္ နစ္နာေၾကးေငြက်ပ္ သိန္း (၆၀၀၀)ရလုိမႈ ျဖင့္ တရား ၿပိဳင္ အမ်ဳိးသား လႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေဆြကုိ တရားစြဲခဲ့ျခင္းျဖစ္သည္။

အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေဆြက ၄င္း၏ေဖ့ဖြတ္စာမ်က္ႏွာတြင္ ၉၊ ၇၊ ၂၀၁၅ ရက္ေန႔၌ "က်ေနာ္က ဂ်ာနယ္ေတြထဲမွာ သူရိယေန၀င္းရယ္ ျမန္မာသံေတာ္ဆင့္ရယ္ အလဲဗင္းရယ္ ဘာေမးေမး မေျဖ ဘူးလုိ႔ ဆုံးျဖတ္ထားတာပါ။ အလြန္စက္ဆုပ္ဖြယ္ေကာင္းလုိ႔ဗ်။"၊ "က်ေနာ္က ဂန္႔ေဂါအမတ္ဘဲ သူတုိ႔ဂ်ာနယ္ တည္ေထာင္ သူေတြ အရင္က ဂန္႔ေဂါဘက္မွာ သစ္ကုမၸဏီေထာင္ၿပီး သစ္ေတြထုတ္လုိ႔ ကုန္ခါနီး လုိင္းေျပာင္းေပၚပင္ ေဘာလုံး ဂ်ာနယ္ထုတ္၊ ေဘာလုံးပြဲေလာင္းသူေတြရဲ႕ အားေပးမႈေၾကာင့္ ေပါက္လာၿပီး အခုမွ အင္ဗာရုိမင့္အေၾကာင္းေတြ လာေျပာေန စိတ္ကုန္စရာႀကီး"ဟု ေဖာ္ျပခဲ့ျခင္းေၾကာင့္ Eleven Media Group Co.,Ltd က ဂုဏ္သိကၡာကုိ ထိခုိက္ေစသည္ဟုဆိုကာ (၇)ရက္အတြင္းလာေရာက္ေျဖရွင္းေပးရန္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွေဆြႏွင့္ အမ်ားသိေစရန္ အသိေပးေၾကညာခဲ့ၿပီး တရားမႀကီး အမႈ အမွတ္ ၁၀၈ / ၁၅ နစ္နာ ေၾကး သိန္း ၆ေထာင္ရလုိမႈ ျဖင့္ နစ္နာေၾကးေငြက်ပ္ သိန္း (၆၀၀၀) ရလုိမႈ ျဖင့္ တရားစြဲဆုိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

( News Watch : ေစာင့္ၾကည့္သတင္းဂ်ာနယ္ )
.....................
နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့် အချိန်များကို နှမြောမိဟု ဦးလှဆွေပြော

အင်တာနက်ဖေ့ဖွတ်စာမျက်နှာ၌ Eleven Media Group ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အရေးအသားများ ရေးသားသည်ဟု ဆိုကာ Eleven Media Group က တရားစွဲဆိုထားသည့်အမှု၏ ဒီဇင်ဘာ ရ စတုတ္ထမြောက်ကြိမ်မြောက် ရုံးချိန်းသို့ ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက နှစ်ပဲတစ်ပြားကိစ္စအတွက် တန်ဖိုးရှိသည့်အချိန်များကို နှမြောမိကြောင်း ပြောကြားလိုက်သည်။

“နှစ်ပဲတစ်ပြားကိစ္စအတွက် ကျွန်တော်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ နှမြောတယ်မိတယ်။ ဒါပါပဲ . . . ကျွန်တော်ကတရား ရုံးကိစ္စတွေ သိပ်နားမလည်ဘူး။ ကျွန်တော်က သူတို့မေးတဲ့ဟာတွေကို ဒီလိုပဲရေးလိုက်တော့ ပြီးသွားတာပေါ့”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က News Watch သို့ ပြောသည်။

အဆိုပါရုံးချိန်းတွင် Eleven Media Group မှ သက်သေ ၁၃ ဦးစာရင်းပေးခဲ့ပြီး တရားပြိုင် ဦးလှဆွေဘက်မှ သက်သေ တင်ပြခြင်းမရှိခဲ့ကြောင်း Eleven Media Group၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဦးလှဆွေက သူ့ဘက်က သက်သေပြစရာမရှိဘူးတဲ့။ သူ့ဖေ့ဘွတ်မှာ သူတင်တာမိုလို့ သက်သေပြစရာမရိုဘူးလို့ ပြောပါတယ်။ ဆရာတို့ဘက်က သက်သေ ၁၃ ယောက်ပေးတယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

လာမည့်ရုံးချိန်းအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်သို့ ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် ကြားဖြတ်အမိန့်တခုအတွက် နှစ်ဘက်လျှောက်လွှဲချက်ပေးရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။တရားလို Eleven Media Group Co.,Ltd ၏ ကောင်းသော ဂုဏ်သတင်းနှင့် သိက္ခာကို ထိခိုက်စေသဖြင့် တရားမကြီး အမှု အမှတ် ၁၀၈/၁၅ နစ်နာကြေး သိန်း ၆ ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀)ရလိုမှု ဖြင့် တရား ပြိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၄င်း၏ဖေ့ဖွတ်စာမျက်နှာတွင် ၉၊ ရ၊ ၂၀၁၅ ရက်နေ့၌ "ကျနော်က ဂျာနယ်တွေထဲမှာ သူရိယနေဝင်းရယ် မြန်မာသံတော်ဆင့်ရယ် အလဲဗင်းရယ် ဘာမေးမေး မဖြေ ဘူးလို့ ဆုံးဖြတ်ထားတာပါ။ အလွန်စက်ဆုပ်ဖွယ်ကောင်းလို့ဗျ။"၊ "ကျနော်က ဂန့်ဂေါအမတ်ဘဲ သူတို့ဂျာနယ် တည်ထောင် သူတွေ အရင်က ဂန့်ဂေါဘက်မှာ သစ်ကုမ္ပဏီထောင်ပြီး သစ်တွေထုတ်လို့ ကုန်ခါနီး လိုင်းပြောင်းပေါ်ပင် ဘောလုံး ဂျာနယ်ထုတ်၊ ဘောလုံးပွဲလောင်းသူတွေရဲ့ အားပေးမှုကြောင့် ပေါက်လာပြီး အခုမှ အင်ဗာရိုမင့်အကြောင်းတွေ လာပြောနေ စိတ်ကုန်စရာကြီး"ဟု ဖော်ပြခဲ့ခြင်းကြောင့် Eleven Media Group Co.,Ltd က ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ (၇)ရက်အတွင်းလာရောက်ဖြေရှင်းပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် အများသိစေရန် အသိပေးကြေညာခဲ့ပြီး တရားမကြီး အမှု အမှတ် ၁၀၈ / ၁၅ နစ်နာ ကြေး သိန်း ၆ထောင်ရလိုမှု ဖြင့် နစ်နာကြေးငွေကျပ် သိန်း (၆၀၀၀) ရလိုမှု ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>