ဖာရိုးကၽြန္းစြယ္ေတြမွာရွိတဲ့ စံခ်ိန္တင္ လိႈင္းေတြရဲ႕ အရွိန္ေၾကာင့္ျဖစ္ေပၚလာတဲ့ ေလၾကမ္းတိုက္ခတ္မႈဟာ ေရတံခြန္တစ္ခုကို ပင္ ေရစီး ေျပာင္းျပန္နဲ႔ အေပၚကို ေရျပန္စီးေစခဲ့တယ္လို႔ ဗီဒီယိုတစ္ခုအရသိရပါတယ္။
ထိုဗီဒီယိုကို Mortan Mortensen ဆိုသူက YouTube ေပၚတင္ထားခဲ့ၿပီး ဒီဇင္ဘာ ၅ ရက္ေန႔က ျဖစ္သြားခဲ့တဲ့ Gasadalur ေက်းရြာနားက ဆိပ္ကမ္းေတာင္ေစာင္း ေတြကို တိုက္ိုက္ခဲ့တဲ့ လိႈင္းေတြကို ထို ဗီဒီယိုထဲမွာ ရိုက္ကူးထားတာျဖစ္ပါတယ္။
ဒါ့အျပင္ ထို ဗီဒီယိုထဲမွာ ေတာင္ေစာင္းေပၚက ေအာက္ကို စီးဆင္းေနတဲ့ ေရတံခြန္တစ္ခုဟာ ထို လိႈင္းဒါဏ္ေတြနဲ႔ ေလၾကမ္းတိုက္ခတ္မႈေတြေၾကာင့္ ေရစီးေျပာင္းျပန္နဲ႔ အေပၚကို ေရျပန္စီးေနတာ ေတြ႕၇ပါတယ္။
Mortensen ရဲ႕ ေျပာၾကားခ်က္အရေတာ့ သူဟာ ထို ေလၾကမ္းတိုက္ခတ္မႈ တစ္ခုလံုးကို မွတ္တမ္းတင္ခဲ့ရာမွာ ကၽြန္းစြယ္ေတာင္ေစာင္းေတြကို ရိုက္ခတ္လာတဲ့ လိႈင္းေတြရဲ႕ အျမင့္ဟာ ၆၅ ေပ အထိ အျမင့္ရွိခဲ့တယ္လို႔လည္း သိရပါတယ္။
( Mario )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref : Upi
...............................................
ဖာရိုးကျွန်းစွယ်မှာ လေကြမ်းတိုက်ခတ်လို့ ရေတံခွန်မှ ရေပြောင်းပြန်စီးဆင်းမှု ဖြစ်ပွားခဲ့
ဖာရိုးကျွန်းစွယ်တွေမှာရှိတဲ့ စံချိန်တင် လှိုင်းတွေရဲ့ အရှိန်ကြောင့်ဖြစ်ပေါ်လာတဲ့ လေကြမ်းတိုက်ခတ်မှုဟာ ရေတံခွန်တစ်ခုကို ပင် ရေစီး ပြောင်းပြန်နဲ့ အပေါ်ကို ရေပြန်စီးစေခဲ့တယ်လို့ ဗီဒီယိုတစ်ခုအရသိရပါတယ်။
ထိုဗီဒီယိုကို Mortan Mortensen ဆိုသူက YouTube ပေါ်တင်ထားခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့က ဖြစ်သွားခဲ့တဲ့ Gasadalur ကျေးရွာနားက ဆိပ်ကမ်းတောင်စောင်း တွေကို တိုက်ိုက်ခဲ့တဲ့ လှိုင်းတွေကို ထို ဗီဒီယိုထဲမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒါ့အပြင် ထို ဗီဒီယိုထဲမှာ တောင်စောင်းပေါ်က အောက်ကို စီးဆင်းနေတဲ့ ရေတံခွန်တစ်ခုဟာ ထို လှိုင်းဒါဏ်တွေနဲ့ လေကြမ်းတိုက်ခတ်မှုတွေကြောင့် ရေစီးပြောင်းပြန်နဲ့ အပေါ်ကို ရေပြန်စီးနေတာ တွေ့ရပါတယ်။
Mortensen ရဲ့ ပြောကြားချက်အရတော့ သူဟာ ထို လေကြမ်းတိုက်ခတ်မှု တစ်ခုလုံးကို မှတ်တမ်းတင်ခဲ့ရာမှာ ကျွန်းစွယ်တောင်စောင်းတွေကို ရိုက်ခတ်လာတဲ့ လှိုင်းတွေရဲ့ အမြင့်ဟာ ၆၅ ပေ အထိ အမြင့်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi