Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

၂၀၁၆ ကစတင္၍ ဘယ္ေမာင္းယာဥ္တစ္မ်ိဳးတည္းသာ တင္သြင္းခြင့္ျပဳမည္

$
0
0
Byေအာင္ၿဖိဳးမြန္On  Wed, 2015-12-09 06:30Locationရန္ကုန္Issue No.No.942 Wednesday, December 9, 2015
သီလဝါဆိပ္ကမ္းသို႔ ေရာက္ရွိလာေသာ ေမာ္ေတာ္ယာဥ္မ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ)
လာမည့္ ၂၀၁၆ ကစ၍ ပါမစ္အမ်ိဳးမ်ိဳးျဖင့္ တင္သြင္းလာ ေသာ ေမာ္ေတာ္ယာဥ္မ်ားကို ဘယ္ေမာင္းတစ္မ်ိဳးတည္းသာ တင္သြင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကား မႈဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်စ္ကိုကိုကေျပာသည္။

‘‘၂၀၁၆ မွာ ေမာ္ေတာ္ယာဥ္ ဥပေဒအရ ယာဥ္အိုယာဥ္ေဟာင္း  အစားထိုးယာဥ္တစ္မ်ိဳးတည္းက ပဲ ဘယ္ေမာင္း၊ ညာေမာင္းမခြဲဘဲ တင္သြင္းခြင့္ရမယ္။ က်န္တဲ့ကား တင္သြင္းတာအားလံုးက ဘယ္ ေမာင္းတစ္မ်ိဳးတည္းပဲ တင္သြင္း ခြင့္ေပးမယ္’’ဟု ၫႊန္ၾကားေရးမွဴး ခ်ဳပ္ ဦးခ်စ္ကိုကိုကေျပာသည္။

၂၀၁၆ ကစ၍ ေမာ္ေတာ္ ယာဥ္နည္းဥပေဒ (၂၀၁၅) ၏ သတ္မွတ္ခ်က္အတိုင္း လိုက္နာ တင္သြင္းရမည္ျဖစ္ၿပီး အဆိုပါ ေမာ္ေတာ္ယာဥ္ဥပေဒကို ၂၀၁၅ စက္တင္ဘာလဆန္းတြင္ စတင္ ျပ႒ာန္းခဲ့သည္။

ေနာက္ပိုင္းတြင္ ေမာ္ေတာ္ ယာဥ္နည္းဥပေဒကို ဆက္လက္ ေရးဆြဲခဲ့ၿပီး ၂၀၁၅ ဒီဇင္ဘာ ေနာက္ဆံုးပတ္၌ ျပ႒ာန္းသြားႏိုင္ ရန္ ျပင္ဆင္ေနေၾကာင္း ကုန္းလမ္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာ နမွ သတင္းရရွိသည္။

နည္းဥပေဒျပ႒ာန္းၿပီးေနာက္ ပိုင္း ၂၀၁၆ အတြင္း တင္သြင္းလာ မည့္ ကားမ်ားတြင္ ယာဥ္အိုယာဥ္ ေဟာင္း ဖ်က္သိမ္းျခင္းႏွင့္ အစား ထိုးယာဥ္ တင္သြင္းျခင္းဆုိင္ရာ ကားတင္သြင္းခြင့္ျဖင့္ တင္သြင္း လာေသာ ေမာ္ေတာ္ယာဥ္မွလြဲ၍ အျခားကား တင္သြင္းခြင့္ပါမစ္ အမ်ိဳးမ်ိဳးျဖင့္တင္သြင္းလာသည့္ ကားမ်ားကို ဘယ္ေမာင္းတစ္မ်ိဳး တည္းသာ တင္သြင္းခြင့္ျပဳမည္ ျဖစ္သည္။

ထို႔အျပင္ တကၠစီ (အငွား ယာဥ္)အျဖစ္ အသံုးျပဳမယ့္ ကား မ်ားကိုလည္း ေရာက္ရွိႏွစ္၏ အ မ်ားဆံုးငါးႏွစ္ေအာက္ ထုတ္လုပ္ ေသာ ေမာ္ဒယ္မ်ားကို တင္သြင္း ခြင့္ျပဳသြားမည္ျဖစ္သည္။ ယာဥ္ အို၊ ယာဥ္ေဟာင္း စီမံခ်က္ကို လည္း ၂၀၁၈ အထိသာထားရွိမည္ ျဖစ္ၿပီး ေနာက္ပိုင္းတြင္ ေမာ္ေတာ္ ယာဥ္အို၊ ယာဥ္ေဟာင္းမ်ားကို ဖ်က္သိမ္းျခင္းထက္ အခြန္တုိးျမႇင့္ ေကာက္ခံသြားမည္ဟု ဦးခ်စ္ကို ကိုက ေျပာသည္။

ယခုလို ေမာ္ဒယ္ တိုးျမႇင့္ သတ္မွတ္ခ်က္ႏွင့္ ဘယ္ေမာင္း တစ္မ်ိဳးတည္း သတ္မွတ္ခ်က္မ်ား ေၾကာင့္ လာမည့္ႏွစ္ ကားေစ်း ႏႈန္းမ်ားျမင့္တက္လာ ႏိုင္ေၾကာင္း ကား၀ယ္ေရာင္းမ်ားက ခန္႔မွန္းၾကသည္။
7Daydaily
..................
၂၀၁၆ ကစတင်၍ ဘယ်မောင်းယာဉ်တစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမည်

Byအောင်ဖြိုးမွန်On  Wed, 2015-12-09 06:30Locationရန်ကုန်Issue No.No.942 Wednesday, December 9, 2015

သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လာမည့် ၂၀၁၆ ကစ၍ ပါမစ်အမျိုးမျိုးဖြင့် တင်သွင်းလာ သော မော်တော်ယာဉ်များကို ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကိုကိုကပြောသည်။

‘‘၂၀၁၆ မှာ မော်တော်ယာဉ် ဥပဒေအရ ယာဉ်အိုယာဉ်ဟောင်း  အစားထိုးယာဉ်တစ်မျိုးတည်းက ပဲ ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ တင်သွင်းခွင့်ရမယ်။ ကျန်တဲ့ကား တင်သွင်းတာအားလုံးက ဘယ် မောင်းတစ်မျိုးတည်းပဲ တင်သွင်း ခွင့်ပေးမယ်’’ဟု ညွှန်ကြားရေးမှူး ချုပ် ဦးချစ်ကိုကိုကပြောသည်။

၂၀၁၆ ကစ၍ မော်တော် ယာဉ်နည်းဥပဒေ (၂၀၁၅) ၏ သတ်မှတ်ချက်အတိုင်း လိုက်နာ တင်သွင်းရမည်ဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်ဥပဒေကို ၂၀၁၅ စက်တင်ဘာလဆန်းတွင် စတင် ပြဋ္ဌာန်းခဲ့သည်။

နောက်ပိုင်းတွင် မော်တော် ယာဉ်နည်းဥပဒေကို ဆက်လက် ရေးဆွဲခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာ နောက်ဆုံးပတ်၌ ပြဋ္ဌာန်းသွားနိုင် ရန် ပြင်ဆင်နေကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာ နမှ သတင်းရရှိသည်။

နည်းဥပဒေပြဋ္ဌာန်းပြီးနောက် ပိုင်း ၂၀၁၆ အတွင်း တင်သွင်းလာ မည့် ကားများတွင် ယာဉ်အိုယာဉ် ဟောင်း ဖျက်သိမ်းခြင်းနှင့် အစား ထိုးယာဉ် တင်သွင်းခြင်းဆိုင်ရာ ကားတင်သွင်းခွင့်ဖြင့် တင်သွင်း လာသော မော်တော်ယာဉ်မှလွဲ၍ အခြားကား တင်သွင်းခွင့်ပါမစ် အမျိုးမျိုးဖြင့်တင်သွင်းလာသည့် ကားများကို ဘယ်မောင်းတစ်မျိုး တည်းသာ တင်သွင်းခွင့်ပြုမည် ဖြစ်သည်။

ထို့အပြင် တက္ကစီ (အငှား ယာဉ်)အဖြစ် အသုံးပြုမယ့် ကား များကိုလည်း ရောက်ရှိနှစ်၏ အ များဆုံးငါးနှစ်အောက် ထုတ်လုပ် သော မော်ဒယ်များကို တင်သွင်း ခွင့်ပြုသွားမည်ဖြစ်သည်။ ယာဉ် အို၊ ယာဉ်ဟောင်း စီမံချက်ကို လည်း ၂၀၁၈ အထိသာထားရှိမည် ဖြစ်ပြီး နောက်ပိုင်းတွင် မော်တော် ယာဉ်အို၊ ယာဉ်ဟောင်းများကို ဖျက်သိမ်းခြင်းထက် အခွန်တိုးမြှင့် ကောက်ခံသွားမည်ဟု ဦးချစ်ကို ကိုက ပြောသည်။

ယခုလို မော်ဒယ် တိုးမြှင့် သတ်မှတ်ချက်နှင့် ဘယ်မောင်း တစ်မျိုးတည်း သတ်မှတ်ချက်များ ကြောင့် လာမည့်နှစ် ကားစျေး နှုန်းများမြင့်တက်လာ နိုင်ကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းကြသည်။
7Daydaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...