ဘာလင် ၊ ၁၁-၁၂-၂၀၁၅
ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ အဖွဲ့အပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ကူညီပေးမည့် ဂျာမနီနိုင်ငံ၏ စစ်ဘက် တပ်ဖွဲ့ဝင် များနှင့် လေယာဉ်များ ပထမ အသုတ်သည် ဒီဇင်ဘာ ၁ဝ ရက်တွင် တူရကီနိုင်ငံ သို့ စတင်ထွက်ခွာ သွားကြောင်း သိရသည်။
စစ်ဘက် တပ်ဖွဲ့ဝင် ၄ဝ ဦး၊ ဂျာမနီနိုင်ငံ မြောက်ပိုင်း ယာဂူလေတပ် အခြေစိုက် စခန်းမှ တော်နေးဒိုး ကင်းထောက် လေယာဉ်နှစ်စင်း နှင့် ကိုလုံး-ဝမ်း လေတပ် အခြေစိုက် စခန်းမှ A 310 MRT ဝေဟင်ဆီဖြည့် လေယာဉ် တစ်စင်းတို့သည် တူရကီနိုင်ငံ တောင်ပိုင်းရှိ အင်ဆာလစ် လေတပ် အခြေစိုက် စခန်းသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် ယင်းနိုင်ငံ၏ တောင်းဆိုမှု အရ ISIS စစ်သွေးကြွ များအပေါ် ပြုလုပ်လျက် ရှိသည့် နိုင်ငံတကာ ထိုးစစ်ဆင် တိုက်ခိုက်မှု များအတွင်း ပါဝင်ကူညီရန် အတွက် ဂျာမနီ စစ်ဘက်တပ်ဖွဲ့ဝင် ၁၂ဝဝ ဦးအထိနှင့် စစ်လေယာဉ်များ ဖြန့်ချသွားရေး တို့ကို ဂျာမနီ လွှတ်တော် အမတ်များက ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
ယင်း တပ်ဖြန့်ချထားမှု အတွင်း ပါဝင်မည့် တော်နေးဒိုး ကင်းထောက် လေယာဉ် ခြောက်စင်းသည် ညဘက်နှင့် ရာသီဥတုဆိုးဝါး သည့် အချိန်များတွင်ပါ ကြည်လင် ပြတ်သားသော ဓာတ်ပုံများကို ရိုက်ကူး နိုင်စွမ်းရှိပြီး မြေပြင် အခြေစိုက်စခန်းသို့ အချိန်နှင့် တစ်ပြေးညီ ပြန်လည်ပေးပို့ နိုင်စွမ်းရှိကြောင်း သိရသည်။
ထို့ပြင် ဂျာမနီသည် ပြင်သစ်၏ Charles deGaulle လေယာဉ်တင် သင်္ဘောကို ကာကွယ် ပေးရန်အတွက် ဖရီးဂိတ် သင်္ဘောတစ်စင်း ကို စေလွှတ်ပေး သွားမည် ဖြစ်သော်လည်း ယင်း ISIS စစ်သွေးကြွ များအပေါ် ဗုံးကြဲတိုက်ခိုက်မှု များ လုပ်ဆောင်ရန် စီစဉ်ထားခြင်း ရှိကြောင်း သိရသည်။
Germany deploys first aircraft, troops to fight IS
#PyiChitThar
.....................................................
ISIS အဖြဲ့အေပါ် တိုက္ခိုက္မှုတြင် ကူညီမည့် ဂ်ာမနီ၏ ပထမဆုံးတပ္ဖြဲ့ဝင္မ်ား စတင်စေလွှတ်
ဘာလင် ၊ ၁၁-၁၂-၂၀၁၅
ဆီးရီးယားနိုင်ငံ အတြင်းရွိ ISIS စစ်သြေးကြ အဖြဲ့အေပါ် တိုက္ခိုက္မှုမ်ား လုပ်ဆောင်ရာတြင် ကူညီပေးမည့် ဂ်ာမနီနိုင်ငံ၏ စစ္ဘက် တပ္ဖြဲ့ဝင် မ်ားနွင့် လေယာဥ္မ်ား ပထမ အသုတ်သည် ဒီဇင္ဘာ ၁ဝ ရက္တြင် တူရကီနိုင်ငံ သို့ စတင္ထြက္ခြာ သြားကြောင်း သိရသည်။
စစ္ဘက် တပ္ဖြဲ့ဝင် ၄ဝ ဦး၊ ဂ်ာမနီနိုင်ငံျေမာက္ပိုင်း ယာဂူလေတပ် အျေခစိုက် စခန်းမွ တော်နေးဒိုး ကင်းထောက် လေယာဉ်နွစ္စင်း နွင့် ကိုလုံး-ဝမ်း လေတပ် အျေခစိုက် စခန်းမွ A 310 MRT ဝေဟင္ဆျီဖည့် လေယာဉ် တစ္စင်းတို့သည် တူရကီနိုင်ငံ တောင္ပိုင်းရွိ အင္ဆာလစ် လေတပ် အျေခစိုက် စခန်းသို့ ထြက္ခြာသြာျးခင်ျးဖစ်သည်။
ျပင်သစ်နိုင်ငံ ပဲရစ်မြို့တြင် နိုဝင္ဘာ ၁၃ ရက္ကျဖစ္ပြားခဲ့သည့် အကြမ်းဖက် တိုက္ခိုက္မှု ပြီးနောက် ယင်းနိုင်ငံ၏ တောင်းဆိုမှု အရ ISIS စစ်သြေးကြ မ်ားအေပါ်ျပုလုပ္လ်က် ရွိသည့် နိုင်ငံတကာ ထိုးစစ္ဆင် တိုက္ခိုက္မှု မ်ားအတြင်း ပါဝင္ကူညီရန် အတြက် ဂ်ာမနီ စစ္ဘက္တပ္ဖြဲ့ဝင် ၁၂ဝဝ ဦးအထိနွင့် စစ်လေယာဥ္မ်ာျးဖန့်ခ်သြားရေး တို့ကို ဂ်ာမနီ လွှတ်တော် အမတ္မ်ားက ဒီဇင္ဘာ ၄ ရက္တြင် အတည်ျပု ပေးချဲ့ခင်ျးဖစ်သည်။
ယင်း တပ်ျဖန့်ခ်ထားမှု အတြင်း ပါဝင္မည့် တော်နေးဒိုး ကင်းထောက် လေယာဉ်ျေခာက္စင်းသည် ညဘက်နွင့် ရာသီဥတုဆိုးဝါး သည့် အခိန္မ်ားတြင္ပါ ကြည္လင်ျပတ်သားသော ဓာတ္ပုံမ်ားကို ရိုက္ကူး နိုင္စြမ်းရွိပြီးျေမျပင် အျေခစိုက္စခန်းသို့ အခိန်နွင့် တစ်ျေပးညျီပန္လည်ပေးပို့ နိုင္စြမ်းရွိကြောင်း သိရသည်။
ထိျု့ပင် ဂ်ာမနီသည်ျပင်သစ်၏ Charles deGaulle လေယာဥ္တင် သေင်္ဘာကို ကာကြယ် ပေးရန်အတြက် ဖရီးဂိတ် သေင်္ဘာတစ္စင်း ကို စေလွှတ်ပေး သြားမည်ျဖစ်သ္လောည်း ယင်း ISIS စစ်သြေးကြ မ်ားအေပါ် ဗုံးကြဲတိုက္ခိုက္မှု မ်ား လုပ်ဆောင်ရန် စီစဥ္ထာျးခင်း ရွိကြောင်း သိရသည်။
Germany deploys first aircraft, troops to fight IS
#PyiChitThar