Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘီဘီစီ - ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေ႐ႊကို အေရးယူသင့္လား - အစီအစဥ္ ထုတ္လႊင့္သင့္သလား

$
0
0
အေတြးအျမင္  ေဆာင္းပါး
စည္သူေအာင္ျမင့္
ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေ႐ႊကုိ ၂၀၁၀ ခုႏွစ္က အိႏၵိယႏုိင္ငံ၌္ ျပဳလုပ္သည့္ အခမ္းအနားတခုတြင္ ေတြ႔ရစဥ္။ (ဓာတ္ပုံ-အီးပီေအ)

ကိုမ်ိဳးသန္႔ေရ

ဒီေန႔ေတာ့ သူမ်ားေတြ အေျပာမ်ားေနတဲ့ အေၾကာင္းအရာကိုပဲ ဝင္ေဆြးေႏြး ၾကည့္လိုက္ေတာ့မယ္။ ဒီလိုပါ။ ၿပီးခဲ့တဲ့ရက္က ဘီဘီစီ ျမန္မာပိုင္းဟာ လာမယ့္ ဒီဇင္ဘာ ၁၂ ရက္၊ စေန႔ညလုပ္မယ့္ လြတ္လပ္အေတြး ေဆြးေႏြးဖလွယ္ဆိုတဲ့ အစီအစဥ္အတြက္ ေခါင္းစဥ္တစ္ခု တင္လိုက္ပါတယ္။ ေဟာဒီလုိပါ။ “BBC Burmese Yesterday at 1:51am လြတ္လပ္အေတြး ေဆြးေႏြးဖလွယ္ - ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေ႐ႊကို အေရးယူသင့္လား - ေဆြးေႏြးဖို႔ ဖိတ္ေခၚပါတယ္။ ဒီဇင္ဘာ ၁၂၊ စေနေန႔ည ေရဒီယို အစီအစဥ္မွာ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ ပါဝင္ ေဆြးေႏြးလိုသူေတြအေနနဲ႔ bbcburmese ေဖ့ဘြတ္ခ္ စာမ်က္ႏွာရဲ႕ Message Inbox မွာ မိမိနာမည္၊ ဆက္သြယ္ရမယ့္ တယ္လီဖုန္းနံပါတ္၊ ေခၚဆိုတဲ့ ႏိုင္ငံနဲ႔ ေဆြးေႏြးလိုတဲ့ အခ်က္ အက်ဥ္းခ်ဳပ္တို႔ကို ေပးပို႔ ဆက္သြယ္ႏိုင္ပါတယ္။ အီးေမးလ္ကေန ဆက္သြယ္ခ်င္ရင္ေတာ့ bbcburmese@gmail.com ကိုျဖစ္ေစ၊ burmese@bbc.co.uk ကို ဆက္သြယ္ၿပီး ေစာေစာက ေျပာခဲ့တဲ့ အခ်က္အလက္ေတြ ေပးပို႔ခဲ့ရင္ ဘီဘီစီကေန ျပန္လည္ ဆက္သြယ္ ေခၚယူေပးမွာ ျဖစ္ပါတယ္” တဲ့။

အဲဒီကိစၥ ေဖ့ဘြတ္ခ္မွာေတာ့ အေတာ္ေလးကို ေျပာၾက ဆိုၾက၊ ျငင္းခံုၾကဆိုပဲ။ ကၽြန္ေတာ့္ကိုလည္း ဂ်ာနယ္တိုက္တစ္ခုက မွတ္ခ်က္ေတာင္းပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က အဲဒီစာကိုလည္း မေတြ႔၊ သတင္းဌာန တစ္ခုရဲ႕ အစီအစဥ္ ကိစၥတစ္ခုလည္း ျဖစ္ေနတာေၾကာင့္ ဘာမွ မေျပာလိုဘူးဆိုၿပီး ျပန္ေျဖလိုက္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္း လူေျပာသူေျပာမ်ားလာေတာ့ ကၽြန္ေတာ္လည္း နည္းနည္းပါးပါး ၀င္ေဆြးေႏြးၾကည့္ရင္ ေကာင္းမလားဆိုၿပီး စိတ္ကူးေပၚလာလို႔ပါ။

ပထမတစ္ခုကေတာ့ သတင္းဌာနရဲ႕ တင္ဆက္မႈပါ။ ဒီလို အစီအစဥ္မ်ိဳးကို ဒီလိုအခ်ိန္မွာ တင္ဆက္သင့္သလားဆိုတဲ့ ေမးခြန္းပါ။ ပထမ ကၽြန္ေတာ္ စဥ္းစားတာက တင္ဆက္သင့္တယ္၊ မတင္ဆက္သင့္ဘူး ဆိုတဲ့ အျငင္းအခံု အရင္ရွိသင့္တယ္လို႔ ထင္ပါတယ္။ တင္ဆက္သင့္တယ္လို႔ ထင္တဲ့ သူေတြဘက္ကလည္း ဘာေၾကာင့္ တင္ဆက္သင့္သလဲ ေ၀ဖန္ေဆြးေႏြး၊ မတင္ဆက္သင့္ဘူး ဆုိတဲ့သူေတြဘက္ကလည္း ဘာေၾကာင့္ မတင္ဆက္သင့္ဘူးလဲ ဆိုတာ ေဆြးေႏြး အဲလို ဒီဘိတ္ရွိတာဟာ ေကာင္းတာပါ။

ေကာင္းပါၿပီ။ တင္ဆက္သင့္တယ္ဆိုတဲ့ သူေတြဘက္ကေတာ့ ဒါဟာ ဂ်ာနယ္လစ္ဇင္ သေဘာအရ ေဆြးေႏြးျငင္းခံုသင့္တဲ့ အေၾကာင္းအရာ တစ္ခုအျဖစ္ ေျပာဆိုၾကပါလိမ့္မယ္။ ျပည္သူေတြ Brain Storming လုပ္ရမယ္။ အလြန္မွန္ပါတယ္။ မမွားပါဘူး။ ဒါဟာ ဂ်ာနယ္လစ္ဇင္ ရွဳေဒါင့္က ေျပာတာပါ။ ဒါေပမယ့္ မတင္ဆက္သင့္တဲ့သူေတြ ဘက္ကလည္း ေျပာဆိုၾကပါမယ္။ သူတို႔ အဓိက ေျပာမွာက အခုအခ်ိန္ဟာ ျမန္မာႏုိင္ငံမွာ ႏွစ္ေပါင္း ၅၀-၆၀ အတြင္း ၾကီးမားတဲ့ အေျပာင္းအလဲ ျဖစ္ေတာ့မယ့္ အခ်ိန္၊ ျဖစ္ဖို႔ ၾကိဳးစားေနၾကခ်ိန္၊ ဒီလို အခ်ိန္မ်ိဳးမွာ ေကာင္းမြန္တဲ့ အေျပာင္းအလဲကို အေႏွာင့္အယွက္ ျဖစ္ေစမယ့္ ျပဳမူ လႈပ္ရွားမႈေတြ၊ ေျပာတာ ဆိုတာေတြ၊ သတင္းဌာန ဆိုရင္လည္း သတင္းတင္ဆက္တာေတြ မလုပ္သင့္ဘူး။ တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္း ရွိသင့္တဲ့ အခ်ိန္မို႔လို႔ဆိုၿပီး ေျပာၾကပါလိမ့္မယ္။ အဲလိုဆုိရင္လည္း မွန္တာပါပဲ။ ဒါက တုိင္းသူျပည္သား ရွဳေဒါင့္က ၾကည့္တာပါ။

ကၽြန္ေတာ္သာဆုိ ဘာလုပ္မလဲ၊ ကိုယ့္ကိုယ္ကိုယ္လည္း ေမးၾကည့္မိပါတယ္။ လက္ရွိ ကၽြန္ေတာ္ဟာ အေျပာင္းအလဲကို အင္မတန္ ေမွ်ာ္လင့္ ေစာင့္စားေနတဲ့ ႏိုင္ငံသား တစ္ေယာက္ပါ။ ကၽြန္ေတာ့္ တစ္သက္ မၾကံဳဘူးတဲ့ အေျပာင္းအလဲကို မ်က္၀ါးထင္ထင္ ျမင္ခ်င္ပါတယ္။ တစ္ျပိဳင္နက္တည္း ကၽြန္ေတာ္ဟာ ဂ်ာနယ္လစ္ တစ္ေယာက္ပါ။ ဒါတင္မက မြန္းတည့္ေနဆိုတဲ့ တစ္ပါတ္ တစ္ၾကိမ္ထုတ္ သတင္းဂ်ာနယ္ရဲ႕ အယ္ဒီတာခ်ဳပ္ တာ၀န္လည္း ယူထားပါတယ္။ ကၽြန္ေတာ့္ ဂ်ာနယ္ထဲမွာ ဒါမ်ိဳး ထည့္မလား။

ကိုမ်ိဳးသန္႔ေရ

ကၽြန္ေတာ္ဟာ အခုေနာက္ဆံုး ထြက္သြားတဲ့ ဂ်ာနယ္မွာကိုပဲ ေနေရႊေသြးေအာင္ကို အိပ္ဖြင့္ေပးစာ ဆုိျပီး ေဆာင္းပါး တစ္ေစာင္ ေရးလိုက္ပါေသးတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖိုးလျပည့္ ေတြ႔၊ ေနာက္ေတာ့ သူ႔အဖိုး အာဏာရွင္ေဟာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေ႐ႊနဲ႔ ေတြ႔ၿပီးေနာက္ ေဖ့ဘြတ္ခ္ စာမ်က္ႏွာမွာ ဖိုးလျပည့္က စာအရွည္ႀကီးေရးပါတယ္။ အဲဒီေတြ႔ဆံုမႈ အေၾကာင္းေတြတင္မက သမိုင္းဆုိင္ရာ အေၾကာင္းေတြလည္း ပါပါတယ္။ ကၽြန္ေတာ္ ေရးလိုက္တဲ့ အဲဒီ ေဆာင္းပါးရဲ႕ အႏွစ္ခ်ဳပ္ကေတာ့ ဖိုးလျပည့္ အမွားေတြ ေလ်ာက္ေရးထားတဲ့ သမိုင္းဆုိင္ရာ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြကို ေကာင္းေကာင္းမြန္မြန္ ျပန္ရွင္းျပထားတာပါ။ အဲဒီမွာ သူ႔အဖုိး ဦးသန္းေရႊကို ဘာေၾကာင့္ စစ္အာဏာရွင္လို႔ သတ္မွတ္ေခၚေ၀ၚရတယ္ ဆိုတဲ့ အေၾကာင္း၊ သူဟာ တပ္မေတာ္ကို ဘယ္လို စနစ္တက် ဖ်က္ဆီးခဲ့တယ္ ဆိုတဲ့အေၾကာင္း၊ ပညာေရးစနစ္ကို ဘယ္လို ဖ်က္ဆီးခဲ့လို႔ မ်ိဳးဆက္နဲ႔ခ်ီ ဘယ္လို ဆံုးရွံဳးခဲ့ရတယ္ ဆိုတဲ့အေၾကာင္း၊ သူ႔ေၾကာင့္ တုိင္းျပည္ ဘယ္လို ေအာက္က် ေနာက္က် ျဖစ္ရတယ္ဆိုတဲ့အေၾကာင္း ဘာအာဃာတ တရားမွ မပါပဲ ရွင္းျပထားတာပါ။ ဒီအတြက္ အာဏာရွင္ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း သန္းေရႊမွာ အဓိက တာ၀န္ရွိတယ္ဆိုတာ ေထာက္ျပထားပါတယ္။ ဒါေပမယ့္ သူ႔ကို ဘယ္လုိ အေရးယူသင့္တယ္ ဘာဘာညာညာ ကၽြန္ေတာ္ တစ္ခြန္းေလးေတာင္ ေျပာမထားပါဘူး။ အဓိကကေတာ့ အဲလိုေရးလိုက္ရင္ အခု တုိင္းျပည္က သြားေနတဲ့ အေျပာင္းအလဲ၊ ေဒၚေအာင္ဆန္းစုၾကည္ တည္ေဆာက္ေနတဲ့ အမ်ိဳးသားျပန္လည္ ရင္ၾကားေစ့ေရးကို ထိခိုက္ေစႏိုင္တယ္လို႔ ကၽြန္ေတာ္ ထင္လို႔ပါ။

ကၽြန္ေတာ့္ တစ္ဦးခ်င္း အျမင္အရ ဆိုရင္ ဘီဘီစီ လြတ္လပ္အေတြး ေဆြးေႏြးဖလွယ္ ဆိုတာဟာ တိုက္႐ိုက္ ထုတ္လႊင့္မႈပါ။ အဲဒီမွာ ဝင္ေရာက္ ေျပာဆိုတဲ့သူေတြအေနနဲ႔ ျပင္းျပင္းထန္ထန္ေတြ ေျပာဆိုခဲ့ရင္ သတင္းဌာနအတြက္ ရုတ္တရက္ ရပ္လိုက္ရ ခက္ခဲပါတယ္။ ကၽြန္ေတာ္တို႔ ေဆာင္းပါးေရးသလို လိုသေလာက္မွာပဲ ရပ္လိုက္လု႔ိ ရတာမ်ဳိး မဟုတ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေနရာမွာေတာ့ ကၽြန္ေတာ့္မွာ ဂ်ာနယ္လစ္ တစ္ေယာက္ဆုိတာထက္ ႏုိင္ငံသားစိတ္က ပိုလႊမ္းမိုးပါတယ္။ အဲဒီ အစီအစဥ္ေၾကာင့္ ကၽြန္ေတာ္တို႔ ႏိုင္ငံ အသြင္ကူးေျပာင္းေရးကို ထိခုိက္ေကာင္း ထိခိုက္ႏုိင္တယ္လို႔ေတာ့ ကၽြန္ေတာ္က ယူဆမိပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္သာဆို ခုအခ်ိန္ အဲဒီ အစီအစဥ္မ်ိဳး လုပ္မွာ မဟုတ္ဘူးလို႔ စဥ္းစားမိပါေၾကာင္း။

က်န္းမာေပ်ာ္ရႊင္ပါေစ။

- See more at: http://mizzimaburmese.com/article/8449#sthash.0UiCPULI.dpuf
..............
“”
အတွေးအမြင်  ဆောင်းပါး
စည်သူအောင်မြင့်
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို ၂၀၁၀ ခုနှစ်က အိန္ဒိယနိုင်ငံ၌် ပြုလုပ်သည့် အခမ်းအနားတခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ကိုမျိုးသန့်ရေ

ဒီနေ့တော့ သူများတွေ အပြောများနေတဲ့ အကြောင်းအရာကိုပဲ ဝင်ဆွေးနွေး ကြည့်လိုက်တော့မယ်။ ဒီလိုပါ။ ပြီးခဲ့တဲ့ရက်က ဘီဘီစီ မြန်မာပိုင်းဟာ လာမယ့် ဒီဇင်ဘာ ၁၂ ရက်၊ စနေ့ညလုပ်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ်ဆိုတဲ့ အစီအစဉ်အတွက် ခေါင်းစဉ်တစ်ခု တင်လိုက်ပါတယ်။ ဟောဒီလိုပါ။ “BBC Burmese Yesterday at 1:51am လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူသင့်လား - ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒီဇင်ဘာ ၁၂၊ စနေနေ့ည ရေဒီယို အစီအစဉ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပါဝင် ဆွေးနွေးလိုသူတွေအနေနဲ့ bbcburmese ဖေ့ဘွတ်ခ် စာမျက်နှာရဲ့ Message Inbox မှာ မိမိနာမည်၊ ဆက်သွယ်ရမယ့် တယ်လီဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ နိုင်ငံနဲ့ ဆွေးနွေးလိုတဲ့ အချက် အကျဉ်းချုပ်တို့ကို ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ အီးမေးလ်ကနေ ဆက်သွယ်ချင်ရင်တော့ bbcburmese@gmail.com ကိုဖြစ်စေ၊ burmese@bbc.co.uk ကို ဆက်သွယ်ပြီး စောစောက ပြောခဲ့တဲ့ အချက်အလက်တွေ ပေးပို့ခဲ့ရင် ဘီဘီစီကနေ ပြန်လည် ဆက်သွယ် ခေါ်ယူပေးမှာ ဖြစ်ပါတယ်” တဲ့။

အဲဒီကိစ္စ ဖေ့ဘွတ်ခ်မှာတော့ အတော်လေးကို ပြောကြ ဆိုကြ၊ ငြင်းခုံကြဆိုပဲ။ ကျွန်တော့်ကိုလည်း ဂျာနယ်တိုက်တစ်ခုက မှတ်ချက်တောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီစာကိုလည်း မတွေ့၊ သတင်းဌာန တစ်ခုရဲ့ အစီအစဉ် ကိစ္စတစ်ခုလည်း ဖြစ်နေတာကြောင့် ဘာမှ မပြောလိုဘူးဆိုပြီး ပြန်ဖြေလိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း လူပြောသူပြောများလာတော့ ကျွန်တော်လည်း နည်းနည်းပါးပါး ၀င်ဆွေးနွေးကြည့်ရင် ကောင်းမလားဆိုပြီး စိတ်ကူးပေါ်လာလို့ပါ။

ပထမတစ်ခုကတော့ သတင်းဌာနရဲ့ တင်ဆက်မှုပါ။ ဒီလို အစီအစဉ်မျိုးကို ဒီလိုအချိန်မှာ တင်ဆက်သင့်သလားဆိုတဲ့ မေးခွန်းပါ။ ပထမ ကျွန်တော် စဉ်းစားတာက တင်ဆက်သင့်တယ်၊ မတင်ဆက်သင့်ဘူး ဆိုတဲ့ အငြင်းအခုံ အရင်ရှိသင့်တယ်လို့ ထင်ပါတယ်။ တင်ဆက်သင့်တယ်လို့ ထင်တဲ့ သူတွေဘက်ကလည်း ဘာကြောင့် တင်ဆက်သင့်သလဲ ဝေဖန်ဆွေးနွေး၊ မတင်ဆက်သင့်ဘူး ဆိုတဲ့သူတွေဘက်ကလည်း ဘာကြောင့် မတင်ဆက်သင့်ဘူးလဲ ဆိုတာ ဆွေးနွေး အဲလို ဒီဘိတ်ရှိတာဟာ ကောင်းတာပါ။

ကောင်းပါပြီ။ တင်ဆက်သင့်တယ်ဆိုတဲ့ သူတွေဘက်ကတော့ ဒါဟာ ဂျာနယ်လစ်ဇင် သဘောအရ ဆွေးနွေးငြင်းခုံသင့်တဲ့ အကြောင်းအရာ တစ်ခုအဖြစ် ပြောဆိုကြပါလိမ့်မယ်။ ပြည်သူတွေ Brain Storming လုပ်ရမယ်။ အလွန်မှန်ပါတယ်။ မမှားပါဘူး။ ဒါဟာ ဂျာနယ်လစ်ဇင် ရှုဒေါင့်က ပြောတာပါ။ ဒါပေမယ့် မတင်ဆက်သင့်တဲ့သူတွေ ဘက်ကလည်း ပြောဆိုကြပါမယ်။ သူတို့ အဓိက ပြောမှာက အခုအချိန်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀-၆၀ အတွင်း ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်တော့မယ့် အချိန်၊ ဖြစ်ဖို့ ကြိုးစားနေကြချိန်၊ ဒီလို အချိန်မျိုးမှာ ကောင်းမွန်တဲ့ အပြောင်းအလဲကို အနှောင့်အယှက် ဖြစ်စေမယ့် ပြုမူ လှုပ်ရှားမှုတွေ၊ ပြောတာ ဆိုတာတွေ၊ သတင်းဌာန ဆိုရင်လည်း သတင်းတင်ဆက်တာတွေ မလုပ်သင့်ဘူး။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိသင့်တဲ့ အချိန်မို့လို့ဆိုပြီး ပြောကြပါလိမ့်မယ်။ အဲလိုဆိုရင်လည်း မှန်တာပါပဲ။ ဒါက တိုင်းသူပြည်သား ရှုဒေါင့်က ကြည့်တာပါ။

ကျွန်တော်သာဆို ဘာလုပ်မလဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း မေးကြည့်မိပါတယ်။ လက်ရှိ ကျွန်တော်ဟာ အပြောင်းအလဲကို အင်မတန် မျှော်လင့် စောင့်စားနေတဲ့ နိုင်ငံသား တစ်ယောက်ပါ။ ကျွန်တော့် တစ်သက် မကြုံဘူးတဲ့ အပြောင်းအလဲကို မျက်ဝါးထင်ထင် မြင်ချင်ပါတယ်။ တစ်ပြိုင်နက်တည်း ကျွန်တော်ဟာ ဂျာနယ်လစ် တစ်ယောက်ပါ။ ဒါတင်မက မွန်းတည့်နေဆိုတဲ့ တစ်ပါတ် တစ်ကြိမ်ထုတ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် တာဝန်လည်း ယူထားပါတယ်။ ကျွန်တော့် ဂျာနယ်ထဲမှာ ဒါမျိုး ထည့်မလား။

ကိုမျိုးသန့်ရေ

ကျွန်တော်ဟာ အခုနောက်ဆုံး ထွက်သွားတဲ့ ဂျာနယ်မှာကိုပဲ နေရွှေသွေးအောင်ကို အိပ်ဖွင့်ပေးစာ ဆိုပြီး ဆောင်းပါး တစ်စောင် ရေးလိုက်ပါသေးတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိုးလပြည့် တွေ့၊ နောက်တော့ သူ့အဖိုး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ပြီးနောက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖိုးလပြည့်က စာအရှည်ကြီးရေးပါတယ်။ အဲဒီတွေ့ဆုံမှု အကြောင်းတွေတင်မက သမိုင်းဆိုင်ရာ အကြောင်းတွေလည်း ပါပါတယ်။ ကျွန်တော် ရေးလိုက်တဲ့ အဲဒီ ဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ ဖိုးလပြည့် အမှားတွေ လျောက်ရေးထားတဲ့ သမိုင်းဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ကောင်းကောင်းမွန်မွန် ပြန်ရှင်းပြထားတာပါ။ အဲဒီမှာ သူ့အဖိုး ဦးသန်းရွှေကို ဘာကြောင့် စစ်အာဏာရှင်လို့ သတ်မှတ်ခေါ်ဝေါ်ရတယ် ဆိုတဲ့ အကြောင်း၊ သူဟာ တပ်မတော်ကို ဘယ်လို စနစ်တကျ ဖျက်ဆီးခဲ့တယ် ဆိုတဲ့အကြောင်း၊ ပညာရေးစနစ်ကို ဘယ်လို ဖျက်ဆီးခဲ့လို့ မျိုးဆက်နဲ့ချီ ဘယ်လို ဆုံးရှံုးခဲ့ရတယ် ဆိုတဲ့အကြောင်း၊ သူ့ကြောင့် တိုင်းပြည် ဘယ်လို အောက်ကျ နောက်ကျ ဖြစ်ရတယ်ဆိုတဲ့အကြောင်း ဘာအာဃာတ တရားမှ မပါပဲ ရှင်းပြထားတာပါ။ ဒီအတွက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမှာ အဓိက တာဝန်ရှိတယ်ဆိုတာ ထောက်ပြထားပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်လို အရေးယူသင့်တယ် ဘာဘာညာညာ ကျွန်တော် တစ်ခွန်းလေးတောင် ပြောမထားပါဘူး။ အဓိကကတော့ အဲလိုရေးလိုက်ရင် အခု တိုင်းပြည်က သွားနေတဲ့ အပြောင်းအလဲ၊ ဒေါ်အောင်ဆန်းစုကြည် တည်ဆောက်နေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်တယ်လို့ ကျွန်တော် ထင်လို့ပါ။

ကျွန်တော့် တစ်ဦးချင်း အမြင်အရ ဆိုရင် ဘီဘီစီ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ဆိုတာဟာ တိုက်ရိုက် ထုတ်လွှင့်မှုပါ။ အဲဒီမှာ ဝင်ရောက် ပြောဆိုတဲ့သူတွေအနေနဲ့ ပြင်းပြင်းထန်ထန်တွေ ပြောဆိုခဲ့ရင် သတင်းဌာနအတွက် ရုတ်တရက် ရပ်လိုက်ရ ခက်ခဲပါတယ်။ ကျွန်တော်တို့ ဆောင်းပါးရေးသလို လိုသလောက်မှာပဲ ရပ်လိုက်လို့ ရတာမျိုး မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာတော့ ကျွန်တော့်မှာ ဂျာနယ်လစ် တစ်ယောက်ဆိုတာထက် နိုင်ငံသားစိတ်က ပိုလွှမ်းမိုးပါတယ်။ အဲဒီ အစီအစဉ်ကြောင့် ကျွန်တော်တို့ နိုင်ငံ အသွင်ကူးပြောင်းရေးကို ထိခိုက်ကောင်း ထိခိုက်နိုင်တယ်လို့တော့ ကျွန်တော်က ယူဆမိပါတယ်။ ဒါကြောင့် ကျွန်တော်သာဆို ခုအချိန် အဲဒီ အစီအစဉ်မျိုး လုပ်မှာ မဟုတ်ဘူးလို့ စဉ်းစားမိပါကြောင်း။

ကျန်းမာပျော်ရွှင်ပါစေ။

- See more at: http://mizzimaburmese.com/article/8449#sthash.0UiCPULI.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...