Human Asset (အကျိုးဖြစ်ထွန်းရာပိုင်ဆိုင်မှုများ)
ဒါနဲ့ပတ်သက်လို့ ဖတ်ဖူးသမျှပြန်လည်ဝေမျှပေးရမယ်ဆိုရင်
Asset ဆိုတာ တန်းဖိုးရှိပြီး တန်ဖိုးဖြတ်လို့ ရနိုင်သလို ပိုင်ရှင်ကို ဒါမှမဟုတ် သက်ဆိုင်ရာလုပ်ငန်းကို ဝင်ငွေ ထပ်မံတိုးပွားလာအောင် ဥပဒေနဲ့ အညီ လုပ်ပေးနိုင်တဲ့ အရာကို တွေ ဥစ္စာပစ္စည်းတွေကို ဆိုလိုတာပါ။ ဥပမာ အစုရှယ်ယာ၊ အိမ်ခြံမြေ ကွန်တိုမီနီယမ် အစရှိတဲ့ ပြန်ငှား၊ ပြီးတော့ ဒါမှမဟုတ် နာမည်ကြီး တံဆိပ် Franchise ပိုင်ရှင် အစရှိသဖြင့် Assets ကိုယ်တိုင်အလုပ်လုပ်စရာမလိုပဲ Passive Income ဆိုတဲ့အရာကနေ ကိုယ်စားဝင်ငွေ တွေ ရှာဖွေပေးခြင်းပဲဖြစ်ပါတယ် ..
Asset ကိုတည်ဆောက် အောင်မြင်ရင် အစဉ်တည်မြဲနေပြီး တည်ဆောက်ခဲ့တဲ့သူအတွက် ဝင်ငွေ စဉ်ဆက်မပြတ် အဲ့ဒီ Asset မပျက်စီးသွားမချင်း ဆက်လက် ဝင်နေစေမှာ ပဲဖြစ်ပါတယ်။ လုံလောက်တဲ့ Assets ပမာ အထိရရှိပိုင်ဆိုင်လာ ပြီးအလုပ်ကနေ အနားယူ ပြီးဆက်လက် အလုပ်လုပ်စရာမလိုတော့ပါပဲ အသက် (၆၀) မတိုင်ခင် အေးချမ်းစွာ အနားယူ သွားနိုင်မှာ ပဲ ဖြစ်ပါတယ် .သာမာန် အလုပ်တွေနဲ့ ကွာခြားတဲ့ အချက်ကတော့ အသက်(၆၀) မှပင်စင်ရ သလို အဲ့ဒီအချိန် အထိ နေရပါမလားဆိုတာ မသေချာသလို အလုပ်နားရင် ဝင်ငွေ နားမှာဖြစ်တယ် ဆိုတာပါပဲ..
သာမာန်အားဖြင့် Asset ၆ မျိုးရှိ ပါတယ်။
၁. Financial Asset
စတော့ ဒါမှမဟုတ် ငွေ နဲ့ ရင်းနှီးမြှုပ်နှံပြီး ငွေ နဲ့ အလုပ်လုပ်တာ။ ဥပမာ အားဖြင့် ငွေ သိန်း ၃၀၀ ကိုဘဏ်မှာ အပ်ထားပြီး အတိုးယူတာ။ ဒါမှ မဟုတ် စတော့တွေဝယ် ထားပြီး၊ အမြတ် ရမှပြန်ရောင်းတာ။ အစရှိသဖြင့် ဒီလို Asset မျိုးရှိ နိုင်ဖို့ ဆိုတာလည်ပတ်နိုင်ဖို့ငွေကြေး အလုံအလောက်ရှိနိုင်ရ မှာဖြစ်သလို စိုးရိမ်ရ မှု့ အတန် အသင့် လည်း ရှိပါတယ်။
၂. Real Estate
ဥစ္စာ ပစ္စည်း တွေ ဖြစ်တဲ့ အိမ်၊ ခြံ၊ တိုက်တာ အဆောက်အဦး အစရှိ တဲ့ ဥစ္စာတွေ နဲ့ ပိုက်ဆံ ရှာတာ ပိုင်ဆိုင်မှု့ အရင်းအနှီး အမြောက် အများရှိဖို့ လိုအပ်သလို အဆိုပါ အဆောက်အဦး တွေကို ငှားရမ်းမဲ့သူ ကောရှိသလား။ ဝင်ငွေကောပြန်ရပါ့မလား ဆိုတာ လည်းထည့်တွက်ရ တယ် ။ တိုက်ခန်းတစ်ခန်း ကို သိန်းသန်းချီပြီးရင်းနှီးရတယ်။ ဒါပေမဲ့ လပေးနဲ့ ပြန်ငှားစားတဲ့အခါ သောင်းချီလေးပဲပြန်ပြန်ရတယ်။ အရင်းအနှီးအရမ်းများတယ် ဒီကြားထဲ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့တွေကလည်း တဖြည်းဖြည်း ယိုယွင်းလာတတ်တယ်။ ပြုပြင်ထိန်းသိမ်း ခတွေ ကထပ်ကုန်ရအုန်းမယ်
၃. Intellectual Asset
ပညာရပ်ဆိုင်ရာ ပိုင်ဆိုင်မှု့အတုခိုးလို့ မလွယ်တဲ့ အရာတစ်ခုခုကို ကိုယ် ပိုင် အသိဥာဏ်ကနေ ထုတ်လုပ်ပြီး ဥာဏ်ပူဇော်ခရတာမျိုး။
ဥပမာ J.K. Rowling ဆိုတဲ့ စာရေးဆရာက Harry Potter ဆိုတဲ့ စာအုပ်ကို ရေးပြီး တစ်ကမ္ဘာလုံးဖြန့် ချီရောင်းချတာမျိုး။ ကိုယ်က သူ့လို မရေးတတ်နိုင်တဲ့အတွက် ကိုယ့်အတွက်လုံးဝ မဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။
၎.Franchise
ကိုယ့်မှာ ကိုယ်ပိုင် တံဆိပ် နဲ့ စနစ်ရှိတာမျိုး။ ဥပမာ McDonald နဲ့ 7-11 တို့ Citymart , ABC Convenience Store , City Express လိုမျိုး၊ နာမည် ရှိတဲ့ စနစ် လိုမျိုး၊ စာရင်းဇယား တွေ အကုန်လုံးကို အကွက်ချ စီစဉ် ထားတာတွေက အစ ကုန်ပစ္စည်း နဲ့ တကွ ဝန်ထမ်းတွေကိုပါ စီမံခန့်ခွဲ နိုင်ဖို့ လိုအပ်ပြီး အရင်းအနှီးသန်းပေါင်း ကုဋေ ချီကုန်ကျမှာဖြစ်တဲ့အတွက် ပိုင်ရှင်အနေနဲ့ အမြဲတမ်းစိတ် ဆင်းရဲ မှု့ စိတ်ဖိစီးမှု့ အမြဲတမ်း ဖြစ်နေရလိမ့်မယ်
၅.Internet Business
ဥပမာအနေနဲ့ တယ်လီနော အော်ရီဒူး ဖေးဘုတ် ဂူးဂဲ နဲ့ ဖုန်းလှိုင်းတွေ ဝက်ဆိုဒ် လိုင်းတွေ အစရှိ တာတွေဟာ လူကြိုက်များတဲ့ ကွန်ယက် စီးပွားရေးပုံစံ ကိုတည်ဆောက်ပြီး ဝင်ငွေ တွေ ကို မိနစ်တိုင်းမှာ ကမ္ဘာအနှံကနေ ပြီး ဒလဟော ကို ရရှိ မှာဖြစ်ပါတယ်။ ကိုယ်ကကော ဘာကြောင့် လုပ်လို့ မရနိုင်တော့တာလည်း ဘာကြောင့်လည်းဆိုတော အဲ့အရာတွေဟာ ကျော်လွန်လာခဲ့ပြီ ဖြစ်ပြီး အကုန်လုံးနီးပါး သူများဦးသွားကုန်ကြပြီ ဖြစ်လို့ပါ။ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်း အင်မတန်နည်းပါးလှပြီး လုပ်နိုင်ဖို့ ခက်ခဲလှပါတယ်။
၆.Human Asset
စီးပွားရေးဆိုင်ရာ စနစ် ကို အသုံးပြုပြီး လူတစ်ယောက်ကို ဝင်ငွေတွေရှိ၊ တိုးတက် လာအောင် တည်ဆောက်ပေးပြီး အဲ့ဒီလုပ်ငန်းအပေါ်ကျွမ်းကျင် တတ်မြောက်လာအောင် ပြုစုပျိုးထောင် ဆောင်ရွက် ပေးလိုက်ရင် ကိုယ်က ဘာပြန်ရမလည်း ?
ကိုယ်ကလည်းသူ့ဆီကနေ အခွင့်အရေး Know How. ဥပမာ အနေနဲ့ City Express ဆိုင်ခွဲ တစ်ဆိုင်ရရှိသလိုမျိုးပါ။ အဲ့အပြင် သူကတစ်ဆင့် City Express ဆိုင်ခွဲတွေ အဆင့်ဆင့် အတိုင်းအဆမရှိ ထပ်မံ ခွဲထွက်လာနိုင်မှာဖြစ်ပါတယ်။ ကိုယ်က ဆိုင်ခွဲပေါင်း များစွာကနေ မူပိုင်ခွင့် အကျိုး ကိုခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်ကို Human Asset တစ်ယောက်ဖြစ်လာအောင် တည်ဆောက်တဲ့အခါ တရားမျှတတဲ့စနစ် ကိုအသုံးပြုရပါမယ်။ သူရကိုယ်ရ (win-win) လို့ခေါ်ပါတယ်။ တစ်ကယ် အကျိုးခံစားခွင့်ရတယ် ဆိုတာ လက်တွေ့ ပြနိုင်ရပါတယ်။
ကိုယ်တည်ဆောက်ထားတဲ့ Human asset တစ်ယောက်တည်းကနေ ဝင်ငွေ 100,000,000 ks ထက်မက ရှာဖွေပေးနိုင်ခဲ့ရင် အကယ်လို့ ၁၀ ယောက် အယောက်၁၀၀ ဆိုရင် ငွေကြေးပေါင်း ဘယ်လောက်တောင်ဖြစ်မလည်း၊ တစ်ကြိမ် တည်ဆောက်ထားယုံနဲ့ ဒီလိုပဲ ဆက်လက်လည်ပတ်သွားနေမှာဖြစ်ပြီး တစ်သက်သာဖူလုံ သွားမှာပဲဖြစ်ပါတော့တယ်။
မိတ်ဆွေတို့ ဘဝအတွက် အတွေးအမြင်သစ်တွေရရှိနိုင်ကြပါစေ။
Asset တွေပိုင်ဆိုင်ဖို့ အတူတကွလက်တွဲစို့။
Zar Ni