ရွမ္းျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ေနရပ္စြန္႔ခြာထြက္ေျပးလာတဲ့ ဒုကၡသည္တခ်ိဳ႕ကို ႏိုဝင္ဘာလ ၂ ရက္ေန႔တြင္ ေတြ႔ရစဥ္ Photo: Kan Thar/ RFA |
ရွမ္းျပည္နယ္ ၊ မုိင္းရႈးၿမိဳ႕နယ္၊ ကုန္းနိမ္ေက်းရြာနဲ႔ နမ့္ပါမုန္း ေက်းရြာက စစ္ေဘး ဒုကၡသည္ ဦးေရ ၁၉၀ နီးပါးအတြက္ ဟိုက္ပါေက်းရြာေဘးမွာ ေျမေနရာေပးဖုိ႔ စီစဥ္ေနပါတယ္။
အဲဒီေက်းရြာ ၂ ရြာမွာ နယ္ေျမေအးခ်မ္းမႈ မရွိတာေႀကာင့္ ေနရပ္ျပန္ႏိုင္ဖုိ႔ အခ်ိန္ၾကာျမင့္မွာျဖစ္တဲ႔အတြက္ အခုလို ေနထိုင္ဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ အဲဒီဒုကၡသည္စခန္းကို ကူညီေပးေနတဲ႔ ေဒၚနန္းက်န္႔ဟိန္း က ေျပာပါတယ္။
"ကုန္းနိမ္ရြာတို႔၊ နမ့္ပါမုန္းရြာတို႔ ဆိုရင္ေတာ့လံုးဝမျပန္ႏိုင္ေသးဘူးေပါ့၊ သူတို႔အတြက္က ဒီမွာနည္းနည္းပိုၾကာလိမ့္မယ္၊ သူတို႔အတြက္ေနရာ နည္းနည္းေလး ေကာင္းေအာင္လုပ္ဖို႔ စဥ္းစားထားတယ္၊ ေနရာအသစ္ထပ္ေပးမယ္လို႔ေတာ့ ေျပာထားတယ္၊ ဒီေန႔သူတို႔ကို အိမ္ေတြသြားေဆာက္ေပး ဖို႔ ေျပာေနၾကၿပီ"
စစ္ေဘးသင့္ ဒုကၡသည္ မိသားစုတစ္စုကို ေပ ၃၀× ၅၀ ေျမကြက္တစ္ကြက္ စီေပးထားပါတယ္။ အိမ္ေဆာက္ဖုိ႔ အတြက္ ဟိုင္းပါဘုန္းေတာ္ႀကီးက ၀ါးေတြ ေထာက္ပံ႔ေပးထားၿပီး၊ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေနအိမ္ေတြ ေဆာက္လုပ္ရမွာ ျဖစ္ပါတယ္။
ဟိုင္းပါ ဒုကၡသည္စခန္းမွာ နမ့္ပါမုန္း ( ပေလာင္)၊ နမ့္ပါမုန္း ( လီဆူး) ၊ ကုန္းနိမ္၊ တာဆာမ္ပူး၊ ဟိုနမ့္၊ ေနာင္ေခတ္၊ လြယ္ဖြဲ႔၊ ဟုိင္းေတာင္နဲ႔ နားေပ ေက်းရြာေတြက စစ္ေဘးေရွာင္ဒုကၡသည္ တစ္ေထာင္၀န္းက်င္ မီွခိုေန ရတာျဖစ္ပါတယ္။
ရွမ္းျပည္နယ္၊ မုိင္းရႈးၿမိဳ႕နဲ႕ ေက်းသီးၿမိဳ႕နယ္ေတြမွာ အစိုးရတပ္ နဲ႔ SSPP/ SSA တပ္တုိ႔ အၾကား တုိက္ပြဲေတြ ေၾကာင့္ ေဒသခံ တစ္ေသာင္းေလာက္ ေနရပ္စြန္႔ခြာထြက္ေျပး ရေနတာျဖစ္ပါတယ္။
ဒီအတြင္း ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြကို ကူညီေရးအတြက္ အလႊာအသီးသီးက လူငယ္ေတြ စုေပါင္းျပီး ရံပံုေငြ ရွာေဖြပြဲေတြ က်င္းပၾကဖို႕ စီစဥ္ေနပါတယ္။ ၿငိမ္းခ်မ္းေရရႈိက္သံ အမည္နဲ႔ ေနျပည္ေတာ္အပါအ၀င္ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ၿမိဳ႕နယ္ေတြမွာ ေတးဂီတ နဲ႕ သီဆိုေဖ်ာ္ေျဖ အလွဴေငြ ေကာက္ခံမယ့့္ အစီအစဥ္ စတင္ေဆာင္ရြက္မယ္္လို႔ သိရပါတယ္။
လႈိင္ၿမိဳ႕နယ္ Myself ရံုးခန္းမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးေဆာင္သူ တစ္ဦးျဖစ္တဲ့ ကုိ၀ဏၰေဆြ က အခုလို ေျပာပါတယ္။
"အဓိကသူတို႔လိုအပ္တဲ့ဟာေတြကိုလွဴဒါန္းမယ္၊ ေဆးဝါးလိုရင္ ေဆးဝါးလွဴမယ္၊ စားစရာလိုရင္၊ စားစရာေပါ့၊ အဓိကကေတာ့ ေငြလွဴမယ္၊ သူတို႔ဘာသာ သံုးခ်င္တာသံုးဖို႔"
ဒီဇင္ဘာၿငိမ္းခ်မ္းေရးခရီးစဥ္လို႔ အမည္ရတဲ့ အဲဒီခရီးစဥ္ကုိ အလႊာအသီးသီးက လူငယ္ေတြစုေပါင္းလုပ္ ေဆာင္ၾကတာျဖစ္ၿပီး၊ ေနျပည္ေတာ္၊ ေတာင္ႀကီး၊ ပခုကၠဴ၊ ေရႊဘို၊ ေမၿမိဳ႕၊ လားရႈိး၊ ေအာင္ပန္း၊ ဟဲဟိုး၊ ေညာင္ေရႊ ၊ ကေလာစတဲ့ ၿမိဳ႕ႀကီးေတြဆီ သြားေရာက္ေဖ်ာ္ေျဖၾကမွာ ျဖစ္တယ္လို႔ သိရပါတယ္။
RFA Burmese
http://www.rfa.org/burmese
..............
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်
Photo: Kan Thar/ RFA
ရှမ်းပြည်နယ် ၊ မိုင်းရှုးမြို့နယ်၊ ကုန်းနိမ်ကျေးရွာနဲ့ နမ့်ပါမုန်း ကျေးရွာက စစ်ဘေး ဒုက္ခသည် ဦးရေ ၁၉၀ နီးပါးအတွက် ဟိုက်ပါကျေးရွာဘေးမှာ မြေနေရာပေးဖို့ စီစဉ်နေပါတယ်။
အဲဒီကျေးရွာ ၂ ရွာမှာ နယ်မြေအေးချမ်းမှု မရှိတာကြောင့် နေရပ်ပြန်နိုင်ဖို့ အချိန်ကြာမြင့်မှာဖြစ်တဲ့အတွက် အခုလို နေထိုင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ အဲဒီဒုက္ခသည်စခန်းကို ကူညီပေးနေတဲ့ ဒေါ်နန်းကျန့်ဟိန်း က ပြောပါတယ်။
"ကုန်းနိမ်ရွာတို့၊ နမ့်ပါမုန်းရွာတို့ ဆိုရင်တော့လုံးဝမပြန်နိုင်သေးဘူးပေါ့၊ သူတို့အတွက်က ဒီမှာနည်းနည်းပိုကြာလိမ့်မယ်၊ သူတို့အတွက်နေရာ နည်းနည်းလေး ကောင်းအောင်လုပ်ဖို့ စဉ်းစားထားတယ်၊ နေရာအသစ်ထပ်ပေးမယ်လို့တော့ ပြောထားတယ်၊ ဒီနေ့သူတို့ကို အိမ်တွေသွားဆောက်ပေး ဖို့ ပြောနေကြပြီ"
စစ်ဘေးသင့် ဒုက္ခသည် မိသားစုတစ်စုကို ပေ ၃၀× ၅၀ မြေကွက်တစ်ကွက် စီပေးထားပါတယ်။ အိမ်ဆောက်ဖို့ အတွက် ဟိုင်းပါဘုန်းတော်ကြီးက ၀ါးတွေ ထောက်ပံ့ပေးထားပြီး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေအိမ်တွေ ဆောက်လုပ်ရမှာ ဖြစ်ပါတယ်။
ဟိုင်းပါ ဒုက္ခသည်စခန်းမှာ နမ့်ပါမုန်း ( ပလောင်)၊ နမ့်ပါမုန်း ( လီဆူး) ၊ ကုန်းနိမ်၊ တာဆာမ်ပူး၊ ဟိုနမ့်၊ နောင်ခေတ်၊ လွယ်ဖွဲ့၊ ဟိုင်းတောင်နဲ့ နားပေ ကျေးရွာတွေက စစ်ဘေးရှောင်ဒုက္ခသည် တစ်ထောင်ဝန်းကျင် မှီခိုနေ ရတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နဲ့ ကျေးသီးမြို့နယ်တွေမှာ အစိုးရတပ် နဲ့ SSPP/ SSA တပ်တို့ အကြား တိုက်ပွဲတွေ ကြောင့် ဒေသခံ တစ်သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေး ရနေတာဖြစ်ပါတယ်။
ဒီအတွင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီရေးအတွက် အလွှာအသီးသီးက လူငယ်တွေ စုပေါင်းပြီး ရံပုံငွေ ရှာဖွေပွဲတွေ ကျင်းပကြဖို့ စီစဉ်နေပါတယ်။ ငြိမ်းချမ်းရေရှိုက်သံ အမည်နဲ့ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး မြို့နယ်တွေမှာ တေးဂီတ နဲ့ သီဆိုဖျော်ဖြေ အလှူငွေ ကောက်ခံမယ့့် အစီအစဉ် စတင်ဆောင်ရွက်မယ််လို့ သိရပါတယ်။
လှိုင်မြို့နယ် Myself ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကို၀ဏ္ဏဆွေ က အခုလို ပြောပါတယ်။
"အဓိကသူတို့လိုအပ်တဲ့ဟာတွေကိုလှူဒါန်းမယ်၊ ဆေးဝါးလိုရင် ဆေးဝါးလှူမယ်၊ စားစရာလိုရင်၊ စားစရာပေါ့၊ အဓိကကတော့ ငွေလှူမယ်၊ သူတို့ဘာသာ သုံးချင်တာသုံးဖို့"
ဒီဇင်ဘာငြိမ်းချမ်းရေးခရီးစဉ်လို့ အမည်ရတဲ့ အဲဒီခရီးစဉ်ကို အလွှာအသီးသီးက လူငယ်တွေစုပေါင်းလုပ် ဆောင်ကြတာဖြစ်ပြီး၊ နေပြည်တော်၊ တောင်ကြီး၊ ပခုက္ကူ၊ ရွှေဘို၊ မေမြို့၊ လားရှိုး၊ အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရွှေ ၊ ကလောစတဲ့ မြို့ကြီးတွေဆီ သွားရောက်ဖျော်ဖြေကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese