Burma ACT ကြန္ယက္အဖြဲ႔က ကမကထလုပ္ၿပီး အမ်ဳိးသမီးနဲ႔ ကေလးသူငယ္မ်ားကို လူကုန္ ကူးမႈတိုက္ဖ်က္ေရးေန႔အျဖစ္ အခမ္းအနားက်င္းပ။ |
ထုိင္းႏိုင္ငံတြင္းမွာ အလုပ္အကုိင္ရွာေဖြဖို ့ လာၾကသူေတြထဲမွာ အသက္မျပည္ေသးတဲ့ကေလးသူငယ္ေတြလည္းပါ၀င္ၾကတာပါ။ သူတို႔ေတြဟာ ထုိင္းနယ္စပ္ကေန နည္းအမ်ိဳးမ်ိဳးနဲ႔ လူကုန္ကူးခံေနရတယ္လုိ႔ ကေလးအခြင္ေရးလႈပ္ရွားသူေတြက ဆုိပါတယ္။ အဖဲြ႕ ၁၂ ဖြဲ႔ ပါ၀င္တဲ့ ကေလးကူးသန္းေရာင္းဝယ္မူ ပေပ်ာက္ေရး လုပ္ေဆာင္ေနတဲ့ ကြန္ယက္က တာ၀န္ခံတဦးျဖစ္တဲ့ ကိုမင္းမင္းက ျမန္မာႏိုင္ငံကလာၾကတဲ့ ကေလးေတြဟာ ထုိင္းနယ္စပ္မွာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေရာင္းစားခံရမူေတြ ရွိေနစဲျဖစ္တယ္လို႔ဆိုပါတယ္။
“ဒီဖက္ နယ္စပ္မွာကေတာ့ ကေလးကူးသန္းေရာင္းဝယ္မႈက ပံုစံအမ်ိဳးမ်ိဳးရွိတယ္။ ဒီ Phut Pra ဖက္မွာဆိုရင္ က်ေနာ္တို႔ ေမြးကင္းစကေလးေတြ ၊ ေမြးကင္းစကေလးေတြက အေရာင္းခံေနရတယ္။ ေရာင္းတဲ့ကိုယ္တိုင္က မိဘေတြကိုယ္တိုင္တခ်ိဳ႕ကျဖစ္တယ္။ တခ်ိဳ႕က ေသြးသားေတာ္စပ္တဲ့သူေတြ ဦးေလးအေဒၚတို႔ေရာင္းၾကတယ္။ ေရာင္းတဲ့လူေတြနဲ႔ ျပန္႔ေနတယ္ေပါ့ေနာ္။ ကေလးတေယာက္ကို ၅၀၀၀ နဲ႔၀ယ္ၾကတယ္။ ၀ယ္ၿပီးလို႔ရွိရင္သူတို႔က သူတို႔ရဲ႕ ကိုယ္ပိုင္စိုက္ခင္းေတြ သူတို႔ရဲ႕ စီးပြားေရး မွာအသံုးျပဳၾကတယ္။ ဒါက ရွိေနၿပီေပါ။ ဒါက မဲေဆာက္တပ္ခရုိင္မွာ။ ေနာက္တခုက ဘန္ေကာက္ ကိုက်ေတာ့ သူတို႔ အစုလိုက္အၿပံဳလိုက္၀ယ္ၾကတာ သူတို႔ ကေလးေတြကို ၀ယ္ၾကတယ္။ ဘန္ေကာက္ မွာပို႔ၿပီးေတာ့ ပန္းေရာင္းခိုင္းတဲ့ဟာေတြ ၊ ဘုရားပြဲေတြမွာ ေတာင္းခိုင္းတဲ့ဟာေတြ ၊ လမ္းမေတြမွာေတာင္းခိုင္းတဲ့ဟာေတြ သူတို႔လုပ္ၾကတယ္။ ဘန္ေကာက္မွာဆိုရင္ သူတို႔ ျပန္ၿပီးေတာ့ စီးပြားေရးအျဖစ္ ေပါ့ေနာ္။”
ကေလးကူးသန္းေရာင္း၀ယ္မူ ပေပ်ာက္ေရးလုပ္ေဆာင္ေနတဲ့ကြန္ယက္အေနနဲ႔ ကေလးေတြဦးေဆာင္ၿပီး ကေလးကူသန္းေရာင္း၀ယ္မႈနဲ႔ ပတ္သက္လို႔ ပညာေပးလုပ္ငန္းေတြကို လြန္ခဲ့တဲ့ ၉ ႏွစ္ခန္႔ က စတင္လုပ္ေဆာင္ခဲ့တာေတြရွိသလို ႏွစ္စဥ္ကေလးကူသန္းေရာင္း၀ယ္မူ ပေပ်ာက္ေရးေန႔ ကိုလည္းအထိမ္းအမွတ္ပဲြေတြ ခ်ီတက္လမ္းေလွ်ာက္ပဲြေတြ ကိုလည္းလုပ္ခဲ့ၾကတာပါ။
Burma ACT ကြန္ယက္အဖြဲ႔က ကမကထလုပ္ၿပီး အမ်ဳိးသမီးနဲ႔ ကေလးသူငယ္မ်ားကို လူကုန္ ကူးမႈတိုက္ဖ်က္ေရးေန႔အျဖစ္ အခမ္းအနားက်င္းပ။ |
“အဓိက ကေတာ့ ဒီကေလးကူးသန္းေရာင္းဝယ္မႈက ျမန္မာျပည္အတြင္းကေန ဒီနယ္စပ္ေဒသျဖစ္တဲ့ ကရင္ျပည္နယ္ မဲေဆာက္ကေနျဖတ္ၿပီးေတာ့ ဒီထိုင္းႏိုင္ငံအတြင္းပိုင္းအထိကို သြားၾကတာမ်ားတယ္။ ဆိုေတာ့ ႏွစ္စဥ္ ကေလး ကူးသန္းေရာင္းဝယ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ အခ်က္အလက္ေတြ ၊ သတင္းေတြ ေနာက္ၿပီးေတာ့ case ေတြကို က်ေနာ္တို႔ စုရတာေပါ့ေနာ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ ကေလးကူးသန္းေရာင္း၀ယ္ေရးနဲ႔ ပတ္သက္အဖြဲ႔အစည္းေတြကေန စုေပါင္းၿပီးေတာ့ ဒီ Network ေတြ ဖြဲ႔ၿပီးေတာ့ ႏွစ္စဥ္ အခမ္းအနားေတြ အစီအစဥ္ေတြလုပ္ၾကတာေပါ့။”
ထုိင္း-ျမန္မာနယ္စပ္မွာေတာ့ ေမြးကင္းစကေလး အရြယ္ကေန အသက္ ၁၈ ႏွစ္အရြယ္ကေလးေတြဟာ အခေၾကးေငြနဲ႔ ေရာင္းစားေနၾကတဲ့ျဖစ္ရပ္ေတြရွိေနတာပါ။ ဆယ္ေက်ာ္သက္ရြယ္အမ်ားစုကေတာ့ လုပ္ငန္းခြင္္ေတြ၊ ငါးဖမ္းေလွေတြေပၚမွာကေလးလုပ္သားေတြအျဖစ္ ေရာင္းစားခံရမူေတြ လည္းရွိေနပါတယ္။ ၿပီးခဲ့တဲ့လေတြတုန္းက ထုိင္းႏိုင္ငံ ေတာင္းပုိင္းက ငါးဖမ္းေလွေတြေပၚကေန လူကုန္ကူခံရသူေတြကို ထုိင္းႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအဖဲြ႔က ကယ္ဆယ္ခဲ့ရာမွာ အသက္ မျပည့္ေသးတဲ့ ကေလးသူငယ္ေတြလည္း ပါ၀င္တာေတြ ့ရပါတယ္။
ဒီႏွစ္မွေတာ့ ကေလးကူသန္းေရာင္း၀ယ္မူပေပ်ာက္ေရးေန႔ကို ထုိင္းနယ္စပ္မွာ အခမ္းနားလုပ္ၿပီး က်င္းပခဲ့ရာမွာ ထိုင္းနယ္ျခားေစာင့္တပ္၊ထုိင္းလူ၀င္မူႀကီးၾကပ္ေရးဌာန၊ လူမႈဖူလံုေရးဌာန၊မဲေဆာက္အေျခစိုက္ လူထုအေျချပဳအဖြဲ႕အစည္းမ်ား၊ကရင္ျပည္နယ္ ျမ၀တီခရိုင္NLD ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔၀င္မ်ား၊ တာခ္ခရိုင္တြင္းမွာရွိတဲ့ေရႊ႕ေျပာင္းစာသင္ေက်ာင္းမ်ား က ေက်ာင္းသူ၊ေက်ာင္းသား မ်ားနဲ႔ ဆရာ၊ ဆရာမမ်ား အစိုရမဟုတ္တဲ့ NGOs အဖြဲ႔အစည္းမ်ား ပူးေပါင္းပါ၀င္ခဲ့ၾကပါတယ္။ ထိုင္းအုပ္ခ်ဳပ္ေရးဌာနဆိုင္ရာ အဖဲြ႔ေတြကေတာ့ ကေလးသူငယ္ေတြ လူကုန္ခံရရင္ သူတို႔ကိုတုိင္ၾကားဖို ့နဲ႔ အကူညီေပးမဲ့အေၾကာင္း ေျပာဆုိသြားၾကပါတယ္္။
မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................
Burma ACT ကွန်ယက်အဖွဲ့က ကမကထလုပ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အခမ်းအနားကျင်းပ။
ထိုင်း-မြန်မာနယ်စပ်မှာ ကလေးသူငယ်တွေကို အရောင်းအဝယ်လုပ်တာတွေ ပုံစံအမျိုးမျိုးနဲ့ ရှိနေတုန်းပဲလို့ ဒီကိစ္စ ပပျောက်ရေးအတွက်လုပ်နေတဲ့ အဖွဲ့ ၁၂ ဖွဲ့ပါ ကွန်ယက်တခုက ပြောလိုက်ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အရှေ့တောင်အာရှဒေသ ASEAN နိုင်ငံတချို့မှာ ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့ကို သတ်မှတ်ထားတာ ပါ။ ဒီ အထိမ်းအမှတ်နေ့ကို မြန်မာနိုင်ငံ ကလေးသူငယ် အရောင်းအဝယ်လုပ်မှု တိုက်ဖျက်ရေး ကွန်ယက်အဖွဲ့ (Burma ACT) က ကမကထလုပ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ဒီကနေ့ ကျင်းပကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှာဖွေဖို ့ လာကြသူတွေထဲမှာ အသက်မပြည်သေးတဲ့ကလေးသူငယ်တွေလည်းပါ၀င်ကြတာပါ။ သူတို့တွေဟာ ထိုင်းနယ်စပ်ကနေ နည်းအမျိုးမျိုးနဲ့ လူကုန်ကူးခံနေရတယ်လို့ ကလေးအခွင်ရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ အဖွဲ့ ၁၂ ဖွဲ့ ပါ၀င်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေး လုပ်ဆောင်နေတဲ့ ကွန်ယက်က တာဝန်ခံတဦးဖြစ်တဲ့ ကိုမင်းမင်းက မြန်မာနိုင်ငံကလာကြတဲ့ ကလေးတွေဟာ ထိုင်းနယ်စပ်မှာ ပုံစံအမျိုးမျိုးနဲ့ ရောင်းစားခံရမူတွေ ရှိနေစဲဖြစ်တယ်လို့ဆိုပါတယ်။
“ဒီဖက် နယ်စပ်မှာကတော့ ကလေးကူးသန်းရောင်းဝယ်မှုက ပုံစံအမျိုးမျိုးရှိတယ်။ ဒီ Phut Pra ဖက်မှာဆိုရင် ကျနော်တို့ မွေးကင်းစကလေးတွေ ၊ မွေးကင်းစကလေးတွေက အရောင်းခံနေရတယ်။ ရောင်းတဲ့ကိုယ်တိုင်က မိဘတွေကိုယ်တိုင်တချို့ကဖြစ်တယ်။ တချို့က သွေးသားတော်စပ်တဲ့သူတွေ ဦးလေးအဒေါ်တို့ရောင်းကြတယ်။ ရောင်းတဲ့လူတွေနဲ့ ပြန့်နေတယ်ပေါ့နော်။ ကလေးတယောက်ကို ၅၀၀၀ နဲ့ဝယ်ကြတယ်။ ၀ယ်ပြီးလို့ရှိရင်သူတို့က သူတို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းတွေ သူတို့ရဲ့ စီးပွားရေး မှာအသုံးပြုကြတယ်။ ဒါက ရှိနေပြီပေါ။ ဒါက မဲဆောက်တပ်ခရိုင်မှာ။ နောက်တခုက ဘန်ကောက် ကိုကျတော့ သူတို့ အစုလိုက်အပြုံလိုက်ဝယ်ကြတာ သူတို့ ကလေးတွေကို ၀ယ်ကြတယ်။ ဘန်ကောက် မှာပို့ပြီးတော့ ပန်းရောင်းခိုင်းတဲ့ဟာတွေ ၊ ဘုရားပွဲတွေမှာ တောင်းခိုင်းတဲ့ဟာတွေ ၊ လမ်းမတွေမှာတောင်းခိုင်းတဲ့ဟာတွေ သူတို့လုပ်ကြတယ်။ ဘန်ကောက်မှာဆိုရင် သူတို့ ပြန်ပြီးတော့ စီးပွားရေးအဖြစ် ပေါ့နော်။”
ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးလုပ်ဆောင်နေတဲ့ကွန်ယက်အနေနဲ့ ကလေးတွေဦးဆောင်ပြီး ကလေးကူသန်းရောင်းဝယ်မှုနဲ့ ပတ်သက်လို့ ပညာပေးလုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၉ နှစ်ခန့် က စတင်လုပ်ဆောင်ခဲ့တာတွေရှိသလို နှစ်စဉ်ကလေးကူသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ ကိုလည်းအထိမ်းအမှတ်ပွဲတွေ ချီတက်လမ်းလျှောက်ပွဲတွေ ကိုလည်းလုပ်ခဲ့ကြတာပါ။
Burma ACT ကွန်ယက်အဖွဲ့က ကမကထလုပ်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်များကို လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် အခမ်းအနားကျင်းပ။
ကလေးတွေဟာ မြန်မာပြည်အတွင်းပိုင်းကနေလာကြပြီး တနေရာကနေ တနေရာ ရွှေ့ပြောင်းသွားလာရင်းကနေ ကလေးကူးသန်းရောင်းဝယ်မူတွေဖြစ််လာရတာလို့လည်း ဆိုပါတယ်။ ဒီအတွက်ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ရတာဖြစ်တယ်လို့လည်းပြောပါတယ်။
“အဓိက ကတော့ ဒီကလေးကူးသန်းရောင်းဝယ်မှုက မြန်မာပြည်အတွင်းကနေ ဒီနယ်စပ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ် မဲဆောက်ကနေဖြတ်ပြီးတော့ ဒီထိုင်းနိုင်ငံအတွင်းပိုင်းအထိကို သွားကြတာများတယ်။ ဆိုတော့ နှစ်စဉ် ကလေး ကူးသန်းရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးတော့ အချက်အလက်တွေ ၊ သတင်းတွေ နောက်ပြီးတော့ case တွေကို ကျနော်တို့ စုရတာပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့ ကလေးကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်အဖွဲ့အစည်းတွေကနေ စုပေါင်းပြီးတော့ ဒီ Network တွေ ဖွဲ့ပြီးတော့ နှစ်စဉ် အခမ်းအနားတွေ အစီအစဉ်တွေလုပ်ကြတာပေါ့။”
ထိုင်း-မြန်မာနယ်စပ်မှာတော့ မွေးကင်းစကလေး အရွယ်ကနေ အသက် ၁၈ နှစ်အရွယ်ကလေးတွေဟာ အခကြေးငွေနဲ့ ရောင်းစားနေကြတဲ့ဖြစ်ရပ်တွေရှိနေတာပါ။ ဆယ်ကျော်သက်ရွယ်အများစုကတော့ လုပ်ငန်းခွင််တွေ၊ ငါးဖမ်းလှေတွေပေါ်မှာကလေးလုပ်သားတွေအဖြစ် ရောင်းစားခံရမူတွေ လည်းရှိနေပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက ထိုင်းနိုင်ငံ တောင်းပိုင်းက ငါးဖမ်းလှေတွေပေါ်ကနေ လူကုန်ကူခံရသူတွေကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က ကယ်ဆယ်ခဲ့ရာမှာ အသက် မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါ၀င်တာတွေ ့ရပါတယ်။
ဒီနှစ်မှတော့ ကလေးကူသန်းရောင်းဝယ်မူပပျောက်ရေးနေ့ကို ထိုင်းနယ်စပ်မှာ အခမ်းနားလုပ်ပြီး ကျင်းပခဲ့ရာမှာ ထိုင်းနယ်ခြားစောင့်တပ်၊ထိုင်းလူဝင်မူကြီးကြပ်ရေးဌာန၊ လူမှုဖူလုံရေးဌာန၊မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းများ၊ကရင်ပြည်နယ် မြဝတီခရိုင်NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တာခ်ခရိုင်တွင်းမှာရှိတဲ့ရွှေ့ပြောင်းစာသင်ကျောင်းများ က ကျောင်းသူ၊ကျောင်းသား များနဲ့ ဆရာ၊ ဆရာမများ အစိုရမဟုတ်တဲ့ NGOs အဖွဲ့အစည်းများ ပူးပေါင်းပါ၀င်ခဲ့ကြပါတယ်။ ထိုင်းအုပ်ချုပ်ရေးဌာနဆိုင်ရာ အဖွဲ့တွေကတော့ ကလေးသူငယ်တွေ လူကုန်ခံရရင် သူတို့ကိုတိုင်ကြားဖို ့နဲ့ အကူညီပေးမဲ့အကြောင်း ပြောဆိုသွားကြပါတယ််။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com