Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိႏၵိယ ဂ်ပန္ ဆက္ဆံေရးတိုးျမႇင့္

$
0
0


ဂ်ပန္ႏိုင္ငံက အိႏၵိယႏိုင္ငံအတြင္း ပထမဆံုး ျမန္ႏႈန္းျမင့္ ရထား ေဆာက္လုပ္ေရး၊ အိႏၵိယကို ဂ်ပန္က လက္နက္ တင္ပို႔ေရာင္းခ်ေရးနဲ႔ အရပ္ဘက္သံုး ႏ်ဴကလီးယား ပူးေပါင္းေဆာင္ရြက္မႈ တိုးတက္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးတို႔အတြက္ စေနေန႔က ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးစြာ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

နယူးေဒလီကို ေရာက္ေနတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးနဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi တို႔ ေတြ႔ဆံုေဆြးေႏြးအၿပီး ဒီသေဘာတူညီခ်က္ေတြကို ေၾကညာခဲ့တာပါ။

အိႏၵိယႏိုင္ငံကို ၃ ရက္ၾကာ ေရာက္ေနတဲ့ ဝန္ႀကီးခ်ဳပ္အာေဘးက အခု သေဘာတူညီခ်က္ေတြဟာ ႏွစ္ႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈ ေခတ္သစ္တခုဆီ တက္လွမ္းႏိုင္တာျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္ႏုိင္ငံက အိႏၵိယအေနာက္ပိုင္း ၿမိဳ႕ေတြျဖစ္တဲ့ မြန္ဘုိင္းနဲ႔ Ahmedabad တို႔ၾကားမွာ ေျပးဆဲြမယ့္ က်ည္ဆံရထား တည္ေဆာက္ေရးအတြက္ အေမရိကန္ ေဒၚလာ ၁၂ ဘီလီယံ ေထာက္ပံ့မွာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ရဲ႕ လမ္းပန္းဆက္သြယ္ေရးနဲ႔ အေျခခံ အေဆာက္အအံုေတြကို အသစ္ေျပာင္းလဲမယ့္ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီက ဒီရထားလို္င္းသစ္ေတြ၊ ျမန္ႏႈန္းျမင့္ရထား စီမံကိန္းႀကီးေတြနဲ႔ အိႏၵိယရဲ႕ အနာဂတ္ခရီးကို စတင္ပါမယ္ လို႔ ေျပာၾကားခဲ့ပါတယ္။

ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြအရ ၂ ႏိုင္ငံၾကား နည္းပညာ၊ ပစၥည္းကိရိယာနဲ႔ စစ္ေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို မွ်ေဝၾကမွာ ျဖစ္ပါတယ္။ ဒီသေဘာတူညီခ်က္ေတြက ဂ်ပန္နဲ႔ အိႏၵိယစစ္ဘက္ ဆက္ဆံေရးကို ပိုၿပီးခုိင္မာေစမယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Modi က ေျပာၾကားခဲ့ပါတယ္။ အိႏၵိယမွာ Narendra Modi ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ၿပီးေနာက္ ဂ်ပန္ႏုိင္ငံနဲ႔ ဆက္ဆံေရး ပိုၿပီးနီးကပ္လာတာျဖစ္ပါတယ္။


(VOA)

http://burmese.voanews.com/
......................



ဂျပန်နိုင်ငံက အိန္ဒိယနိုင်ငံအတွင်း ပထမဆုံး မြန်နှုန်းမြင့် ရထား ဆောက်လုပ်ရေး၊ အိန္ဒိယကို ဂျပန်က လက်နက် တင်ပို့ရောင်းချရေးနဲ့ အရပ်ဘက်သုံး နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် စနေနေ့က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နယူးဒေလီကို ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ တွေ့ဆုံဆွေးနွေးအပြီး ဒီသဘောတူညီချက်တွေကို ကြေညာခဲ့တာပါ။

အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ ရောက်နေတဲ့ ဝန်ကြီးချုပ်အာဘေးက အခု သဘောတူညီချက်တွေဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တခုဆီ တက်လှမ်းနိုင်တာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံက အိန္ဒိယအနောက်ပိုင်း မြို့တွေဖြစ်တဲ့ မွန်ဘိုင်းနဲ့ Ahmedabad တို့ကြားမှာ ပြေးဆွဲမယ့် ကျည်ဆံရထား တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မြို့တော်ရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံတွေကို အသစ်ပြောင်းလဲမယ့် အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဒီရထားလို်င်းသစ်တွေ၊ မြန်နှုန်းမြင့်ရထား စီမံကိန်းကြီးတွေနဲ့ အိန္ဒိယရဲ့ အနာဂတ်ခရီးကို စတင်ပါမယ် လို့ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေအရ ၂ နိုင်ငံကြား နည်းပညာ၊ ပစ္စည်းကိရိယာနဲ့ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မျှဝေကြမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေက ဂျပန်နဲ့ အိန္ဒိယစစ်ဘက် ဆက်ဆံရေးကို ပိုပြီးခိုင်မာစေမယ်လို့ အိန္ဒိယဝန်ကြီးချုပ် Modi က ပြောကြားခဲ့ပါတယ်။ အိန္ဒိယမှာ Narendra Modi ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုပြီးနီးကပ်လာတာဖြစ်ပါတယ်။


(VOA)

http://burmese.voanews.com/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>