NLD ဦးေဆာင္တဲ့ အမိႈက္ေကာက္လႈပ္ရွားမႈ- သတင္းဓာတ္ပံု Credit to Soe Than Oo FB. |
အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လံႈ႕ေဆာ္မႈနဲ႔ တႏိုင္ငံလံုး အတုိင္းအတာနဲ႔ ျပည္နယ္ တုိင္းအသီးသီးမွာ ျပည္သူလူထု ပူးေပါင္းပါဝင္တဲ့ အမႈိက္ေကာက္ လႈပ္ရွားမႈ ဒီကေန႔ စတင္လိုက္ပါတယ္။ မိမိပတ္ဝန္းက်င္၊ ၿမိဳ႕နယ္ ရပ္ကြက္ သန္႔ရွင္းေရးကေန စတင္တဲ့ လူေနမႈ စနစ္ အေျခခံ အေျပာင္းအလဲမွာ ျပည္သူလူထုနဲ႔အတူ သက္ဆုိင္ရာ စည္ပင္တာဝန္ရွိသူေတြပါ ပူးေပါင္းပါဝင္ခဲ့ၾကတယ္လို႔ အမႈိက္ေကာက္လႈပ္ရွားမႈမွာ ပါဝင္သူေတြကေျပာပါတယ္။ ဒီဇင္ဘာ ၁၂ရက္နဲ႔ ၁၃ရက္- ႏွစ္ရက္ ဆက္တုိက္ လူထုပါဝင္တဲ့ စုေပါင္း အမႈိက္ေကာက္ လႈပ္ရွားမႈနဲ႔ပတ္သက္လို႔ အေသးစိတ္ ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္က တင္ျပေပးထားပါတယ္။
အစိုးရသစ္တရပ္ ဖြဲ႔စည္းႏုိင္တဲ့အထိ ေရြးေကာက္ပြဲမွာ အျပတ္အသတ္ အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ လႊတ္ေတာ္ ကိုယ္စားလွယ္သစ္ေတြကို အဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က မိမိတို႔ရဲ႕ မဲဆႏၵနယ္တြင္းက အမႈိက္သန္႔ရွင္းေရးအတြက္ အမိႈက္ေကာက္ဖို႔ လမ္းညႊန္ခဲ့တဲ့အတြက္ ဒီကေန႔ စေနေန႔ ဒီဇင္ဘာလ ၁၂ရက္ေန႔ကစလို႔ ျမန္မာႏုိင္ငံတဝွမ္း ျပည္နယ္၊ တုိင္းအသီးသီးေတြမွာ စုေပါင္း အမိႈက္ေကာက္ လႈပ္ရွားမႈကို စတင္လုိက္ပါတယ္။
ဒီကေန႔မွာေတာ့ ကရင္ျပည္နယ္တြင္း သံလြင္ျမစ္ေၾကာင္းတေလ်ာက္ ဘားအံ၊ လိႈင္းဘြဲ႔ ၊ ေကာ့ကရိတ္ ၊ ျမဝတီ၊ ၾကာအင္းဆိပ္ႀကီး၊ ဖာပြန္ သံေတာင္ စတဲ့ ၿမိဳ႕နယ္ေတြမွာ စုေပါင္း အမိႈက္ေကာက္ခဲ့ၾကပါတယ္လို႔ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ဝင္ ေဒၚနန္းခင္ေထြးျမင့္က ဗီြအိုေအကို ေျပာပါတယ္။
“ ေဒၚစုကေတာ့ ဆယ့္ငါးရက္ တခါ၊ တစ္လ တခါ အနည္းဆံုးေတာ့ ေကာက္ေပးေစ ခ်င္တယ္ေပါ့ေနာ္။ ဒီေန႔ဆို အန္တီတို႔လည္း သံလြင္ျမစ္ရိုး တေလ်ာက္ ေကာက္တာ။ အမေလး ေကာက္လိုက္ရတာ နည္းတဲ့ အမိႈက္ေတြ မဟုတ္ဘူး။ ႏွစ္ေပါင္းမ်ားစြာက အမိႈက္ေတြေပါ့ေနာ္။ အန္တီတို႔လည္း သယ္တဲ့ဟာေတြက သယ္ရတယ္။ အမိႈက္ေကာက္တဲ့အဆင့္ေတာင္ မဟုတ္ေတာ့ဘူး အမိႈက္ေတြ က်ံဳး က်ံဳးၿပီး အမိႈက္ပံုႀကီးတပံုလံုးကို အန္တီတို႔ က်ံဳးတာ။ သံလြင္ျမစ္ရိုးမွာ တဝက္ေလာက္ နီးနီးေတာ့ ၿပီးသြားတယ္။
အန္တီတို႔ ေကာက္တာေလ အမိႈက္ပံုထဲမွာ က်ည္ဆံေတြေတာင္ ေကာက္ရတယ္။ ရဲစခန္းကို အေၾကာင္းၾကား၊ သက္ဆုိင္ရာကို အေၾကာင္းၾကားၿပီး ေပးလုိက္တယ္။ က်ည္ဆံဆုိတာလည္း က်ည္ဆံ ေသးေသးေလး မဟုတ္ဘူး က်ည္ဆံအႀကီးႀကီးေတြ ကိုးမမ က်ည္ဆံ။
အဲ့ဒီ့သံလြင္ျမစ္မွာဆိုရင္ ကုန္းေစာင္းေလးေတြ လုပ္ထားတယ္။ အဲ့ဒီ့အမိႈက္ေတြက အဲ့ဒီ့ကုန္းေတြမွာ အကုန္ပစ္ထားတယ္။ သံလြင္ျမစ္ထဲကို ပစ္တာ ျမစ္ထဲကိုလည္း မေရာက္ဘူး။ အဲ့ဒီ့ျမစ္ကမ္းနဖူးက ၾကည့္လိုက္လို႔ရွိရင္ ဘယ္လိုမွ မလွဘူးေလ။ ၾကည့္လိုက္လို႔ရွိရင္ ျမစ္ကမ္းနဖူးက အမိႈက္ေတြခ်ည္းပဲ။ ျမစ္ကမ္းနဖူးက အရင္ေကာက္တာ။
က်မကေတာ့ လူထုကိုေျပာခ်င္တာက က်မတို႔ သန္႔သန္႔ရွင္းရွင္းေလး ေနၾက ရေအာင္ေပါ့ေနာ္။ လူေနမႈအဆင့္အတန္းအားျဖင့္ ၾကည့္ရင္လည္း သန္႔ရွင္းတယ္ ဆိုတာ ေကာင္းတယ္ေပါ့ေနာ္ က်မ အဲ့တာကို နဂိုကတည္းက ျဖစ္ေစခ်င္တယ္။”
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လမ္းညႊန္ခ်က္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ဦးေဆာင္မႈနဲ႔ စုေပါင္းအမိႈက္ေကာက္လႈပ္ရွားမႈမွာ ျပည္သူလူထု အားလံုး ပူးေပါင္းပါဝင္ၾကသလို စစ္ကိုင္းတိုင္းအတြင္းမွာလည္း အမိႈက္ေကာက္ လႈပ္ရွားမႈေတြကို ဆက္တုိက္လုပ္ေဆာင္ဖုိ႔ရွိတယ္လို႔ ပုလဲၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္စန္းလႈိင္က ေျပာပါတယ္။
“ တႏိုင္ငံလံုး အတုိင္းအတာနဲ႔ လုပ္တာပါ။ ဒီေန႔ေလ ၁၂ရက္၊ ၁၃ရက္ကို ေတာ့ ႏွစ္ရက္စလံုး အကုန္လံုး အမိႈက္ေကာက္ဖုိ႔ က်မတို႔ စီစဥ္ထားတာပါ။ မံုရြာလည္း ေကာက္ပါတယ္။ က်မတို႔နား နီးစပ္ရာေတြေပါ့ေနာ္။ ဆားလင္းႀကီးတို႔ ယင္းမာပင္တို႔လည္း ေကာက္ပါတယ္။ တျခားတုိင္းနဲ႔ျပည္နယ္ေတြ လည္း ေကာက္တယ္လို႔ သိရပါတယ္။
လူထုေတြအေနနဲ႔ ဒီလိုမ်ိဳး လုပ္တာကို သူတို႔ သေဘာက် ေက်နပ္ၾကပါတယ္။ ဒီလိုမ်ိဳး ေဆာင္ရြက္တာကေတာ့ က်မတို႔တုိင္းျပည္မွာ အေလ့အက်င့္ေကာင္း တရပ္အေနနဲ႔ ပါတီမဝင္တဲ့ တျခား ေဒသခံ ျပည္သူလူထုေတြကလည္း အားလံုး ဝိုင္းဝန္းပူးေပါင္းေဆာင္ရြက္ၾကပါတယ္။
က်မ မနက္က ေရာက္သြားတဲ့အခါက်ေတာ့ စည္ပင္သာယာက တြန္းလွည္းေတြနဲ႔ အကုန္လံုး လိုက္ၿပီးေတာ့ ဝန္ထမ္းေတြကလည္း က်မတို႔ေနာက္ကေန သူတို႔ကိုယ္တုိင္ လုိက္ၿပီးေတာ့ တံျမက္စည္းလွဲ အမိႈက္က်ံဳးတာေတြ လုပ္ပါတယ္။ ျပည္သူလူထုေရာ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီအေနနဲ႔ကေရာ ပူးေပါင္းပါဝင္တာကို က်မတို႔ ေတြ႔ရပါတယ္။ “
ရန္ကုန္တုိင္း ရပ္ကြက္ေတြတြင္း ေရႏုတ္ေျမာင္းေတြ၊ အမိႈက္ပံုေတြ၊ ျခံဳႏြယ္ေတြကို လူထုက ဝိုင္းဝန္း ရွင္းလင္းခဲ့ၾကတယ္လို႔ သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ရန္ကုန္ၿမိဳ႕ခံ ကိုစိုးမိုးက ေျပာပါတယ္။
“က်ေနာ္က သဃၤန္းကၽြန္းဆိုေတာ့ က်ေန္ာတို႔က ၁၂၊ ၁၃ ဆိုၿပီးေတာ့ လုပ္လုိက္ၿပီးေတာ့ ရပ္ကြက္ေတြထဲမွာ အရင္ဆံုး ရွင္းလင္းတာေပါ့ေနာ္။ ရသေလာက္ က်ေနာ္တို႔ ၿမိဳ႕နယ္မွာ ရပ္ကြက္ေတာ္ေတာ္မ်ားမ်ား ျပည္သူေတြလည္း ပါပါတယ္ခင္ဗ်။ က်ေနာ္တို႔ အမ်ားသံုးလမ္းေတြ၊ အမ်ားသြားလာတဲ့ လမ္းမႀကီးေတြ အဲ့ဒီ့လမ္းမႀကီးေတြကို အရင္ရွင္းတယ္ခင္ဗ်။ ၿပီးေတာ့ က်ေနာ္တို႔ ေရကန္ေဘးတို႔၊ အမ်ားသံုး ေရကန္ေဘးတို႔၊ မီးသန္႔ကန္ေဘးတို႔ အဲ့လုိမ်ိဳး ေနရာေတြရွင္းတယ္ခင္ဗ်။ က်ေနာ္တို႔ေတြ အမိႈက္ပံုတဲ့ေနရာကအစ ရွင္းလိုက္တယ္။ ျပည္သူေတြ အမိႈက္ေတြ ပံုထားတဲ့ေနရာေတြရွိတယ္။ အမိႈက္မပံုရတဲ့နယ္ေျမေတြမွာ ပံုထားတယ္၊ အဲ့တာလည္း အကုန္ က်ေနာ္တို႔ ရွင္းလိုက္တာရွိတယ္။
အဲ့ဒီ့မွာ တခု က်ေနာ္တို႔ ေကာင္းတာကေလ က်ေနာ္တို႔နဲ႔အတူတူ ၿမိဳ႕ေတာ္ စည္ပင္သာယာေရး က ပူးေပါင္းပါဝင္ေပးတယ္ခင္ဗ်။ က်ေနာ္တုိ႔ရဲ႕ ရလဒ္ေပါ့ေနာ္။ ဆြဲေခၚတဲ့ေနရာမွာ ပါလာတာေပါ့ေနာ္။ အဲ့တာ အရမ္းေကာင္းတယ္ခင္ဗ်။ သူတို႔ ကူညီေပးတယ္ခင္ဗ်။ ကားနဲ႔လည္း ကူညီေပးတယ္။ လူနဲ႔လည္း ကူညီေပးတယ္ က်ေနာ္တို႔ကို။”
အခုလို အမိႈက္ေကာက္၊ အမိႈက္ရွင္း လႈပ္ရွားမႈေတြမွာလည္း သက္ဆုိင္ရာ ၿမိဳ႕နယ္စည္ပင္တာဝန္ရွိသူေတြဘက္က ပူးေပါင္းပါဝင္ ကူညီခဲ့တယ္လို႔ေျပာပါတယ္။
ဒီကေန႔ ႏုိင္ငံတဝွမ္း စတင္တဲ့ အမိႈက္ေကာက္ လႈပ္ရွားမႈမွာ ရုပ္ရွင္၊ ဂီတ၊ စာေပေလာကက အႏုပညာရွင္ေတြကလည္း ဝိုင္းဝန္းပါဝင္ခဲ့ၾကပါတယ္။ ဒီမုိကေရစီႏုိင္ငံသစ္ တည္ေဆာက္ေရးမွာ သန္႔ရွင္းေရးကစလို႔ စည္းကမ္းပိုင္း ဆုိင္ရာအထိ ႏုိင္ငံတကာအဆင့္မွီဖို႔ အေျခခံ စိတ္ဓာတ္ပိုင္းကအစ အမ်ားႀကီး တည္ေဆာက္ျပဳျပင္ၾကဖို႔ လိုသလို ျပည္သူလူထုကလည္း ျပဳျပင္ေျပာင္းလဲေရးမွာ စိတ္ေရာကိုုယ္ပါ ပူးေပါင္းပါဝင္ၾကတာ ေတြ႔ရတယ္လို႔ ရုပ္ရွင္သရုပ္ေဆာင္ ထြန္းအိျႏၵာဗုိလ္က ေျပာပါတယ္။
“ကိုယ့္ပတ္ဝန္းက်င္ သန္႔ရွင္းေရး ကလည္း လိုအပ္တာပဲ။ က်မတို႔ တုိင္းျပည္က ႏုိင္ငံတကာနဲ႔ ယွဥ္လို႔ရွိရင္ အမ်ားႀကီး တည္ေဆာက္ရဦးမွာ။ စည္းကမ္းပိုင္းဆုိင္ရာ ကအစ ဒီလိုမ်ိဳး အစပ်ိဳးေပးတယ္လို႔ က်မက ျမင္ပါတယ္။ အေမ Organized လုပ္ႏုိင္တဲ့ဟာရဲ႕ ျပရုပ္ျဖစ္သလို တုိင္းျပည္ကို စၿပီးေတာ့မွ ဦးေဆာင္မယ္ဆိုတဲ့ ေနရာမွာ လိုအပ္တာေတြကို လုပ္သြားမယ္ဆုိတာကိုလည္း ယံုၾကည္ပါတယ္ က်မတို႔ကေလ။ “
ဒီကေန စေနေန႔ကစလို႔ ရန္ကုန္တိုင္း၊ မႏၱေလးတိုင္း၊ မြန္ျပည္နယ္၊ ဧရာဝတီတုိင္း ကရင္ျပည္နယ္ စစ္ကိုင္းတုိင္း စတဲ့ျပည္နယ္ တုိင္းအသီးသီးမွာလည္း စုေပါင္းအမႈိက္ေကာက္ခဲ့ၾကသလို မနက္ျဖန္ ဒီဇင္ဘာလ ၁၃ရက္ေန႔မွာလည္း အမိႈက္ေကာက္လႈပ္ရွားမႈကို ဆက္လက္ ေဆာင္ရြက္သြားၾကမွာျဖစ္တယ္လို႔ အမိႈက္ေကာက္သူေတြကေျပာပါတယ္။
မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................
NLD ဦးဆောင်တဲ့ အမှိုက်ကောက်လှုပ်ရှားမှု- သတင်းဓာတ်ပုံ Credit to Soe Than Oo FB.
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုံ့ဆော်မှုနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ် တိုင်းအသီးသီးမှာ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ အမှိုက်ကောက် လှုပ်ရှားမှု ဒီကနေ့ စတင်လိုက်ပါတယ်။ မိမိပတ်ဝန်းကျင်၊ မြို့နယ် ရပ်ကွက် သန့်ရှင်းရေးကနေ စတင်တဲ့ လူနေမှု စနစ် အခြေခံ အပြောင်းအလဲမှာ ပြည်သူလူထုနဲ့အတူ သက်ဆိုင်ရာ စည်ပင်တာဝန်ရှိသူတွေပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ အမှိုက်ကောက်လှုပ်ရှားမှုမှာ ပါဝင်သူတွေကပြောပါတယ်။ ဒီဇင်ဘာ ၁၂ရက်နဲ့ ၁၃ရက်- နှစ်ရက် ဆက်တိုက် လူထုပါဝင်တဲ့ စုပေါင်း အမှိုက်ကောက် လှုပ်ရှားမှုနဲ့ပတ်သက်လို့ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်တဲ့အထိ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်သစ်တွေကို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ရဲ့ မဲဆန္ဒနယ်တွင်းက အမှိုက်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ဖို့ လမ်းညွှန်ခဲ့တဲ့အတွက် ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ကစလို့ မြန်မာနိုင်ငံတဝှမ်း ပြည်နယ်၊ တိုင်းအသီးသီးတွေမှာ စုပေါင်း အမှိုက်ကောက် လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။
ဒီကနေ့မှာတော့ ကရင်ပြည်နယ်တွင်း သံလွင်မြစ်ကြောင်းတလျောက် ဘားအံ၊ လှိုင်းဘွဲ့ ၊ ကော့ကရိတ် ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန် သံတောင် စတဲ့ မြို့နယ်တွေမှာ စုပေါင်း အမှိုက်ကောက်ခဲ့ကြပါတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ဗွီအိုအေကို ပြောပါတယ်။
“ ဒေါ်စုကတော့ ဆယ့်ငါးရက် တခါ၊ တစ်လ တခါ အနည်းဆုံးတော့ ကောက်ပေးစေ ချင်တယ်ပေါ့နော်။ ဒီနေ့ဆို အန်တီတို့လည်း သံလွင်မြစ်ရိုး တလျောက် ကောက်တာ။ အမလေး ကောက်လိုက်ရတာ နည်းတဲ့ အမှိုက်တွေ မဟုတ်ဘူး။ နှစ်ပေါင်းများစွာက အမှိုက်တွေပေါ့နော်။ အန်တီတို့လည်း သယ်တဲ့ဟာတွေက သယ်ရတယ်။ အမှိုက်ကောက်တဲ့အဆင့်တောင် မဟုတ်တော့ဘူး အမှိုက်တွေ ကျုံး ကျံုးပြီး အမှိုက်ပုံကြီးတပုံလုံးကို အန်တီတို့ ကျံုးတာ။ သံလွင်မြစ်ရိုးမှာ တဝက်လောက် နီးနီးတော့ ပြီးသွားတယ်။
အန်တီတို့ ကောက်တာလေ အမှိုက်ပုံထဲမှာ ကျည်ဆံတွေတောင် ကောက်ရတယ်။ ရဲစခန်းကို အကြောင်းကြား၊ သက်ဆိုင်ရာကို အကြောင်းကြားပြီး ပေးလိုက်တယ်။ ကျည်ဆံဆိုတာလည်း ကျည်ဆံ သေးသေးလေး မဟုတ်ဘူး ကျည်ဆံအကြီးကြီးတွေ ကိုးမမ ကျည်ဆံ။
အဲ့ဒီ့သံလွင်မြစ်မှာဆိုရင် ကုန်းစောင်းလေးတွေ လုပ်ထားတယ်။ အဲ့ဒီ့အမှိုက်တွေက အဲ့ဒီ့ကုန်းတွေမှာ အကုန်ပစ်ထားတယ်။ သံလွင်မြစ်ထဲကို ပစ်တာ မြစ်ထဲကိုလည်း မရောက်ဘူး။ အဲ့ဒီ့မြစ်ကမ်းနဖူးက ကြည့်လိုက်လို့ရှိရင် ဘယ်လိုမှ မလှဘူးလေ။ ကြည့်လိုက်လို့ရှိရင် မြစ်ကမ်းနဖူးက အမှိုက်တွေချည်းပဲ။ မြစ်ကမ်းနဖူးက အရင်ကောက်တာ။
ကျမကတော့ လူထုကိုပြောချင်တာက ကျမတို့ သန့်သန့်ရှင်းရှင်းလေး နေကြ ရအောင်ပေါ့နော်။ လူနေမှုအဆင့်အတန်းအားဖြင့် ကြည့်ရင်လည်း သန့်ရှင်းတယ် ဆိုတာ ကောင်းတယ်ပေါ့နော် ကျမ အဲ့တာကို နဂိုကတည်းက ဖြစ်စေချင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်ချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်မှုနဲ့ စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုမှာ ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်ကြသလို စစ်ကိုင်းတိုင်းအတွင်းမှာလည်း အမှိုက်ကောက် လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ဖို့ရှိတယ်လို့ ပုလဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
“ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်တာပါ။ ဒီနေ့လေ ၁၂ရက်၊ ၁၃ရက်ကို တော့ နှစ်ရက်စလုံး အကုန်လုံး အမှိုက်ကောက်ဖို့ ကျမတို့ စီစဉ်ထားတာပါ။ မုံရွာလည်း ကောက်ပါတယ်။ ကျမတို့နား နီးစပ်ရာတွေပေါ့နော်။ ဆားလင်းကြီးတို့ ယင်းမာပင်တို့လည်း ကောက်ပါတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေ လည်း ကောက်တယ်လို့ သိရပါတယ်။
လူထုတွေအနေနဲ့ ဒီလိုမျိုး လုပ်တာကို သူတို့ သဘောကျ ကျေနပ်ကြပါတယ်။ ဒီလိုမျိုး ဆောင်ရွက်တာကတော့ ကျမတို့တိုင်းပြည်မှာ အလေ့အကျင့်ကောင်း တရပ်အနေနဲ့ ပါတီမဝင်တဲ့ တခြား ဒေသခံ ပြည်သူလူထုတွေကလည်း အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါတယ်။
ကျမ မနက်က ရောက်သွားတဲ့အခါကျတော့ စည်ပင်သာယာက တွန်းလှည်းတွေနဲ့ အကုန်လုံး လိုက်ပြီးတော့ ဝန်ထမ်းတွေကလည်း ကျမတို့နောက်ကနေ သူတို့ကိုယ်တိုင် လိုက်ပြီးတော့ တံမြက်စည်းလှဲ အမှိုက်ကျံုးတာတွေ လုပ်ပါတယ်။ ပြည်သူလူထုရော မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေနဲ့ကရော ပူးပေါင်းပါဝင်တာကို ကျမတို့ တွေ့ရပါတယ်။ “
ရန်ကုန်တိုင်း ရပ်ကွက်တွေတွင်း ရေနုတ်မြောင်းတွေ၊ အမှိုက်ပုံတွေ၊ ခြံုနွယ်တွေကို လူထုက ဝိုင်းဝန်း ရှင်းလင်းခဲ့ကြတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေ ရန်ကုန်မြို့ခံ ကိုစိုးမိုးက ပြောပါတယ်။
“ကျနော်က သင်္ဃန်းကျွန်းဆိုတော့ ကျနေ်ာတို့က ၁၂၊ ၁၃ ဆိုပြီးတော့ လုပ်လိုက်ပြီးတော့ ရပ်ကွက်တွေထဲမှာ အရင်ဆုံး ရှင်းလင်းတာပေါ့နော်။ ရသလောက် ကျနော်တို့ မြို့နယ်မှာ ရပ်ကွက်တော်တော်များများ ပြည်သူတွေလည်း ပါပါတယ်ခင်ဗျ။ ကျနော်တို့ အများသုံးလမ်းတွေ၊ အများသွားလာတဲ့ လမ်းမကြီးတွေ အဲ့ဒီ့လမ်းမကြီးတွေကို အရင်ရှင်းတယ်ခင်ဗျ။ ပြီးတော့ ကျနော်တို့ ရေကန်ဘေးတို့၊ အများသုံး ရေကန်ဘေးတို့၊ မီးသန့်ကန်ဘေးတို့ အဲ့လိုမျိုး နေရာတွေရှင်းတယ်ခင်ဗျ။ ကျနော်တို့တွေ အမှိုက်ပုံတဲ့နေရာကအစ ရှင်းလိုက်တယ်။ ပြည်သူတွေ အမှိုက်တွေ ပုံထားတဲ့နေရာတွေရှိတယ်။ အမှိုက်မပုံရတဲ့နယ်မြေတွေမှာ ပုံထားတယ်၊ အဲ့တာလည်း အကုန် ကျနော်တို့ ရှင်းလိုက်တာရှိတယ်။
အဲ့ဒီ့မှာ တခု ကျနော်တို့ ကောင်းတာကလေ ကျနော်တို့နဲ့အတူတူ မြို့တော် စည်ပင်သာယာရေး က ပူးပေါင်းပါဝင်ပေးတယ်ခင်ဗျ။ ကျနော်တို့ရဲ့ ရလဒ်ပေါ့နော်။ ဆွဲခေါ်တဲ့နေရာမှာ ပါလာတာပေါ့နော်။ အဲ့တာ အရမ်းကောင်းတယ်ခင်ဗျ။ သူတို့ ကူညီပေးတယ်ခင်ဗျ။ ကားနဲ့လည်း ကူညီပေးတယ်။ လူနဲ့လည်း ကူညီပေးတယ် ကျနော်တို့ကို။”
အခုလို အမှိုက်ကောက်၊ အမှိုက်ရှင်း လှုပ်ရှားမှုတွေမှာလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်တာဝန်ရှိသူတွေဘက်က ပူးပေါင်းပါဝင် ကူညီခဲ့တယ်လို့ပြောပါတယ်။
ဒီကနေ့ နိုင်ငံတဝှမ်း စတင်တဲ့ အမှိုက်ကောက် လှုပ်ရှားမှုမှာ ရုပ်ရှင်၊ ဂီတ၊ စာပေလောကက အနုပညာရှင်တွေကလည်း ဝိုင်းဝန်းပါဝင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးမှာ သန့်ရှင်းရေးကစလို့ စည်းကမ်းပိုင်း ဆိုင်ရာအထိ နိုင်ငံတကာအဆင့်မှီဖို့ အခြေခံ စိတ်ဓာတ်ပိုင်းကအစ အများကြီး တည်ဆောက်ပြုပြင်ကြဖို့ လိုသလို ပြည်သူလူထုကလည်း ပြုပြင်ပြောင်းလဲရေးမှာ စိတ်ရောကိုုယ်ပါ ပူးပေါင်းပါဝင်ကြတာ တွေ့ရတယ်လို့ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
“ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းရေး ကလည်း လိုအပ်တာပဲ။ ကျမတို့ တိုင်းပြည်က နိုင်ငံတကာနဲ့ ယှဉ်လို့ရှိရင် အများကြီး တည်ဆောက်ရဦးမှာ။ စည်းကမ်းပိုင်းဆိုင်ရာ ကအစ ဒီလိုမျိုး အစပျိုးပေးတယ်လို့ ကျမက မြင်ပါတယ်။ အမေ Organized လုပ်နိုင်တဲ့ဟာရဲ့ ပြရုပ်ဖြစ်သလို တိုင်းပြည်ကို စပြီးတော့မှ ဦးဆောင်မယ်ဆိုတဲ့ နေရာမှာ လိုအပ်တာတွေကို လုပ်သွားမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ် ကျမတို့ကလေ။ “
ဒီကနေ စနေနေ့ကစလို့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း ကရင်ပြည်နယ် စစ်ကိုင်းတိုင်း စတဲ့ပြည်နယ် တိုင်းအသီးသီးမှာလည်း စုပေါင်းအမှိုက်ကောက်ခဲ့ကြသလို မနက်ဖြန် ဒီဇင်ဘာလ ၁၃ရက်နေ့မှာလည်း အမှိုက်ကောက်လှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ အမှိုက်ကောက်သူတွေကပြောပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com