Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီနဲ႔ UNFC ေတြ႔ဆံုမည္

$
0
0
ရွမ္းျပည္ေတာင္ပိုင္းတပ္မေတာ္ RCSS/SSAမွ တပ္သားတခ်ိဳ႕ကိုေတြ႔ရစဥ္
Photo: RFA

ညီညႊတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC ) နဲ႔ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS/SSA) တို႔ လာမယ့္ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ သီးသန္႔ေတြ႔ဆံုဖို႔ရွိတယ္လို႔ သိရပါတယ္။

UNFC အေနနဲ႔ ေတြ႔ဆံုခြင့္ေတာင္းခံထားတာျဖစ္ၿပီး RCSS/SSA  ဥကၠဌကလည္း ေတြ႔ဆံုမယ္လို႔ အေၾကာင္းျပန္ထားေၾကာင္း RCSS/SSA က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး စိုင္းလွက ေျပာပါတယ္။

"UNFC အေနနဲ႔ က်ေနာ္တို႔ကိုလာၿပီးေတာ့ က်ေနာ္တို႔ ဥကၠဌႀကီးနဲ႔ ေတြ႔ဆံုဖို႔ေတာင္းဆိုထားတာေတာ့ ရွိပါတယ္၊ UNFC  ရဲ႕ ညီလာခံၿပီးသြားတဲ့ေန႔ ၁ဝ ရက္ေန႔မွာ ေျပာပါတယ္၊ က်ေနာ္တို႔ ဥကၠဌႀကီးက ၁၅ ရက္ေန႔မွာ အားရင္ေတာ့ သူတို႔နဲ႔ေတြ႔ပါ့မယ္ဆိုတာေတာ့ ေျပာၾက ဆိုၾကတာေတြ ရွိပါတယ္"

အ့ဲဒီေတြ႔ဆံုပြဲမွာ ဘယ္အေၾကာင္းအရာကို အဓိကထား ေဆြးေႏြးမယ္ဆုိတာေတာ့ မသိရေသးဘူးလို႔ ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း ကြက္ခိုင္ၿမိဳ႕နယ္အတြင္း ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RSCC/SSA နဲ႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA တို႔အၾကား နယ္ေျမျဖတ္သန္းသြားလာမႈနဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္တပ္ေတြ တင္းမာမႈေတြရွိေနတယ္ဆိုၿပီး ဒီရက္ပိုင္းအတြင္း သတင္းေတြထြက္ေပၚေနပါတယ္။

RCSS အဖြဲ႔ဟာ အစိုးရနဲ႔ အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ NCA မွာ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔တစ္ဖြဲ႔ျဖစ္ၿပီး လက္မွတ္ေရးထိုးထားျခင္္းမရွိေသးတဲ့ တအာင္းအမ်ဳိးသားလြတ္ေျမာက္ေရး တပ္မေတာ္TNLA အေျခစိုက္တဲ့ ရွမ္းျပည္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ လကုန္ပိုင္းတုန္းက ႏွစ္ဘက္တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
........................
 ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSAမှ တပ်သားတချို့ကိုတွေ့ရစဉ်
Photo: RFA

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC ) နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သီးသန့်တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

UNFC အနေနဲ့ တွေ့ဆုံခွင့်တောင်းခံထားတာဖြစ်ပြီး RCSS/SSA  ဥက္ကဌကလည်း တွေ့ဆုံမယ်လို့ အကြောင်းပြန်ထားကြောင်း RCSS/SSA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

"UNFC အနေနဲ့ ကျနော်တို့ကိုလာပြီးတော့ ကျနော်တို့ ဥက္ကဌကြီးနဲ့ တွေ့ဆုံဖို့တောင်းဆိုထားတာတော့ ရှိပါတယ်၊ UNFC  ရဲ့ ညီလာခံပြီးသွားတဲ့နေ့ ၁ဝ ရက်နေ့မှာ ပြောပါတယ်၊ ကျနော်တို့ ဥက္ကဌကြီးက ၁၅ ရက်နေ့မှာ အားရင်တော့ သူတို့နဲ့တွေ့ပါ့မယ်ဆိုတာတော့ ပြောကြ ဆိုကြတာတွေ ရှိပါတယ်"

အဲ့ဒီတွေ့ဆုံပွဲမှာ ဘယ်အကြောင်းအရာကို အဓိကထား ဆွေးနွေးမယ်ဆိုတာတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RSCC/SSA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား နယ်မြေဖြတ်သန်းသွားလာမှုနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေ တင်းမာမှုတွေရှိနေတယ်ဆိုပြီး ဒီရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်နေပါတယ်။

RCSS အဖွဲ့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်မှတ်ရေးထိုးထားခြင််းမရှိသေးတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်TNLA အခြေစိုက်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...