Phothutaw
.............
ကိုယ်အလေးချိန် ၆၄ ပေါင်ပဲ ရှိတော့တဲ့အထိ အိမ်အကူကို အနုနည်းနဲ့ ညှဉ်းပန်းခဲ့တဲ့ ဇနီးမောင်နှံ
ဖိလစ်ပိုင်နိုင်ငံလူအိမ်အကူကို ကိုယ်အလေးချိန် ၂၉ ကီလိုဂရမ်(၆၄ ပေါင်)ပဲ ရှိတော့တဲ့အထိ အငတ်ထားခဲ့တဲ့ စင်ကာပူက ဇနီးမောင်နှံကို ဒီအမှုအတွက် ရုံးတင်စစ်ဆေးနေပြီလို့ သိရပါတယ်။
အသက် ၄၀ နှစ်ရှိ သယ်မာအွိုင်ယာဆန်ဂါ၀ီဒန်ဟာ အသက် ၄၇ ခုနှစ် အသီးသီးရှိ လင်ချွန်ဟုန်နဲ့ ဇနီးချုန်ဆွေဖွန်းတို့ ဇနီးမောင်နှံဆီမှာ ၂၀၁၄ ခုနှစ် ဧပြီ သူမထွက်မပြေးခင်အထိ တစ်နှစ်ခွဲနီးပါး အလုပ်လုပ်ခဲ့ပါတယ်။
သူမကို အဆိုပါဇနီးမောင်နှံဟာ တစ်နှစ်ကျော်ကြာအောင် နံနက်စာရောညစာကိုပါ အသင့်စားခေါက်ဆွဲပြုတ်တွေပဲ ကျွေးခဲ့တယ်လို့ သူမက ဆိုပါတယ်။
အစာအာဟာရ လုံလုံလောက်လောက်မကျွေးမွေးတဲ့အပြင် လုံလောက်စွာအနားယူခွင့် မပေးဘူးကာ စတိုခန်းထဲမှာ တစ်နေ့ကို သုံးနာရီလောက်ပဲ အိပ်စက်စေတယ်လို့ သိရပါတယ်။
သူမဟာ ဒီ့မတိုင်ခင်ကထက် ၂၀ ကီလိုဂရမ်(၄၅ ပေါင်) ခန့် ကိုယ်အလေးချိန်
လျော့ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။