ကိုလိုနီေခတ္ လက္က်န္ သမိုင္းလက္စလက္န မ်ားစြာရွိေနတဲ့ ျပင္ဦးလြင္ၿမိဳ႕ေလးကို မႏၲေလးၿမိဳ႕မွာ ေနတဲ့ စာေရးသူအေနနဲ႔ အိမ္ဦးနဲ႔ ၾကမ္းျပင္ပမာ အေခါက္ေခါက္အခါခါ ေရာက္ဖူးေပးမယ့္ ယခုေနာက္ဆံုးသြားခဲ့တဲ့ အေခါက္က ေတာ့ မသြားခင္ကပင္ စိတ္လႈပ္ရွားေနမိပါတယ္။ ရန္ကုန္က Travels and Tours ပိုင္ရွင္ မိတ္ေဆြတဦးရဲ႕ စီစဥ္ေပးမႈနဲ႔ ေမ ၿမိဳ႕ေခၚ ျပင္ဦးလြင္ၿမိဳ႕ကို ေရာက္ျဖစ္ခဲ့တာပါ။ အမွန္အတိုင္းေျပာရရင္ အေခါက္ေခါက္ေရာက္ဖူးေနတဲ့ စာေရးသူအဖို႔ ျပင္ဦး လြင္ခရီးစဥ္ကို သြားဖို႔ရာ ထူးထူးျခားျခား ရင္မခုန္မိပါဘူး။ စိတ္မလႈပ္ရွားမိပါဘူး။ ဒါေပမယ့္….။
ျပင္ဦးလြင္ေရာက္ရင္ တည္းခိုေနထိုင္ဖို႔ မိတ္ေဆြ စီစဥ္ေပးတဲ့ေနရာက Aureum Resort @ Governor’s House Pyin Oo Lwin ျဖစ္ေနပါတယ္။ တည္းခိုရမယ့္ေနရာကို သိလိုက္ရတဲ့အခါမွာေတာ့ စိတ္လႈပ္ရွားမိသြားပါတယ္။ ၾကယ္ေလး ပြင့္ရွိတဲ့ Aureum Resort @ Governor’s House Pyin Oo Lwin ဟိုတယ္အေကာင္းစားႀကီးမွာ တည္းခိုခြင့္ရလို႔ စိတ္ လႈပ္ရွားတာမဟုတ္ပါဘူး။ နာမည္သားၾကားဖူးၿပီး တေခါက္တခါမွာ မေရာက္ျဖစ္ေသးဖူးတဲ့ ျပင္ဦးလြင္ၿမိဳ႕ရဲ႕ ကိုလိုနီေခတ္ အစိုးရေတြအဆက္ဆက္ ရံုးထိုင္၊ ေနထိုင္ခဲ့တဲ့ Governor’s House ေခၚ အစိုးရစံအိမ္ေတာ္ကို သြားေရာက္ေလ့လာဖို႔ အခြင့္အေရးရေတာ့မွာမို႔ ျဖစ္ပါတယ္။
Governor’s House ဟာ ျပင္ဦးလြင္ လား႐ႈိးကားလမ္းေဘး စစ္တကၠသိုလ္အနီးမွာ တည္ရွိပါတယ္။ Governor’s House တည္ရွိတဲ့ ေတာင္ကုန္းေနရာတခုလံုးကို ျမန္မာႏိုင္ငံသား သူေဌးႀကီး ဦးေတဇတို႔ ထူးကုမၸဏီက စီမံခန္႔ခြဲ လုပ္ကိုင္ခြင့္ ရ ထားပါတယ္။ ထူးကုမၸဏီက Governor’s House တည္ရွိတဲ့ ေတာင္ကုန္းေလးတ၀ိုက္မွာ ကို Aureum Resort အမည္နဲ႔ ဘန္ဂလိုေတြေဆာက္လုပ္ကာ ဟိုတယ္အျဖစ္ဖြင့္ထားတဲ့အျပင္ ပင္မအေဆာက္အအံု Governor’s House ကိုလည္း အတြင္းပိုင္း မြမ္းမံကာ ဟိုတယ္ခန္းအျဖစ္ ျပင္ဆင္ဖြင့္လွစ္ထားတာျဖစ္ပါတယ္။
Governor’s House ဟာ ေတာင္ဘက္ကို မ်က္ႏွာမူေဆာက္လုပ္ထားတဲ့ အေဆာက္အအံုျဖစ္ၿပီး အေနာက္ဘက္ အျခမ္း ဟာ ကိုလိုနီေခတ္ မ်က္ႏွာျဖဴအရာရွိမ်ားေနထိုင္တဲ့ေနရာျဖစ္ကာ အေရွ႕ဘက္အျခမ္းကေတာ့ ရံုးခန္းေနရာပဲ ျဖစ္ပါတယ္။ လက္ရွိအေဆာက္အအံုဟာ အသစ္ျပန္လည္ မြမ္းမံ ေဆာက္လုပ္ထားတာျဖစ္ေပမယ့္ နဂိုအတိုင္း အေဟာင္းပံုစံ ျဖစ္ေနလို႔ ကိုလိုနီေခတ္အေငြ႔အသက္ေတြ ျမင္ရေတြ႔ရ ခံစားရပါတယ္။
စာေရးသူဟာ ျပင္ဦးလြင္ကို ေရာက္တုန္း Governor’s House ကို ႏွစ္ႀကိမ္သြားေရာက္ေလ့လာျဖစ္ခဲ့ပါတယ္။ ပထမ အႀကိမ္ကေတာ့ ညေနေမွာင္ရီပ်ဳိးစအခ်ိန္ျဖစ္ပါတယ္။ ေနေရာင္ ေပ်ာက္လုလုျဖစ္ေနတဲ့အခ်ိန္မွာ အဲဒီစံအိမ္ေတာ္ႀကီးကို သြားေလ့လာရတာဟာ စိတ္ထဲမွာေတာ့ တမ်ဳိး ခံစားမိပါတယ္။ ေဆာင္းရာသီအစျဖစ္ေနေပမယ့္ ျပင္ဦးလြင္ရဲ႕ အေအးက လည္း သိသိသာသာ ခံစားေနရပါၿပီ။ စံအိမ္ေတာ္အျပင္ဘက္မွာေရာ အတြင္းမွာပါ လူတစံုတေယာက္မွ မေတြ႔ရဘဲ တိတ္ ဆိတ္ေနပါတယ္။ တိ္တ္ဆိတ္ေနျခင္းကိုက စိုးရြံ႕ျခင္းခံစားမႈကို ပိုျဖစ္ေစပါတယ္။
စာေရးသူနဲ႔အတူ သူငယ္ခ်င္းအခ်ိဳ႕လည္း အေဆာက္အအံုကို ေလ့လာဖို႔ လိုက္ပါလာၿပီး သူတို႔မ်က္ႏွာေပၚမွာလည္း တစံု တရာ စိုးထိတ္မႈရွိေနတာကို အထင္းသား ျမင္ေတြေန႔ရပါတယ္။ ကိုလိုနီေခတ္က ေနရာတစ္ခုကို လာေရာက္ ေလ့လာ တာမို႔ ကိုလိုနီေခတ္သမိုင္းထဲက တစံုတခုကို စိုးရိမ္မိေနတာလည္းျဖစ္ႏိုင္သလို ဒီလိုေနရာမ်ဳိးေတြဟာ သူရဲေျခာက္လန္႔ တတ္တယ္ဆိုတဲ့ ၾကားဖူးနာ၀နဲ႔ ထိတ္လန္႔ေနတာလည္းျဖစ္ႏိုင္ပါတယ္။
စံအိမ္ေတာ္ေရွ႕ကြက္လပ္မွာ ေရွးေဟာင္းကားႏွစ္စီးကို ယွဥ္လ်က္ ကပ္ရပ္ထားပါတယ္။ လူတစံုတေယာက္မ်ား ရွိေနမ လားဆိုၿပီး အသံေပးေပမယ့္ ထူးျခားမလာပါဘူး။ ဒါနဲ႔ပဲ စံအိမ္ေတာ္ေရွ႕မွာ မိတ္ေဆြအခ်ဳိ႕ဟာ အမွတ္တရ ဓာတ္ပံုရိုက္ၿပီး အေဆာက္အအံုျပင္ပကို ဟိုၾကည့္ဒီၾကည့္ လုပ္ေနမိၾကပါတယ္။ အေဆာက္အအံုအတြင္းကို ၀င္ႏိုင္တဲ့တံခါးေတြကို ၾကည့္ တဲ့အခါမွာလည္း ေသာ့ေတြနဲ႔ ပိတ္ထားတာေၾကာင့္ အခ်ိန္ငါးမိနစ္ေလာက္ၾကာတဲ့အခါ အေမွာင္ရိပ္သန္းလာကာ အေအး ပိုလာတာမို႔ ေခတၱတည္းခိုရာ အခန္းကို ေျခဦးလွည့္ျပန္ခဲ့ၾကပါေတာ့တယ္။
ျပန္ခါနီးမွာ အတူပါလာတဲ့ သူငယ္ခ်င္းတဦးဟာ အေဆာက္အအံုရဲ႕ မွန္ျပတင္းတံခါးကေန အတြင္းကို လွမ္းၾကည့္လိုက္ တဲ့အခါ အေမွာင္ထဲမွာ လူအခ်ဳိ႕ထိုင္ေနတာကို ရိုးတိုးရိပ္တိတ္ေတြ႕လိုက္ရၿပီး အနည္းငယ္ ထိတ္လန္႔တၾကား ျဖစ္ သြား ပါတယ္။ မိတ္ေဆြလည္း ျမန္ျမန္ေနာက္ျပန္ဆုတ္ကာ စိုးရိမ္စိတ္နဲ႔ အခ်င္းခ်င္းလက္တို႔ကာ ျမန္ျမန္သြက္သြက္ ျပန္လည္ ထြက္ခြာလာခဲ့ပါေတာ့တယ္။ အဲဒီ စံအိမ္ေတာ္အတြင္းရွိေနသူေတြက ဘယ္သူေတြလဲ၊ ဘာေတြလဲဆိုတဲ့ သိခ်င္စိတ္ေတြ တဖြားဖြားေပၚလာခဲ့ပါေတာ့တယ္။
ပထမေန႔ စံအိမ္ေတာ္ေလ့လာေရးခရီးကေတာ့ ဘာမွသိပ္မေလ့လာခဲ့ရဘဲ အျပင္ဘက္ကသာ ၾကည့္ရံုၾကည့္ခဲ့ရပါတယ္။ ထူးထူးျခားျခားေလ့လာခြင့္မရတာရယ္၊ ျမင္ေတြလိုက္ရတဲ့ အေမွာင္ထဲက စံအိမ္ေတာ္အတြင္း ရိုးတိုးရိပ္တိတ္ေတြက စာ ေရးသူကို ေနာက္ထပ္တေခါက္ ျပန္လာဖို႔ ဖိတ္ေခၚေနသလိုျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ေနာက္တေန႔ လင္းလင္းခ်င္းခ်င္း ရွိေနခ်ိန္မွာ စံအိမ္ေတာ္ကို ေနာက္တေခါက္သြားေရာက္ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။
Governor’s House ေခၚ စံအိမ္ေတာ္ကို ေနာက္တေန႔ ေန႔လယ္ခင္းဘက္မွာ ထပ္မံေရာက္ရွိခဲ့ပါတယ္။ ဒီတေခါက္မွာေတာ့ လူအခ်ဳိ႕ ရွိေနပါၿပီ။ Aureum Resort Hotel အမွတ္တံဆိပ္ပါတဲ့ စပို႔ရွပ္၀တ္ထားတဲ့ ဟိုတယ္၀န္ထမ္းေတြျဖစ္ပါတယ္။ စာ ေရးသူတို႔လည္း ကိုယ့္ကိုယ္ကိုယ္ မိတ္ဆက္ေပးၾကရင္း စံအိမ္ေတာ္ကို စိတ္၀င္စားလို႔ လာေရာက္ေလ့လာၾကတာျဖစ္ ေၾကာင္း၊ အတြင္းသို႔ ၀င္ခြင့္ျပဳေစလိုေၾကာင္း ရွင္းျပပါတယ္။
လံုၿခံဳေရး၀န္ထမ္းတစ္ဦးက ေဖာ္ေရြစြာ ျပန္လည္ႏႈတ္ဆက္ရင္း ဟိုတယ္ဧည့္ႀကိဳေကာင္တာကို ေသာ့ဖြင့္ေပးဖို႔ လွမ္း အေၾကာင္းၾကားပါတယ္။ မၾကာခင္မွာ တိုက္ပံုနီညိဳေရာင္၀တ္ထားတဲ့ ေနာက္ထပ္ဟိုတယ္၀န္ထမ္းတဦး ေရာက္လာပါ တယ္။ ေသာ့ယူဖို႔ ခဏေစာင့္ေပးရန္ ေျပာပါတယ္။ သိပ္မၾကာလိုက္ပါ ေသာ့တြဲတခုယူၿပီး ေရာက္လာကာ ယခု ၀င္ေရာက္ ရမယ့္ အခန္းအတြင္းထဲေရာက္တဲ့အခါ ဓာတ္ပံုမရိုက္ဖို႔ အသိေပးပါတယ္။
စံအိမ္ေတာ္ရံုးခန္းဘက္က တံခါးဖြင့္ဖြင့္ခ်င္း အေဆာက္အအံုထဲမွာ လူအစစ္နဲ႔ ခြ်တ္စြတ္တူတဲ့ ႏိုင္ငံျခားသားစစ္သားႏွစ္ဦး စစ္၀တ္စံုအျပည့္နဲ႔ ေသနတ္ကိုင္ထားဟန္ ရပ္ေနတာကို ျမင္လိုက္ရပါတယ္။ “ ဒါေတြက ဘာေတြလဲ” လို႔ စာေရးသူက စပ္စုလိုက္ပါတယ္။ ၀န္ထမ္းက “ ဒါေတြက ႏိုင္ငံျခားက မွာထားတဲ့ စစ္သားအရုပ္ေတြပါ။ အတြင္းဘက္ အခန္းမွာလည္း ရွိေသးတယ္။ တကယ့္လူေတြအတိုင္းပဲ။ ဆီလီကြန္နဲ႔လုပ္ထားတာ” လို႔ ျပန္ရွင္းျပပါတယ္။ စစ္သားအရုပ္ေတြဟာ တကယ့္ လူအရပ္အေမာင္းအတိုင္းပါပဲ။ မ်က္ႏွာနဲ႔လက္ေတြကို ကိုင္ၾကည့္တဲ့အခါ လူ႔အသားအေရလိုပဲ ေပ်ာ့တြဲတြဲျဖစ္ေနပါတယ္။ အမွန္လူစစ္စစ္ေတြပမာ အသက္၀င္လွပါတယ္။
ဒါနဲ႔ အတြင္းခန္းဘက္ကို ၀င္ၾကည့္လိုက္တဲ့အခါ စာေရးသူ အံ့ၾသမင္သက္သြားမိပါေတာ့တယ္။ မတ္တပ္ရပ္လ်က္ လူပံု ေတြ၊ ထိုင္ေနတဲ့လူပံုေတြ ႏွစ္ဆယ္ခန္႔ တကယ့္ လူအစစ္အတိုင္း ျမင္ေတြ႔လိုက္ရလို႔ျဖစ္ပါတယ္။ ေခတ္အဆက္ဆက္ Governor’s House ေခၚ စံအိမ္ေတာ္မွာ တာ၀န္က်ခဲ့တဲ့ ေနထိုင္ခဲ့တဲ့ ဘုရင္ခံေတြ၊ ဘုရင္ခံမိသားစုေတြ၊ မ်က္ႏွာျဖဴအရာရွိ ေတြကို ဆီလီကြန္အရုပ္ေတြျပဳလုပ္ထားတာျဖစ္ပါတယ္။
ပထမရက္က မွန္ျပတင္းတံခါးကေန အေမွာင္ထဲမွာ ၀ိုးတိုး၀ါးတားျမင္ေတြခဲ့ရတဲ့ဟာေတြက ဘာေတြလဲဆိုတာ အခုမွ အေျဖထြက္လာတာျဖစ္ပါတယ္။ ဆီလီကြန္ အရုပ္ႀကီးေတြကိုး။ မဆီမဆိုင္ အရုပ္ေတြကို တခုခုထင္ၿပီး ပထမေန႔က စိုးရိမ္ ခဲ့ၾကတာပါ။ စစ္၀တ္စစ္စားနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအရုပ္ႏွစ္ခုကလည္း တကယ္မာန္အျပည့္ ဟန္အျပည့္နဲ႔ မတ္တပ္ရပ္ ေနတာကို ေတြ႔ရပါတယ္။ တိုက္ပံု၀တ္ထားတဲ့ ျမန္မာအမ်ဳိးသားအရုပ္ကို ေတြ႔လိုက္ရတဲ့အခါ ျမင္ဖူးသလိုလိုရွိတယ္လို႔ စိတ္ထဲခံစားမိပါတယ္။ ေသခ်ာၾကည့္တဲ့အခါ ထူးကုမၸဏီပိုင္ရွင္ ဦးေတဇ အရုပ္ျဖစ္ေနပါတယ္။ ဦးေတဇရဲ႕ေဘးနားမွာရွိတဲ့ အရုပ္ကိုေတာ့ ၀န္ထမ္းက “ ဒါက ဦးေတဇ အေဖပံုေလ” လို႔ ရွင္းျပပါတယ္။
စာေရးသူက ဒီအရုပ္ေတြကို ဘာလုပ္ဖို႔လဲလို႔ ေမးတဲ့အခါ ဟိုတယ္၀န္ထမ္း ” ျပတိုက္လုပ္ဖို႔ စုထားတာ။ အရုပ္တရုပ္ကို သိန္း ၈၀ ေလာက္ တန္ေၾကးရွိတယ္။ မၾကာခင္ ဒီမွာ Museum ဖြင့္မွာ။ ၿပီးေတာ့ ဟိုဘက္အခန္းမွာ ေကာ္ဖီေရွာ့ဖြင့္မွာ” လို႔ တျခားအခန္းဘက္ လက္ညွဳိးညႊန္ျပရင္း ျပန္ေျဖပါတယ္။ အဲဒီဘက္အခန္းမွာ သစ္သားစည္ပိုင္းေတြကို ထိုင္ခံုေတြ စားပြဲခံု ေတြ ဖန္တီးအလွဆင္ထားတာကို ေတြ႔ရၿပီး ေကာ္ဖီဆိုင္ဖြင့္ဖို႔ အသင့္ရွိေနတဲ့ပံုေပၚပါတယ္။ စံအိမ္ေတာ္ရံုးခန္းအေပၚထပ္ ကို စာေရးသူက ေမးေငါ့ၿပီး အေပၚမွာေရာ ဘာေတြရွိလဲလို႔ ေမးတဲ့အခါ “ဘာမွမရွိဘူး။ ေဟာလ္ႀကီး “ လို႔ ၀န္ထမ္းက ေျပာပါတယ္။
ရံုးခန္းဘက္ ေလ့လာၾကည့္ၿပီးတဲ့အခါ လူေနထိုင္ခဲ့တဲ့ စံအိမ္ေတာ္ဘက္အျခမ္းကို ဆက္လက္ေလ့လာဖို႔ ကူးလာခဲ့ပါတယ္။ ေအာက္ထပ္ ၀င္၀င္ခ်င္းမွာလည္း မ်က္ႏွာျဖဴ ဆီလီကြန္လူရုပ္ေတြ ေတြ႔ရၿပီး ဒီအရုပ္ေတြကေတာ့ သက္တမ္း ၅ႏွစ္ခန္႔ ၾကာ ၿပီလို႔ သိရပါတယ္။ ဘုရင္ခံ ဆာဟူးဘတ္ရန္႔၊ မႏၲေလးၿမိဳ႕ကို သိမ္းယူရာမွာ ဦးေဆာင္ခဲ့သူ ဗိုလ္ခ်ဳပ္ ပရင္ဒါဂတ္၊ အဂၤလိပ္ အရာရွိ ဗိုလ္မွဴးႀကီး ေမ(ဗိုလ္မွဴးႀကီး ေမကို အစြဲျပဳၿပီး ေမၿမိဳ႕လို႔ ေခၚတြင္ပါတယ္)၊ ကာနယ္စေလဒင္တို႔ရဲ႕ ဆီလီကြန္ အရုပ္ ေတြျဖစ္ပါတယ္။ ဒီအရုပ္ေတြကိုေတာ့ ဓာတ္ပံုရိုက္ခြင့္ျပဳပါတယ္။ အခန္းနံရံေတြေပၚမွာလည္း ေရွးကိုလိုနီေခတ္က Governor’s House ဓာတ္ပံုေတြ ၊ မ်က္ႏွာျဖဴအရာရွိေတြ၊ ၀န္ထမ္းေတြရဲ႕ ဓာတ္ပံုအေဟာင္းေတြကို ခ်ိတ္ဆြဲျပသထားပါ တယ္။
ဒီဘက္ အေဆာက္အအံုဘက္မွာ ၀န္ထမ္းအခ်ဳိ႕သန္႔ရွင္းေရးလုပ္ေနတာေတြ႔လို႔ ေမးၾကည့္ေတာ့ မနက္ျဖန္ အေရးႀကီး ဗီအိုင္ပီေတြ လာတည္းမွာမို႔ ရွင္းလင္းေနတာလို႔ လိုက္လံရွင္းျပတဲ့ ဟိုတယ္၀န္ထမ္းက ပ်ဴငွာစြာ ျပန္ေျဖပါတယ္။ ဒီ အ ေဆာင္က တည္းလို႔ရပါတယ္။ ေစ်းႏႈန္းက တရက္ ေဒၚလာ ၂၁၆၀ ျဖစ္ၿပီး လူ၁၄ ဦး တည္းခိုခြင့္ရတာျဖစ္ပါတယ္။ ျမန္မာ ေငြနဲ႔ဆို တရက္ က်ပ္ ၂၅ သိန္းေက်ာ္ က်သင့္တာပါ။ အေဆာက္အအံုထဲမွာ အေသးစား ေရကူးကန္ေလးတခုပါၿပီး ေရကူး ကန္ေဘးမွာ ႏိုင္ငံျခား အရက္မ်ဳိးစံုပါတဲ့ ဘားေကာင္တာ တခုရွိပါတယ္။ ဟိုတယ္အေဆာင္တခုလံုးနီးပါးကို ေခတ္မီ ပစၥည္းေတြနဲ႔ ကိုလိုနီပံုစံအတိုင္း ျပင္ဆင္မြမ္းမံထားတာျဖစ္ပါတယ္။
စံအိမ္ေတာ္အျပန္လမ္းမွာေတာ့ ေနေရာင္ဟာ စံအိမ္ေတာ္ကို ေက်ာ္ၿပီး အေနာက္ဘက္ကို က်စျပဳေနပါၿပီ။ စာေရးသူအဖို႔ Governor’s House ေခၚ စံအိမ္ေတာ္က အျပန္လမ္းမွာ အေတြးစေတြ မ်ားစြာ ပါလာပါတယ္။ ထူးကုမၸဏီဟာ Governor’s House ကို ဘယ္ေလာက္ကာလအထိ စီမံခြင့္၊ ငွားရမ္းခြင့္ ရခဲ့သလဲ။ အစိုးရကို ငွားရမ္းခ ဘယ္ေလာက္ေပးသြင္းရသလဲ။
ေနာင္ အနာဂတ္ကာလ ျပတိုက္ျဖစ္ေနခ်ိန္မွာ စံအိမ္ေတာ္သို႔ ျပည္သူေတြ လြတ္လြတ္လပ္လပ္ ၀င္ထြက္ေလ့လာ ခြင့္ ရ လာမလား။ စံအိမ္ေတာ္ဟာ ေနာင္မွာ ဘယ္ေလာက္အထိ အသက္ျပန္၀င္လာမွာလဲ။ စသျဖင့္…။
Irrawaddy
.............
ပြင်ဦးလွင် စံအိမ်တော်သို့ အလည်တခေါက်
ကိုလိုနီခေတ် လက်ကျန် သမိုင်းလက်စလက်န များစွာရှိနေတဲ့ ပြင်ဦးလွင်မြို့လေးကို မန္တလေးမြို့မှာ နေတဲ့ စာရေးသူအနေနဲ့ အိမ်ဦးနဲ့ ကြမ်းပြင်ပမာ အခေါက်ခေါက်အခါခါ ရောက်ဖူးပေးမယ့် ယခုနောက်ဆုံးသွားခဲ့တဲ့ အခေါက်က တော့ မသွားခင်ကပင် စိတ်လှုပ်ရှားနေမိပါတယ်။ ရန်ကုန်က Travels and Tours ပိုင်ရှင် မိတ်ဆွေတဦးရဲ့ စီစဉ်ပေးမှုနဲ့ မေ မြို့ခေါ် ပြင်ဦးလွင်မြို့ကို ရောက်ဖြစ်ခဲ့တာပါ။ အမှန်အတိုင်းပြောရရင် အခေါက်ခေါက်ရောက်ဖူးနေတဲ့ စာရေးသူအဖို့ ပြင်ဦး လွင်ခရီးစဉ်ကို သွားဖို့ရာ ထူးထူးခြားခြား ရင်မခုန်မိပါဘူး။ စိတ်မလှုပ်ရှားမိပါဘူး။ ဒါပေမယ့်….။
ပြင်ဦးလွင်ရောက်ရင် တည်းခိုနေထိုင်ဖို့ မိတ်ဆွေ စီစဉ်ပေးတဲ့နေရာက Aureum Resort @ Governor’s House Pyin Oo Lwin ဖြစ်နေပါတယ်။ တည်းခိုရမယ့်နေရာကို သိလိုက်ရတဲ့အခါမှာတော့ စိတ်လှုပ်ရှားမိသွားပါတယ်။ ကြယ်လေး ပွင့်ရှိတဲ့ Aureum Resort @ Governor’s House Pyin Oo Lwin ဟိုတယ်အကောင်းစားကြီးမှာ တည်းခိုခွင့်ရလို့ စိတ် လှုပ်ရှားတာမဟုတ်ပါဘူး။ နာမည်သားကြားဖူးပြီး တခေါက်တခါမှာ မရောက်ဖြစ်သေးဖူးတဲ့ ပြင်ဦးလွင်မြို့ရဲ့ ကိုလိုနီခေတ် အစိုးရတွေအဆက်ဆက် ရုံးထိုင်၊ နေထိုင်ခဲ့တဲ့ Governor’s House ခေါ် အစိုးရစံအိမ်တော်ကို သွားရောက်လေ့လာဖို့ အခွင့်အရေးရတော့မှာမို့ ဖြစ်ပါတယ်။
Governor’s House ဟာ ပြင်ဦးလွင် လားရှိုးကားလမ်းဘေး စစ်တက္ကသိုလ်အနီးမှာ တည်ရှိပါတယ်။ Governor’s House တည်ရှိတဲ့ တောင်ကုန်းနေရာတခုလုံးကို မြန်မာနိုင်ငံသား သူဌေးကြီး ဦးတေဇတို့ ထူးကုမ္ပဏီက စီမံခန့်ခွဲ လုပ်ကိုင်ခွင့် ရ ထားပါတယ်။ ထူးကုမ္ပဏီက Governor’s House တည်ရှိတဲ့ တောင်ကုန်းလေးတဝိုက်မှာ ကို Aureum Resort အမည်နဲ့ ဘန်ဂလိုတွေဆောက်လုပ်ကာ ဟိုတယ်အဖြစ်ဖွင့်ထားတဲ့အပြင် ပင်မအဆောက်အအုံ Governor’s House ကိုလည်း အတွင်းပိုင်း မွမ်းမံကာ ဟိုတယ်ခန်းအဖြစ် ပြင်ဆင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
Governor’s House ဟာ တောင်ဘက်ကို မျက်နှာမူဆောက်လုပ်ထားတဲ့ အဆောက်အအုံဖြစ်ပြီး အနောက်ဘက် အခြမ်း ဟာ ကိုလိုနီခေတ် မျက်နှာဖြူအရာရှိများနေထိုင်တဲ့နေရာဖြစ်ကာ အရှေ့ဘက်အခြမ်းကတော့ ရုံးခန်းနေရာပဲ ဖြစ်ပါတယ်။ လက်ရှိအဆောက်အအုံဟာ အသစ်ပြန်လည် မွမ်းမံ ဆောက်လုပ်ထားတာဖြစ်ပေမယ့် နဂိုအတိုင်း အဟောင်းပုံစံ ဖြစ်နေလို့ ကိုလိုနီခေတ်အငွေ့အသက်တွေ မြင်ရတွေ့ရ ခံစားရပါတယ်။
စာရေးသူဟာ ပြင်ဦးလွင်ကို ရောက်တုန်း Governor’s House ကို နှစ်ကြိမ်သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ပထမ အကြိမ်ကတော့ ညနေမှောင်ရီပျိုးစအချိန်ဖြစ်ပါတယ်။ နေရောင် ပျောက်လုလုဖြစ်နေတဲ့အချိန်မှာ အဲဒီစံအိမ်တော်ကြီးကို သွားလေ့လာရတာဟာ စိတ်ထဲမှာတော့ တမျိုး ခံစားမိပါတယ်။ ဆောင်းရာသီအစဖြစ်နေပေမယ့် ပြင်ဦးလွင်ရဲ့ အအေးက လည်း သိသိသာသာ ခံစားနေရပါပြီ။ စံအိမ်တော်အပြင်ဘက်မှာရော အတွင်းမှာပါ လူတစုံတယောက်မှ မတွေ့ရဘဲ တိတ် ဆိတ်နေပါတယ်။ တိ်တ်ဆိတ်နေခြင်းကိုက စိုးရွံ့ခြင်းခံစားမှုကို ပိုဖြစ်စေပါတယ်။
စာရေးသူနဲ့အတူ သူငယ်ချင်းအချို့လည်း အဆောက်အအုံကို လေ့လာဖို့ လိုက်ပါလာပြီး သူတို့မျက်နှာပေါ်မှာလည်း တစုံ တရာ စိုးထိတ်မှုရှိနေတာကို အထင်းသား မြင်တွေနေ့ရပါတယ်။ ကိုလိုနီခေတ်က နေရာတစ်ခုကို လာရောက် လေ့လာ တာမို့ ကိုလိုနီခေတ်သမိုင်းထဲက တစုံတခုကို စိုးရိမ်မိနေတာလည်းဖြစ်နိုင်သလို ဒီလိုနေရာမျိုးတွေဟာ သူရဲခြောက်လန့် တတ်တယ်ဆိုတဲ့ ကြားဖူးနာဝနဲ့ ထိတ်လန့်နေတာလည်းဖြစ်နိုင်ပါတယ်။
စံအိမ်တော်ရှေ့ကွက်လပ်မှာ ရှေးဟောင်းကားနှစ်စီးကို ယှဉ်လျက် ကပ်ရပ်ထားပါတယ်။ လူတစုံတယောက်များ ရှိနေမ လားဆိုပြီး အသံပေးပေမယ့် ထူးခြားမလာပါဘူး။ ဒါနဲ့ပဲ စံအိမ်တော်ရှေ့မှာ မိတ်ဆွေအချို့ဟာ အမှတ်တရ ဓာတ်ပုံရိုက်ပြီး အဆောက်အအုံပြင်ပကို ဟိုကြည့်ဒီကြည့် လုပ်နေမိကြပါတယ်။ အဆောက်အအုံအတွင်းကို ၀င်နိုင်တဲ့တံခါးတွေကို ကြည့် တဲ့အခါမှာလည်း သော့တွေနဲ့ ပိတ်ထားတာကြောင့် အချိန်ငါးမိနစ်လောက်ကြာတဲ့အခါ အမှောင်ရိပ်သန်းလာကာ အအေး ပိုလာတာမို့ ခေတ္တတည်းခိုရာ အခန်းကို ခြေဦးလှည့်ပြန်ခဲ့ကြပါတော့တယ်။
ပြန်ခါနီးမှာ အတူပါလာတဲ့ သူငယ်ချင်းတဦးဟာ အဆောက်အအုံရဲ့ မှန်ပြတင်းတံခါးကနေ အတွင်းကို လှမ်းကြည့်လိုက် တဲ့အခါ အမှောင်ထဲမှာ လူအချို့ထိုင်နေတာကို ရိုးတိုးရိပ်တိတ်တွေ့လိုက်ရပြီး အနည်းငယ် ထိတ်လန့်တကြား ဖြစ် သွား ပါတယ်။ မိတ်ဆွေလည်း မြန်မြန်နောက်ပြန်ဆုတ်ကာ စိုးရိမ်စိတ်နဲ့ အချင်းချင်းလက်တို့ကာ မြန်မြန်သွက်သွက် ပြန်လည် ထွက်ခွာလာခဲ့ပါတော့တယ်။ အဲဒီ စံအိမ်တော်အတွင်းရှိနေသူတွေက ဘယ်သူတွေလဲ၊ ဘာတွေလဲဆိုတဲ့ သိချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့ပါတော့တယ်။
ပထမနေ့ စံအိမ်တော်လေ့လာရေးခရီးကတော့ ဘာမှသိပ်မလေ့လာခဲ့ရဘဲ အပြင်ဘက်ကသာ ကြည့်ရုံကြည့်ခဲ့ရပါတယ်။ ထူးထူးခြားခြားလေ့လာခွင့်မရတာရယ်၊ မြင်တွေလိုက်ရတဲ့ အမှောင်ထဲက စံအိမ်တော်အတွင်း ရိုးတိုးရိပ်တိတ်တွေက စာ ရေးသူကို နောက်ထပ်တခေါက် ပြန်လာဖို့ ဖိတ်ခေါ်နေသလိုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် နောက်တနေ့ လင်းလင်းချင်းချင်း ရှိနေချိန်မှာ စံအိမ်တော်ကို နောက်တခေါက်သွားရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Governor’s House ခေါ် စံအိမ်တော်ကို နောက်တနေ့ နေ့လယ်ခင်းဘက်မှာ ထပ်မံရောက်ရှိခဲ့ပါတယ်။ ဒီတခေါက်မှာတော့ လူအချို့ ရှိနေပါပြီ။ Aureum Resort Hotel အမှတ်တံဆိပ်ပါတဲ့ စပို့ရှပ်ဝတ်ထားတဲ့ ဟိုတယ်ဝန်ထမ်းတွေဖြစ်ပါတယ်။ စာ ရေးသူတို့လည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြရင်း စံအိမ်တော်ကို စိတ်ဝင်စားလို့ လာရောက်လေ့လာကြတာဖြစ် ကြောင်း၊ အတွင်းသို့ ၀င်ခွင့်ပြုစေလိုကြောင်း ရှင်းပြပါတယ်။
လုံခြုံရေးဝန်ထမ်းတစ်ဦးက ဖော်ရွေစွာ ပြန်လည်နှုတ်ဆက်ရင်း ဟိုတယ်ဧည့်ကြိုကောင်တာကို သော့ဖွင့်ပေးဖို့ လှမ်း အကြောင်းကြားပါတယ်။ မကြာခင်မှာ တိုက်ပုံနီညိုရောင်ဝတ်ထားတဲ့ နောက်ထပ်ဟိုတယ်ဝန်ထမ်းတဦး ရောက်လာပါ တယ်။ သော့ယူဖို့ ခဏစောင့်ပေးရန် ပြောပါတယ်။ သိပ်မကြာလိုက်ပါ သော့တွဲတခုယူပြီး ရောက်လာကာ ယခု ၀င်ရောက် ရမယ့် အခန်းအတွင်းထဲရောက်တဲ့အခါ ဓာတ်ပုံမရိုက်ဖို့ အသိပေးပါတယ်။
စံအိမ်တော်ရုံးခန်းဘက်က တံခါးဖွင့်ဖွင့်ချင်း အဆောက်အအုံထဲမှာ လူအစစ်နဲ့ ချွတ်စွတ်တူတဲ့ နိုင်ငံခြားသားစစ်သားနှစ်ဦး စစ်ဝတ်စုံအပြည့်နဲ့ သေနတ်ကိုင်ထားဟန် ရပ်နေတာကို မြင်လိုက်ရပါတယ်။ “ ဒါတွေက ဘာတွေလဲ” လို့ စာရေးသူက စပ်စုလိုက်ပါတယ်။ ၀န်ထမ်းက “ ဒါတွေက နိုင်ငံခြားက မှာထားတဲ့ စစ်သားအရုပ်တွေပါ။ အတွင်းဘက် အခန်းမှာလည်း ရှိသေးတယ်။ တကယ့်လူတွေအတိုင်းပဲ။ ဆီလီကွန်နဲ့လုပ်ထားတာ” လို့ ပြန်ရှင်းပြပါတယ်။ စစ်သားအရုပ်တွေဟာ တကယ့် လူအရပ်အမောင်းအတိုင်းပါပဲ။ မျက်နှာနဲ့လက်တွေကို ကိုင်ကြည့်တဲ့အခါ လူ့အသားအရေလိုပဲ ပျော့တွဲတွဲဖြစ်နေပါတယ်။ အမှန်လူစစ်စစ်တွေပမာ အသက်ဝင်လှပါတယ်။
ဒါနဲ့ အတွင်းခန်းဘက်ကို ၀င်ကြည့်လိုက်တဲ့အခါ စာရေးသူ အံ့သြမင်သက်သွားမိပါတော့တယ်။ မတ်တပ်ရပ်လျက် လူပုံ တွေ၊ ထိုင်နေတဲ့လူပုံတွေ နှစ်ဆယ်ခန့် တကယ့် လူအစစ်အတိုင်း မြင်တွေ့လိုက်ရလို့ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် Governor’s House ခေါ် စံအိမ်တော်မှာ တာဝန်ကျခဲ့တဲ့ နေထိုင်ခဲ့တဲ့ ဘုရင်ခံတွေ၊ ဘုရင်ခံမိသားစုတွေ၊ မျက်နှာဖြူအရာရှိ တွေကို ဆီလီကွန်အရုပ်တွေပြုလုပ်ထားတာဖြစ်ပါတယ်။
ပထမရက်က မှန်ပြတင်းတံခါးကနေ အမှောင်ထဲမှာ ၀ိုးတိုးဝါးတားမြင်တွေခဲ့ရတဲ့ဟာတွေက ဘာတွေလဲဆိုတာ အခုမှ အဖြေထွက်လာတာဖြစ်ပါတယ်။ ဆီလီကွန် အရုပ်ကြီးတွေကိုး။ မဆီမဆိုင် အရုပ်တွေကို တခုခုထင်ပြီး ပထမနေ့က စိုးရိမ် ခဲ့ကြတာပါ။ စစ်ဝတ်စစ်စားနဲ့ ဗိုလ်ချုပ်အောင်ဆန်းအရုပ်နှစ်ခုကလည်း တကယ်မာန်အပြည့် ဟန်အပြည့်နဲ့ မတ်တပ်ရပ် နေတာကို တွေ့ရပါတယ်။ တိုက်ပုံဝတ်ထားတဲ့ မြန်မာအမျိုးသားအရုပ်ကို တွေ့လိုက်ရတဲ့အခါ မြင်ဖူးသလိုလိုရှိတယ်လို့ စိတ်ထဲခံစားမိပါတယ်။ သေချာကြည့်တဲ့အခါ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ အရုပ်ဖြစ်နေပါတယ်။ ဦးတေဇရဲ့ဘေးနားမှာရှိတဲ့ အရုပ်ကိုတော့ ၀န်ထမ်းက “ ဒါက ဦးတေဇ အဖေပုံလေ” လို့ ရှင်းပြပါတယ်။
စာရေးသူက ဒီအရုပ်တွေကို ဘာလုပ်ဖို့လဲလို့ မေးတဲ့အခါ ဟိုတယ်ဝန်ထမ်း ” ပြတိုက်လုပ်ဖို့ စုထားတာ။ အရုပ်တရုပ်ကို သိန်း ၈၀ လောက် တန်ကြေးရှိတယ်။ မကြာခင် ဒီမှာ Museum ဖွင့်မှာ။ ပြီးတော့ ဟိုဘက်အခန်းမှာ ကော်ဖီရှော့ဖွင့်မှာ” လို့ တခြားအခန်းဘက် လက်ညှိုးညွှန်ပြရင်း ပြန်ဖြေပါတယ်။ အဲဒီဘက်အခန်းမှာ သစ်သားစည်ပိုင်းတွေကို ထိုင်ခုံတွေ စားပွဲခုံ တွေ ဖန်တီးအလှဆင်ထားတာကို တွေ့ရပြီး ကော်ဖီဆိုင်ဖွင့်ဖို့ အသင့်ရှိနေတဲ့ပုံပေါ်ပါတယ်။ စံအိမ်တော်ရုံးခန်းအပေါ်ထပ် ကို စာရေးသူက မေးငေါ့ပြီး အပေါ်မှာရော ဘာတွေရှိလဲလို့ မေးတဲ့အခါ “ဘာမှမရှိဘူး။ ဟောလ်ကြီး “ လို့ ၀န်ထမ်းက ပြောပါတယ်။
ရုံးခန်းဘက် လေ့လာကြည့်ပြီးတဲ့အခါ လူနေထိုင်ခဲ့တဲ့ စံအိမ်တော်ဘက်အခြမ်းကို ဆက်လက်လေ့လာဖို့ ကူးလာခဲ့ပါတယ်။ အောက်ထပ် ၀င်ဝင်ချင်းမှာလည်း မျက်နှာဖြူ ဆီလီကွန်လူရုပ်တွေ တွေ့ရပြီး ဒီအရုပ်တွေကတော့ သက်တမ်း ၅နှစ်ခန့် ကြာ ပြီလို့ သိရပါတယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်၊ မန္တလေးမြို့ကို သိမ်းယူရာမှာ ဦးဆောင်ခဲ့သူ ဗိုလ်ချုပ် ပရင်ဒါဂတ်၊ အင်္ဂလိပ် အရာရှိ ဗိုလ်မှူးကြီး မေ(ဗိုလ်မှူးကြီး မေကို အစွဲပြုပြီး မေမြို့လို့ ခေါ်တွင်ပါတယ်)၊ ကာနယ်စလေဒင်တို့ရဲ့ ဆီလီကွန် အရုပ် တွေဖြစ်ပါတယ်။ ဒီအရုပ်တွေကိုတော့ ဓာတ်ပုံရိုက်ခွင့်ပြုပါတယ်။ အခန်းနံရံတွေပေါ်မှာလည်း ရှေးကိုလိုနီခေတ်က Governor’s House ဓာတ်ပုံတွေ ၊ မျက်နှာဖြူအရာရှိတွေ၊ ၀န်ထမ်းတွေရဲ့ ဓာတ်ပုံအဟောင်းတွေကို ချိတ်ဆွဲပြသထားပါ တယ်။
ဒီဘက် အဆောက်အအုံဘက်မှာ ၀န်ထမ်းအချို့သန့်ရှင်းရေးလုပ်နေတာတွေ့လို့ မေးကြည့်တော့ မနက်ဖြန် အရေးကြီး ဗီအိုင်ပီတွေ လာတည်းမှာမို့ ရှင်းလင်းနေတာလို့ လိုက်လံရှင်းပြတဲ့ ဟိုတယ်ဝန်ထမ်းက ပျူငှာစွာ ပြန်ဖြေပါတယ်။ ဒီ အ ဆောင်က တည်းလို့ရပါတယ်။ စျေးနှုန်းက တရက် ဒေါ်လာ ၂၁၆၀ ဖြစ်ပြီး လူ၁၄ ဦး တည်းခိုခွင့်ရတာဖြစ်ပါတယ်။ မြန်မာ ငွေနဲ့ဆို တရက် ကျပ် ၂၅ သိန်းကျော် ကျသင့်တာပါ။ အဆောက်အအုံထဲမှာ အသေးစား ရေကူးကန်လေးတခုပါပြီး ရေကူး ကန်ဘေးမှာ နိုင်ငံခြား အရက်မျိုးစုံပါတဲ့ ဘားကောင်တာ တခုရှိပါတယ်။ ဟိုတယ်အဆောင်တခုလုံးနီးပါးကို ခေတ်မီ ပစ္စည်းတွေနဲ့ ကိုလိုနီပုံစံအတိုင်း ပြင်ဆင်မွမ်းမံထားတာဖြစ်ပါတယ်။
စံအိမ်တော်အပြန်လမ်းမှာတော့ နေရောင်ဟာ စံအိမ်တော်ကို ကျော်ပြီး အနောက်ဘက်ကို ကျစပြုနေပါပြီ။ စာရေးသူအဖို့ Governor’s House ခေါ် စံအိမ်တော်က အပြန်လမ်းမှာ အတွေးစတွေ များစွာ ပါလာပါတယ်။ ထူးကုမ္ပဏီဟာ Governor’s House ကို ဘယ်လောက်ကာလအထိ စီမံခွင့်၊ ငှားရမ်းခွင့် ရခဲ့သလဲ။ အစိုးရကို ငှားရမ်းခ ဘယ်လောက်ပေးသွင်းရသလဲ။
နောင် အနာဂတ်ကာလ ပြတိုက်ဖြစ်နေချိန်မှာ စံအိမ်တော်သို့ ပြည်သူတွေ လွတ်လွတ်လပ်လပ် ၀င်ထွက်လေ့လာ ခွင့် ရ လာမလား။ စံအိမ်တော်ဟာ နောင်မှာ ဘယ်လောက်အထိ အသက်ပြန်ဝင်လာမှာလဲ။ စသဖြင့်…။