အဲဒါကတော့ မုံရွာမြို့ ကဆရာဝန်တစ်ဦးနဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကMBA ကျောင်းသား လေးဦးရဲ့ အမြတ်မယူဘဲကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးစိတ်တွေကို ပါကင်ထုတ်ပြီး ကျောင်းမုန့်ဈေးတန်းတွေမှာ တရုတ်မုန့် အစားထိုးအဖြစ်လိုက်လံရောင်းချနေတာဖြစ်ပါတယ်။
အဲဒီလို လာရောက်ရောင်းချရတာကတော့ ကျောင်းမုန့်ဈေးတန်းအများစုက တရုတ်မုန့် တွေကိုသာရောင်းချတာဖြစ်တဲ့ အတွက် ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တာကြောင့် တရုတ်မုန့် အစားထိုး အနေနဲ့ သစ်သီးတွေကို အမြတ်မယူဘေဲစတနာနဲ့ ရောင်းချပေးတာဖြစ်တယ်လို့သိရပါတယ်။
“ကလေးများပျော်ပွဲရွှင်ပွဲမှာ လာကစားတဲ့ ကလေးတွေယူလာတဲ့ သွားရေစာမုန့်တွေကို သတ်ထားကြည့်မိတော့ ကျွန်တော်တို့ငယ်ငယ်က မမြင်ဖူးခဲ့တဲ့ အစပ်ခြောက်တို့သူတို့အခေါ် ဂျူးမြစ်တို့လို မစားသင့်တဲ့ မုန့်တွေဖြစ်နေတာတွေ့တယ်၊ တချို့ ကလေးတွေဆို၇င် အဲ့ဒီမုန့်တွေကို စွဲလမ်းသလိုကိုဖြစ်နေတာ၊ကျန်းမာရေးနဲ့ မညီတာသူတို့မသိဘူး၊တခြားမုန့်တွေဝယ်မစားဘူးလာလို့မေးတော့ရွေးချယ်စရာများများစားစားမရှိဘူးလို့ဖြေကြတယ်၊အဲဒါနဲ့ ကျောင်းတွေမှာ အသီးသည်တွေပေးလာ၇င်ကောင်းမှာပဲလို့တွေးမိတာပါ၊ပရဟိတကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ အကောင်အထည်ဖော်ဖြစ်သွားတာပါ”လို့ ကျောင်းတွေမှာ သစ်သီးဘူးလေးတွေ ရောင်းချပေးခဲ့တဲ့ ဒေါက်တာ ၀င်းထိုက်ကပြောပါတယ်။
အဲဒီလို ကျောင်းမှာ သစ်သီးရောင်းချဖို့အတွက် ကျောင်းအုပ်ကြီးဆီမှာ ကြိုတင်ခွင့်တောင်းပြီးေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ အချိန်မှာ ကလေးတွေက သစ်သီးကိုစိတ်ဝင်စားမှုရှိပါ့မလားဆိုပြီးစိုးရိမ်ခဲ့ပေမယ့် တကယ်လက်တွေ့ မှာ ၀ယ်စားတဲ့ ကလေးတွေများတဲ့ အတွက် လောက်ငှအောင်ရောင်းပေးနိုင်ခြင်းမရှိတဲ့ အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ဆိုပါတယ်။
“ဈေးနှုန်းသတ်မှတ်ကတော့ ကလေးတွေ တတ်နိုင်တဲ့ ပမာဏကိုမှန်းဆပြီး သတ်မှတ်ခဲ့ တာပါ၊ကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ရဲ့ မုန်ဖိုးလေးနဲ့ အာဟာရဖြစ်တဲ့ အစားအစာတွေ ရွေးချယ်ဝယ်ယူသင့်တယ် ဆိုတဲ့ အသိစိတ်ကလေးရသွားဖို့ရည်ရွယ်တာပါ”လို့ ဒေါက်တာ ၀င်းထိုက်ကပြောပါတယ်။
အဆိုပါ ပရဟိတ သစ်သီးသည်လူငယ်တစ်စု အနေနဲ့ ရေရှည် ရောင်းချနိုင်အောင်စီစဉ်ထားပြီး တခြား ပ၇ဟိတ လုပ်ဆောင်နေသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။
ကျောင်းမုန့်ဈေးတန်းတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပိုမိုအလေးထားပြီးရောင်းချလာဖို့လိုအပ်ပြီး ကျောင်းမုန့်ဈေးတန်းမှာရောင်းချသူတွေကိုယ်တိုင် စိတ်ဝင်စားမှုရှိလာဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။
“ဒီနိုင်ငံမှာရှိတဲ့ ကျောင်းမုန့်ဈေးတန်းတွေရဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသွားရေစာတွေပဲဖြစ်လာနေဖို့ စိတ်ကူးမျော်လင့်မိပါတယ်”လို့ ဒေါက်တာ ၀င်းထိုက်ကပြောပါတယ်။
author သော်တာမောင်
Kumudra
12 December at 19:00 ·
Kumudra added 3 new photos.
12 December at 19:00 ·
မုံရွာမြို့က စေတနာရှင် သစ်သီးသည်
ကျောင်းဝင်းထဲမှာ လာရောင်းတဲ့ ပလတ်စတစ် အကြည်နဲ့ ဖုံးထားတဲ့(၂၀၀)ကျပ်တန် သစ်သီးစုံဘူးလေးတွေက ကလေးငယ်တွေရဲ့ စိတ်ဝင်စားမှု အရှိဆုံးဖြစ်နေပါတယ်။ဖော့ဘူးထဲမှာ ပါတဲ့ ပန်းသီး၊လိမ္မော်သီး၊သခွားမွှေးသီး၊ဖရဲသီး၊ရှောက်ချို ၊သီးသစ်တော်သီးစတဲ့ သစ်သီးစိတ်ရောင်စုံ က ကလေးတွေရဲ့ အာရုံကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။
အဲဒါကတော့ မုံရွာမြို့ ကဆရာဝန်တစ်ဦးနဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကMBA ကျောင်းသား လေးဦးရဲ့ အမြတ်မယူဘဲကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးစိတ်တွေကို ပါကင်ထုတ်ပြီး ကျောင်းမုန့်စျေးတန်းတွေမှာ တရုတ်မုန့် အစားထိုးအဖြစ်လိုက်လံရောင်းချနေတာဖြစ်ပါတယ်။
အဲဒီလို လာရောက်ရောင်းချရတာကတော့ ကျောင်းမုန့်စျေးတန်းအများစုက တရုတ်မုန့် တွေကိုသာရောင်းချတာဖြစ်တဲ့ အတွက် ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တာကြောင့် တရုတ်မုန့် အစားထိုး အနေနဲ့ သစ်သီးတွေကို အမြတ်မယူဘေဲစတနာနဲ့ ရောင်းချပေးတာဖြစ်တယ်လို့သိရပါတယ်။
“ကလေးများပျော်ပွဲရွှင်ပွဲမှာ လာကစားတဲ့ ကလေးတွေယူလာတဲ့ သွားရေစာမုန့်တွေကို သတ်ထားကြည့်မိတော့ ကျွန်တော်တို့ငယ်ငယ်က မမြင်ဖူးခဲ့တဲ့ အစပ်ခြောက်တို့သူတို့အခေါ် ဂျူးမြစ်တို့လို မစားသင့်တဲ့ မုန့်တွေဖြစ်နေတာတွေ့တယ်၊ တချို့ ကလေးတွေဆိုရင် အဲ့ဒီမုန့်တွေကို စွဲလမ်းသလိုကိုဖြစ်နေတာ၊ကျန်းမာရေးနဲ့ မညီတာသူတို့မသိဘူး၊တခြားမုန့်တွေဝယ်မစားဘူးလာလို့မေးတော့ရွေးချယ်စရာများများစားစားမရှိဘူးလို့ဖြေကြတယ်၊အဲဒါနဲ့ ကျောင်းတွေမှာ အသီးသည်တွေပေးလာရင်ကောင်းမှာပဲလို့တွေးမိတာပါ၊ပရဟိတကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ အကောင်အထည်ဖော်ဖြစ်သွားတာပါ”လို့ ကျောင်းတွေမှာ သစ်သီးဘူးလေးတွေ ရောင်းချပေးခဲ့တဲ့ ဒေါက်တာ ၀င်းထိုက်ကပြောပါတယ်။
ယခု လက်ရှိကျောင်းစျေးတန်းတွေမှာဆိုရင် ရိုးရာမုန့်တွေ၊သစ်သီးတွေ ရောင်းချတာဟာရှားပါးသွားပြီး ရေရှည် အထားခံတဲ့ တရုတ်မုန့် မျိုးစုံ ကိုသာရောင်းချနေကြတာဖြစ်ပါတယ်။တရုတ်မုန့်တွေက ထုပ်ပိုးထားတဲ့ ပါကင်တွေ၊ မုန့်ထဲမှာ ပါတဲ့ အရုပ်လေးတွေကကလေးတွေကိုစားချင်လာအောင်ဆွဲဆောင်ထားတာဖြစ်ပါတယ်။
အဲဒီလို ကျောင်းမှာ သစ်သီးရောင်းချဖို့အတွက် ကျောင်းအုပ်ကြီးဆီမှာ ကြိုတင်ခွင့်တောင်းပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ အချိန်မှာ ကလေးတွေက သစ်သီးကိုစိတ်ဝင်စားမှုရှိပါ့မလားဆိုပြီးစိုးရိမ််ခဲ့ပေမယ့် တကယ်လက်တွေ့ မှာ ၀ယ်စားတဲ့ ကလေးတွေများတဲ့ အတွက် လောက်ငှအောင်ရောင်းပေးနိုင်ခြင်းမရှိတဲ့ အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ဆိုပါတယ်။
သစ်သီးတွေရောင်းချပေးတဲ့ လူငယ် တစ်စု အနေနဲ့ အရင်းနှီးကို ကိုယ်တိုင် စိုက်ထုတ်စတင်ခဲ့တာဖြစ်ပါတယ်။အသီးဘူး တစ်ဘူးရဲ့ အရင်းငွေက (၆၀၀)ခန့်ကျသင့်တာဖြစ်ပေမယ့် ကလေးတွေ စားနိုင်အောင် (၂၀၀)ကျပ်နဲ့ သာရောင်းချတာဖြစ်ပါတယ်။အခုလို (၂၀၀)ကျပ်နဲ့ ရောငး်ချနိုင်တာဟာ သူတို့ ငါးယောက်ထဲက တစ်ယောက်က သစ်သီးပွဲရုံရှိတာကြောင့် သစ်သီးတွေကို တဝက်စျေးနဲ့ ရောင်းချပေးတာ့် ဖြစ်တယ်လို့သိရပါတယ်။
“စျေးနှုန်းသတ်မှတ်ကတော့ ကလေးတွေ တတ်နိုင်တဲ့ ပမာဏကိုမှန်းဆပြီး သတ်မှတ်ခဲ့ တာပါ၊ကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ရဲ့ မုန်ဖိုးလေးနဲ့ အာဟာရဖြစ်တဲ့ အစားအစာတွေ ရွေးချယ်ဝယ်ယူသင့်တယ် ဆိုတဲ့ အသိစိတ်ကလေးရသွားဖို့ရည်ရွယ်တာပါ”လို့ ဒေါက်တာ ၀င်းထိုက်ကပြောပါတယ်။
အဆိုပါ ပရဟိတ သစ်သီးသည်လူငယ်တစ်စု အနေနဲ့ ရေရှည် ရောင်းချနိုင်အောင်စီစဉ်ထားပြီး တခြား ပရဟိတ လုပ်ဆောင်နေသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။
ကျောင်းမုန့်စျေးတန်းတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပိုမိုအလေးထားပြီးရောင်းချလာဖို့လိုအပ်ပြီး ကျောင်းမုန့်စျေးတန်းမှာရောင်းချသူတွေကိုယ်တိုင် စိတ်ဝင်စားမှုရှိလာဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။
သူတို့ အဖွဲ့ ကတော့ မုံရွာမြို့ မှာရှိတဲ့ ကျောင်းတွေကို အလှည့်ကျနဲ့ လိုက်လံရောင်းချဖို့စီစဉ်ထားပြီးမြို့ အစွန်အဖျား တွေမှာရှိတဲ့ မူလတန်းကျောင်းတွေကို အဓိကထားရောင်းချပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
ကျောင်းတွေမှာရှိတဲ့ ကလေးတွေက အသီးတွေအပေါ်မှာ စိတ်ဝင်စားမှုလျော့ကျသွားပါက တခြား အာဟာရရှိတဲ့ မုန့်တွေကို တလှည့်စီ ပြောင်းလဲရောင်းချသွားဖို့အစီစဉ်ရှိကြောင်းလဲသိရပါတယ်။
“ဒီနိုင်ငံမှာရှိတဲ့ ကျောင်းမုန့်စျေးတန်းတွေရဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသွားရေစာတွေပဲဖြစ်လာနေဖို့ စိတ်ကူးမျော်လင့်မိပါတယ်”လို့ ဒေါက်တာ ၀င်းထိုက်ကပြောပါတယ်။
အခုနောက်ပိုင်းမျာ အသီးရောင်းချမှုကို ကျောင်းတော်တော်များများကလည်း သိရှိနေပြီဖြစ်တဲ့ အတွက် ပြည်တွင်းပြည်ပ အလှုရှင်တချို့ ကပါ လှုဒါန်းလိုကြောင်းဆက်သွယ်လာတာတွေရှိပြီလို့သိရပါတယ်။နောက်ပိုင်းအလှုရှင်တွေပါ၀င်လာတဲ့အခါမှာလည်းဆက်လက်ဆောင်ရွက်ဖို့ အထောက်အပံ့တွေဖြစ်စေတယ်လို့ သိရပါတယ်။
author သော်တာမောင်