“Please keep reserve for next generation”
7) အရေးကြုံလာပါက စစ်ရေးအရ သူ့ရဲ့ Capital ကို ကာကွယ်ဖို့ စစ်တပ်ဝင်ရောက်ချနိုင်ခြင်း
ခွန်ဘုန်း
ခေတ္တ ဟောင်ကောင်
၁၂-၁၂-၂၀၁၅
................

“ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ”
ကျွန်တော် တရုပ်ပြည်မှာ တာဝန်တစ်ခုနဲ့ရောက်နေပါတယ် စီးပွားရေးနဲ့ပတ်သက်ရင် တရုပ်တွေရဲ့ Strategy က သိပ်ကောင်း လွန်းပါတယ် ပြိုင်ဘက်ကို ခွက်ဆွဲပြီးတောင်းစားသွားလောက်အောင် ကို တော်ပါပေတယ်။
နိုင်ငံတစ်ခုကို မစဉ်းစားပါနဲ့ အိမ်ထောင်စု တစ်စုပေါ့ ချုံ့ စဉ်းစားကြည့်ရအောင် အခုကျွန်တော်တို့အိမ်က ကမ္ဘာမှာ ရှားတဲ့ သယံဇာတတွေ အများကြီးထွက်နေတဲ့အိမ် ဆိုပါတော့ ဒီ သယံဇာတတွေကို ပထွေးနဲ့ သူ့မယားပါသားတွေဟာ တစ်ဖက်အိမ်နီချင်းနဲ့ပေါင်းပြီး အမြစ်ပြတ် မြေလှန်ပြီး တစ်ခါတည်း အကုန်စင်ထုတ် ပြီး လက်ဝါးကြီးအုပ်လိုက်ရင် နောင်လာမဲ့ နှစ် ၅၀ Generation လက်ထက်မှာ ဘာ သယံဇာတမှ မရှိတော့ဘူး စည်းကမ်းမဲ့ ထုတ်လုပ်မှု့ကြောင့် သဘာဝပါတ်ဝန်းကျင် ရာသီဥတု တောတောင်ရေမြေတွေ ကမောက်ကမ ဖြစ်လာတောမယ် ထွက်နေတဲ့ ရေ တွေ ခမ်းသွားမယ် စီနေတဲ့ စမ်းချောင်းလေး ပျောက် သွားမယ် မြေဆီလွှာတွေထိခိုက်မယ် သစ်ပင်တွေ မရှိတော ရေကြီးမယ် ဘေးဆိုးကပ်ဆိုးတွေ ကျရောက်မယ် အဲ့ဒီအချိန်ကျရင် ဒီအိမ်က သူတွေကို အိမ်နီးနားခြင်းတွေက နိမ့်ချကျမယ် ချိုးဖျက်ကျမယ် ဆင်းရဲတဲ့ အိမ်သူအိမ်သားဖြစ်တော့ တရားမဲ့လာမယ် ဘာသာစောင့်စည်းမှု့ အာနည်းလာမယ် အဲ့ဒီ အချိန်ကျရင် ကုလားလဲလူ ငါးခူလဲငါး ကုလားမယား တရုပ်မယား ထိုင်းမယား အမျိုးပါပျောက်မယ် တစ်ခြားဘာသာတစ်ခု က တို့ ဘာသာကို ဖျက်မှာလောက်ပဲ ကာကွယ်နေတဲ့ ဥပဒေတွေဟာ စားစရာမရှိလို့ ထမင်းတစ်နပ်နဲ့ လဲစားလိုက်ရတဲ့ အဖြစ် နောင်တဟာ စီးပွားရေး မကောင်းလို့ ဆင်းရဲ ကျပ်တည်းလွန်းလို့ မပြေလည်လွန်းလို့ ဖာတန်းရောက်သွားတဲ့ အမျိုးကောင်း သားသမီးတွေ အဖြစ်က ယခု သက်သေပြနေတာ မျက်မြင်ဘဲ။ ခု ကျွန်တော်တို့အိမ် ဟာ ဘာရာဏသီပြည်က ကုဍေ ရှစ်ဆယ် သူဋ္ဌေးသာ လက်ထဲက အိမ်လို ဒါမှမဟုတ် ဘာရာဏသီပြည်က ကုဍေ ရှစ်ဆယ် သူဋ္ဌေးသာ လက်ထဲ ကို အိမ်ပို အပ်မိလိုက်သလို ဖြစ် နေခဲ့တာ ကြာခဲ့ပါပြီ။ တစ်ချက် အံဩတာက အမျိုးဘာသာ သာသနာ ဆိုတဲ့ ရဲရဲတောက် အာဇာနည် အရိုးနဲ့ စည်းရိုးထိုးမဲ့ အဖွဲ့အစည်းတွေက အဝေးကရန်သူထက် အထဲက လူမျိုးပါ တုန်းအောင် သွေးစုပ်နေတဲ့ အနီးကပ်တဲ့ ရန်သူကျတော့ လက်ရှောင်နေတာ တွေးစရာတွေ ပေးနေသလိုဘဲ တကယ်သာ စေတနာစစ်ရင် ရည်ရွယ်ချက်စစ်ရင် ကလေးတောင် သိနေတဲ့ အရာတွေကို နှုတ်ပိတ်နေနေတာတော့အမှန်ကို မမြင်နိုင်တဲ့ အဝီဇ္ဇာတွေ ဖုံးနေကြတာ သိပ်ရှက်စရာကောင်းလိုက်တာ။
အမေရီကန် တက္ကဆက် နဲ့ အလက်ဇကား ပြည်နယ်မှာ ရေနံ အလျှံအပယ် ရှိတယ် ဒါကို အမေရီကန်က မထုတ်ဘူး ပြင်ပက ဝယ်သုံးတယ် ဘာကြောင့် လဲ ဆိုတော့ နောင်လာနောင်သားအတွက် အရံ Reserve ထားတာတဲ့၊ တရုတ်က ဘာကြောင် သူရဲ့ အချက်အခြာကျတဲ့ power station Dam တွေ ကို တခြားနိုင်ငံတွေမှာ တည်ဆောက်ခြင်တာလည်း ? တည်ဆောက်နေတာလည်း ?
1) သူ့ ရဲ့ ဩဇာ သက်ရောက်ချက်လှည်နိုင်ရန် ကျိုးစားခြင်း
2) စီပွားရေ ခြေကုပ်ယူရန် ကျိုးစားခြင်း
3) စစ်ရေးအရ Target ရွှေ့ထားခြင်း
4) စစ်ရေးအရ မပါမနေရ ပူးပေါင်းရမည့် အခြေအနေသို့ ဖန်တီးထားခြင်း
5) သူ့ နိုင်ငံအတွက် လေကြောင်းကာကွယ်ရေး စရိတ်လျှော့ချထားခြင်း
6) သူ့ နိုင်ငံအတွက် သဘာဝ ပါတ်ဝန်းကျင် ထိပါးမှု့လျှော့ချထားခြင်း
7) အရေးကြံုလာပါက စစ်ရေးအရ သူ့ရဲ့ Capital ကို ကာကွယ်ဖို့ စစ်တပ်ဝင်ရောက်ချနိုင်ခြင်း
8) စစ်ရေးအရ နောက်ဆုံးအဆင့် သူ့ရဲ့ Capital ကို totally destroying လုပ် ၍ ကာကွယ်နိုင်ခြင်း
9) ကျန်တာ ကိုယ်ဟာကို ဆက် စဉ်းစား (မြစ်ဆုံ စီမံကိန်း)
ပြောတော့ အုပ်ချုပ်တဲ့သူတွေက စစ်ရေးအမြင်ရှိရမယ်တဲ့ ဒါကြောင့် “လင်တ လောက်တော့ ငှက်တိုင်းလှတယ်လို့” ပြောခံရတာ။
နောက် စဉ်းစားစရာ တစ်ခုက ရတနာပုံခေတ်က မင်းတုန်းမင်းက ဘုမသိဘမသိ အရောင်းအဝယ် စာချုပ် တစ်ခုပေါ်မှာ လက်မှတ်ရေးထိုးပြီးမှ ဒီစာချုပ်ဟာ မိုးကုတ်က ပတ္တမြားတွင်းတွေ ရောင်းဝယ်ဖို့ ဖြစ်နေတော့ အခက်တွေ့နေတာပေါ့ တိုတိုဘဲပြောမယ် ဒီအခါမှာ ကြေးတိုက်ထဲ ရောက်နေတဲ့ အမတ်ကြီး ဦးဘိုးလှိုင် ကို မိဖုရားခေါင်ကြီးရဲ့ အကြံနဲ့ ဒီ ပြသနာကို ရှင်းခိုင်းတယ် ဒီနေရာမှာ ဦးဘိုးလှိုင် ဘယ်လိုရှင်းတယ်တော့ အကျယ်မပြောတော့ဘူး ဒါပေမဲ့ ဦးဘိုးလှိုင်ရဲ့ အမေး လေးတော့ သိပ်ကြိုက်တယ် “ဒီလို ပတ္တမြား တစ်လုံးတောင် တန်ဘိုးမဖြတ်နိုင်ဘဲနဲ့ ပြည်တန်ပတ္တမြားလောက် ဖြစ်မယ်ထင်တယ်ပြောရင် ဒီလို ပြည်တန်ပတ္တမြားတွေ အများအပြား ထွက်နေတဲ့ ဒီတွင်းကို ဝယ်ဖို့ မင်းတို့ နေမဝင်နိုင်ငံကို ပေးပြီးဝယ်နိုင်ပမလားတဲ့” အခုလည်း ကမ္ဘာမှာ ရှားပါပြီး မြန်မာ တစ်နိုင်ငံတည်းကထွက်တဲ့ ကျောက်စိမ်းကို Contract ပေးပြီး တရုပ်နဲ့ စပ်တူ တူးဖေါ်ခိုင်းတာ အဖို့အခ ဘယ်လိုဈေးနဲ့ လက္ခံ ပြီး Permit ပေးတာလဲလို့ ဦးဘိုးလှိုင်များရှိရင် မင်းတို့ စောက်ခွက်ကို ဗုဒ္ဒဟူးနံ နဲ့ စိတ်ရှိတိုင်း ထိုးနေလိမ့်မယ်၊ အဘ ဦးဘိုးလှိုင်ရေ တိုင်ပြည်ဖျက်တဲ့ အထဲမှာ ငါမပါဘူးလို့ မပြောပါနဲ့တော့ ထ သာ ကြည့်လိုက်စမ်းပါတော့ အဘိုးရေ။
ကမ္ဘာအေးက Gen museum မှာ ဦးဘိုးလှိုင် နဲ့ အင်္ဂလိပ် ကုန်သည် တို့ ရဲ့ ပန်းချီကား သိပ်ပြီး အသက်ဝင်ပါတယ် ဒါပေမဲ့ နောင်လာ နောင်သားတွေ အတွက်တော့ ဘယ်သူမှ ရှင်းပြနိုင်မှာ မဟုတ်တော့ပါဘူး ကျေက်စိမ်းဆိုတာဘာလဲလို့ ? ကျွန်း ဆိုတာဘာလဲလို့ ?
ခွန်ဘုန်း
ခေတ္တ ဟောင်ကောင်
၁၂-၁၂-၂၀၁၅
စိုင်းခွန်ဘုန်း စိုင်း