“မီးမီးဆိုတော့ မီးညွှန်က တော်တော်ကြီးနေပြီ ကျနော်တို့ရောက်သွားတော့ ကျောင်းကြီးတစ်ခုလုံးမီးလောင်နေတာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး အနားကပ်လို့လည်းမရဘူးလေ မီးကတအားပြင်းတယ် ကျွန်းတိုင်ကြီးတွေဆိုတော့ အကုန်လောင်သွားတယ် နောက်မှမီးသတ်ကားတွေရောက်လာတာ”ဟု မြင်းနီကျေးရွာဒေသခံ ဦးဇော်ကပြောသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ဆင်မြီးဆွဲရဲစခန်းမှ ဘုန်းတော်ကြီးကျောင်းရှိ ကပိယ အား (ပ) ၇၇ ပြစ်မှု ပုဒ်မ(၂၈၅)အရ အရေးယူဆောင်ရွက်မှုများပြုလုပ်ထားကြောင်းသိရသည်။
Credit: Eleven Media Group
....................
ဘုရားမီးပူဇော်ရာမှ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ရှိ တိုင်ရှစ်ဆယ်ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ရွာသာယာအုပ်စု၊ မြင်းနီကျေးရွာတွင် နှစ်တစ်ရာ့ငါးဆယ်ရှိ တိုင်ရှစ်ဆယ်ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးမီးဆိုတော့ မီးညွှန်က တော်တော်ကြီးနေပြီ ကျနော်တို့ရောက်သွားတော့ ကျောင်းကြီးတစ်ခုလုံးမီးလောင်နေတာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး အနားကပ်လို့လည်းမရဘူူးလေ မီးကတအားပြင်းတယ် ကျွန်းတိုင်ကြီးတွေဆိုတော့ အကုန်လောင်သွားတယ် နောက်မှမီးသတ်ကားတွေရောက်လာတာ”ဟု မြင်းနီကျေးရွာဒေသခံ ဦးဇော်ကပြောသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းက ဘုရားမီးပူဇော်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးအားပြင်းလွန်းသည့်အတွက် အနားသို့ကပ်မရဘဲ တိုင်များတွင်မီးကြွင်းမီးကျန်မှာ ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းအထိ ရှိနေသေးကြောင်း သိရသည်။
အဆိုပါကျောင်းမှာ နှစ်ပေါင်း (၁၅၀)ခန့်ရှိပြီး လူတစ်ဖက်စာ အရွယ်အစားကြီးမားသော ကျွန်းတိုင်(၈၀)ခန့်ဖြင့် တည်ဆောက်ထားသော ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတစ်ကြောင်းဖြစ်ကာ ကျွန်းသား ဆင်းတုတော်များ ပါမကျန်မီးကူးစက်လောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊သိရသည်။
“အဲကိုရောက်သွားတဲ့အချိန်မှာ မီးကတော်တော်များနေပြီ ကျနော်တို့ သဲကုန်းမြို့နဲ့ပေါင်းတလည် မီးသတ်ကားတွေ လာကြပြီးဝိုင်းဝန်းငြိမ်းသတ်တာတွေပြုလုပ်ကြတယ်”ဟု သဲကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ဆင်မြီးဆွဲရဲစခန်းမှ ဘုန်းတော်ကြီးကျောင်းရှိ ကပိယ အား (ပ) ရ၇ ပြစ်မှု ပုဒ်မ(၂၈၅)အရ အရေးယူဆောင်ရွက်မှုများပြုလုပ်ထားကြောင်းသိရသည်။