ႏိုင္ငံေတာ္ အစိုးရမွ ဥပေဒသစ္တရပ္ကို ထုတ္ျပန္ေၾကျငာလိုက္ရာဝယ္… လက္ထပ္ထားျပီး
ငါးႏွစ္အတြင္းမွာ အၾကင္လင္မယားတိုင္း ရင္ေသြးတေယာက္ ရရွိထားျပီး ျဖစ္ရပါမယ္တဲ့။
ဒီတာဝန္ကို မေက်ပြန္ခဲ့ရင္ သက္ဆိုင္ရာမွ ၾကီးၾကပ္၍ ေယာက္်ားတေယာက္ကို
ေစလႊတ္ကာ ထိုအိမ္ေထာင္ရွင္မအား မိခင္တေယာက္ ျဖစ္လာေစေရးအတြက္ လိုအပ္သည္မ်ားကို
တာဝန္ယူ ေဆာင္ရြက္ေပးမွာ ျဖစ္ပါသတဲ့။
ငါးႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္ က်င္းပျပီး ေနာက္တေန႕မွာ ေတာ့ အခုထိ
ကေလးမရေသးတဲ့ အၾကင္စံုတြဲဟာ ဒီကိစၥကို စဥ္းစားရေတာ့တာေပါ့…
ေယာက္်ားလုပ္သူက…
"မိန္းမေရ… ကိုယ္ကေတာ့အလုပ္ သြားရေတာ့မယ္ကြာ။ ဒီကေန႕ သက္ဆိုင္ရာ ရံုးခ်ဳပ္က
လႊတ္တဲ့လူ လာလိမ့္မယ္ ထင္တယ္။ ဘယ္တတ္ႏိုင္မွာလဲ အခ်စ္ရာ။ ကိုယ္ကမွ
အျဖစ္မရွိခဲ႕တာကိုး။ မင္းသာ ျဖစ္လာသမွ်ကို သတၱိရွိရွိနဲ႕ ရင္ဆိုင္ေပေတာ့။
ကိုယ္သြားေတာ့မယ္ကြာ… "
အဲဒီလိုေျပာျပီး ေခါင္းကိုငိုက္စိုက္ဆြဲ… မ်က္လႊာကို ေအာက္ကိုခ်ျပီး
စိတ္ဓာတ္က်စြာနဲ႕ပဲ အိမ္ကေန ထြက္သြားေတာ့တယ္။ သူ႕အမ်ိဳးသမီးကေတာ့
အိမ္မႈကိစၥတာဝန္ေတြကို ဆက္လုပ္ေနတာေပါ့။
ခဏေနေတာ့ အိမ္ေရွ႕ကေန ေခါင္းေလာင္းသံ ၾကားလိုက္ရတယ္။ တံခါးဝမွာ ေစာင့္ေနတဲ့သူက
သက္ဆိုင္ရာက လႊတ္လိုက္တဲ့ လူမဟုတ္ပါဘူး။ ေမြးကင္းစအရြယ္ ကေလးေလးတေယာက္ကို
ဓာတ္ပံုရိုက္ေပးဖို႕ လာရင္း အိမ္နံပါတ္မွားျပီး ေရာက္လာတဲ့ ကင္မရာမင္း
တေယာက္ပါ။
အမ်ိဳးသမီးက တခါးဖြင့္လိုက္ခ်ိန္မွာပဲ ဓာတ္ပံုဆရာက စေျပာပါတယ္…
"မဂၤလာရွိေသာ နံနက္ခင္းပါခင္ဗ်ာ။ ကြ်န္ေတာ္ လာရင္းကိစၥကေတာ့… "
"သိ.. သိ.. သိပါတယ္ရွင့္… ဦး.. အဲ ကိုဘယ္သူ… "
"က်ေနာ့္နာမည္ ေဝယံ လို႕ ေခၚပါတယ္ ခင္ဗ်ာ… ကြ်န္ေတာ္ အထူးျပဳထားတဲ့
အလုပ္အကိုင္က… "
"သိ.. သိျပီးသားပါရွင္… ခဏထိုင္ပါဦး "
"ခင္ဗ်ား အမ်ိဳးသားလဲ သေဘာတူမယ္ ထင္ပါတယ္ဗ်ာ… "
"ဟုတ္တယ္ရွင့္.. ဒီမနက္ပဲ က်မတို႕ ဒီအေၾကာင္း ေျပာျဖစ္ၾကတာပါ… ဒီကိစၥကို
ဒီအိမ္ထဲမွာပဲ ရွင္းဖို႕ မွာသြားပါတယ္။ "
"ဟုတ္ကဲ့ခင္ဗ်ာ… အဆင္သင့္ျဖစ္ရင္ အခုပဲ စလိုက္ၾကရေအာင္ေလ။ "
"ဟို… ဟိုေလ… က်မက ဒါမ်ိဳးေတြ အေတြ႕အၾကံဳမရွိဖူးေတာ့ ဟိုဒင္း… ဘယ္ကဘယ္လိုစရမယ္
မသိဘူးေနာ္…"
"ဒီကိစၥအတြက္ေတာ့ က်ေနာ့္ကို အားကိုးစမ္းဘာဗ်ာ…။ အင္း… က်ေနာ့္အထင္ေတာ့
ဒီဆိုဖာေပၚမွာရယ္… ေဟာဟိုက စာၾကည့္စားပြဲေဘးမွာရယ္… ေရခ်ိဳးခန္းထဲမွာ..
အကႌ်ဗလာနဲ႕။ ဒီေကာ္ေဇာေပၚမွာ ဆိုရင္ေတာ့ ေဘာင္းဘီတို ဒါမွမဟုတ္ အေပၚက
အဝတ္တထည္ေတာ့ ဝတ္ထားမွ ေကာင္းမယ္ဗ်။ "
"ဘုရား..ဘုရား… အဲေလာက္ၾကီးေတာင္လား… "
"ဟုတ္တယ္ေလဗ်ာ။ တေခါက္ထဲနဲ႕ေတာ့ ဘာပံုထြက္လာမလဲမွ မသိႏိုင္တာ။ ပံုစံ
ေျခာက္မ်ိဳးေလာက္ဆိုေတာ့ စိတ္ခ်ရတာေပါ့ အမၾကီးရာ။ "
"က်မေတာင္းပန္ပါတယ္ရွင္… အခုၾကားရသမွ်ကေတာ့ ဘယ္လိုမွ မအပ္စပ္လို႕ပါ။ "
"ဒီလိုေပါ့ဗ်ာ… ဘာကိုမွ ခ်ဳပ္တီးမထားဘဲ စိတ္လြတ္ကိုယ္လြတ္ လႊတ္ေပးလိုက္တဲ့
အခါက်ေတာ့ ေအာင္ျမင္မႈက ပိုျပီး ၾကီးမားတတ္တယ္ မဟုတ္လား… "
"အရင္ဦးဆံုး က်ေနာ္ ဖန္တီးခဲ့တဲ့ ပံုေတြကို ျပခ်င္ပါတယ္ဗ်ာ။ "
"ရွင္ဖန္တီးခဲ့တာ… အင္း… ျပေလ… ရွင့္မွာ အခ်ိန္ရွိတယ္ မဟုတ္လား။ "
"ဟာ… အေလာသံုးဆယ္ မလိုပါဘူးဗ်ာ။ ဒီအလုပ္မ်ိဳး လုပ္တယ္ဆိုတာ ျမန္ျမန္ဆန္ဆန္
ျပီးျပီးေရာ ဘယ္ရပါ့မလဲ… "
(ေျပာရင္း ဆိုရင္း ဓာတ္ပံု အယ္လ္ဘမ္ကို ဖြင့္ျပျပီး)
"ဒီပံုကို ၾကည့္ၾကည့္ပါဗ်ာ။ ခ်စ္ဖို႕ မေကာင္းဘူးလား။ ဒီအတြက္ က်ေနာ္
ေလးနာရီတိတိ အခ်ိန္ေပးခဲ့ရတယ္။ ထြက္လာတဲ့ ရလဒ္က လွမွလွပဲေလ။ "
"ဟင္းးးးးး (သက္ျပင္းေတြခ်လိုက္ တံေတြးျမိဳလိုက္ လုပ္ေနရင္း) ဟုတ္တယ္ေနာ္
ကေလးေလးက ခ်စ္စရာေလး… ဒါေပမယ့္ ေလးနာရီၾကီးကေတာ့ မမ်ားဘူးလား ရွင္… "
"ဒါေပါ့.. ဒါေပါ့… နားနားျပီး ဆက္လုပ္ရတာေပါ့… ၾကည့္စမ္းပါဦးဗ်ာ.. ဒီေအာက္က
ပံုကိုၾကည့္စမ္းပါ… အဲဒီတုန္းက က်ေနာ္က ဘစ္စ္ကား ေခါင္မိုးေပၚမွာ…ဗ်။ "
"ကားေခါင္မိုးေပၚမွာ… အေမေလး… မၾကားဖူးတာေတြ ၾကားေနရတယ္… ထူးဆန္းပါေပ့ရွင္။ "
"ဒီလိုဗ်… အမ်ိဳးသမီးတေယာက္… သူကလဲ က်ေနာ့္ အလုပ္အကိုင္ကို သိတယ္..
ယံုၾကည္တယ္.. အားကိုးတယ္ေပါ့ဗ်ာ… သူက သူ႕အမ်ိဳးသားကို အထူးအဆန္း
ျပခ်င္လို႕ဆိုျပီး က်ေနာ့္ကို အလုပ္လာအပ္တာေပါ့… အေတြ႕အၾကံဳရွိေနေတာ့လဲ
မခက္ပါဘူးေလ။
အဲဒီအေခါက္က အလုပ္သေဘာအရ ဆိုေပမယ့္ က်ေနာ္က တကယ့္ကို ေစတနာနဲ႕ စိတ္ႏွစ္ျပီး
ၾကိဳးစားေပးခဲ့တာဗ်။ "
"ေဟာ.. ေဟာဟိုပံုကိုၾကည့္ အဲဒါက ပန္းျခံထဲမွာ… "
"ပန္းျခံထဲမွာဆိုတာက… လူေတြနဲ႕ေလ။ လူေရွ႕သူေရွ႕လဲ အလုပ္ျဖစ္တယ္.. ဟုတ္လား။
သူမ်ားေတြက ဝိုင္းၾကည့္ေနမွာေပါ့။ "
"လူေတြၾကည့္တာ မၾကည့္တာ ဂရုမစိုက္ပါဘူးဗ်ာ… ကုန္ကုန္ေျပာမယ္… က်ေနာ္က
လူတမ်ိဳးဗ်။ လူေတြ ဝိုင္းအံုၾကည့္ေလ က်ေနာ့္ရဲ႕ အရည္အေသြးေတြက
ေတာက္ေျပာင္ေလပဲ…။ အဲဒီတေခါက္ကေတာ့… ဘယ္လိုေျပာမလဲ… အေမလုပ္သူက
ဗီဒီယိုမင္းသမီးဗ်… သူက အဲဒီနည္းနဲ႕ နာမည္ၾကီးခ်င္တာေလ။ အဲဒီေနာက္ေတာ့ တကယ္လဲ
ဟိုးေလးတေက်ာ္ ျဖစ္သြားတာပါပဲဗ်ာ။ "
"ဗုေဒၶာ… ဘုရား.. ဘုရား… "
"ဟုတ္တယ္ဗ်… ေန႕လည္ ႏွစ္နာရီမွာ စလိုက္တာ ညေန ငါးနာရီမွ ျပီးတယ္။
အဲဒီတုန္းကေလာက္ တေခါက္မွ မပင္ပန္းဖူးဘူးဗ်ာ.. တကယ္ပါပဲ။ အဲဒီအခ်ိန္က
တုန္ေနေအာင္ ခ်မ္းေနတဲ့ အခ်ိန္ေပါ့။ လာၾကည့္ၾကတဲ့ လူေတြကလဲ ျပံဳလို႕ ခဲလို႕…
အထပ္ထပ္ စုအံုေနတာတင္ အဝိုင္းၾကီး ငါးထပ္ေလာက္ရွိတယ္။ လူက တအားမ်ားေလေတာ့
အလုပ္လုပ္ရတာလဲ သိပ္ ခရီးမတြင္ဘူးေလ။ "
"ရွင္တို႕က လူအုပ္ၾကီးေရွ႕မွာ... အိုးေရးးးး အိုးးေရးးး "
"ဘယ္ေနရာၾကည့္ၾကည့္ လူအုပ္ၾကီးပဲ ေတြ႕ရတယ္။ ပရိတ္သတ္ကလဲ ပြဲက်ျပီး
လက္ခုပ္ေတြဘာေတြ ဝိုင္းတီးေပးၾကတာဗ်။ အဲဒီမွာ အေမလုပ္သူက စိတ္ေတြတိုလာတာပါပဲ…
က်ေနာ္ကိုယ္တိုင္ကပဲ ပြဲမပ်က္ေအာင္ ထိမ္းသိမ္းေပးခဲ့ရတာေပါ့။ ေနာက္ေတာ့
ရဲေတြေရာက္လာျပီး က်ေနာ့္ကို လူကူရွင္းေပးတယ္… အမွန္က က်ေနာ္က ေနာက္ထပ္
ႏွစ္ကြက္ သံုးကြက္ေလာက္ ဆြဲခ်င္ေသးတာဗ်။ ဒါေပမယ့္ ခ်မ္းကလဲ
ခ်မ္းေနၾကျပီဆိုေတာ့… (အယ္လ္ဘမ္ကို ျပန္ပိတ္၍ ေျပာ) ကဲ… အခုပဲ စၾကမလား… က်ေနာ္
ေထာက္တံထုတ္လိုက္မယ္ေလ… "
"ေျပာေျပာဆိုဆို သူ႕ရဲ႕ ကင္မရာေထာက္တဲ့ ေထာက္ကို အိတ္ထဲကထုတ္ဖို႕ ဇစ္ဆြဲသံလဲ
ၾကားလိုက္ေရာ… "
အဲဒီအမ်ိဳးသမီးလဲ ေနရာမွာတင္ ေမ့လဲက်သြားပါေလေရာဗ်ာ…
(Credit to Original Writer)
(Van Lyan) ျပန္လည္ေဝဌပါသည္။
................................................
အိမ်ထောင်သက် (၅) နှစ်မှ ကလေးမရရင်.
နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး
ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။
ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။
ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…
ယောက်ျားလုပ်သူက…
"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ
အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
ကိုယ်သွားတော့မယ်ကွာ… "
အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။
ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း
တယောက်ပါ။
အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…
"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "
"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "
"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "
"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "
"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "
"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "
"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "
"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"
"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "
"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "
"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "
"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "
"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "
"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "
"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "
"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "
(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "
"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "
"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "
"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "
"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြံုရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ "
"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "
"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "
"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "
"ဗုဒ္ဓော… ဘုရား.. ဘုရား… "
"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြံုလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "
"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "
"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "
"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… "
အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…
(Credit to Original Writer)
(Van Lyan) ပြန်လည်ဝေဌပါသည်။