Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စီမံကိန္းပိုလွ်ံေျမမ်ားေရာင္းခ်ေနသာ ေျမစာရင္းဦးစီးမွဴးႏွင့္ နည္းပညာတကၠသိုလ္မွ တာ၀န္ရွိသူမ်ားကို အေရးယူေပးရန္ တိုင္ၾကား

$
0
0
ဓာတ္ပံု-ေအာင္ကိုဦး

မႏၱေလး၊ဒီဇင္ဘာ ၁၅ ။            ။ မႏၱေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ရွင္ေတာ္ကုန္းေက်းရြာ၊ ေရြးစုေၾကးရြာႏွင့္ ပုဏၰားကုန္းေက်းရြာတို႔မွ ေဒသခံေတာင္သူမ်ား ပိုင္ဆိုင္ခဲ႔ေသာ ကြင္းအမွတ္ (၅၀၇၊၅၀၉၊၇၀၄) တို႔မွ  လယ္ယာေျမဧက ၇၀၄ ဧက အား ၁၉၈၉ခုႏွစ္တြင္ ႏုိင္ငံေတာ္ၿငိမ္၀ပ္ပိျပားေရး တည္ေဆာက္ေရးအဖြဲ႔က မႏၱေလးနည္းပညာတကၠသိုလ္ တည္ေဆာက္ရန္အတြက္ သိမ္းယူထားရာ ဧက ၃၀၀ သာအသံုးျပဳၿပီး က်န္ေျမမ်ားကို ေရာင္းခ်ေနသျဖင့္ အေရးယူေပးရန္ တိုင္ၾကားထားေၾကာင္းသိရသည္။

စီမံကိန္းပိုလ်ွံေျမေပၚတြင္ အကြက္မ်ားရုိက္ေရာင္းခ်ေနသူမ်ားအား အေရးယူေပးရန္ႏွင့္ ေျမမ်ားျပန္လည္စြန္႔လႊတ္ေပးရန္ ျပည္ေထာင္စုအစိုးရအဖြဲ႔ႏွင့္ တိုင္းေဒသႀကီး အစိုးရအဖြဲ႔တို႔ထံ ဒီဇင္ဘာလ ၁၆ ရက္တြင္ မူလပိုင္ရွင္ ၆၇ ဦးမွ လက္မွတ္ထိုး၍ တိုင္ၾကားစာေပးပို႔သြားမည္ဟုေဒသခံမ်ားကဆိုသည္။

အဆိုပါတိုင္ၾကားစာထဲတြင္ မႏၱေလးနည္းပညာတကၠသိုလ္မွ တာ၀န္ရွိသူမ်ားႏွင့္ပုသိမ္ႀကီးျမိဳ႕နယ္ ေျမစာရင္းဦးစီးဌာနတို႔မွ တာ၀န္ရွိသူမ်ား ပူးေပါင္းၿပီး ကိုယ္က်ိဳးအတြက္ အကြက္မ်ားရုိက္ ငွားရမ္းျခင္းမ်ားႏွင့္ ေရာင္းခ်မ်ားျပဳလုပ္ေနျခင္းကို တားဆီးအေရးယူေပးရန္တို႔ပါရွိသည္။

ပိုလွ်ံေသာ ဧက ၄၀၀ေက်ာ္ကို မူလပိုင္ရွင္ေဒသခံေတာင္သူမ်ားအား ျပန္လည္စြန္႔လႊတ္ျခင္းမျပဳလုပ္ပဲ အကြက္မ်ားရုိက္၍ အေဆာက္အဦးမ်ားတည္ေဆာက္ေနျခင္းကို ေဒသခံမ်ားက ဒီဇင္ဘာလ ၁၅ ရက္ နံနက္ ၁၁ နာရီတြင္ စတင္တားဆီးမႈမ်ားျပဳလုပ္ၿပီး ေဒသခံမ်ားလက္၀ယ္ ျပန္လည္စြန္႔လႊတ္ရန္ ေတာင္းဆိုလွ်က္ရွိသည္ဟု ရွင္ေတာ္ကုန္းေက်းရြာမွ ဧက ၂၀ သိမ္းယူခံထားရသူ ဦးတင္ေသာင္း က မဇၥ်ိမ ကိုေျပာသည္။

အကြက္ရုိက္ေရာင္းခ်မႈကို သိန္းေထာင္ခ်ီေပး၍ ၀ယ္ယူထားသူတစ္ဦး၏ ကိုယ္စားလွယ္တစ္ဦးက “ကၽြန္ေတာ္႔သူေဌး ၀ယ္ထားတာပါ။ ကၽြန္ေတာ္က လာၿပီး ႀကီးၾကပ္ေပးရတာပါ။ အခုဆက္မလုပ္ဖို႔   ေဒသခံေတြတားလို႔ ျခံခတ္တာခဏရပ္ထားတယ္။ ျပသနာျဖစ္မွာစိုးတဲ႔ အတြက္ရပ္ထားတာပါ။ သိန္း တစ္ေထာင္ေက်ာ္တယ္။ ဒီေလာက္ပဲသိတယ္။”ဟုေျပာသည္။

အဆိုပါေျမမ်ားသိမ္းယူခဲ႔စဥ္က  နစ္နာေၾကးေလ်ွာ္ေၾကးေပးခဲ႔ျခင္းမရွိဘဲ သိမ္းယူခဲ႔ျခင္းေၾကာင့္ အိမ္ေထာင္စု ၂၀၀ ေက်ာ္ အလုပ္လက္မဲ႔ျဖစ္ကာ ယေန႔အခ်ိန္အထိ တစ္ခ်ိဳ႕အိမ္ေထာင္စု၀င္မ်ားသည္ ၾကံဳရာက်ဘမ္း လုပ္ကိုင္စားေသာက္ေနရဆဲျဖစ္ၿပီး တစ္ခ်ိဳ႕မိသားစု၀င္မ်ားမွာ ေနရပ္စြန္႔ခြာသြားၾကသူမ်ားလည္း ရွိသည္ဟု ဦးေဆာင္သူမ်ားႏွင့္ လယ္သိမ္းခံေတာင္သူမ်ားက ဆိုသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ႔ ေက်ာင္းစီမံကိန္းအတြက္လုပ္တယ္ဆိုရင္ ဘာမွမေျပာဘူး။ မေတာင္းဆိုဘူး။ အခုဟာက ေက်ာင္းဧရိယာျပင္ပမွာပိုလ်ွံေနတဲ႔ေျမေတြကို ျပန္ရခ်င္တာပါ။ ဘာလို႔ျပန္ ရခ်င္လည္း ဆိုရင္ ျခံေတြလာခတ္ၿပီး အေဆာက္အဦးေတြေဆာက္ေနလို႔ပါ။ အခုေဆာက္ေနတာေတြက ကုမၸဏီေတြျဖစ္ေနတယ္။ ေက်ာင္းနဲ႔လည္းမသက္ဆိုင္ပါဘူး"ဟု ဦးတင္ေသာင္းက ေျပာသည္။

၅ ဧကသိမ္းဆည္းခံထားရသူ ေဒၚခင္ျမင့္ၾကည္ က “ကိုယ္ပိုင္ခဲ႔တဲ႔ေျမကို သူေတာင္းစားလိုျပန္ေတာင္းေနရတယ္။ပိုေနျပီပဲ ျပန္ေပးေပါ့။ အခုေတာ႔မေပးဘဲ ေရာင္းစားေနတာကေတာ႔   ျပည္သူကိုဆက္ၿပီး   ႏွိပ္စက္သလိုခံစားရတယ္။ “ဟု ေျပာသည္။

အဆိုပါပိုလွ်ံေျမမ်ားကို ေရာင္းခ်ေနသူမ်ားအား အေရးယူေပးရန္ႏွင့္ ျပန္လည္စြန္႔လႊတ္ေပးရန္တို႔ကို ယေန႔ မြန္းလြဲပိုင္းက မႏၱေလးနည္းပညာတကၠသိုလ္အနီး လန္းဆန္းေအာင္ ကေဖးတြင္   ေဒသခံမ်ားက သတင္းစာရွင္းလင္းပြဲျပဳလုပ္ထားသည္။

ပိုလွ်ံေျမမ်ား အကြက္ရုိက္ေရာင္းခ်ထားေနမႈမ်ားႏွင့္ ပတ္သက္၍ မႏၱေလးနည္းပညာတကၠသိုလ္ မွ တာ၀န္ရွိသူမ်ားႏွင့္ပုသိမ္ႀကီးၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာန၊ ဦးစီးမွဴး တို႔ႏွင့္ေတြ႔ဆုံေမးျမန္းခြင့္ ရရန္ အတြက္ မႏၱေလးအေျခစ္ိုက္ သတင္းေထာက္မ်ားျဖစ္သည္႔ မဇၥ်ိမ၊DVB၊RFA၊ ELEVEN ၊7 DAY၊VOICE ၊ကုမုျႏၵာ၊ ေမာ္ဒန္၊ မႏၱေလးအလင္း၊ မႏၱေလးေခတ္၊ ေရႊမႏၱေလး စသည္႔ သတင္းေထာက္ မ်ားက ညေနရုံးဆင္းခ်ိန္ထိတိုင္ ေတြ႔ခြင့္မရခဲ႔ေပ။

ေဒသခံေတာင္သူမ်ားအေနျဖင့္ တိုင္ၾကားစာပိ္ု႔ၿပီး ၁၀ ရက္အတြင္း သက္ဆိုင္ရာအေၾကာင္းျပန္ၾကားလာျခင္းမရွိပါက အဆိုပါပိုလွ်ံ ေျမမ်ားထဲသို႕၀င္ေရာက္ထြန္ယက္စိုက္ပ်ိဳးမႈမ်ား ျပဳလုပ္မည္ဟု လယ္သိမ္းခံေတာင္သူမ်ား က တစ္ညီတစ္ညႊတ္တည္းဆိုၾကသည္။

- See more at: http://mizzimaburmese.com/article/8596#sthash.CjBfaFXG.oFgCpHTb.dpuf
................
စီမံကိန်းပိုလျှံမြေများရောင်းချနေသာ မြေစာရင်းဦးစီးမှူးနှင့် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများကို အရေးယူပေးရန် တိုင်ကြား
ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဒီဇင်ဘာ ၁၅ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာ၊ ရွေးစုကြေးရွာနှင့် ပုဏ္ဏားကုန်းကျေးရွာတို့မှ ဒေသခံတောင်သူများ ပိုင်ဆိုင်ခဲ့သော ကွင်းအမှတ် (၅၀၇၊၅၀၉၊၇၀၄) တို့မှ  လယ်ယာမြေဧက ရ၀၄ ဧက အား ၁၉၈၉ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့က မန္တလေးနည်းပညာတက္ကသိုလ် တည်ဆောက်ရန်အတွက် သိမ်းယူထားရာ ဧက ၃၀၀ သာအသုံးပြုပြီး ကျန်မြေများကို ရောင်းချနေသဖြင့် အရေးယူပေးရန် တိုင်ကြားထားကြောင်းသိရသည်။

စီမံကိန်းပိုလျှံမြေပေါ်တွင် အကွက်များရိုက်ရောင်းချနေသူများအား အရေးယူပေးရန်နှင့် မြေများပြန်လည်စွန့်လွှတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ထံ ဒီဇင်ဘာလ ၁၆ ရက်တွင် မူလပိုင်ရှင် ၆၇ ဦးမှ လက်မှတ်ထိုး၍ တိုင်ကြားစာပေးပို့သွားမည်ဟုဒေသခံများကဆိုသည်။

အဆိုပါတိုင်ကြားစာထဲတွင် မန္တလေးနည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်ပုသိမ်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကိုယ်ကျိုးအတွက် အကွက်များရိုက် ငှားရမ်းခြင်းများနှင့် ရောင်းချများပြုလုပ်နေခြင်းကို တားဆီးအရေးယူပေးရန်တို့ပါရှိသည်။

ပိုလျှံသော ဧက ၄၀၀ကျော်ကို မူလပိုင်ရှင်ဒေသခံတောင်သူများအား ပြန်လည်စွန့်လွှတ်ခြင်းမပြုလုပ်ပဲ အကွက်များရိုက်၍ အဆောက်အဦးများတည်ဆောက်နေခြင်းကို ဒေသခံများက ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီတွင် စတင်တားဆီးမှုများပြုလုပ်ပြီး ဒေသခံများလက်ဝယ် ပြန်လည်စွန့်လွှတ်ရန် တောင်းဆိုလျှက်ရှိသည်ဟု ရှင်တော်ကုန်းကျေးရွာမှ ဧက ၂၀ သိမ်းယူခံထားရသူ ဦးတင်သောင်း က မဇ္စျိမ ကိုပြောသည်။

အကွက်ရိုက်ရောင်းချမှုကို သိန်းထောင်ချီပေး၍ ၀ယ်ယူထားသူတစ်ဦး၏ ကိုယ်စားလှယ်တစ်ဦးက “ကျွန်တော့်သူဌေး ၀ယ်ထားတာပါ။ ကျွန်တော်က လာပြီး ကြီးကြပ်ပေးရတာပါ။ အခုဆက်မလုပ်ဖို့   ဒေသခံတွေတားလို့ ခြံခတ်တာခဏရပ်ထားတယ်။ ပြသနာဖြစ်မှာစိုးတဲ့ အတွက်ရပ်ထားတာပါ။ သိန်း တစ်ထောင်ကျော်တယ်။ ဒီလောက်ပဲသိတယ်။”ဟုပြောသည်။

အဆိုပါမြေများသိမ်းယူခဲ့စဉ်က  နစ်နာကြေးလျှော်ကြေးပေးခဲ့ခြင်းမရှိဘဲ သိမ်းယူခဲ့ခြင်းကြောင့် အိမ်ထောင်စု ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ကာ ယနေ့အချိန်အထိ တစ်ချို့အိမ်ထောင်စုဝင်များသည် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်နေရဆဲဖြစ်ပြီး တစ်ချို့မိသားစုဝင်များမှာ နေရပ်စွန့်ခွာသွားကြသူများလည်း ရှိသည်ဟု ဦးဆောင်သူများနှင့် လယ်သိမ်းခံတောင်သူများက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ကျောင်းစီမံကိန်းအတွက်လုပ်တယ်ဆိုရင် ဘာမှမပြောဘူး။ မတောင်းဆိုဘူး။ အခုဟာက ကျောင်းဧရိယာပြင်ပမှာပိုလျှံနေတဲ့မြေတွေကို ပြန်ရချင်တာပါ။ ဘာလို့ပြန် ရချင်လည်း ဆိုရင် ခြံတွေလာခတ်ပြီး အဆောက်အဦးတွေဆောက်နေလို့ပါ။ အခုဆောက်နေတာတွေက ကုမ္ပဏီတွေဖြစ်နေတယ်။ ကျောင်းနဲ့လည်းမသက်ဆိုင်ပါဘူး"ဟု ဦးတင်သောင်းက ပြောသည်။

၅ ဧကသိမ်းဆည်းခံထားရသူ ဒေါ်ခင်မြင့်ကြည် က “ကိုယ်ပိုင်ခဲ့တဲ့မြေကို သူတောင်းစားလိုပြန်တောင်းနေရတယ်။ပိုနေပြီပဲ ပြန်ပေးပေါ့။ အခုတော့မပေးဘဲ ရောင်းစားနေတာကတော့   ပြည်သူကိုဆက်ပြီး   နှိပ်စက်သလိုခံစားရတယ်။ “ဟု ပြောသည်။

အဆိုပါပိုလျှံမြေများကို ရောင်းချနေသူများအား အရေးယူပေးရန်နှင့် ပြန်လည်စွန့်လွှတ်ပေးရန်တို့ကို ယနေ့ မွန်းလွဲပိုင်းက မန္တလေးနည်းပညာတက္ကသိုလ်အနီး လန်းဆန်းအောင် ကဖေးတွင်   ဒေသခံများက သတင်းစာရှင်းလင်းပွဲပြုလုပ်ထားသည်။

ပိုလျှံမြေများ အကွက်ရိုက်ရောင်းချထားနေမှုများနှင့် ပတ်သက်၍ မန္တလေးနည်းပညာတက္ကသိုလ် မှ တာဝန်ရှိသူများနှင့်ပုသိမ်ကြီးမြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး တို့နှင့်တွေ့ဆုံမေးမြန်းခွင့် ရရန် အတွက် မန္တလေးအခြေစ်ိုက် သတင်းထောက်များဖြစ်သည့် မဇ္စျိမ၊DVB၊RFA၊ ELEVEN ၊7 DAY၊VOICE ၊ကုမုန္ဒြာ၊ မော်ဒန်၊ မန္တလေးအလင်း၊ မန္တလေးခေတ်၊ ရွှေမန္တလေး စသည့် သတင်းထောက် များက ညနေရုံးဆင်းချိန်ထိတိုင် တွေ့ခွင့်မရခဲ့ပေ။

ဒေသခံတောင်သူများအနေဖြင့် တိုင်ကြားစာပိ်ု့ပြီး ၁၀ ရက်အတွင်း သက်ဆိုင်ရာအကြောင်းပြန်ကြားလာခြင်းမရှိပါက အဆိုပါပိုလျှံ မြေများထဲသို့ဝင်ရောက်ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်မည်ဟု လယ်သိမ်းခံတောင်သူများ က တစ်ညီတစ်ညွှတ်တည်းဆိုကြသည်။

- See more at: http://mizzimaburmese.com/article/8596#sthash.CjBfaFXG.oFgCpHTb.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...