Quantcast
Viewing all articles
Browse latest Browse all 13796

RCSSနဲ႔ TNLA အျမန္ဆုံးေတြ႕ဖို႔ ေဆြးေႏြးသေဘာတူ

Image may be NSFW.
Clik here to view.
RCSS/SSA ဘက္က နယ္ေက်ာ္ လာလို႔ တိုက္ပြဲေတြ စ ျဖစ္တာလို႔ PSLF/TNLA ဘက္ကေျပာ

UNFC ညီညႊတ္ေသာ တိုင္းရင္းသားမ်ား ဖယ္ဒရယ္ ေကာင္စီ တာဝန္ရွိသူေတြနဲ႔ RCSS/SSA ရွမ္းျပည္ တပ္မေတာ္ ေတာင္ပိုင္း ဥကၠဌ ဒုဗိုလ္ခ်ဴပ္ႀကီး ယြက္ဆစ္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္ေတြ ဒီဇင္ဘာလ ၁၅ရက္ေန႔က ထိုင္းနိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ေတြ႕ဆုံ ခဲ့ၾကၿပီး RCSS/SSA ရွမ္းျပည္ တပ္မေတာ္ ေတာင္ပိုင္း တပ္ဖြဲ႕နဲ႔ PSLF/ TNLA တအာင္း ပေလာင္တပ္ဖြဲ႕ တို႔အၾကား တိုက္ပြဲေတြ ရပ္စဲနိုင္ေရးကို အဓိကထား ေဆြးေႏြးခဲ့ၾကပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းမွာ RCSS/SSA နဲ႔ PSLF/TNLA အၾကား တိုက္ပြဲေတြ ရပ္စဲနိုင္ေရး အတြက္ UNFC အဖြဲ႕က ၾကားဝင္ ညႇိႏွိုင္း ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

RCSS/SSA ကိုယ္စားလွယ္ အဖြဲ႕ကို ဥကၠဌ ဒုဗိုလ္ခ်ဴပ္ႀကီး ယြက္ဆစ္ ဦးေဆာင္ခဲ့ၿပီး UNFC ဘက္ကေတာ့ ဗိုလ္ခ်ဴပ္ ဘီထူး၊ ဦးထြန္းေဇာ္ နဲ႔ နိုင္ရြန္တိန္း တို႔ ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။

ႏွစ္ဘက္အၾကား ပဋိပကၡေတြကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းၾကဖို႔နဲ႔ သင့္ေတာ္တဲ့ အခ်ိန္ တခုခုမွာ PSLF/TNLA ကိုယ္စားလွယ္ေတြနဲ႔ RCSS/SSA ကိုယ္စားလွယ္ေတြ ေတြ႕ဆုံၾက ဖို႔ကို ေဆြးေႏြး သေဘာတူခဲ့ၾကတယ္လို႔ RCSS/SSA အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဒုတိယ ဗိုလ္မွူးႀကီး စိုင္းငင္းက ဘီဘီစီကို ေျပာပါတယ္။

TNLA တပ္ဖြဲ႕ ဖမ္းသြားတဲ့ ရွမ္းလူမ်ိဳးေတြကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ကိုလည္း UNFC ကိုယ္စားလွယ္ေတြကေနတဆင့္ ေျပာခဲ့တယ္လို႔ သူက ေျပာပါတယ္။

အခုအခါ ႏွစ္ဘက္ တပ္ဖြဲ႕ ကိုယ္စားလွယ္ေတြ အျမန္ဆုံး ေတြ႕ဆုံ ေဆြးေႏြးနိုင္ဖို႔ တအာင္း ပေလာင္တပ္ဖြဲ႕ဘက္ကိုလည္း အေၾကာင္းၾကားလိုက္ၿပီလို႔ UNFC ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ ေဆြးေႏြးခဲ့တဲ့ ဦးထြန္းေဇာ္က ေျပာပါတယ္။

RCSS /SSA ဘက္ကေတာ့ ျမန္ျမန္ေတြ႕ေလ၊ ေကာင္းေလေလ ဆိုတဲ့ သေဘာထား ရွိေနၿပီး PSLF/TNLA ဘက္က တုန္႔ျပန္ခ်က္ သေဘာထား ရရင္ေတာ့ ႏွစ္ဘက္ ေတြ႕ဆုံတဲ့ အခင္းအက်င္း ျဖစ္လာမယ္လို႔ ထင္ေၾကာင္း ဦးထြန္းေဇာ္က ေျပာပါတယ္။

အဲဒီ ေဆြးေႏြးပြဲမွာ တိုက္ပြဲေတြ ရပ္ဆိုင္းဖို႔အျပင္ တိုင္းရင္းသား စည္းလုံး ညီညႊတ္ေရးနဲ႔ တစ္နိုင္ငံလုံး အပစ္အခတ္ ရပ္စဲေရး စာခ်ဳပ္မွာ လက္မွတ္ထိုးဖို႔ က်န္ေနေသးတဲ့ တိုင္းရင္းသားအဖြဲ႕ေတြ အားလုံး ပါဝင္နိုင္ေရးအတြက္ နည္းလမ္း ရွာဖို႔ကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
........................
 RCSS/SSA ဘက်က နယ်ကျော် လာလို့ တိုက်ပွဲတွေ စ ဖြစ်တာလို့ PSLF/TNLA ဘက်ကပြော

UNFC ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ တာဝန်ရှိသူတွေနဲ့ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ ဒီဇင်ဘာလ ၁၅ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ခဲ့ကြပြီး RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နဲ့ PSLF/ TNLA တအာင်း ပလောင်တပ်ဖွဲ့ တို့အကြား တိုက်ပွဲတွေ ရပ်စဲနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ RCSS/SSA နဲ့ PSLF/TNLA အကြား တိုက်ပွဲတွေ ရပ်စဲနိုင်ရေး အတွက် UNFC အဖွဲ့က ကြားဝင် ညှိနှိုင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

RCSS/SSA ကိုယ်စားလှယ် အဖွဲ့ကို ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်ခဲ့ပြီး UNFC ဘက်ကတော့ ဗိုလ်ချူပ် ဘီထူး၊ ဦးထွန်းဇော် နဲ့ နိုင်ရွန်တိန်း တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဘက်အကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့နဲ့ သင့်တော်တဲ့ အချိန် တခုခုမှာ PSLF/TNLA ကိုယ်စားလှယ်တွေနဲ့ RCSS/SSA ကိုယ်စားလှယ်တွေ တွေ့ဆုံကြ ဖို့ကို ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ RCSS/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ဘီဘီစီကို ပြောပါတယ်။

TNLA တပ်ဖွဲ့ ဖမ်းသွားတဲ့ ရှမ်းလူမျိုးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း UNFC ကိုယ်စားလှယ်တွေကနေတဆင့် ပြောခဲ့တယ်လို့ သူက ပြောပါတယ်။

အခုအခါ နှစ်ဘက် တပ်ဖွဲ့ ကိုယ်စားလှယ်တွေ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ တအာင်း ပလောင်တပ်ဖွဲ့ဘက်ကိုလည်း အကြောင်းကြားလိုက်ပြီလို့ UNFC ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ဆွေးနွေးခဲ့တဲ့ ဦးထွန်းဇော်က ပြောပါတယ်။

RCSS /SSA ဘက်ကတော့ မြန်မြန်တွေ့လေ၊ ကောင်းလေလေ ဆိုတဲ့ သဘောထား ရှိနေပြီး PSLF/TNLA ဘက်က တုန့်ပြန်ချက် သဘောထား ရရင်တော့ နှစ်ဘက် တွေ့ဆုံတဲ့ အခင်းအကျင်း ဖြစ်လာမယ်လို့ ထင်ကြောင်း ဦးထွန်းဇော်က ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့အပြင် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ အားလုံး ပါဝင်နိုင်ရေးအတွက် နည်းလမ်း ရှာဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>