Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဖားကန္႔ေက်ာက္စိမ္း တူးေဖာ္ေရးလုပ္ငန္း ကန္႔ကြက္ဆႏၵျပခံရ

$
0
0
ဖားကန္႔ ေက်ာက္စိမ္း လုပ္ငန္းခြင္နဲ႔ စြန္႔ပစ္ ေျမစာပံု

ဖားကန္႔ၿမဳိ့နယ္အတြင္း မၾကာေသးခင္ရက္ပုိင္းကစလို႔   ေက်ာက္စိမ္းတူးေဖၚေရးကုမၸဏီေတြက အင္အားအလုံးအရင္းသုံးၿပီး တူးေဖၚေရး လုပ္လာတဲ့အတြက္ ေဒသခံေတြ ဆႏၵျပခဲ့ၾကပါတယ္။ ေက်ာက္စိမ္းတူးေဖၚေရး လုပ္ငန္းေတြေၾကာင့္ ေျမစာပုံပိၿပီး ေသဆုံးမႈအပါအဝင္ မေတာ္တဆ ေသဆုံးမႈေတြ ဆက္တိုက္ျဖစ္လာၿပီးေနာက္ပိုင္း ေဒသခံေတြ အခုလို ဆႏၵျပလာၾကတာပါ။ဆက္သြယ္စုံစမ္းထားတဲ့ကိုဉာဏ္ဝင္းေအာင္က တင္ျပပါတယ္။

ေက်ာက္စိမ္းတူးေဖၚေရးကုမၸဏီေတြက ေျမစာသယ္တဲ့ ထရပ္ကားႀကီးေတြသုံးၿပီး အခုရက္ပိုင္းအတြင္းမွာ ေန႔မအား ညမအား ေက်ာက္စိမ္း တူးေဖၚေရးေတြ လုပ္ေနၾကတာပါ။ ေက်ာက္စိမ္းတြင္း႐ွိရာ ေမွာ္ေတြနဲ႔ ေျမစာပုံတဲ့ ေနရာၾကားက ရြာေတြကို ယႏၱရားစက္ေတြနဲ႔ ေျမသယ္ ထရပ္ကားႀကီးေတြ   ျဖတ္ေမာင္းေနတာေၾကာင့္ ေဒသခံေတြအတြက္ ဆုိးက်ဳိးျဖစ္လာတဲ့အေပၚ ဖားကန္႔ၿမဳိ႕နဲ႔ လုံးခင္းၿမဳိ့နယ္ၾကား ရြာတခ်ဳိ႕မွာ ေဒသခံရြာသား အနည္းဆုံး ၄၀ ေလာက္ ဒီကေန႔ ဆႏၵျပခဲ့ၾကတယ္လို႔ ဖားကန္႔ၿမဳိ့ခံ ကုိေဇာ္မုိးထက္က ေျပာပါတယ္။

“ေျမစာပစ္တဲ့ကားေတြက ရြာေတြထဲကို ၂၄ နာရီသြားေနတာကိုး၊ ေန႔ဆုိင္း ညဆိုင္းနဲ႔ကိုး။ အဲလိုမ်ဳိးသြားေနေတာ့ ရြာထဲလမ္းကေန မျဖတ္နဲ႔ ဆိုၿပီးေတာ့ ဆႏၵေဖၚထုတ္တာေပါ့ေနာ္၊ ဒီရြာထဲ လမ္းေတြက သြားျခင္းအားျဖင့္ ေဒသခံျပည္သူေတြအတြက္ ၂၄ နာရီ ဖုံေတြနဲ႔ပဲ ေနေနရတယ္ ဗ်ာ။ ေနာက္တခ်က္က အိပ္ေရး၀၀ မအိပ္ရဘူး၊ ေနာက္တခါ ဆုိင္ကယ္ေတြႀကိတ္ၿပီး ေသသြား လူေတြႀကိတ္ၿပီးေသသြား အဲဒါေန႔စဥ္နဲ႔အမွ်လို ျဖစ္ေနတာ … တေမွာ္လုံးအတုိင္းအတာေပါ့ေနာ္။ အဲဒီ႐ႈေထာင့္ကေန တားတာေပါ့ေနာ္ ”

အခုလို ဆႏၵျပတာေၾကာင့္ လုံၿခဳံေရး ယူေပးခဲ့ရတယ္လို႔ ဖားကန္႔ ၿမဳိ့နယ္ရဲစခန္း တာဝန္က် ရဲအရာရွိတဦးက VOA ကိုေျပာပါတယ္။

“ဖားကန္႔နဲ႔ လုံးခင္းဖက္ၾကား ျဖစ္တာပါ။ အဲဒီေတာ့ က်ေနာ္တုိ႔ ဒီၿမဳိ့မကေန သြားၿပီးေတာ့ ဒီနယ္ထိန္း ဆိုက္ကေန သြားၿပီးေတာ့မွ လုံၿခဳံေရး သြားေပးရတာပါ”

‘ေျမစာသယ္တဲ့ကားေတြ ရြာထဲကို ျဖတ္သန္းခြင့္မျပဳ’ ၊ ‘လူသတ္ေနတဲ့ ေက်ာက္စိမ္းတူးေဖၚေရး ကုမၸဏီေတြ ဖားကန္႔ၿမဳိ့နယ္က ထြက္သြား’ စတဲ့ဆုိင္းဘုတ္ေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကတယ္လို႔ ဆိုပါတယ္။ လုံးခင္းၿမဳိ့နယ္အုပ္စု ၀ုိင္းေတာင္ ကုေဋရြာ စတဲ့ေဒသေတြမွာ ဆႏၵျပခဲ့ ၾကတာပါ။ ေဒသခံေတြ အခုလို ဆႏၵျပရတဲ့အေျခအေနကို သူ႔အေနနဲ႔ ကုိယ္ခ်င္းစာနားလည္မိေၾကာင္း NLD ပါတီ ကခ်င္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ အေရြးခ်ယ္ခံရတဲ့ ဦးဒါ႐ွီလာဆိုင္းက ေျပာပါတယ္။

“ႏိုင္ငံေတာ္ အက်ဳိးတူဆိုတဲ့ ကုမၸဏီအေတာ္မ်ားမ်ားဟာ - ဒီ အဖြဲ႔အစည္းပုိင္ေပါ့ေနာ္။ အဲဒီကုမၸဏီ ေတာ္ေတာ္မ်ားမ်ားဟာ ေဒသခံေတြရဲ႕ အက်ဳိးကို မၾကည့္တဲ့ ကုမၸဏီက မ်ားတဲ့အတြက္ေၾကာင့္မို႔၊ ေနာက္ၿပီးေတာ့ သဘာ၀ပတ္ဝန္းက်င္ ပ်က္စီးယုိယြင္းတဲ့ အပိုင္းကလဲ ေတာ္ေတာ္ေလး မ်ားတဲ့ အေနထားေတြေပၚမွာ ျပည္သူလူထုက ဆႏၵျပတယ္လို႔ က်ေနာ္ကေတာ့ ဒီလိုျမင္တယ္ေလ ေနာ့”

ေက်ာက္စိမ္းတူးေဖၚေရး ကုမၸဏီေတြအေနနဲ႔ ၂၀၁၆ မွာတက္လာမယ့္ အစိုးရသစ္လက္ထက္ မတုိင္ခင္ တူးေဖၚေရးလုပ္ငန္းေတြကို အလွ်င္စလုိ လုပ္မယ့္သေဘာ ရွိတယ္လို႔ ကိုေဇာ္မုိးထက္က သုံးသပ္ပါတယ္။

“ဒီ ၂၀၁၀ စတက္ကတည္းက ဒီလက္ရွိအစိုးရသက္တမ္းမွာ အကုန္တူးမွာတဲ့။ ဟို အကုန္တူးမယ္ဆုိတာက ရသေလာက္တူးမွာေပါ့ဗ်ာ။ က်ေနာ္ထင္ပါတယ္ သူတုိ႔ေနာက္ကြယ္က ၿငိမ္းခ်မ္းေရးအဖြဲ႔အစည္းေတြပါမယ္၊ ေနာက္တခုက ခ႐ိုနီအုပ္စု႐ွိမယ္။ ေနာက္တခုကက်ေတာ့ ဒီစစ္ဗုိလ္ခ်ဳပ္ အသိုင္းအဝိုင္းနဲ႔ ပတ္သက္တဲ့ ကုမၸဏီေတြ႐ွိမယ္။ အဲဒီေနာက္မွာ ဒါေတြပဲ႐ွိမွာ”

ရာေက်ာ္တဲ့ ေက်ာက္စိမ္းတူးေဖၚေရး ကုမၸဏီေတြထဲမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အပစ္ရပ္ ၿငိမ္းခ်မ္းေရးယူထားတဲ့ အဖြဲ႔ေတြ ပါဝင္ၿပီး၊ NDAK ဦးစခုန္တိမ့္ရိမ္းရဲ႕ကခ်င္အဖြဲ႔ ၊ KDN ဦးမထုေနာ္ရဲ႕အဖြဲ႔နဲ႔ ပအို႔၀္လက္နက္ကိုင္ အဖြဲ႔ေတြျဖစ္တဲ့ PLA/ PNO အဖြဲ႔ေတြ၊ UWSA ၀တပ္ဖြဲ႔ရဲ႕ ရာဇဌာေန၊ ျမန္မာတေကာင္း စတဲ့ကုမၸဏီေတြက ေက်ာက္စိမ္းတူးေဖၚေနၾကၿပီး ေဒသခံေတြအက်ဳိးကို ဘာမွ လုပ္ေဆာင္ေပးျခင္း မ႐ွိဘူးလို႔ ဦးဒါ႐ွီလာဆိုင္းက ေျပာပါတယ္။ အဲဒီကုမၸဏီေတြဟာ ပြင့္လင္းျမင္သာမႈ႐ွိ႐ွိ လုပ္ေဆာင္မယ့္ ေနာင္တက္လာမယ့္ NLD အစိုးရ လက္ထက္မတုိင္ခင္မွာ အခုလို အလွ်င္စလုိ လုပ္ေနၾကတာလို႔ဦးဒါ႐ွီလာဆိုင္းက သုံးသပ္ပါတယ္။

“က်ေနာ္တို႔ ဒီ အမ်ားျပည္သူလူထုက ေထာက္ခံတဲ့ အစိုးရသစ္တရပ္က မၾကာခင္ေပါ့ေနာ္၊ ၃-၄-၅ လအေတာတြင္း ေပၚေပါက္လာေတာ့မယ္ ဆိုတဲ့အခ်ိန္မွာ သူတုိ႔အေနနဲ႔ဒီလို ျပည္သူလူထုဖက္ကေန ရပ္တည္မယ့္ အစိုးရေပၚေပါက္ခဲ့ရင္ ဒီလုပ္ငန္းေတြကို သူတို႔ ေကာင္းေကာင္း မြန္မြန္ လုပ္ခြင့္ရေတာ့မွာ မဟုတ္ဘူးဆိုတဲ့ အေတြးနဲ႔ အခုလက္႐ွိကာလမွာ မက်န္ေတာ့တဲ့ကာလ ၃လ ၄ လအေတာတြင္းမွာေပါ့ေနာ္ လက္ငုတ္လက္က်န္ ေလးေတြကို အၿပီးျပတ္ သူတုိ႔အေနနဲ႔ လုပ္ေဆာင္ခ်င္တဲ့ အေနအထားေၾကာင့္လို႔ပဲ က်ေနာ့္အျမင္ေရာ အမ်ားျပည္သူရဲ႕ အျမင္မွာလဲ အဲလိုပဲ ျမင္ေနၾကတာေပါ့ေနာ္။ တကယ္လဲ က်ေနာ္တုိ႔လဲ အဲလိုပဲ သုံးသပ္တယ္”

ဒီဇင္ဘာလ ၁၅ ရက္ေန႔တုန္းကလဲ ဖားကန္႔မွာ ေျမစာပုံၿပဳိၿပီး အနည္းဆုံးလူ ၅ ဦးေသဆုံးခဲ့ရေပမယ့္ သက္ဆုိင္ရာ ေက်ာက္စိမ္းတူးေဖၚေရး ကုမၸဏီက တာ၀န္ယူ ျပန္လည္ေဖၚထုတ္ေပးတာမ်ဳိး မရွိခဲ့ပါဘူး။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....................
 ဖားကန့် ကျောက်စိမ်း လုပ်ငန်းခွင်နဲ့ စွန့်ပစ် မြေစာပုံ

ဖားကန့်မြို့နယ်အတွင်း မကြာသေးခင်ရက်ပိုင်းကစလို့   ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီတွေက အင်အားအလုံးအရင်းသုံးပြီး တူးဖေါ်ရေး လုပ်လာတဲ့အတွက် ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေကြောင့် မြေစာပုံပိပြီး သေဆုံးမှုအပါအဝင် မတော်တဆ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက်ပိုင်း ဒေသခံတွေ အခုလို ဆန္ဒပြလာကြတာပါ။ဆက်သွယ်စုံစမ်းထားတဲ့ကိုဉာဏ်ဝင်းအောင်က တင်ပြပါတယ်။

ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီတွေက မြေစာသယ်တဲ့ ထရပ်ကားကြီးတွေသုံးပြီး အခုရက်ပိုင်းအတွင်းမှာ နေ့မအား ညမအား ကျောက်စိမ်း တူးဖေါ်ရေးတွေ လုပ်နေကြတာပါ။ ကျောက်စိမ်းတွင်းရှိရာ မှော်တွေနဲ့ မြေစာပုံတဲ့ နေရာကြားက ရွာတွေကို ယန္တရားစက်တွေနဲ့ မြေသယ် ထရပ်ကားကြီးတွေ   ဖြတ်မောင်းနေတာကြောင့် ဒေသခံတွေအတွက် ဆိုးကျိုးဖြစ်လာတဲ့အပေါ် ဖားကန့်မြို့နဲ့ လုံးခင်းမြို့နယ်ကြား ရွာတချို့မှာ ဒေသခံရွာသား အနည်းဆုံး ၄၀ လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ဖားကန့်မြို့ခံ ကိုဇော်မိုးထက်က ပြောပါတယ်။

“မြေစာပစ်တဲ့ကားတွေက ရွာတွေထဲကို ၂၄ နာရီသွားနေတာကိုး၊ နေ့ဆိုင်း ညဆိုင်းနဲ့ကိုး။ အဲလိုမျိုးသွားနေတော့ ရွာထဲလမ်းကနေ မဖြတ်နဲ့ ဆိုပြီးတော့ ဆန္ဒဖေါ်ထုတ်တာပေါ့နော်၊ ဒီရွာထဲ လမ်းတွေက သွားခြင်းအားဖြင့် ဒေသခံပြည်သူတွေအတွက် ၂၄ နာရီ ဖုံတွေနဲ့ပဲ နေနေရတယ် ဗျာ။ နောက်တချက်က အိပ်ရေးဝဝ မအိပ်ရဘူး၊ နောက်တခါ ဆိုင်ကယ်တွေကြိတ်ပြီး သေသွား လူတွေကြိတ်ပြီးသေသွား အဲဒါနေ့စဉ်နဲ့အမျှလို ဖြစ်နေတာ … တမှော်လုံးအတိုင်းအတာပေါ့နော်။ အဲဒီရှုထောင့်ကနေ တားတာပေါ့နော် ”

အခုလို ဆန္ဒပြတာကြောင့် လုံခြုံရေး ယူပေးခဲ့ရတယ်လို့ ဖားကန့် မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက VOA ကိုပြောပါတယ်။

“ဖားကန့်နဲ့ လုံးခင်းဖက်ကြား ဖြစ်တာပါ။ အဲဒီတော့ ကျနော်တို့ ဒီမြို့မကနေ သွားပြီးတော့ ဒီနယ်ထိန်း ဆိုက်ကနေ သွားပြီးတော့မှ လုံခြုံရေး သွားပေးရတာပါ”

‘မြေစာသယ်တဲ့ကားတွေ ရွာထဲကို ဖြတ်သန်းခွင့်မပြု’ ၊ ‘လူသတ်နေတဲ့ ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေ ဖားကန့်မြို့နယ်က ထွက်သွား’ စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ လုံးခင်းမြို့နယ်အုပ်စု ၀ုိင်းတောင် ကုဋေရွာ စတဲ့ဒေသတွေမှာ ဆန္ဒပြခဲ့ ကြတာပါ။ ဒေသခံတွေ အခုလို ဆန္ဒပြရတဲ့အခြေအနေကို သူ့အနေနဲ့ ကိုယ်ချင်းစာနားလည်မိကြောင်း NLD ပါတီ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရတဲ့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“နိုင်ငံတော် အကျိုးတူဆိုတဲ့ ကုမ္ပဏီအတော်များများဟာ - ဒီ အဖွဲ့အစည်းပိုင်ပေါ့နော်။ အဲဒီကုမ္ပဏီ တော်တော်များများဟာ ဒေသခံတွေရဲ့ အကျိုးကို မကြည့်တဲ့ ကုမ္ပဏီက များတဲ့အတွက်ကြောင့်မို့၊ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းတဲ့ အပိုင်းကလဲ တော်တော်လေး များတဲ့ အနေထားတွေပေါ်မှာ ပြည်သူလူထုက ဆန္ဒပြတယ်လို့ ကျနော်ကတော့ ဒီလိုမြင်တယ်လေ နော့”

ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေအနေနဲ့ ၂၀၁၆ မှာတက်လာမယ့် အစိုးရသစ်လက်ထက် မတိုင်ခင် တူးဖေါ်ရေးလုပ်ငန်းတွေကို အလျှင်စလို လုပ်မယ့်သဘော ရှိတယ်လို့ ကိုဇော်မိုးထက်က သုံးသပ်ပါတယ်။

“ဒီ ၂၀၁၀ စတက်ကတည်းက ဒီလက်ရှိအစိုးရသက်တမ်းမှာ အကုန်တူးမှာတဲ့။ ဟို အကုန်တူးမယ်ဆိုတာက ရသလောက်တူးမှာပေါ့ဗျာ။ ကျနော်ထင်ပါတယ် သူတို့နောက်ကွယ်က ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေပါမယ်၊ နောက်တခုက ခရိုနီအုပ်စုရှိမယ်။ နောက်တခုကကျတော့ ဒီစစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေရှိမယ်။ အဲဒီနောက်မှာ ဒါတွေပဲရှိမှာ”

ရာကျော်တဲ့ ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ ပါဝင်ပြီး၊ NDAK ဦးစခုန်တိမ့်ရိမ်းရဲ့ကချင်အဖွဲ့ ၊ KDN ဦးမထုနော်ရဲ့အဖွဲ့နဲ့ ပအို့ဝ်လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ PLA/ PNO အဖွဲ့တွေ၊ UWSA ၀တပ်ဖွဲ့ရဲ့ ရာဇဌာနေ၊ မြန်မာတကောင်း စတဲ့ကုမ္ပဏီတွေက ကျောက်စိမ်းတူးဖေါ်နေကြပြီး ဒေသခံတွေအကျိုးကို ဘာမှ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်မယ့် နောင်တက်လာမယ့် NLD အစိုးရ လက်ထက်မတိုင်ခင်မှာ အခုလို အလျှင်စလို လုပ်နေကြတာလို့ဦးဒါရှီလာဆိုင်းက သုံးသပ်ပါတယ်။

“ကျနော်တို့ ဒီ အများပြည်သူလူထုက ထောက်ခံတဲ့ အစိုးရသစ်တရပ်က မကြာခင်ပေါ့နော်၊ ၃-၄-၅ လအတောတွင်း ပေါ်ပေါက်လာတော့မယ် ဆိုတဲ့အချိန်မှာ သူတို့အနေနဲ့ဒီလို ပြည်သူလူထုဖက်ကနေ ရပ်တည်မယ့် အစိုးရပေါ်ပေါက်ခဲ့ရင် ဒီလုပ်ငန်းတွေကို သူတို့ ကောင်းကောင်း မွန်မွန် လုပ်ခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ အခုလက်ရှိကာလမှာ မကျန်တော့တဲ့ကာလ ၃လ ၄ လအတောတွင်းမှာပေါ့နော် လက်ငုတ်လက်ကျန် လေးတွေကို အပြီးပြတ် သူတို့အနေနဲ့ လုပ်ဆောင်ချင်တဲ့ အနေအထားကြောင့်လို့ပဲ ကျနော့်အမြင်ရော အများပြည်သူရဲ့ အမြင်မှာလဲ အဲလိုပဲ မြင်နေကြတာပေါ့နော်။ တကယ်လဲ ကျနော်တို့လဲ အဲလိုပဲ သုံးသပ်တယ်”

ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းကလဲ ဖားကန့်မှာ မြေစာပုံပြိုပြီး အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့ရပေမယ့် သက်ဆိုင်ရာ ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီက တာဝန်ယူ ပြန်လည်ဖေါ်ထုတ်ပေးတာမျိုး မရှိခဲ့ပါဘူး။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>