အေမရိကန္ႏိုင္ငံျခားေရးဌာနကေန တိုင္၀မ္ကို ေဒၚလာ ၁ ဒႆမ ၈၃ ဘီလီယံ တန္ဖိုးရွိတဲ့ လက္နက္ေတြ ေရာင္းခ်မယ့္ အစီအစဥ္ကို လႊတ္ေတာ္ကို တရား၀င္ အေၾကာင္းၾကားခဲ့ပါတယ္။
ေရာင္းခ်မယ့္ လက္နက္ေတြထဲမွာ ဖရီးဂိတ္စစ္သေဘၤာ ၂ စင္း၊ တင့္ကားဖ်က္ မစ္ဇုိင္းဒံုး၊ ကုန္း-ေရ ႏွစ္သြယ္သြား တုိက္ခုိက္ေရး သံခ်ပ္ကာကားေတြနဲ႔ ေျမျပင္က ေ၀ဟင္ပစ္ စတင္ဂါဒံုးက်ည္ေတြ ပါ၀င္မယ္လို႔ ႏုိင္ငံျခားေရးဌာန တာ၀န္ရွိသူေတြက ေျပာဆိုပါတယ္။
အစီအစဥ္ကို အေမရိကန္လႊတ္ေတာ္က ေလ့လာဆန္းစစ္ဖို႔နဲ႔ ပယ္ခ်ဖို႔အတြက္ ရက္ေပါင္း ၃၀ အခ်ိန္ရမွာျဖစ္ပါတယ္။
တိုင္၀မ္အေနနဲ႔ ကုိယ့္ကိုယ္ကိုယ္ ကာကြယ္ႏုိင္စြမ္း ဆက္ရွိဖို႔အတြက္ လိုအပ္တဲ့ လက္နက္ေတြ ပံ့ပိုးေပးဖို႔ အေမရိကန္ရဲ႕ ဆံုးျဖတ္ခ်က္ဟာ အေျပာင္းအလဲ မရွိဘူးလို႔လည္း အေမရိကန္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရပုဂၢိဳလ္ David MaKeeby က ေျပာဆိုခဲ့ပါတယ္။
တုိင္၀မ္ကုိ လက္ေအာက္ခံ နယ္ေျမတခုအျဖစ္ သတ္မွတ္ထားတဲ့ တ႐ုတ္ႏုိင္ငံကေတာ့ တိုင္၀မ္၊ တ႐ုတ္နဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား ဆက္ဆံေရးေတြ မထိခိုက္ေစဖို႔ လက္နက္ေရာင္းခ်မယ့္ အစီအစဥ္ကို ဖ်က္သိမ္းသင့္ေၾကာင္း ေျပာဆုိထားပါတယ္။
VOA Burmese
http://burmese.voanews.com
...............
အမေရိကန်နိုင်ငံခြားရေးဌာနကနေ တိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၈၃ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ့် အစီအစဉ်ကို လွှတ်တော်ကို တရားဝင် အကြောင်းကြားခဲ့ပါတယ်။
ရောင်းချမယ့် လက်နက်တွေထဲမှာ ဖရီးဂိတ်စစ်သင်္ဘော ၂ စင်း၊ တင့်ကားဖျက် မစ်ဇိုင်းဒုံး၊ ကုန်း-ရေ နှစ်သွယ်သွား တိုက်ခိုက်ရေး သံချပ်ကာကားတွေနဲ့ မြေပြင်က ဝေဟင်ပစ် စတင်ဂါဒုံးကျည်တွေ ပါ၀င်မယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
အစီအစဉ်ကို အမေရိကန်လွှတ်တော်က လေ့လာဆန်းစစ်ဖို့နဲ့ ပယ်ချဖို့အတွက် ရက်ပေါင်း ၃၀ အချိန်ရမှာဖြစ်ပါတယ်။
တိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ဆက်ရှိဖို့အတွက် လိုအပ်တဲ့ လက်နက်တွေ ပံ့ပိုးပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြောင်းအလဲ မရှိဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် David MaKeeby က ပြောဆိုခဲ့ပါတယ်။
တိုင်ဝမ်ကို လက်အောက်ခံ နယ်မြေတခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံကတော့ တိုင်ဝမ်၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးတွေ မထိခိုက်စေဖို့ လက်နက်ရောင်းချမယ့် အစီအစဉ်ကို ဖျက်သိမ်းသင့်ကြောင်း ပြောဆိုထားပါတယ်။
VOA Burmese
http://burmese.voanews.com