Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျမန္မာ ေရလုပ္သားေတြနဲ႔ IOM တို႔ ေတြ႕ဆုံ

$
0
0
 ျမန္မာ ေရလုပ္သား ေတြကို ေငြေၾကး ေထာက္ပံ့ဖို႔ စီစဥ္ေဆာက္ရြက္ေန

ဒီဇင္ဘာလ ၁၆ ရက္ေန႔က အင္ဒိုနီးနီရွား နိုင္ငံ က ငါးဖမ္းေလွေတြေပၚမွာ ေရာင္းစား ခံခဲ့ရတဲ့ ျမန္မာ အလုပ္သမားေတြနဲ႔ လူမွုဝန္ထမ္း ဦးစီး ဌာန၊ လူကုန္ကူးမွု တားဆီး ေရး အဖြဲ႕၊ ေရႊ႕ေျပာင္းသြားလာ သူမ်ား ဆိုင္ရာ နိုင္ငံတကာ အဖြဲ႕ အစည္း IOM တို႔ ပူးေပါင္း ေတြ႕ဆုံပြဲကို ရန္ကုန္ၿမိဳ႕မွာ က်င္းပ ျပဳလုပ္ခဲ့ပါတယ္။

ျပည္ပမွာ ေက်းကၽြန္သဖြယ္ ေရာင္းစားခံခဲ့ ရတဲ့ ျမန္မာ နိုင္ငံက အလုပ္သမား ေတြဟာ ၂၀၁၅ ခုႏွစ္ ေမလ ၁၀ ေန႔ကတည္းက စတင္ၿပီး ျမန္မာ နိုင္ငံကို ျပန္လည္ ေရာက္ရွိခဲ့ရာ မွာ အခုဆိုရင္ အေယာက္ တစ္ေထာင္ နီးပါး ရွိေနၿပီ ျဖစ္ပါတယ္။

ျပန္ေရာက္လာတဲ့ ျမန္မာ အလုပ္သမား ေတြရဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ ရည္ရြယ္ၿပီး ေရႊ႕ေျပာင္းသြားလာသူမ်ား ဆိုင္ရာ နိုင္ငံတကာ အဖြဲ႕အစည္း IOM ၊ လူမွုဝန္ထမ္း ဦးစီးဌာန နဲ႔ လူကုန္ကူးမွု တားဆီးေရး အဖြဲ႕ တို႔ ပူးေပါင္းကာ အခုလို ေတြ႕ဆုံပြဲ က်င္းပ ခဲ့တာ ျဖစ္ပါတယ္။

အလုပ္သမားေတြ အတြက္ ပညာေရး၊ က်န္းမာေရးနဲ႔ အလုပ္သမားေတြ အလုပ္ခြင္ ျပန္လည္ ဝင္ေရာက္ဖို႔ အတြက္ လိုအပ္တဲ့ အကူအညီေတြ ေပးသြားမယ္လို႔ IOM က စီမံကိန္း မန္ေနဂ်ာ ေဒၚရင္ရင္ဟန္ က ဘီဘီစီကို ေျပာပါတယ္။

ျမန္မာျပည္က ထြက္ခြာစဥ္က ေရႊ႕ေျပာင္း အလုပ္သမား အေနနဲ႔ ထြက္ခြာ ခဲေပမယ့္ အင္ဒိုနီးရွားနိုင္ငံ ေရာက္တဲ့ အခါမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္အကိုင္ ေရႊ႕ေျပာင္း လုပ္ကိုင္ခဲ့ၿပီး ေနာက္ဆုံး ငါးဖမ္းေလွေတြေပၚမွာ အလုပ္လုပ္ကိုင္ ခဲ့ရေၾကာင္း အလုပ္သမားေတြက ေျပာပါတယ္။

ျပန္ေရာက္လာၾကတဲ့ အလုပ္သမားေတြဟာ အင္ဒိုနီးရွား နိုင္ငံမွာ အလုပ္လုပ္ကိုင္ ခဲ့စဥ္ ကာလ အတြင္း လုပ္ခ လစာ မရရွိခဲ့ဘဲ ညႇင္းပန္း ႏွိပ္စက္ မွုမ်ားနဲ႔ လည္း ေတြ႕ၾကဳံခဲ့ရေၾကာင္း၊ အခုေလာေလာဆယ္မွာ ျမန္မာ အလုပ္သမားေတြဟာ ေနေရး ထိုင္ေရး အတြက္ အခက္အခဲ ေတြ ရွိေနတယ္လို႔ လည္း အလုပ္သမားေတြက ေျပာပါတယ္။

ျမန္မာ အလုပ္သမားေတြ ရဲ့ လုပ္အားခေတြ ျပန္လည္ ရရွိဖို႔ အတြက္ အင္ဒိုနီးရွား နိုင္ငံ က ဥပေဒ အက်ိဳးေဆာင္ အဖြဲ႕ LPSK က လိုက္ပါ ေဆာင္ရြက္ေပး ေနၿပီး ၂၀၁၆ ခုႏွစ္ ဧၿပီလ မွာ တရား႐ုံး အဆုံးအျဖတ္ ရနိုင္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ဒုတိယ ဥကၠ႒ ျဖစ္သူ မစၥ စူလ္တန္နီ က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
..................
  မြန်မာ ရေလုပ်သား တွေကို ငွေကြေး ထောက်ပံ့ဖို့ စီစဉ်ဆောက်ရွက်နေ

ဒီဇင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးနီရှား နိုင်ငံ က ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစား ခံခဲ့ရတဲ့ မြန်မာ အလုပ်သမားတွေနဲ့ လူမှုဝန်ထမ်း ဦးစီး ဌာန၊ လူကုန်ကူးမှု တားဆီး ရေး အဖွဲ့၊ ရွှေ့ပြောင်းသွားလာ သူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း IOM တို့ ပူးပေါင်း တွေ့ဆုံပွဲကို ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပြည်ပမှာ ကျေးကျွန်သဖွယ် ရောင်းစားခံခဲ့ ရတဲ့ မြန်မာ နိုင်ငံက အလုပ်သမား တွေဟာ ၂၀၁၅ ခုနှစ် မေလ ၁၀ နေ့ကတည်းက စတင်ပြီး မြန်မာ နိုင်ငံကို ပြန်လည် ရောက်ရှိခဲ့ရာ မှာ အခုဆိုရင် အယောက် တစ်ထောင် နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

ပြန်ရောက်လာတဲ့ မြန်မာ အလုပ်သမား တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီး ရွှေ့ပြောင်းသွားလာသူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM ၊ လူမှုဝန်ထမ်း ဦးစီးဌာန နဲ့ လူကုန်ကူးမှု တားဆီးရေး အဖွဲ့ တို့ ပူးပေါင်းကာ အခုလို တွေ့ဆုံပွဲ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေ အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်သမားတွေ အလုပ်ခွင် ပြန်လည် ဝင်ရောက်ဖို့ အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်လို့ IOM က စီမံကိန်း မန်နေဂျာ ဒေါ်ရင်ရင်ဟန် က ဘီဘီစီကို ပြောပါတယ်။

မြန်မာပြည်က ထွက်ခွာစဉ်က ရွှေ့ပြောင်း အလုပ်သမား အနေနဲ့ ထွက်ခွာ ခဲပေမယ့် အင်ဒိုနီးရှားနိုင်ငံ ရောက်တဲ့ အခါမှာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင် ရွှေ့ပြောင်း လုပ်ကိုင်ခဲ့ပြီး နောက်ဆုံး ငါးဖမ်းလှေတွေပေါ်မှာ အလုပ်လုပ်ကိုင် ခဲ့ရကြောင်း အလုပ်သမားတွေက ပြောပါတယ်။

ပြန်ရောက်လာကြတဲ့ အလုပ်သမားတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ အလုပ်လုပ်ကိုင် ခဲ့စဉ် ကာလ အတွင်း လုပ်ခ လစာ မရရှိခဲ့ဘဲ ညှင်းပန်း နှိပ်စက် မှုများနဲ့ လည်း တွေ့ကြုံခဲ့ရကြောင်း၊ အခုလောလောဆယ်မှာ မြန်မာ အလုပ်သမားတွေဟာ နေရေး ထိုင်ရေး အတွက် အခက်အခဲ တွေ ရှိနေတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။

မြန်မာ အလုပ်သမားတွေ ရဲ့ လုပ်အားခတွေ ပြန်လည် ရရှိဖို့ အတွက် အင်ဒိုနီးရှား နိုင်ငံ က ဥပဒေ အကျိုးဆောင် အဖွဲ့ LPSK က လိုက်ပါ ဆောင်ရွက်ပေး နေပြီး ၂၀၁၆ ခုနှစ် ဧပြီလ မှာ တရားရုံး အဆုံးအဖြတ် ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မစ္စ စူလ်တန်နီ က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


အင္ဂ်င္နီယာဆိုင္ရာစာအုပ္မ်ား (၁၁ အုပ္)


ရဟန္းႏွင့္ ဘြဲ႔ဒီဂရီ


သီဟသူရဘြဲ႔ရရွိခဲ့မ်ား (အပိုင္း ၃ )


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


''ပါေဂ်ာင္ေျမမွ အ႐ိုးတြန္သံ'


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား


ပင္လံုေက်ာက္တိုင္မွသည္ ၿငိမ္းခ်မ္းေရးေက်ာက္တိုင္ဆီသို႔ (ေက်ာ္သူ)