မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကို တွေ့ရစဉ်
Photo: RFA
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းကို ဒီနေ့ သွားရောက်လေ့လာပြီး မွတ်စလင်ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်နိုင်ရေးနဲ့ မွတ်စလင်တွေရဲ့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံဆွေးရာမှာ ပါဝင်ခဲ့တဲ့ မွတ်စလင် ရပ်မိရပ်ဖတစ်ဦး က ပြောပါတယ်။
"ကျနော်တို့လူမျိုးတွေက ဈေးကြီးမှာ ဆိုင် ၁၅ဝ လောက်ရှိတယ်၊ အဲဒီ့ဆိုင်တွေကို ဖွင့်ပြီးတော့ ဈေးကြီး မှာရောင်းနိုင်မယ်ဆိုရင် ရခိုင်မိသားစုတွေနဲ့ ကျနော်တို့နဲ့ ပြန်ပြီးတော့ တဖြည်းဖြည်းနီးစပ်လာမှာဖြစ်တယ်၊ ဒီဆိုင်တွေကို ရောင်းဖို့ သွားလာဖို့အတွက် အဲဒါတွေကိုတောင်းတာရှိမယ်၊ ကျန်းမာရေးဆိုတော့ ကျနော်တို့ နယ်တွေမှာက ကျန်းမာရေးဆေးခန်းရှိတယ်၊ ဆေးကတော့ မလုံလောက်ဘူး၊ ဆရာဝန်တွေလည်းမရှိဘူး၊ ဆရာဝန်နဲ့ ဆေးဝါးတွေရဖို့ စီစဉ်ပေးဖို့အတွက် အကူအညီတောင်းပါတယ်၊ ကျနော်တို့ ၁ဝ တန်းအောင် တဲ့ ကျောင်းသားတွေရှိတယ်၊ တက္ကသိုလ်တက်ဖို့အတွက် အကူအညီတောင်းတာတွေရှိတယ်"
လာမယ့်အစိုးရသစ်အပေါ် မွတ်စလင်တွေရဲ့ အမြင်တွေ၊ ဆန္ဒသဘောထားတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
အမေရိကန်သံအမတ်ကြီးဟာ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်း ခေါင်းဆောင်အချို့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်ပြန်လည်သင့်မြတ်နိုင်ရေးကိစ္စရပ်တွေ၊ ပါတီရဲ့ သဘောထား ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးနဲ့ သံအရာရှိတချို့လည်း လိုက်ပါခဲ့ကြတယ်လို့ သိရပါတယ်။
RFA
.............................................
စစ်တြေ မြတ္စလင္ဒုက္ခသည္စခန်း အေမရိကန်သံအမတ် သြားရောက်ကြည့်ရှု
ျမန္မာနိုင်ငံဆိုင်ရာ အေမရိကန်သံအမတ်ကြီး Derek Mitchell ကို တြေ့ရစဉ်
Photo: RFA
ျမန္မာနိုင်ငံဆိုင်ရာ အေမရိကန်သံအမတ်ကြီး Derek Mitchell ဟာ ရခိုင်ျပည္နယ် စစ်တြေမြို့မွာရွိတဲ့ သက္ကယ်ျပင် မြတ္စလင္ဒုက္ခသည္စခန်းကို ဒီနေ့ သြားရောက်လေ့လာပြီး မြတ္စလင်ခေါင်းဆောင္တခို့နဲ့ တြေ့ဆုံခဲ့ပါတယ်။
ရခိုင္တိုင်းရင်းသားတြေနျဲ့ပန္လည်သင့်ျမတ်နိုင်ရေးနဲ့ မြတ္စလင်တြေရဲ့ က်န်းမာရေး၊ ပညာရေး လိုအပ္ခ်က်တြေ ကို ဆြေးနြေးခဲ့ကြတယ္လို့ တြေ့ဆုံဆြေးရာမွာ ပါဝင္ခဲ့တဲ့ မြတ္စလင် ရပ္မိရပ္ဖတစ်ဦး ကျေပာပါတယ်။
"က်န္တောို့လူမိုးတြေက စေ်းကြီးမွာ ဆိုင် ၁၅ဝ လောက်ရွိတယ်၊ အဲဒီ့ဆိုင်တြေကို ဖြင့်ပြီးတော့ စေ်းကြီး မွာရောင်းနိုင္မယ္ဆိုရင် ရခိုင္မိသားစုတြေနဲ့ က်န္တောို့နျဲ့ပန်ပြီးတော့ တျဖည်ျးဖည်းနီးစပ္လာမျွာဖစ္တယ်၊ ဒီဆိုင်တြေကို ရောင်းဖို့ သြားလာဖို့အတြက် အဲဒါတြေကိုတောင်းတာရွိမယ်၊ က်န်းမာရေးဆိုတော့ က်န္တောို့ နယ်တြေမွာက က်န်းမာရေးဆေးခန်းရွိတယ်၊ ဆေးကေတာ့ မလုံလောက္ဘူး၊ ဆရာဝန်တြေလည်းမရွိဘူး၊ ဆရာဝန္နဲ့ ဆေးဝါးတြေရဖို့ စီစဉ်ပေးဖို့အတြက် အကူအညီတောင်းပါတယ်၊ က်န္တောို့ ၁ဝ တန်းအောင် တဲ့ ကော်င်းသားတြေရွိတယ်၊ တက္ကသိုလ္တက္ဖို့အတြက် အကူအညီတောင်းတာတြေရွိတယ်"
လာမယ့်အစိုးရသစ်ေအပါ် မြတ္စလင်တြေရဲ့ အျမင်တြေ၊ ဆန္ဒသေဘာထားတြေနဲ့ ပတ်သက်ပြီးလည်း ဆြေးနြေးခဲ့ ကြတယ္လို့ သိရပါတယ်။
အေမရိကန်သံအမတ်ကြီးဟာ ရခိုင်အမိုးသားပါတီ ANP ထိပ္ပိုင်း ခေါင်းဆောင်အခို့နဲ့လည်း သီးသန့်တြေ့ဆုံခဲ့ပြီး ရခိုင္တိုင်းရင်းသားတြေနဲ့ မြတ္စလင်တြေအကြား နွစ္ဘက်ျပန္လည်သင့်ျမတ်နိုင်ရေးကိစ္စရပ်တြေ၊ ပါတီရဲ့ သေဘာထား ရပ္တည္ခ်က်တြေကို ဆြေးနြေးခဲ့ကြပါတယ်။ ရခိုင်ျပည္နယ္ခရီးစဥ္မျွာမန္မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးနဲ့ သံအရာရွိတခို့လည်း လိုက္ပါခဲ့ကြတယ္လို့ သိရပါတယ်။
RFA