Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရှော့တိုက်ငါးဖမ်းဆီးမှု များလာ၍ ဒေသတွင်း၌ သဘာဝငါးများ ပြုန်းတီးလာ

$
0
0
ကလေး ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် မိုးရာသီရေများချိန် ငါးရှာဖွေဖမ်းဆီးရာ၌ စည်းကမ်းမဲ့ ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးမှု များပြားလာနေမှုကြောင့်၊ မြစ်ချောင်းအင်းအိုင်များအတွင်း ငါးသယံဇာတများ ပြုန်းတီးရှားပါးလာနေကြောင်း ကလေးဒေသခံတစ်ဦးက ပြောသည်။
ကလေးဒေသအတွင်း ဖြတ်သန်းစီးဆင်းနေသော နတ်တံခါးချောင်း၊ မန်လုံချောင်းနှင့် နေရဉ္စရာမြစ်၊ မြစ်သာမြစ်တို့တွင်ယခင်ကာလများက တစ်ပိုင်တစ်နိုင် ငါးလုပ်ငန်းလုပ်ကိုင်သူတို့ ငါးရရှိမှုများပြားခဲ့ကာ အများဆုံးဖမ်းဆီးရမိခဲ့သည့် ငါးဖယ်၊ ငါးပတ်၊ ငါးလူး၊ငါးမြွေထိုး၊ ပုဇွန်ထုတ်တို့သည် ယခုအခါ
မတွေ့ရသလောက် ရှားပါးသွားကြောင်း ဒေသတွင်း ငါးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

''ကလေးနယ်မှာ ချောင်းမြောင်းအင်းအိုင်ပေါတယ်။ အဲဒီချောင်းမြောင်းတွေမှာ ဟိုတုန်းကဆို ယက်သဲ့ထိုးငါးဖမ်းတယ်။ ပိုက်ချ ငါးဖမ်းတယ်။ အခုဆို အဲဒါတွေမတွေ့ရတော့ဘူး။ နေရာတိုင်းမှာ မြင်နေရတာကဘက် ထရီလေးတွေချိတ်ပြီး ငါးရှော့တိုက်ဖမ်းနေတာများနေတယ်။ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှု များလာတဲ့အတွက် လယ်ထဲမှာတောင် ငါးပုဇွန်ကအစပျောက်ကွယ်စ ပြုနေပါပြီ''ဟု ကလေးဒေသခံ တောင်သူတစ်ဦး က ပြောသည်။
ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုကြောင့် ငါးအားလုံး မျိုးသုဉ်းပျက်စီးလာနေပြီး ချောင်းမြောင်းအင်းအိုင်များသာမက ဒေသတွင်း မြစ်များတွင်လည်း ဘက်ထရီရှော့တိုက် ငါးဖမ်းမှုကြောင့် တန်ဖိုးကြီး ငါးမျိုးစိတ်များ နည်းပါးပျောက်ကွယ်လာနေသည်။ ထို့အတူ ချောင်းမြောင်းများအတွင် ရှော့တိုက် ငါးဖမ်းမှုများကြောင့် ငါးသန်၊ ငါးမွှားများပါ ပျက်စီးပျောက်ကွယ်မှုဖြစ်လာသည့်အတွက် ကလေးဒေသတွင်း ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးနေမှုကို ထိရောက်စွာ အရေးယူ
ဆောင်ရွက်ရန်လို အပ်နေကြောင်း ယင်းတောင်သူမှပင် ပြောသည်။
သျှင်သူရိယ
The Mirror Daily

Viewing all articles
Browse latest Browse all 13796

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>