Image may be NSFW. Clik here to view. ![]() |
ရန္ကုန္ရႈ႕ခင္း။ |
၂၀၁၅ ခုႏွစ္အတြက္ ထူးျခားထင္ရွားႏုိင္ငံအျဖစ္ ျမန္မာႏုိင္ငံကို The Economist မဂၢဇင္းက ေရြးခ်ယ္လုိက္ပါတယ္။ ကမာၻ႔ ထိပ္တန္းသတင္းေတြထဲမွာ မၾကာခန ပါေလ့ရွိတဲ့ ႏုိင္ငံေတြနဲ႔ အဖြဲ႔အစည္းေတြထဲကမွ ျမန္မာႏုိင္ငံကို ေရြးခ်ယ္တာပါ။ ကမာၻႀကီး ကို ပိုမိုေကာင္းမြန္တဲ့ ေနရာတခုျဖစ္ေစခဲ့တဲ့ ႏုိင္ငံတႏုိင္ငံကို အသိအမွတ္ျပဳခ်င္ပါတယ္လုိ႔ The Economist မဂၢဇင္းမွာ ဒီဇင္ဘာလ ၁၉ ရက္ေန႔စြဲနဲ႔ ေဖာ္ျပထားပါတယ္။
လြန္ခဲ့တဲ့ငါးႏွစ္ကဆိုရင္ ျမန္မာႏုိင္ငံဟာ အာဏာရွင္ အုပ္ခ်ဳပ္တဲ့ ႏုိင္ငံ တခုျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပံုေတြကိုေတာင္မွ စာနယ္္ဇင္းေတြထဲ မွာ ေဖာ္ျပခြင့္ မရွိခဲ့ပါဘူးလို႔ The Economist က ေရးပါတယ္။ ၿပီးခဲ့တဲ့ ႏို၀င္ဘာလ မွာေတာ့ ေဒၚေအာင္ဆန္း စုၾကည္ရဲ႕ ပါတီဟာ ေရြးေကာက္ပြဲေတြမွာ ၇၀ ရာခိုင္ႏႈန္း ေက်ာ္ အႏုိင္ရခဲ့တာကို ေဖာ္ျပထားပါတယ္။ အထူးအခြင့္အေရးႀကီးေတြ ရထား တဲ့ စစ္တပ္ကလည္း အာဏာကို ခြဲေ၀ေပးဖို႔ အဆင္သင့္ရွိေနပံုရတယ္လုိ႔ The Economist က ဆိုပါတယ္။
ဆိုးရြားတဲ့ အေျခအေနမ်ဳိး ေရာက္သြားႏုိင္ဆဲရွိၿပီး ႐ိုဟင္ဂ်ာေတြနဲ႔ လူနည္းစုေတြကို ဆိုးဆိုးရြားရြား ျပဳမူဆက္ဆံတာေတြကေတာ့ ရွိေနတုန္းပဲလို႔ ေထာက္ျပထားပါတယ္။
ဒါေပမဲ့လည္း ဒီမိုကေရစီနဲ႔ အလားတူပံုစံတခုဆီ အသြင္ကူးေျပာင္းသြားတာကေတာ့ ဘယ္သူမဆို ေတြးထင္ႏုိင္တာထက္ ပိုျမန္ေနတာေၾကာင့္ ျမန္မာႏုိင္ငံဟာ ဒီ အသိအမွတ္ျပဳမႈကို ရသြားပါတယ္လုိ႔ The Economist မဂၢဇင္းက ေရးထားပါတယ္။
ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................
ရန်ကုန်ရှု့ခင်း။
၂၀၁၅ ခုနှစ်အတွက် ထူးခြားထင်ရှားနိုင်ငံအဖြစ် မြန်မာနိုင်ငံကို The Economist မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ ကမ္ဘာ့ ထိပ်တန်းသတင်းတွေထဲမှာ မကြာခန ပါလေ့ရှိတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေထဲကမှ မြန်မာနိုင်ငံကို ရွေးချယ်တာပါ။ ကမ္ဘာကြီး ကို ပိုမိုကောင်းမွန်တဲ့ နေရာတခုဖြစ်စေခဲ့တဲ့ နိုင်ငံတနိုင်ငံကို အသိအမှတ်ပြုချင်ပါတယ်လို့ The Economist မဂ္ဂဇင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့စွဲနဲ့ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်ကဆိုရင် မြန်မာနိုင်ငံဟာ အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကိုတောင်မှ စာနယ််ဇင်းတွေထဲ မှာ ဖော်ပြခွင့် မရှိခဲ့ပါဘူးလို့ The Economist က ရေးပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီဟာ ရွေးကောက်ပွဲတွေမှာ ရ၀ ရာခိုင်နှုန်း ကျော် အနိုင်ရခဲ့တာကို ဖော်ပြထားပါတယ်။ အထူးအခွင့်အရေးကြီးတွေ ရထား တဲ့ စစ်တပ်ကလည်း အာဏာကို ခွဲဝေပေးဖို့ အဆင်သင့်ရှိနေပုံရတယ်လို့ The Economist က ဆိုပါတယ်။
ဆိုးရွားတဲ့ အခြေအနေမျိုး ရောက်သွားနိုင်ဆဲရှိပြီး ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံတာတွေကတော့ ရှိနေတုန်းပဲလို့ ထောက်ပြထားပါတယ်။
ဒါပေမဲ့လည်း ဒီမိုကရေစီနဲ့ အလားတူပုံစံတခုဆီ အသွင်ကူးပြောင်းသွားတာကတော့ ဘယ်သူမဆို တွေးထင်နိုင်တာထက် ပိုမြန်နေတာကြောင့် မြန်မာနိုင်ငံဟာ ဒီ အသိအမှတ်ပြုမှုကို ရသွားပါတယ်လို့ The Economist မဂ္ဂဇင်းက ရေးထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com