Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

SSA (ေတာင္ပုိင္း) နဲ႔ TNLA တုိက္ပဲြျဖစ္

$
0
0
NCA ၿငိမ္းခ်မ္းေရး လက္မွတ္ထိုးေနတဲ့ RCSS ေခါင္းေဆာင္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသဘက္မွာ ေတာင္ပိုင္း ရွမ္းျပည္တပ္မေတာ္ RCSS/SSA နဲ႔ တအာင္းပေလာင္တပ္ဖြဲ႔ TNLA အဖြဲ႔တို႔ ရက္သတၱပါတ္ခန္႔ တိုက္ပြဲျငိမ္သက္ေနရာကေန မေန႔က ေက်ာက္မဲျမိဳ႕နယ္ အတြင္းမွာ တဖန္ျပန္လည္ တိုက္ပြဲျဖစ္ပြါးခဲ့တာပါ။ ႏွစ္ဖက္တပ္ဖြဲ႔ေတြ အၾကားျဖစ္ပြါးေနတဲ့ တိုက္ပြဲ အရွိန္ ေလ်ာ့ခ်ဖို႔ အတြက္ UNFC ေခၚ ညီညြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ ကိုယ္စားလွယ္အဖြဲ႔ေတြကေနၾကိဳးပမ္းေနခ်ိန္မွာဘဲ တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြါးလာေနတာပါ။ ဒီအေျခအေနကိုေတာ့ ဆက္သြယ္ စုံစမ္းထားတဲ့ ဗီြအိုေအ ထိုင္း အေျခစိုက္သတင္းေထာက္နိုင္ကြန္းအိန္ကေန အခုလို သတင္းေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲျမိဳ႕နယ္ ေညာင္ပန္လွေက်းရြာအနီးမွာ မေန႔က နံနက္ပိုင္းမွာ ေတာင္ပိုင္း ရွမ္းျပည္တပ္မေတာ္နဲ႕ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႕ တအာင္ပေလာင္တပ္ဖြဲ႔ရဲ႕ျပန္ၾကားေရးအရာရွိ ဗိုလ္ၾကီး တာ့အိုက္ေက်ာ္က အခုလိုေျပာပါတယ္။

"ဒီဇင္ဘာ၁၇ ေက်ာက္မဲၿမိဳ႕နယ္ ေညာင္ပန္လွေက်းရြာ အနီးမွာ ျပန္ျဖစ္တာ ခင္ဗ်။ ေက်ာက္မဲၿမိဳ႕နယ္က RCSS အဖြဲ႔က တိုက္ပြဲျပင္းလာတဲ့ ေနာက္ပိုင္းမွာ ဝင္ေရာက္လာတာ ေနာက္ထပ္ အင္အား ၂၀၀ေက်ာ္နဲ႔ ေဒသမွာ အေျခခ်ထားတယ္။"

​ႏွစ္ဘက္ တိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္းကို ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ဘက္က အတည္ျပဳခဲ့ သလို ဒီလိုျဖစ္တဲ့တိုက္ပြဲဟာ TNLAဘက္ကေန စတင္တိုက္ခိုက္ လာတယ္လို႔ RCSSရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးၾကီးစိုင္းလက ေျပာပါတယ္။

"တိုက္ပြဲျဖစ္တာ မွန္ပါတယ္ခင္ဗ်။ ႏွစ္ေနရာျဖစ္ပါတယ္။ ျဖစ္ရတဲ့အေၾကာင္းရာက TNLA က က်ေနာ္တို႔ တပ္ေတြကို လာတိုက္တာျဖစ္ပါတယ္။"

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ ကြတ္ခိုင္ နမ့္ခမ္းေဒသဟာ ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္နဲ႔ တအာင္း ပေလာင္တပ္ဖြဲ႔ တို႔အၾကား အျငင္းပြါးဖြယ္ရာ နယ္ေျမပိုင္ဆိုင္မွဳျပႆနာေၾကာင့္ နို၀င္ဘာ(၂၇)ရက္ေန႔ကစျပီး ႏွစ္ဖက္တပ္ေတြ တိုက္ပြဲျဖစ္ပြါးလာေနခဲ့ပါတယ္။

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္အေနနဲ႕က အဲဒီေဒသေတြမွာ(၂၀၀၇)ကတည္းက အေျခခ်လာခဲ့တာျဖစ္ျပီး ေျပာက္က်ားစနစ္နဲ႔ လွဳပ္ရွားခဲ့တဲ့ေဒသ လို႔ ေျပာဆိုမွဳေတြ ရွိေနသလို TNLAတအာင္း ပေလာင္အေနနဲ႔ ကေတာ့ ျမန္မာအစိုးရ နဲ႔ RCSSတို႔ ပစ္ခတ္ တိုက္ခိုက္မွဳ ရပ္စဲေရးNCA သေဘာတူစာခ်ဳပ္ လက္မွတ္ေရး ထိုးျပီးေနာက္ပိုင္း မွ ဒီနယ္ေျမထဲကို က်ဴးေက်ာ္ ၀င္ေရာက္လာတယ္လို႔လဲ အျပန္ အလွန္ေျပာဆိုေနၾကပါတယ္။

ႏွစ္ဖက္တပ္အၾကား ျဖစ္ပြါးတဲ့ စစ္ေရးတင္းမာမွဳေတြေၾကာင့္ နမ့္ခမ္းျမိဳ႕နယ္ ဟိုပန္ေက်းရြာေဒသခံ(၂၆၀)ခန္႔ဟာ မိုင္း၀ီေက်းရြာမွာ စစ္ေဘးတိမ္းေရွာင္ေနရသလို တိုက္ပြဲကာလ အတြင္း ေဒသခံေက်းရြာသား(၂၀)ေက်ာ္ဟာဟာ လက္နက္ကိုင္ အဖြဲ႔ေတြကေန ဖမ္းဆီးခံထားရပါတယ္။

ဒီလိုႏွစ္ဖက္တပ္ဖြဲ႔ေတြ အၾကားျဖစ္ပြါးေနတဲ့ တိုက္ပြဲအရွိန္ေလ်ာ့ခ်ဖို႕အတြက္ UNFCေခၚ ညီညြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ၾကီး ရြက္ဆစ္ ဦးေဆာင္တဲ့ အဖြဲ႔တို႔ဟာ ဒီဇင္ဘာ(၁၅)ရက္ေန႔ ထိုင္းနိုင္ငံ အတြင္းမွာ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။

ဒီေဆြးေႏြးမွဳမွာ ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္ဥကၠ႒ အေနနဲ႔ ႏွစ္ဘက္ တိုက္ပြဲေလ်ာ့ခ်နိုင္မယ့္ နည္းလမ္းကို ေဆြးေႏြး ေျပာဆိုခဲ့ေၾကာင္း RCSSရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးၾကီးစိုင္းလက ေျပာပါတယ္။

"ေဆြးေႏြးသြားတဲ့ အေၾကာင္းအရာေတြကလည္း TNLA နဲ႔ တုိက္ပြဲျဖစ္တာေတြ လည္း ပါပါတယ္။ က်ေနာ္တို႔ဥကၠ႒ႀကီး ညႊန္းဆိုတာက သူတို႔ကို တုိက္ဖို႔ က်ေနာ္တို႔ အစီအစဥ္မရွိဘူး။ တုိက္ဖို႔ခိုက္ဖို႔လည္း က်ေနာ္တို႔ သြားတာမဟုတ္ပါဘူး။ ကိုယ့္ေနရာကိုယ္ ျပန္တာပဲျဖစ္ပါတယ္။ သူတို႔က မတိုက္ဘူးဆိုရင္ တိုက္ပြဲ မျဖစ္ပါဘူး။ ဒါေၾကာင့္မို႔ သူတို႔ မတိုက္ေအာင္ ေျပာေပးပါတဲ့။ တုိက္ပြဲ မျဖစ္ေအာင္ ေရွ႕တန္းတပ္မွဴးေတြ အခ်င္းခ်င္း ညိႇၿပီးေတာ့  ေနႏိုင္ၾကတဲ့ နည္းလမ္းကို ရွာၾကရင္ မေကာင္းဘူးလား အဲ့လိုပဲ အၾကံျပဳထားပါတယ္။"

UNFCအေနနဲ႔ လဲ တိုက္ပြဲ အရွိန္ေလ်ာ့ခ်နိုင္ဖို႔ တအာင္း ပေလာင္တပ္ဖြဲ႔ နဲ႔ ေတြ႔ဆုံေဆြးေႏြးသြားမွာျဖစ္တယ္လို႔ UNFCေခါင္းေဆာင္ေတြကေျပာပါတယ္။

တနိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မွဳရပ္စဲေရး အတြက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြး မႈ ပူးတဲြေကာ္မတီ UPDJC ကေန လာမယ့္ နိုင္ငံေရးေတြ႔ဆုံေဆြးေႏြးမွဳမွာ ကိုင္စြဲ ရမယ့္ နိုင္ငံေရးမူေဘာင္ကို အတည္ျပဳျပီး ဒီဇင္ဘာ (၁၆)ရက္ေန႔ မွာ သမၼတ ဦးသိန္းစိန္ကို ေပးအပ္ခဲ့ျပီးျဖစ္ပါတယ္။

ဒီလိုမူေဘာင္ေရးဆြဲတဲ့ေနရာမွာ တိုင္းရင္းသားအဖြဲ႔ အားလုံးစုံ မပါ၀င္ေသး သလို ေနာင္လာမယ့္ အစိုးရသစ္ လက္ထက္ မွာေဆြးေႏြးသင့္တယ္လို႔ တအာင္ပေလာင္ တပ္ဖြဲ႔ရဲ႕ျပန္ၾကားေရး အရာရွိဗိုလ္ၾကီး တာ့အိုက္ေက်ာ္ ကေျပာပါတယ္။

လက္ရွိဆုံးျဖတ္ ထားတဲ့ နိုင္ငံေရး မူေဘာင္ေတြကိုေတာ့ေနာင္အစိုးရ အေနနဲ႔ ျပဳလြယ္ျပင္လြယ္ ရိွေအာင္ နဲ႔ NCA ေခၚ တႏိုင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ကို က်န္တဲ့လက္နက္ကိုင္အဖဲြ႔ေတြ လက္မွတ္ေရးထိုး လာရင္ ပါ၀င္ လာႏိုင္ေအာင္လည္း ျခြင္းခ်က္ထား သေဘာတူခဲ့တယ္လို႔ လဲ ေဆြးေႏြးပဲြမွာ ပါ၀င္တဲ့ ပအုိဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) ဥကၠ႒ ဦးခြန္ျမင့္ထြန္းက ဗြီအိုေအကိုေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့ အခုလိုအတည္ျပဳထားတဲ့ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာ မူေဘာင္ေၾကာင့္ စစ္မွန္တဲ့ႏိုင္ငံေရးေဆြးေနြးပြဲ ျဖစ္မလာႏိုင္ပဲ ယခင္အစိုးရလက္ထက္ကက်င္းပခဲ့တဲ့ အမ်ဳိးသားညီလာခံလို ညီလာခံမ်ဳိးသာ ျဖစ္လာႏိုင္ေၾကာင္း ရွမ္း နိုင္ငံေရးပါတီေခါင္းေဆာင္ေတြကေန
 ေဝဖန္ေျပာဆိုမွဳေတြလဲရွိေနပါတယ္။

ႏုိင္ကြန္းအိမ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................
 NCA ငြိမ်းချမ်းရေး လက်မှတ်ထိုးနေတဲ့ RCSS ခေါင်းဆောင်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဘက်မှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA အဖွဲ့တို့ ရက်သတ္တပါတ်ခန့် တိုက်ပွဲငြိမ်သက်နေရာကနေ မနေ့က ကျောက်မဲမြို့နယ် အတွင်းမှာ တဖန်ပြန်လည် တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ နှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲ အရှိန် လျော့ချဖို့ အတွက် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေကနေကြိုးပမ်းနေချိန်မှာဘဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးလာနေတာပါ။ ဒီအခြေအနေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်း အခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်ပန်လှကျေးရွာအနီးမှာ မနေ့က နံနက်ပိုင်းမှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်ပလောင်တပ်ဖွဲ့ရဲ့ပြန်ကြားရေးအရာရှိ ဗိုလ်ကြီး တာ့အိုက်ကျော်က အခုလိုပြောပါတယ်။

"ဒီဇင်ဘာ၁၇ ကျောက်မဲမြို့နယ် ညောင်ပန်လှကျေးရွာ အနီးမှာ ပြန်ဖြစ်တာ ခင်ဗျ။ ကျောက်မဲမြို့နယ်က RCSS အဖွဲ့က တိုက်ပွဲပြင်းလာတဲ့ နောက်ပိုင်းမှာ ဝင်ရောက်လာတာ နောက်ထပ် အင်အား ၂၀၀ကျော်နဲ့ ဒေသမှာ အခြေချထားတယ်။"

​နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းကို တောင်ပိုင်းရှမ်းပြည်တပ်မတော်ဘက်က အတည်ပြုခဲ့ သလို ဒီလိုဖြစ်တဲ့တိုက်ပွဲဟာ TNLAဘက်ကနေ စတင်တိုက်ခိုက် လာတယ်လို့ RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

"တိုက်ပွဲဖြစ်တာ မှန်ပါတယ်ခင်ဗျ။ နှစ်နေရာဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရာက TNLA က ကျနော်တို့ တပ်တွေကို လာတိုက်တာဖြစ်ပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ကွတ်ခိုင် နမ့်ခမ်းဒေသဟာ တောင်ပိုင်းရှမ်းပြည် တပ်မတော်နဲ့ တအာင်း ပလောင်တပ်ဖွဲ့ တို့အကြား အငြင်းပွါးဖွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် နိုဝင်ဘာ(၂၇)ရက်နေ့ကစပြီး နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွါးလာနေခဲ့ပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့က အဲဒီဒေသတွေမှာ(၂၀၀၇)ကတည်းက အခြေချလာခဲ့တာဖြစ်ပြီး ပြောက်ကျားစနစ်နဲ့ လှုပ်ရှားခဲ့တဲ့ဒေသ လို့ ပြောဆိုမှုတွေ ရှိနေသလို TNLAတအာင်း ပလောင်အနေနဲ့ ကတော့ မြန်မာအစိုးရ နဲ့ RCSSတို့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးNCA သဘောတူစာချုပ် လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း မှ ဒီနယ်မြေထဲကို ကျူးကျော် ၀င်ရောက်လာတယ်လို့လဲ အပြန် အလှန်ပြောဆိုနေကြပါတယ်။

နှစ်ဖက်တပ်အကြား ဖြစ်ပွါးတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာဒေသခံ(၂၆၀)ခန့်ဟာ မိုင်းဝီကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေရသလို တိုက်ပွဲကာလ အတွင်း ဒေသခံကျေးရွာသား(၂၀)ကျော်ဟာဟာ လက်နက်ကိုင် အဖွဲ့တွေကနေ ဖမ်းဆီးခံထားရပါတယ်။

ဒီလိုနှစ်ဖက်တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲအရှိန်လျော့ချဖို့အတွက် UNFCခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ဒီဇင်ဘာ(၁၅)ရက်နေ့ ထိုင်းနိုင်ငံ အတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးမှုမှာ တောင်ပိုင်းရှမ်းပြည် တပ်မတော်ဥက္ကဋ္ဌ အနေနဲ့ နှစ်ဘက် တိုက်ပွဲလျော့ချနိုင်မယ့် နည်းလမ်းကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

"ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကလည်း TNLA နဲ့ တိုက်ပွဲဖြစ်တာတွေ လည်း ပါပါတယ်။ ကျနော်တို့ဥက္ကဋ္ဌကြီး ညွှန်းဆိုတာက သူတို့ကို တိုက်ဖို့ ကျနော်တို့ အစီအစဉ်မရှိဘူး။ တိုက်ဖို့ခိုက်ဖို့လည်း ကျနော်တို့ သွားတာမဟုတ်ပါဘူး။ ကိုယ့်နေရာကိုယ် ပြန်တာပဲဖြစ်ပါတယ်။ သူတို့က မတိုက်ဘူးဆိုရင် တိုက်ပွဲ မဖြစ်ပါဘူး။ ဒါကြောင့်မို့ သူတို့ မတိုက်အောင် ပြောပေးပါတဲ့။ တိုက်ပွဲ မဖြစ်အောင် ရှေ့တန်းတပ်မှူးတွေ အချင်းချင်း ညှိပြီးတော့  နေနိုင်ကြတဲ့ နည်းလမ်းကို ရှာကြရင် မကောင်းဘူးလား အဲ့လိုပဲ အကြံပြုထားပါတယ်။"

UNFCအနေနဲ့ လဲ တိုက်ပွဲ အရှိန်လျော့ချနိုင်ဖို့ တအာင်း ပလောင်တပ်ဖွဲ့ နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ UNFCခေါင်းဆောင်တွေကပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ UPDJC ကနေ လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ ကိုင်စွဲ ရမယ့် နိုင်ငံရေးမူဘောင်ကို အတည်ပြုပြီး ဒီဇင်ဘာ (၁၆)ရက်နေ့ မှာ သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုမူဘောင်ရေးဆွဲတဲ့နေရာမှာ တိုင်းရင်းသားအဖွဲ့ အားလုံးစုံ မပါ၀င်သေး သလို နောင်လာမယ့် အစိုးရသစ် လက်ထက် မှာဆွေးနွေးသင့်တယ်လို့ တအာင်ပလောင် တပ်ဖွဲ့ရဲ့ပြန်ကြားရေး အရာရှိဗိုလ်ကြီး တာ့အိုက်ကျော် ကပြောပါတယ်။

လက်ရှိဆုံးဖြတ် ထားတဲ့ နိုင်ငံရေး မူဘောင်တွေကိုတော့နောင်အစိုးရ အနေနဲ့ ပြုလွယ်ပြင်လွယ် ရှိအောင် နဲ့ NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုး လာရင် ပါ၀င် လာနိုင်အောင်လည်း ခြွင်းချက်ထား သဘောတူခဲ့တယ်လို့ လဲ ဆွေးနွေးပွဲမှာ ပါ၀င်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဗွီအိုအေကိုပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုအတည်ပြုထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြောင့် စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မလာနိုင်ပဲ ယခင်အစိုးရလက်ထက်ကကျင်းပခဲ့တဲ့ အမျိုးသားညီလာခံလို ညီလာခံမျိုးသာ ဖြစ်လာနိုင်ကြောင်း ရှမ်း နိုင်ငံရေးပါတီခေါင်းဆောင်တွေကနေ
 ဝေဖန်ပြောဆိုမှုတွေလဲရှိနေပါတယ်။

နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...