Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရခိုင္ အရပ္ဘက္ အဖြဲ႕အစည္း ဖိုရမ္က်င္းပ

$
0
0
ေရြးေကာက္ပြဲလြန္ စိန္ေခၚမွုေတြ အတြက္ ရခိုင္ အရပ္ဘက္ စုေပါင္း ေဆြးေႏြး

ဒီဇင္ဘာလ ၁၈ ရက္ေန႔ကေန စတင္ၿပီး ၃ ရက္ၾကာ က်င္းပမဲ့ ရခိုင္ အရပ္ဘက္ အဖြဲ႕အစည္းေတြ စုေပါင္း ေဆြးေႏြးပြဲ ကို ရခိုင္ျပည္နယ္ ေက်ာက္ျဖဴ ၿမိဳ႕မွာ က်င္းပ ခဲ့ပါတယ္။

အရပ္ဘက္ အဖြဲ႕အစည္း ေတြ စုေပါင္းၿပီး လုပ္တဲ့ ေဆြးေႏြးပြဲ ကို ျပည္နယ္ အတြင္းက လူမွု အဖြဲ႕အစည္း ၁၀၁ ဖြဲ႕က ကိုယ္စားလွယ္ေပါင္း ၂၀၀ ေက်ာ္နဲ႔ အတူ အသိပညာရွင္၊ အတတ္ပညာရွင္ ေတြလည္း တက္ေရာက္ ခဲ့ၾကပါတယ္။

အခု ေဆြးေႏြးပြဲဟာ ရခိုင္ျပည္နယ္က လူမွု အဖြဲ႕အစည္းေတြ စုေပါင္းၿပီး ပထမဦးဆုံး အႀကိမ္က်င္းပတာ ျဖစ္ၿပီး ၿမိဳ႕နယ္ အသီးသီးမွာ ရွိတဲ့ လူမွု အဖြဲ႕အစည္း ေတြဟာ အစိုးရသစ္ တက္လာတဲ့ အခါမွာ ဘယ္ေလာက္ အထိ ပူးေပါင္း ေဆာင္ရြက္ နိုင္မလဲ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္ခဲ့ ျဖစ္ေၾကာင္း ဦးေဆာင္ က်င္းပခဲ့သူ ဦးခိုင္ေကာင္းစံ က ေျပာပါတယ္။

ေဆြးေႏြးပြဲ အတြင္း နိုင္ငံေတာ္ တည္ေဆာက္မွုမွာ အရပ္ဘက္ လူမွုအဖြဲ႕အစည္း ေတြရဲ့ အခန္းက႑နဲ႔ ေရြးေကာက္ပြဲ လြန္ ကာလ ျဖစ္နိုင္ေၿခ ရွိတဲ့ စိန္ေခၚမွု ေခါင္းစဥ္နဲ႔ ပတ္သက္ၿပီး ပညာရွင္ေတြ နဲ႔ အတူ စုေပါင္း ေဆြးေႏြး ခဲ့ၾကပါတယ္။

အာဏာလႊဲေျပာင္းၿပီးတဲ့ ေနာက္ပိုင္းမွာ စိန္ေခၚမွုေတြ တိုင္းရင္းသား ေရးရာ က႑ စီးပြားေရး က႑ ေတြမွာ အရပ္ဖက္ အဖြဲ႕အစည္း ေတြ အေနနဲ႔ လြတ္လပ္ၿပီး အမွီအခို ကင္းဖို႔ စတဲ့ ကိစၥရပ္ေတြကို ေဆြးေႏြး ခဲ့ၾကတယ္လို႔ ျမန္မာ့ နိုင္ငံေရး ေလ့လာသူ ဦးမင္းဇင္ က ဘီဘီစီကို ေျပာပါတယ္။

အခု ေဆြးေႏြးပြဲ ကေန ရခိုင္ျပည္နယ္ အတြင္းမွာ ရွိေနၾကတဲ့ အရပ္ဘက္ အဖြဲ႕ အစည္း ေတြနဲ႔ ေနာက္တက္ လာမယ့္ ဒီမိုကေရစီ အစိုးရတို႔ အၾကား မွာ ရခိုင္ ျပည္နယ္ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ ပိုမို ပူးေပါင္းေဆာင္ရြက္နိုင္မယ့္ လမ္းစေတြကို ရွာေဖြ ခ်မွတ္နိုင္လိမ့္မယ္လို႔လဲ ဦးေဆာင္ က်င္းပသူ ေတြက ေမၽွာ္လင့္ ေနၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
.........
 ရွေးကောက်ပွဲလွန် စိန်ခေါ်မှုတွေ အတွက် ရခိုင် အရပ်ဘက် စုပေါင်း ဆွေးနွေး

ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာ ကျင်းပမဲ့ ရခိုင် အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်း ဆွေးနွေးပွဲ ကို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ ကျင်းပ ခဲ့ပါတယ်။

အရပ်ဘက် အဖွဲ့အစည်း တွေ စုပေါင်းပြီး လုပ်တဲ့ ဆွေးနွေးပွဲ ကို ပြည်နယ် အတွင်းက လူမှု အဖွဲ့အစည်း ၁၀၁ ဖွဲ့က ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်နဲ့ အတူ အသိပညာရှင်၊ အတတ်ပညာရှင် တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

အခု ဆွေးနွေးပွဲဟာ ရခိုင်ပြည်နယ်က လူမှု အဖွဲ့အစည်းတွေ စုပေါင်းပြီး ပထမဦးဆုံး အကြိမ်ကျင်းပတာ ဖြစ်ပြီး မြို့နယ် အသီးသီးမှာ ရှိတဲ့ လူမှု အဖွဲ့အစည်း တွေဟာ အစိုးရသစ် တက်လာတဲ့ အခါမှာ ဘယ်လောက် အထိ ပူးပေါင်း ဆောင်ရွက် နိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ ဖြစ်ကြောင်း ဦးဆောင် ကျင်းပခဲ့သူ ဦးခိုင်ကောင်းစံ က ပြောပါတယ်။

ဆွေးနွေးပွဲ အတွင်း နိုင်ငံတော် တည်ဆောက်မှုမှာ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍနဲ့ ရွေးကောက်ပွဲ လွန် ကာလ ဖြစ်နိုင်ခြေ ရှိတဲ့ စိန်ခေါ်မှု ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ နဲ့ အတူ စုပေါင်း ဆွေးနွေး ခဲ့ကြပါတယ်။

အာဏာလွှဲပြောင်းပြီးတဲ့ နောက်ပိုင်းမှာ စိန်ခေါ်မှုတွေ တိုင်းရင်းသား ရေးရာ ကဏ္ဍ စီးပွားရေး ကဏ္ဍ တွေမှာ အရပ်ဖက် အဖွဲ့အစည်း တွေ အနေနဲ့ လွတ်လပ်ပြီး အမှီအခို ကင်းဖို့ စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာ့ နိုင်ငံရေး လေ့လာသူ ဦးမင်းဇင် က ဘီဘီစီကို ပြောပါတယ်။

အခု ဆွေးနွေးပွဲ ကနေ ရခိုင်ပြည်နယ် အတွင်းမှာ ရှိနေကြတဲ့ အရပ်ဘက် အဖွဲ့ အစည်း တွေနဲ့ နောက်တက် လာမယ့် ဒီမိုကရေစီ အစိုးရတို့ အကြား မှာ ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ့် လမ်းစတွေကို ရှာဖွေ ချမှတ်နိုင်လိမ့်မယ်လို့လဲ ဦးဆောင် ကျင်းပသူ တွေက မျှော်လင့် နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...