Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ်သွေးကြွအဖွဲ့နှင့် ပူးပေါင်းရန် ကြိုးကမ်းခဲ့သူ ၀ီဂါမျိုးနွယ်စုဝင် ၃ ဦးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ်ချမှတ်

$
0
0


ဂျကာတာ ၊ ၁၄-၇-၂၀၁၅

စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံမှ ဝီဂါ မျိုးနွယ်စုဝင် သုံးဦးကို အင်ဒိုနီးရှား တရားရုံး တစ်ခုက ဇူလိုင် ၁၃ ရက်တွင် ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ် လိုက်ကြောင်း သိရသည်။

တရားရုံး၏ ထုတ်ပြန်ချက် အရ အင်ဒိုနီးရှား အစိုးရသည် အဆိုပါ ဝီဂါ မျိုးနွယ်စုဝင် များကို ဆူလာဝေဆီ ပြည်နယ် အတွင်း၌ လွန်ခဲ့သည့်နှစ် စက်တင်ဘာ က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့သည် အင်ဒိုနီးရှား နိုင်ငံက အလိုအရှိဆုံး စစ်သွေးကြွ တစ်ဦးဖြစ်သည့် ဆန်တိုဆို နှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ဆန်တိုဆို သည် အရှေ့ အင်ဒိုနီးရှား မူဂျာဟစ်ဒင် အဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ယင်းအဖွဲ့သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ အဖွဲ့ထံ သစ္စာခံထားသည့် အဖွဲ့ဖြစ်ကြောင်း အာဏာပိုင် များက ပြောကြားသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ် ခံရသည့် ဝီဂါ မျိုးနွယ်စု များသည် တူရကီ နိုင်ငံကူး လက်မှတ် အတုများ ကိုင်ဆောင်၍ နိုင်ငံ အတွင်းသို့ ဝင်ရောက်မှု ဖြင့်လည်း တရားစွဲဆိုခြင်း ခံခဲ့ရကြောင်း သိရသည်။ ၄င်းတို့သည် အင်ဒိုနီးရှား နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး စစ်သွေးကြွ များနှင့် ပူးပေါင်း၍ အကြမ်းဖက်မှု များကို လုပ်ဆောင်ရန် ကြံစည် ခဲ့ခြင်းကြောင့် ၄င်းတို့အား ထောင်ဒဏ်နှင့် ငွေဒဏ်အဖြစ် ရူပီယာသန်း ၁ဝဝ (ဒေါ်လာ ၇၅ဝဝ) ပေးဆောင် ရန် အမိန့်ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း တရားသူကြီး ကွန်မာရီယိုဆို က ပြောကြားသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>