Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကယ်ဆယ်ရေးစခန်းမှဘင်္ဂါလီများပါဝင်သော နွားခိုးစက်လှေတစ်စီးကို ကျွဲ၊ နွားများနှင့်အတူ ရသေ့တောင်မြို့နယ် ပါဒလိပ်မြစ်အတွင်းဖမ်းမိခဲ့သဖြင့်အမှုဖွင့်

$
0
0
 စစ်တွေ၊ ဇူလိုင် ၂၄
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကယ်ဆယ်ရေးစခန်းမှဘင်္ဂါလီများပါဝင်သော နွားခိုးစက်လှေတစ်စီးကို ကျွဲ၊ နွားများနှင့်အတူ ရသေ့ တောင်မြို့နယ် ဆားပြင်ကြီးရွာအနီးပါဒလိပ်မြစ်အတွင်း ဇူလိုင်လ ၁၉ ရက်နေ့က ရေတပ်မှ ဖမ်းမိခဲ့ကြောင်း စစ်တွေမြို့မ ရဲစခန်းမှအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။
ပေါက်တောမြို့နယ်နှင့်မင်းပြားမြို့နယ်များတွင် ကျွဲ၊ နွားများ မကြာခဏပျောက်ဆုံးနေသော်လည်း တရားခံကို ဖမ်း ဆီးနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် ယင်း ကျွဲ၊ နွားများကို ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရောင်း
ချနေခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြသဖြင့် စောင့်ကြည့်လျက်ရှိရာ အဆိုပါနေ့က နွား ၆ ကောင်နှင့်
ကျွဲ ၁၂ ကောင်တို့ကိုတင်ဆောင်လာ သော စက်လှေအား မသင်္ကာသဖြင့်စစ်ဆေးခဲ့ရာ တွေ့ရှိ
ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

“စက်လှေပေါ်မှာ ဘင်္ဂါလီ ၆ ဦးပါတယ်။ ကျွဲ ၁၂ ကောင်နဲ့ နွား ၆ ကောင်ပါတယ်။ ပါဒလိပ်မြစ်ထဲမှာ ရေတပ်က တွေ့ပြီးဖမ်းဆီးလိုက်တာပါ။ ဘင်္ဂါလားဒေ့ရှ်ကိုသွားရောင်းတာလို့ သိရတယ်။ ကျွဲ၊နွားတွေကတော့ ခိုးယူလာတာ ဖြစ်တယ်။ သူတို့ဟာ ပေါက်တောမြို့နယ် ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းနဲ့ အနောက်ရဲ ရွာက ဘင်္ဂါလီတွေဖြစ်ပါ တယ်။ လောလောဆယ်တော့ စစ်ဆေးနေပါတယ်”ဟုစစ်တွေမြို့ မြို့မ ရဲစခန်းမှ အရာရှိတစ်ဦး ကပြောပါသည်။

မင်းပြားမြို့နယ်နှင့်ပေါက်တောမြို့နယ်တို့သည် ကျွဲ၊ နွားပျောက်ဆုံးမှုအများဆုံးဖြစ်ပေါ်နေသောမြို့နယ်များဖြစ် ပြီး မိုးတွင်းထွန်ယက်စိုက်ပျိုးရာသီဖြစ်သည့်အတွက် ယင်းသို့ပျောက်ဆုံးပါက အခက်အခဲများစွာကိုရင်ဆိုင်ရလေ့ရှိ ကြောင်းလည်း ပေါက်တောမြို့နယ်မှ လယ်သမားများက ဆိုသည်။
စက်လှေပေါ်တွင် ကျွဲ၊ နွားများနှင့်အတူ ဖမ်းဆီးရရှိသူများမှာ ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းမှ ဟာဆူမျာ ၃၆ နှစ်နှင့် ဆာဘီ ၂၃ နှစ်တို့အပြင် အနောက်ရဲရွာမှ အဒူလာမိန် ၂၅ နှစ်၊ ဆာဘီရာမောက် ၂၂ နှစ်၊ နုရ်ဆလင် ၃၁ နှစ်တို့ ဖြစ်ပြီးယင်းတို့အား စစ်တွေမြို့၊ မြို့မရဲစခန်းမှ ပို့ကုန်သွင်းကုန်ဆိုင်ရာပုဒ်မ(ပ)၁၅၁ အရ တရားစွဲဆို စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ပေါက်တောနှင့်မင်းပြားမြို့နယ်များတွင် ကျွဲနွားအမြောက်အများပျောက်ဆုံးခဲ့သော်လည်း တရားခံများကိုဖမ်းဆီး နိုင် မှုမရှိသလောက်နည်းပါးခဲ့ပြီး ယခုဖမ်းဆီးရရှိသော ကျွဲနွားများမှာလည်း ပေါက်တောမြို့နယ်မှ ကျွဲနွားများဖြစ် ကြောင်းလည်းသိရှိရပါသည်။
သန်းလှိုင်(စစ်တွေ)
https://www.facebook.com/rakhinethar123?fref=photo
ဓါတ်ပုံ ဖမ်းဆီးရရှိသော တရားခံများနှင့်လှေပေါ်တွင်တွေ့ရသောကျွဲများ

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ