ဆရာေတာ္ အပါအဝင္ အမ်ိဳး ဘာသာ သာသနာ ေစာင့္ေရွာင့္ေရး အဖြဲ႕ ဟာ ျမန္မာ နိုင္ငံမွာ အၾကမ္းဖက္မွု နဲ႔ အဓိက႐ုဏ္းေတြ မျဖစ္ေပၚေအာင္ တားဆီး ေပးေနတဲ့ အဖြဲ႕သာ ျဖစ္တယ္ လို႔လည္း ဦးဝီရသူ က တုံ႔ျပန္။ |
ျမန္မာ နိုင္ငံ မွာ ဘာသာေရး လူမ်ိဳးေရး ဖိႏွိပ္မွု ေတြ လုပ္တဲ့ လူပုဂၢိဳလ္ နဲ႔ အဖြဲ႕ အစည္းေတြ ကို အကူအညီ ေတြ မေပးဖို႔ ရာ အေမရိကန္ က ဥပေဒ တစ္ရပ္ ျပန္ဌာန္း နိုင္ေရး အတြက္ ျပင္ဆင္ ေနတာမွာ မစိုးရိမ္တိုက္သစ္ က အမ်ိဳးသားေရး ဆရာေတာ္ ဦးဝီရသူ ကို နာမည္နဲ႔ တကြ ရည္ညႊန္း ခဲ့တဲ့အေပၚ ဆရာေတာ္ က ျပန္လည္ တုံ႔ျပန္ လိုက္ပါတယ္။
ဆရာေတာ္ ဟာ အေမရိကန္ အပါအဝင္ ဘယ္ နိုင္ငံျခား အေထာက္အပံ့ကို မွ လက္ခံ ေနတာ မဟုတ္တဲ့ အတြက္ အေမရိကန္ ရဲ့ အခုလို လုပ္ေဆာင္ေနမွု ဟာ ဘာ အဓိပၸာယ္ မွ မရွိဘူး ဆိုၿပီး ဦးဝီရသူ က ဘီဘီစီ ကို မိန္႔ပါတယ္။
ဒါ့အျပင္ ဆရာေတာ္ အပါအဝင္ အမ်ိဳး ဘာသာ သာသနာ ေစာင့္ေရွာင့္ေရး အဖြဲ႕ ဟာ ျမန္မာ နိုင္ငံမွာ အၾကမ္းဖက္မွု နဲ႔ အဓိက႐ုဏ္းေတြ မျဖစ္ေပၚေအာင္ တားဆီး ေပးေနတဲ့ အဖြဲ႕သာ ျဖစ္တယ္ လို႔လည္း ဦးဝီရသူ က တုံ႔ျပန္ ေျပာပါတယ္။
အေမရိကန္ လႊတ္ေတာ္ ၂ ရပ္က အတည္ျပဳ ေပးၿပီး ျဖစ္တဲ့ ၂၀၁၆ ခုႏွစ္ အတြက္ ဘ႑ာေရး ဥပေဒ ထဲမွာေတာ့ ျမန္မာ နိုင္ငံထဲက ဘာသာေရး လူမ်ိဳးေရး ေပၚ အေျခခံတဲ့ ခြဲျခားမွု ေတြ ျပဳလုပ္ ေနသူေတြ ကို ဘ႑ာေရး ဆိုင္ရာ ေထာက္ပံ့ တာေတြ မျပဳလုပ္ ဖို႔ ကန္႔သတ္ထားၿပီး ဒီ ဥပေဒ အသက္ဝင္ လာဖို႔ သမၼတ အိုဘားမားက လက္မွတ္ေရးထိုးဖို႔ပဲ လိုပါေတာ့တယ္။
BBC Burmese
http://www.bbc.com/burmese
.................
ဆရာတော် အပါအဝင် အမျိုး ဘာသာ သာသနာ စောင့်ရှောင့်ရေး အဖွဲ့ ဟာ မြန်မာ နိုင်ငံမှာ အကြမ်းဖက်မှု နဲ့ အဓိကရုဏ်းတွေ မဖြစ်ပေါ်အောင် တားဆီး ပေးနေတဲ့ အဖွဲ့သာ ဖြစ်တယ် လို့လည်း ဦးဝီရသူ က တုံ့ပြန်။
မြန်မာ နိုင်ငံ မှာ ဘာသာရေး လူမျိုးရေး ဖိနှိပ်မှု တွေ လုပ်တဲ့ လူပုဂ္ဂိုလ် နဲ့ အဖွဲ့ အစည်းတွေ ကို အကူအညီ တွေ မပေးဖို့ ရာ အမေရိကန် က ဥပဒေ တစ်ရပ် ပြန်ဌာန်း နိုင်ရေး အတွက် ပြင်ဆင် နေတာမှာ မစိုးရိမ်တိုက်သစ် က အမျိုးသားရေး ဆရာတော် ဦးဝီရသူ ကို နာမည်နဲ့ တကွ ရည်ညွှန်း ခဲ့တဲ့အပေါ် ဆရာတော် က ပြန်လည် တုံ့ပြန် လိုက်ပါတယ်။
ဆရာတော် ဟာ အမေရိကန် အပါအဝင် ဘယ် နိုင်ငံခြား အထောက်အပံ့ကို မှ လက်ခံ နေတာ မဟုတ်တဲ့ အတွက် အမေရိကန် ရဲ့ အခုလို လုပ်ဆောင်နေမှု ဟာ ဘာ အဓိပ္ပာယ် မှ မရှိဘူး ဆိုပြီး ဦးဝီရသူ က ဘီဘီစီ ကို မိန့်ပါတယ်။
ဒါ့အပြင် ဆရာတော် အပါအဝင် အမျိုး ဘာသာ သာသနာ စောင့်ရှောင့်ရေး အဖွဲ့ ဟာ မြန်မာ နိုင်ငံမှာ အကြမ်းဖက်မှု နဲ့ အဓိကရုဏ်းတွေ မဖြစ်ပေါ်အောင် တားဆီး ပေးနေတဲ့ အဖွဲ့သာ ဖြစ်တယ် လို့လည်း ဦးဝီရသူ က တုံ့ပြန် ပြောပါတယ်။
အမေရိကန် လွှတ်တော် ၂ ရပ်က အတည်ပြု ပေးပြီး ဖြစ်တဲ့ ၂၀၁၆ ခုနှစ် အတွက် ဘဏ္ဍာရေး ဥပဒေ ထဲမှာတော့ မြန်မာ နိုင်ငံထဲက ဘာသာရေး လူမျိုးရေး ပေါ် အခြေခံတဲ့ ခွဲခြားမှု တွေ ပြုလုပ် နေသူတွေ ကို ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ တာတွေ မပြုလုပ် ဖို့ ကန့်သတ်ထားပြီး ဒီ ဥပဒေ အသက်ဝင် လာဖို့ သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးဖို့ပဲ လိုပါတော့တယ်။
BBC Burmese
http://www.bbc.com/burmese