Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ၄၅ ရာခိုင်နှုန်းသာ ကျန်ရှိ၊ ငါးနှစ်အတွင်း ၂ ရာခိုင်နှုန်းခန့် လျော့ကျ

$
0
0

မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် ယခင် ၄၇ ရာခိုင် နှုန်းခန့်မှ ၄၅ ရာခိုင်နှုန်းခန့်သာကျန်ရှိပြီး ငါးနှစ်တာကာလအတွင်း သစ်တောပြုန်းတီးမှု ၂ ရာခိုင်နှုန်း ခန့် ရှိကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။
ယခင်က မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၄၇ ရာ ခိုင်နှုန်းခန့်( ၄၆ ဒသမ ၉၆ )ရှိရာမှ ၂၀၁၅ တွင် နောက်ဆုံး ကောက်ယူခဲ့သော စာရင်းအရ ၄၅ ရာခိုင်နှုန်း (၄၅ ဒသမ ၀၄) သို့ ကျဆင်းလာသည်ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က (၆) ကြိမ်မြောက် အာဆီယံလူမှုသစ်တော ကွန်ရက် ဆွေးနွေးပွဲတွင် ပြောကြားသည်။
၂၀၁၀ က တွက်ချက်ခဲ့သော နောက်ဆုံးစာရင်းနှင့် ယခုနှစ် နှိုင်း ယှဉ်ပါက ၂ ရာခိုင်နှုန်းခန့် လျော့ကျလာခြင်း ဖြစ်သည်။ ငါးနှစ်အတွင်း ဧကပေါင်း တစ် သန်းခွဲကျော် ပြုန်းတီးသွားခြင်း ဖြစ်ပြီး တစ်နှစ်လျှင် ဧကသုံးသိန်း ကျော် ပြုန်းတီးခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ တွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ဧက ၇၈ သန်းကျော်(ဟက်တာ ၃ ဒဿမ ၁ သန်းကျော်) ရှိရာမှ ယခုအခါ သစ်တောဖုံးလွှမ်းမှုသည် ဧက ၇၇ သန်းခန့်သာ ကျန်ရှိတော့ ခြင်း ဖြစ်သည်။
၂၀၀၀ မှ ၂၀၁၀ အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်သစ်တောပြုန်းတီးမှု ပမာဏဧက ခုနစ်သိန်းနှင့် နှိုင်းယှဉ်ပါက လေး သိန်းခန့် လျော့နည်းသွားသည်ကို တွေ့ရသည်။
သစ်တောဖုံးလွှမ်းမှုကို ရွက် အုပ်တောနှင့် ရွက်ဖွင့်တော နှစ် မျိုးသတ်မှတ်၍ တိုင်းတာခြင်း ဖြစ်သည်။ ငါးနှစ်အတွင်း သစ် တောပြုန်းတီးမှုကို ရွက်ဖွင့်တော များ၌ အများဆုံးတွေ့ရပြီး ရွက်အုပ်တောများတွင် သစ်တောပြုန်းတီးမှုကို ကြီးမားစွာ မတွေ့ရှိရ ကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၏ သုတေသနစစ်တမ်းတွင် တွေ့ရသည်။
သစ်တောဧရိယာ သုံးဧကကျော် (၁ ဒသမ ၅ ဟတ်တာ) တွင် အမြင့် ၅ မီတာရှိသည့်သစ်ပင်များ ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအ ကြားရှိလျှင် ရွက်အုပ်တော (CloseForest) ဟုခေါ်ပြီး ထိုဧရိယာအ တွင်း သစ်တောဖုံးလွှမ်းမှု ၁၀ ရာခိုင်နှုန်းအောက်ရှိပါက ရွက်ဖွင့်တောဟု သစ်တောဦးစီးဌာနက သတ်မှတ်သည်။
ယခုနှစ်သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလ သမဂ္ဂစားနပ်ရိက္ခာအဖွဲ့တို့ ပူး ပေါင်းပြီး ငါးနှစ်တာကာလအ တွင်း သစ်တောပြုန်းတီးမှုစာရင်း ကို အကြိုထုတ်ပြန်ရမည့်နှစ် ဖြစ် သည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံး လွှမ်းမှုစာရင်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနက ဆန်းစစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာ အဖွဲ့ (FAO) သို့ စာရင်းပေးပို့ထား သော်လည်း FAO က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိ ပေ။
‘‘၀န်ကြီးဌာနဘက်ကတော့ တစ်လ၊ နှစ်လလောက်ကတည်း က ပြီးနေပါပြီ။ ကောက်ထားတဲ့ စာရင်းကို FAO နဲ့ ပြန်စစ်ဆေးတာ တို့၊ စိစစ်တာတို့ လုပ်နေပါတယ်။ ဒီနှစ်လောက် ထုတ်ပြန်ဖြစ်မှာပါ’’ ဟု သစ်တောသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ငါးနှစ်ခန့်က ကောက်ယူခဲ့သည့် စာရင်းမှာဟောင်းနွမ်းနေပြီး သစ်တောဖုံးလွှမ်းမှုသည် ယခုအခါ ၂၀ ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက မကြာခဏ ဝေဖန် လျက်ရှိသည်။
‘‘၀န်ကြီးဌာနက ယခုသစ် တောတိုင်းတာတဲ့အခါ နယ်စပ် ဘက်က တောတွေကို ပြည်နယ် ဦးစီးဌာနက ဂျီပီအက်စ်နဲ့ သေ ချာမတိုင်းထားလို့ ပြန်တိုင်းရမယ် လို့တော့ သူတို့အချင်းချင်း ပြော နေတာတော့ ကြားနေရတယ်’’ ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးမျိုးကိုက ပြောသည်။
သစ်တောများပြုန်းတီးနေသည့် တောကြောတစ်ခု (ဓာတ်ပုံ −ရဲအောင်သူ/အေအက်ဖ်ပီ)
7 Day

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...