အာဖဂန္ နယ္ ၃ နယ္ တာလီဘန္ ေတြ လက္ထဲ က်ေရာက္ သြားၿပီ ျဖစ္ၿပီး၊ က်ေရာက္လု ဆဲဆဲ ေဒသ ႏွစ္ခုလည္း ရွိေနတယ္။ |
အာဖဂန္နစၥတန္ နိုင္ငံ ေတာင္ပိုင္း ဟယ္လ္မန္ နယ္ထဲမွာ ၿပီးခဲ့တဲ့ ႏွစ္ရက္ အတြင္း တာလီဘန္ ေတြနဲ႔ တိုက္ခိုက္ ၿပီး ေသဆုံးခဲ့ရတဲ့ အစိုးရ စစ္သား အနည္းဆုံး ၉၀ ရွိတယ္ လို႔ ဟယ္လ္မန္ ျပည္နယ္ ရဲ့ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွုး က ဆိုပါတယ္။
အဲဒီ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွုး Mohammad Jan Rasoulyar ဟာ သူ႔ရဲ့ ေဖ့စ္ဘြတ္ခ္ ကေန အာဖဂန္ သမၼတ ဆီကို အိပ္ဖြင့္ ေပးစာ ေရးခဲ့တာ ျဖစ္ပါတယ္။
စာထဲမွာ အာဖဂန္ နယ္ ၃ နယ္ တာလီဘန္ ေတြ လက္ထဲ က်ေရာက္ သြားၿပီ ျဖစ္ၿပီး၊ က်ေရာက္လု ဆဲဆဲ ေဒသ ႏွစ္ခုလည္း ရွိေနတယ္ လို႔ ဆိုထားပါတယ္။
ၿမိဳ႕ေတာ္ ကာဘူးလ္ က အာဖဂန္ ဗဟို အစိုးရ ဆီက ဘယ္လို အကူအညီမွ မရဘူး ဆိုၿပီး မစၥတာ Rasoulyar က ျပစ္တင္ ထားသလို၊ ေနာက္ထပ္ အသက္ေတြ မဆုံးရွုံးရေအာင္ ခ်က္ျခင္း တာဝန္ယူ ေဆာင္ရြက္မွုေတြ ျပဳလုပ္ ပါ ဆိုၿပီး ေတာ့လည္း သမၼတ အာရွရတ္ဖ္ ဂါနီ ကို တိုက္တြန္း ထားပါတယ္။
BBC Burmese
http://www.bbc.com
..................
အာဖဂန် နယ် ၃ နယ် တာလီဘန် တွေ လက်ထဲ ကျရောက် သွားပြီ ဖြစ်ပြီး၊ ကျရောက်လု ဆဲဆဲ ဒေသ နှစ်ခုလည်း ရှိနေတယ်။
အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း ဟယ်လ်မန် နယ်ထဲမှာ ပြီးခဲ့တဲ့ နှစ်ရက် အတွင်း တာလီဘန် တွေနဲ့ တိုက်ခိုက် ပြီး သေဆုံးခဲ့ရတဲ့ အစိုးရ စစ်သား အနည်းဆုံး ၉၀ ရှိတယ် လို့ ဟယ်လ်မန် ပြည်နယ် ရဲ့ လက်ထောက် အုပ်ချုပ်ရေးမှုး က ဆိုပါတယ်။
အဲဒီ လက်ထောက် အုပ်ချုပ်ရေးမှုး Mohammad Jan Rasoulyar ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ကနေ အာဖဂန် သမ္မတ ဆီကို အိပ်ဖွင့် ပေးစာ ရေးခဲ့တာ ဖြစ်ပါတယ်။
စာထဲမှာ အာဖဂန် နယ် ၃ နယ် တာလီဘန် တွေ လက်ထဲ ကျရောက် သွားပြီ ဖြစ်ပြီး၊ ကျရောက်လု ဆဲဆဲ ဒေသ နှစ်ခုလည်း ရှိနေတယ် လို့ ဆိုထားပါတယ်။
မြို့တော် ကာဘူးလ် က အာဖဂန် ဗဟို အစိုးရ ဆီက ဘယ်လို အကူအညီမှ မရဘူး ဆိုပြီး မစ္စတာ Rasoulyar က ပြစ်တင် ထားသလို၊ နောက်ထပ် အသက်တွေ မဆုံးရှုံးရအောင် ချက်ခြင်း တာဝန်ယူ ဆောင်ရွက်မှုတွေ ပြုလုပ် ပါ ဆိုပြီး တော့လည်း သမ္မတ အာရှရတ်ဖ် ဂါနီ ကို တိုက်တွန်း ထားပါတယ်။
BBC Burmese
http://www.bbc.com