

Credit : Min Thawe Thit & Aye Aye Khaing
...................
`ကျွန်တော်တသက်လုံးဂုဏ်ယူနေမယ့်ဒါဏ်ချက်များ'
ကျွန်တော်ရန်ကုန်ဆေးရုံကြီးမှာပဲဆေးဆက်ကုနေပါတယ်။ရန်ကုန်ဆေးရုံကြီးအဆောင်၁၁-၁၂၊ဒုတိယထပ်မှာပါ။ဘယ်နေ့ဆေးရုံကဆင်းရမယ်ဆိုတာတော့မသိသေးပါဘူး။ဆေးရုံကဆင်းရင်သာယာဝတီထောင်ကိုပြန်မှာဖြစ်ပါတယ်။ကျွန်တော့်အစာအိမ်ပိုးဝင်တဲ့အခြေအနေအရပိုးသတ်ဆေးနဲ့အစာအိမ်ဆေးတွေကိုနှစ်ပတ်ပြည့်တဲ့အထိဆက်သောက်ရမှာပါ။ဆေးစသောက်တာကတော့ကခုနှစ်ရက်ရှိနေပါပြီ။ညာဘက်လက်သန်းနဲ့ဘယ်ဘက်ခြေမကတော့ဒီ(၉)လအတွင်းအရိုးကျီးပေါင်းတက်ပြီးပြန်ဆက်သွားပါပြီ။အရိုးပြန်ဆက်တာပုံစံမမှန်တဲ့အတွက်လက်သန်းကောက်နေတာနဲ့ခြေမအရိုးမှာဖုနေတာတွေကတော့ပြန်လုပ်လို့မရတော့ပါဘူး။လက်သန်းနဲ့လက်သူကြွယ်ကြားကအရွတ်ထိခိုက်မိတဲ့အတွက်လက်သူကြွယ်ကလက်ခလယ်ဘက်ကိုစောင်းနေပြီးလက်သန်းကတော့ကောက်နေပါတယ်။။ခွဲစိတ်ပြီးအရိုးကျီးပေါင်းခြစ်ထုတ်လို့ရပေမယ့်ကျီးပေါင်းပြန်တက်နိုင်ခြေရှိတယ်လို့ဆရာဝန်ကပြောတဲ့အတွက်မခွဲစိတ်တော့ဘူးလို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဦးခေါင်းနောက်ဖက်ဇက်ကျောနာနေတဲ့အတွက်ဓာတ်မှန်ရိုက်ကြည့်ရာမှာဇက်အရိုးမှာဒါဏ်ဖြစ်သွားတာကြောင့်အဲဒီနေရာမှာလဲကျီးပေါင်းတက်နေကြောင်းဓာတ်မှန်ဖတ်တဲ့ဆရာဝန်ကပြောပါတယ်။ခေါင်းမူးတာမျိုးမဖြစ်ပေမယ့်ကြာကြာစာဖတ်ရင်ဇက်ကျောကနာကျင်လာတတ်ပါတယ်။ဒီနေရာကိုလဲဆေးဆက်လိမ်းရပါဦးမယ်။ခါးနာနေတာကတော့ဘာကြောင့်ဖြစ်တယ်ဆိုတာအဖြေအတိအကျမသိပါဘူး။ဒီဒါဏ်ရာတွေအရှင်းပျောက်ကင်းဖို့ကတော့မဖြစ်နိုင်ဘူးထင်ပါတယ်။ဒီအရိုးထိခိုက်မိထားတဲ့နေရာတွေကိုချက်ချင်းကုသခွင့်ရခဲ့မယ်ဆိုရင်တော့ဒီလောက်ထိဖြစ်လာနိုင်စရာမရှိပါဘူး။ဖမ်းဆီးခံရပြီးပြီးချင်းဆေးဝါးကုသခွင့်မရပဲ(၉)အကြာမှဆေးကုသခွင့်ရတဲ့အတွက်အရင်ကလိုပုံမှန်အခြေအနေကိုမရရှိတော့ပါဘူး။ဒါပေမယ့်ကျွန်တော်ဂုဏ်ယူပါတယ်။တသက်လုံးသေရာပါသွားမယ့်ဒါဏ်ရာတွေကနောင်မျိုးဆက်တွေကိုပြောပြတဲ့အခါသက်သေတွေဖြစ်လာမှာပါ။ဗမာပြည်မှာကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးပညာတတ်စေချင်လို့ပညာရေးပြုပြင်ပြောင်းလဲပေးဖို့တောင်းဆိုတဲ့သူတွေအပေါ်အစိုးရရဲ့တုံ့ပြန်ပုံသမိုင်းဖြစ်ရပ်အမှန်ကိုဒီဒါဏ်ရာတွေကနောက်မျိုးဆက်တွေကိုပြောပြနေပါလိမ့်မယ်။
မင်းသွေးသစ်
Credit : Min Thawe Thit & Aye Aye Khaing