Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရြာသားပိုင္ေျမေပၚ စစ္မႈထမ္းေဟာင္းအဖြဲ႕မွ ဆိုင္းဘုတ္ေထာင္ရာမွ ျပသနာ ျဖစ္ပြား

$
0
0



မာန္ယုေက်ာ္ (ေရႊဝေျမ)
စစ္ေတြ၊ ဒီဇင္ဘာ ၂၂

ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္ သားရြဲေက်းရြာမွ ရြာသားမ်ားပိုင္ ဘံုေျမ တစ္ခုအား စစ္မႈထမ္းေဟာင္းအဖြဲ႕မွ ဆိုင္းဘုတ္ေထာင္ရာမွ ရြာသားႏွင့္ စစ္မႈထမ္းေဟာင္း အဖြဲ႕တို႕ၾကား ျပသနာ ျဖစ္ပြားေနေၾကာင္း သတင္း ရရွိသည္။
ေျမေနရာအက်ယ္အဝန္းမွာ တစ္ဧကခန္႔ရွိၿပီး သားရြဲေက်းရြာသားမ်ား ဘုိးဘြားစဥ္ဆက္ ပုိင္ဆုိင္လာခဲ့ေသာ ေျမျဖစ္ေၾကာင္း အဆုိပါေက်းရြာေန ဦးခင္ေမာင္လွက နိရဥၥရာ သတင္းဌာနသို႕ ေျပာသည္။

ယင္းေျမေပၚတြင္ ေပါက္ေတာၿမိဳ႕နယ္မွ စစ္မႈထမ္းေဟာင္းအဖြဲ႕က သူတုိ႔ပုိင္သည့္ ေျမဟု ဆိုကာ မက်ဴးေက်ာ္ရန္ ဆုိင္းဘုတ္လာ ေထာင္ထားရာမွ ရြာသားမ်ားႏွင့္ သူပိုင္ ကိုယ္ပိုင္ အျငင္းပြားေနၾကသည္ဟု သိရသည္။

“ကၽြန္ေတာ္တုိ႔ရဲ႕ဘုိးဘြားေျမကို စစ္မႈထမ္းေဟာင္းက ဒီေန႔ဒီအခ်ိန္က်မွပဲ ငါတုိ႔ ေျမဆုိၿပီးေတာ့ လာလုပ္ပါတယ္။ စစ္မႈထမ္းေဟာင္းေျမဆုိၿပီးေတာ့ ကၽြန္ေတာ္တို႔လည္း တစ္ခါမွလည္း ၾကားသိရတာ မရွိဘူး။ ကၽြန္ေတာ္တုိ႔ ဆီကုိ အခုနက ေျပာသလို စစ္မႈထမ္းေဟာင္း က ပုိင္ဆုိင္တယ္ဆုိတဲ့ အေထာက္ အထားေလးေတြလည္း ဒီေန႔ထက္ တုိင္ေအာင္ မေတြ႕ရွိရပါဘူး” ဟု သူက ဆိုသည္။

စစ္မႈးထမ္းေဟာင္းအဖြဲ႕က ရြာသားပိုင္ ေျမေပၚ ဆိုင္းဘုတ္ေထာင္ထားျခင္း အေပၚ ေျဖရွင္းေပးရန္ ေပါက္ေတာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ တင္ျပေတာင္းဆုိ ထားေသာ္လည္း အေၾကာင္းမထူးေသးဟု ေဒသခံမ်ားက ဆုိသည္။

“ကၽြန္ေတာ္တုိ႔ရဲ႕ေက်းရြာပုိင္နက္ေျမကို ကၽြန္ေတာ္တုိ႔က လုိခ်င္ တယ္။ ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဆီလည္း တင္ျပျပီးျပီ။ ဒါေၾကာင့္ သက္ဆုိင္ တဲ့၊ တတ္ႏိုင္တဲ့၊ အႀကံဥာဏ္ ေပးႏုိင္တဲ့သူေတြ နဲ႔ ႏွီးေႏွာ တုိင္ပင္ၿပီးေတာ့ ကၽြန္ေတာ္တု႔ိ ဆက္ၿပီး အလုပ္လုပ္သြားမယ္”ဟု အဆုိပါေက်းရြာမွ ဦးေမာင္ေစာညြန္႔က ဆုိသည္။

နိရဥၥရာမွ အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ေပါက္ေတာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရုံးသုိ႕ ဆက္သြယ္ရာ တာဝန္ရွိသူတစ္ဦးက ယခုကိစၥကို ေျပလည္ေအာင္ေျဖရွင္း ေပးသြား မည္ဟု ေျပာဆုိသည္။

(Arakan State)

https://www.facebook.com/NarinjaraNews
..................



မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သားရွဲကျေးရွာမှ ရွာသားများပိုင် ဘုံမြေ တစ်ခုအား စစ်မှုထမ်းဟောင်းအဖွဲ့မှ ဆိုင်းဘုတ်ထောင်ရာမှ ရွာသားနှင့် စစ်မှုထမ်းဟောင်း အဖွဲ့တို့ကြား ပြသနာ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
မြေနေရာအကျယ်အဝန်းမှာ တစ်ဧကခန့်ရှိပြီး သားရွဲကျေးရွာသားများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော မြေဖြစ်ကြောင်း အဆိုပါကျေးရွာနေ ဦးခင်မောင်လှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းမြေပေါ်တွင် ပေါက်တောမြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့က သူတို့ပိုင်သည့် မြေဟု ဆိုကာ မကျူးကျော်ရန် ဆိုင်းဘုတ်လာ ထောင်ထားရာမှ ရွာသားများနှင့် သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြသည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ဘိုးဘွားမြေကို စစ်မှုထမ်းဟောင်းက ဒီနေ့ဒီအချိန်ကျမှပဲ ငါတို့ မြေဆိုပြီးတော့ လာလုပ်ပါတယ်။ စစ်မှုထမ်းဟောင်းမြေဆိုပြီးတော့ ကျွန်တော်တို့လည်း တစ်ခါမှလည်း ကြားသိရတာ မရှိဘူး။ ကျွန်တော်တို့ ဆီကို အခုနက ပြောသလို စစ်မှုထမ်းဟောင်း က ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက် အထားလေးတွေလည်း ဒီနေ့ထက် တိုင်အောင် မတွေ့ရှိရပါဘူး” ဟု သူက ဆိုသည်။

စစ်မှုးထမ်းဟောင်းအဖွဲ့က ရွာသားပိုင် မြေပေါ် ဆိုင်းဘုတ်ထောင်ထားခြင်း အပေါ် ဖြေရှင်းပေးရန် ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းဆို ထားသော်လည်း အကြောင်းမထူးသေးဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ရဲ့ကျေးရွာပိုင်နက်မြေကို ကျွန်တော်တို့က လိုချင် တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီလည်း တင်ပြပြီးပြီ။ ဒါကြောင့် သက်ဆိုင် တဲ့၊ တတ်နိုင်တဲ့၊ အကြံဉာဏ် ပေးနိုင်တဲ့သူတွေ နဲ့ နှီးနှော တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားမယ်”ဟု အဆိုပါကျေးရွာမှ ဦးမောင်စောညွန့်က ဆိုသည်။

နိရဥ္စရာမှ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးက ယခုကိစ္စကို ပြေလည်အောင်ဖြေရှင်း ပေးသွား မည်ဟု ပြောဆိုသည်။

(Arakan State)

https://www.facebook.com/NarinjaraNews

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>