လူေပါင္း ၁၁၈ ဦးကို တင္ေဆာင္လာခဲ႔ေသာ ေလွတစ္စီးမွာ အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ပိုင္း၌ ဒီဇင္ဘာလ ၂၀ ရက္တြင္ တိမ္းေမွာက္ခဲ႔ၿပီးေနာက္ သံုးရက္ၾကာသည္ အထိ လူ ၇၁ ဦးမွာ ေပ်ာက္ဆံုးေနဆဲျဖစ္ေၾကာင္း ေဒသဆိုင္ရာ ကယ္ဆယ္ေရးရံုး က ဒီဇင္ဘာလ ၂၃ ရက္တြင္ ေျပာၾကားခဲ႔သည္။
Sulawesi ျပည္နယ္ ေတာင္ပိုင္း ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး ရံုး အႀကီးအကဲ Roki Asikin က ကယ္ဆယ္ေရး သမားမ်ားအေနျဖင့္ လူေပါင္း ၄၇ ဦးကို ရွာေဖြကယ္ဆယ္ၿပီး ျဖစ္ေၾကာင္း ေျပာၾကားခဲ႔သည္။
“ကယ္ဆယ္ႏိုင္ခဲ့သူေပါင္း ၄၇ ဦးရွိၿပီး အဲဒီထဲက ၇ ဦးက ေသဆံုးသြားခဲ႔တယ္” ဟု ၎က ဆင္ဟြာသို႔ တယ္လီဖုန္း မွ တဆင့္ေျပာသည္။
ေပ်ာက္ဆံုးသူမ်ားအတြက္ ရွာေဖြေရး ႏွင့္ ကယ္ဆယ္ေရး လုပ္ငန္းမ်ားအား ဆက္လက္ လုပ္ေဆာင္မည္ ျဖစ္ ေၾကာင္း Roki ကေျပာသည္။
တိမ္းေမွာက္သြားခဲ႔ေသာ KM Marina Baru 02B ေလွသည္ Sulawesi အေရွ႕ေတာင္ဘက္ ကိုလာကာၿမိဳ႕မွ Sulawesi ေတာင္ဘက္ Siwa ပင္လယ္ဆိပ္ကမ္းၿမိဳ႕သို႔ သြားေရာက္ေနစဥ္ တိမ္းေမွာက္မႈ ျဖစ္ပြားခဲ႔ျခင္း ျဖစ္ သည္။
ေဒသခံ ကယ္ဆယ္ေရးသမားမ်ားသည္ ထို မေတာ္တဆမႈ သတင္းအား ဒီဇင္ဘာလ ၂၀ ရက္ ေဒသစံေတာ္ ခ်ိန္ ေန႔လည္ ၃း၁၀ နာရီတြင္ ရရွိခဲ႔ေၾကာင္း အမ်ိဳးသား ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး ရံုး ေျပာေရးဆုိခြင့္ရွိသူ Zainul Tjahar က ေျပာသည္။
(Xinhua)
http://www.xinhuamyanmar.com/
.................
လူပေါင်း ၁၁၈ ဦးကို တင်ဆောင်လာခဲ့သော လှေတစ်စီးမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ ဒီဇင်ဘာလ ၂၀ ရက်တွင် တိမ်းမှောက်ခဲ့ပြီးနောက် သုံးရက်ကြာသည် အထိ လူ ရ၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးရုံး က ဒီဇင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
Sulawesi ပြည်နယ် တောင်ပိုင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရုံး အကြီးအကဲ Roki Asikin က ကယ်ဆယ်ရေး သမားများအနေဖြင့် လူပေါင်း ၄၇ ဦးကို ရှာဖွေကယ်ဆယ်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကယ်ဆယ်နိုင်ခဲ့သူပေါင်း ၄၇ ဦးရှိပြီး အဲဒီထဲက ရ ဦးက သေဆုံးသွားခဲ့တယ်” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်း မှ တဆင့်ပြောသည်။
ပျောက်ဆုံးသူများအတွက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက် လုပ်ဆောင်မည် ဖြစ် ကြောင်း Roki ကပြောသည်။
တိမ်းမှောက်သွားခဲ့သော KM Marina Baru 02B လှေသည် Sulawesi အရှေ့တောင်ဘက် ကိုလာကာမြို့မှ Sulawesi တောင်ဘက် Siwa ပင်လယ်ဆိပ်ကမ်းမြို့သို့ သွားရောက်နေစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
ဒေသခံ ကယ်ဆယ်ရေးသမားများသည် ထို မတော်တဆမှု သတင်းအား ဒီဇင်ဘာလ ၂၀ ရက် ဒေသစံတော် ချိန် နေ့လည် ၃း၁၀ နာရီတွင် ရရှိခဲ့ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရုံး ပြောရေးဆိုခွင့်ရှိသူ Zainul Tjahar က ပြောသည်။
(Xinhua)
http://www.xinhuamyanmar.com/