Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Ramadi ၿမိဳ႕ ျပန္သိမ္းပိုက္ေရး တုိက္ပြဲျပင္းထန္

$
0
0
Ramadi ၿမိဳ႕ကို ျပန္သိမ္းပိုက္ေရး တုိက္ပြဲျပင္းထန္ေန

အီရတ္တပ္ဖဲြ႔ေတြဟာ IS စစ္ေသြးႂကြေတြ သိမ္းယူထားတဲ့ ရာမာဒီၿမိဳ႕ကို ျပန္လည္သိမ္းယူနုိင္ဖို႔ ႀကိဳးစားေနတာမွာ ဒီကေန႔ အဂၤါေန႔မွာေတာ့ အီရတ္တပ္ဖြဲ႔ေတြနဲ႔ စစ္ေသြးၾကြေတြၾကား ရာမာဒီၿမိဳ႕လယ္မွာ တုိက္ပဲြေတြ ျဖစ္ပြားခဲ့ပါတယ္။

အစိုးရအေဆာက္အအံု တခု အနီးတ၀ိုက္မွာ တိုက္ပြဲေတြ ျဖစ္ပြားေနတာ ျဖစ္ၿပီး ေလေၾကာင္းကေန စစ္ကူ၀င္တုိက္ေပးေနတယ္လို႔ အီရတ္ႏုိင္ငံရဲ႕ အၾကမ္းဖက္၀ါဒ တန္ျပန္တုိက္ဖ်က္ေရးဌာန ေျပာခြင့္ရပုဂၢိလ္ Sabah-al-Numani က ေျပာပါတယ္။ ေရွ႕ဆက္တိုးႏုိင္ဖို႔ ႀကိဳးစားေနတဲ့ အီရတ္ တပ္ဖြဲ႔ေတြက လမ္းေဘးေထာင္ဗံုးေတြကိုလည္း ရွင္းလင္းေနၾကပါတယ္။ ညြန္႔ေပါင္းတပ္ဖြဲ႔ေတြရဲ႕ တိုက္ေလယာဥ္ေတြကေန ရာမာဒီၿမိဳ႕ဆင္ေျခဖုံးက IS စစ္ေသြးၾကြေတြကို ေလေၾကာင္းကေန တိုက္ခုိက္ေနပါတယ္။

ၿပီးခဲ့တဲ့ ေမလက ရာမာဒီၿမိဳ႕ကို လက္လႊတ္လိုက္ရတာဟာ အီရတ္အစိုးရနဲ႔ အီရတ္တပ္ဖဲြ႔ေတြ အတြက္ေတာ့ ဆုံးရႈံးမႈျဖစ္ပါတယ္။ ဘက္ဂဒတ္ၿမိဳ႕ အေနာက္ဘက္ ကီလိုမီတာ ၁၀၀ ေလာက္မွာ ရွိတဲ႔ ရာမာဒီၿမိဳ႕ကို ျပန္သိမ္းယူႏုိင္ဖို႔ ႀကိဳးပမ္းေနတာေတြနဲ႔ ရာမာဒီၿမိဳ႕မွာရွိတဲ့ စစ္ေသြးႂကြေတြကို အေထာက္အကူေပးေနတဲ့ လမ္းေၾကာင္းေတြကို ျဖတ္ေတာက္ ႏုိင္ဖို႔ ေဆာင္ရြက္ေနတာေတြကေတာ့ လေပါင္းမ်ားစြာ ၾကာျမင့္ေနပါၿပီ။

ရာမာဒီၿမဳိ႕ ျပန္လည္ သိမ္းယူႏုိင္ေရး အျပင္းအထန္ ထိုးစစ္ဆင္မႈေတြကိုေတာ့ ၿပီးခဲ့တဲ့လက စတင္ခဲ့တာ ျဖစ္ပါတယ္။

VOA Burmese
http://burmese.voanews.com
..................
 Ramadi မြို့ကို ပြန်သိမ်းပိုက်ရေး တိုက်ပွဲပြင်းထန်နေ

အီရတ်တပ်ဖွဲ့တွေဟာ IS စစ်သွေးကြွတွေ သိမ်းယူထားတဲ့ ရာမာဒီမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားနေတာမှာ ဒီကနေ့ အင်္ဂါနေ့မှာတော့ အီရတ်တပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေကြား ရာမာဒီမြို့လယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရအဆောက်အအုံ တခု အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး လေကြောင်းကနေ စစ်ကူဝင်တိုက်ပေးနေတယ်လို့ အီရတ်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးဌာန ပြောခွင့်ရပုဂ္ဂိလ် Sabah-al-Numani က ပြောပါတယ်။ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေတဲ့ အီရတ် တပ်ဖွဲ့တွေက လမ်းဘေးထောင်ဗုံးတွေကိုလည်း ရှင်းလင်းနေကြပါတယ်။ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်လေယာဉ်တွေကနေ ရာမာဒီမြို့ဆင်ခြေဖုံးက IS စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ မေလက ရာမာဒီမြို့ကို လက်လွှတ်လိုက်ရတာဟာ အီရတ်အစိုးရနဲ့ အီရတ်တပ်ဖွဲ့တွေ အတွက်တော့ ဆုံးရှုံးမှုဖြစ်ပါတယ်။ ဘက်ဂဒတ်မြို့ အနောက်ဘက် ကီလိုမီတာ ၁၀၀ လောက်မှာ ရှိတဲ့ ရာမာဒီမြို့ကို ပြန်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေတာတွေနဲ့ ရာမာဒီမြို့မှာရှိတဲ့ စစ်သွေးကြွတွေကို အထောက်အကူပေးနေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက် နိုင်ဖို့ ဆောင်ရွက်နေတာတွေကတော့ လပေါင်းများစွာ ကြာမြင့်နေပါပြီ။

ရာမာဒီမြို့ ပြန်လည် သိမ်းယူနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်မှုတွေကိုတော့ ပြီးခဲ့တဲ့လက စတင်ခဲ့တာ ဖြစ်ပါတယ်။

VOA Burmese
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>